iMyanmarHouse.com - Best Property Website for Myanmar
×








Credit : MyStyle

ဟာသပညာရှင်တစ်ဦးဖြစ်တဲ့ Ryu Geun Ji က သူ့ရဲ့ ခန္ဓာကိုယ် အလှကို ပေါ်လွှင်စေတဲ့ ပုံတွေကို Instagram မှာ တင်ခဲ့ပါတယ်။

သူအရင်က ဝိတ်မလျှော့သေးတဲ့ ပုံနဲ့ ဝိတ်လျှော့ပြီးပုံကို တွဲပြိး တင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ပြောင်းလဲမှုကို အခုလိုပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။

သူ့ရဲ့ လျှို့ဝှက်ချက်ကိုလည်း သူ့ရဲ့ Fan တွေကို အခုလိုပဲ မျှဝေခဲ့ပါသေးတယ်။

အရင်ကဆိုရင် ကျွန်တော် ဟန်ဘာဂါတွေ၊ ပီဇာတွေ၊ ခေါက်ဆွဲတွေ အရမ်းစားတယ်။ ဒါပေမယ့် အခုလို ခန္ဓာကိုယ်ရဖို့ Gym ကစားသလို ကန်ဇွန်းဥ၊ ကြက်သား နဲ့ ခရမ်းချဉ်သီးကိုပဲ အဓိကစားဖြစ်ပါတယ်လို့ မျှဝေထားတာပါ။

ကိုယ်လက်လေ့ကျင့်ခန်းအပြင် ကျန်းမာရေးကို ဦးစားပေးလုပ်ခဲ့ပြီး အစားအသောက်ကို သေချာဂရုတစိုက်စားတာနဲ့ လေ့ကျင့်ခန်းလုပ်တာဟာ အကောင်းဆုံး ခွဲစိတ်ပြုပြင်ခြင်းတမျိုးပဲဖြစ်တယ်လို့သူကဆိုပါတယ်။

အခုလို ခန္ဓာကိုယ်ကျစ်လျစ်လာတော့ SSA Korean Body Building ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ရရှိခဲ့ပါတယ်။

တကယ်သာ စိတ်နှစ်ပြီးလုပ်ရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးနော်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top