iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Marry with
အတူတူ အလုပ်လုပ်တဲ့အချိန် ခံစားရတဲ့ပျော်ရွှင်ခြင်းဆိုတာက အလုပ်လုပ်ရင်း မောတဲ့အချိန် ချစ်တဲ့သူမျက်နှာကို အမောပြေ မြင်လိုက်ရခြင်းမျိုးပဲ ဖြစ်ပါတယ်။
လင်ရယ် မယားရယ် ဖြစ်လာတဲ့အချိန်မှာ အိမ်အလုပ်တွေဆိုတာကလည်း အရေးကြီးတဲ့အရာတစ်ခု ဖြစ်လာပါတော့တယ်။ အရင်ခေတ်တုန်းကဆိုရင်တော့ ယောင်္ကျားဖြစ်သူကအပြင် အလုပ်အနေနဲ့ အိမ်ရဲ့ စားဝတ်နေရေးအတွက် စီးပွါးရှာပေးပြီး မိန်းမဖြစ်သူကတော့ အိမ်တွင်း အလုပ်တွေဖြစ်တဲ့ ထမင်းချက်၊ ဟင်းချက်၊ အိမ်သန့်ရှင်းရေးစတဲ့ အိမ်အလုပ်တွေကို ပြုလုပ်ကြပါတယ်။ အခုချိန်မှာတော့ ၂ ယောက်လုံး အပြင် စီးပွါးရေးတွေ ပြုလုပ်လာကျတဲ့အချိန်မှာတော့ အိမ်အလုပ်တွေကို ဘယ်လို ခွဲလုပ်ကျမလဲဆိုတာက အရေးပါလာပါတယ်။ အိမ်အလုပ်ဆိုတာက ကြီးကြီးမားမားပြစရာ မရှိဘဲ သေးသေးလေးတွေနဲ့ မပြီးနိုင် မစီးနိုင်တဲ့အလုပ်လို့ ပြောရင် ပိုမှန်လို့ပါ။ အိမ်ထောင်ဘက်တွေကြား အိမ်အလုပ်ကို ဘယ်လို ခွဲလုပ်လို့ ရမလဲ ဆိုတာကို Marry ကနေ ပြောပြပေးချင်ပါတယ်။
 တစ်ပတ်တခါ အိမ်သန့်ရှင်းရေးကို တူတူလုပ်ပေးပါ။ တစ်ယောက် ဖုန်သုတ်တယ်ဆိုရင် ကျန်တစ်ယောက်က တံမြက်စည်းလှည်းနေတာမျိုးပါ။ အတူတူ အလုပ်လုပ်တဲ့အချိန် ခံစားရတဲ့ပျော်ရွှင်ခြင်းဆိုတာက အလုပ်လုပ်ရင်း မောတဲ့အချိန် ချစ်တဲ့သူမျက်နှာကို အမောပြေ မြင်လိုက်ရခြင်းမျိုးပဲ ဖြစ်ပါတယ်။
 နေ့စဉ် အလုပ်တွေကို ခွဲဝေပါ။ အလုပ်တွေကို ကြုံတဲ့သူလုပ် ဆိုတဲ့ပုံစံမျိုးထက် သူ့အလုပ် ကိုယ့်အလုပ်ကို သေသေချာချာ ခွဲထားပါ။ အပြင်သွား အလုပ်လုပ်ရတာချင်း အတူတူ ပင်ပန်းပြီး မလုပ်နိုင်တော့ဘူးဆိုရင် သူလုပ်နိုး ကိုယ်လုပ်နိုး ဖြစ်နေတတ်လို့ပါ။ လုပ်စရာ အလုပ်တွေကို အစတည်းက သေချာ ခွဲဝေထားပါ။
အလုပ်ကို လှည့်ပြီး လုပ်ပေးပါ။ တစ်ပတ်တစ်ခါ ပြောင်းလုပ်တဲ့ပုံံစံမျိုးပဲ ဖြစ်ဖြစ်၊ တစ်ရက် တစ်ခါ၊ ၃ ၄ ရက်တစ်ခါ ပြောင်းတာမျိုး ဖြစ်ဖြစ် အဆင်ပြေသလို ပြောင်းလုပ်ပေးပါ။ ဥပမာ ဒီအပတ်မှာ အမျိုးသားက ထမင်း၊ ဟင်းချက်တယ်ဆိုရင် အမျိုးသမီးက အဝတ်လျှော်လိုက်တာမျိုးဖြစ်ပြီး၊ နောက်အပတ်မှာတော့ အမျိုးသားက အဝတ်ပြန်လျှော်လိုက်ပြီး အမျိုးသမီးက ထမင်း၊ ဟင်းပြန်ချက်လိုက်တာမျိုးပဲ ဖြစ်ပါတယ်။
    မနက်စာကိုလည်း အလှည့်ကျ ပြင်ပေးပါ။ မနက်စာတိုင်းက မိန်းမက ပြင်ပေးတာမျိုး နေ့လည်စာ ထမင်းချိုင့်အတွက်လည်း မိန်းမတာဝန်ပဲ ဆိုတာမျိုးကို မပြုလုပ်ပါနဲ့။ မနက်စာ၊ နေ့လည်ထမင်းချိုင့်တွေကိုပါ အလှည့်ကျ ပြုလုပ်ပေးပါ။
Marry ပြောပြပေးတဲ့အချက်လေးတွေကို ဖတ်ကြည့်ပေးပြီး အိမ်ထောင်ဘက်တွေကြားမှာ အိမ်အလုပ်တွေကို မျှတအောင် ပြုလုပ်ပေးလိုက်ပါ။ အလုပ်ဆိုတာက တစ်ယောက်တည်း လုပ်နေရရင် ပင်ပန်းပေမယ့် နှစ်ယောက် အတူတူ ပြုလုပ်တာက ပင်ပန်းမှန်း မသိတာတော့ဘဲ ချစ်တဲ့သူနဲ့မို့ အိမ်အလုပ် လုပ်နေရတယ်လို့တောင် မခံစားရဘဲ မပင်ပန်းဘဲ ပျော်ရွှင်ခြင်းကို ခံစားရစေနိုင်မှာ သေချာပါတယ်။
Credit: Marry with
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top