iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္သြန္ျဖဴ ဆိုတာ ကမာၻမွာအသံုးအမ်ားဆုံး ဟင္းခတ္အေမႊးအၾကိဳင္ေတြထဲက တခု ျဖစ္ပါတယ္။ ၾကက္သြန္ျဖဴ(Garlic)ဟာ ၾကက္သြန္နီအမ်ိဳးအစားAlliumထဲမွာ ပါဝင္တယ္။allium မ်ိဳးႏြယ္ဝင္ျဖစ္လို႕ အနံ႕က စူးရွျပီး စပ္ဖ်ဥ္းဖ်ဥ္းအရသာရွိေပမယ့္ ဟင္းထဲထည့္ခ်က္ရင္ ခ်ိဳတဲ့အရသာ ျဖစ္ေစတယ္။ ၾကက္သြန္ျဖဴကို နိုင္ငံတိုင္းနီးပါးမွာ အသံုးျပဳၾကပါတယ္။ ဒီထဲမွာ တရုတ္နိုင္ငံက ထုတ္လုပ္မႈအမ်ားဆံုးျဖစ္ျပီး တကမာၻလံုးတင္သြင္းမႈရဲ႕ ၄ပံု၃ပံုထိ ရွိတယ္။ တကယ္ေတာ့ ၾကက္သြန္ျဖဴကို အသံုးျပဳခဲ့တာ ၾကာပါျပီ။လြန္ခဲ့တဲ့ နွစ္ေပါင္း၇၀၀၀ေက်ာ္ကတည္းက အာရွအလယ္ပိုင္းေဒသေတြမွာ စတင္သံုးစြဲခဲ့တယ္လို႕ ယူဆၾကတယ္။ အမွန္ေတာ့ ဒီထက္ကို ေစာနိုင္ပါေသးတယ္။ ဂီဇာအရပ္ ပိရမစ္ေတြေဆာက္တဲ့ေခတ္က ၾကက္သြန္ျဖဴ သံုးစြဲေနတဲ့အေထာက္အထားေတြ ေတြ႕ရတယ္။ ေရွးခတ္ဂရိနိုင္ငံ အိုလံပစ္အေျပးျပိဳင္ပြဲေတြမွာ သက္လံုေကာင္းေစဖို႕ ၾကက္သြန္ျဖဴကို သံုးၾကသတဲ့။အေနာက္တိုင္းေဆးပညာရဲ႕ ဖခင္ၾကီးျဖစ္တဲ့ ဟစ္ပိုးခေရးတီးကေတာ့ စြယ္စံုရၾကက္သြန္ျဖဴကို ေရာဂါေတြ ကာကြယ္ကုသဖို့အတြက္ သံုးစြဲခဲ့ဖူးတယ္။

ၾကက္သြန္ျဖဴကို အနံ႔ေၾကာင့္ တခ်ိဳ႕က မၾကိဳက္ၾကဘူး။ အနံ႔ဆိုးေပမယ့္ ၾကက္သြန္ျဖဴမွာ က်န္းမာေရးေကာင္းက်ိဳးေတြ မ်ားစြာရွိတယ္။ေလ့လာေတြ႕ရွိခ်က္ေတြအရ ၾကက္သြန္ျဖဴအစိမ္းစားျခင္းက က်န္းမာေရးေကာင္းက်ိဳး ရွိတာ ဟုတ္တယ္။ၾကက္သြန္ျဖဴကို ၾကိတ္ေျခတ့့ဲအခါ အထဲမွာ သိုေလွာင္ထားတဲ့ အင္ဇုိင္းဓာတ္ေတြ ထြက္လာပါတယ္။ အဆိုပါအင္ဇိုင္းေတြက အေရာင္က်ေစျပီး ဆဲလ္မွာပါဝင္တဲ့ sulphurဓာတ္ေပါင္းေတြ ထြက္လာေအာင္ လံႈ႕ေဆာ္ေပးတယ္။ ထြက္လာလို႕ sulphur ဓာတ္ေၾကာင့္ ပါးစပ္နံ႔ကို နံေစတယ္။ ၾကက္သြန္ျဖဴမွာပါတဲ့့ allicinဆိုတဲ့ ပူရွိန္းရွိန္း ဓာတ္တမ်ိဳးက ပိုးေသေစတဲ့အျပင္ အေရာင္က်ေစတဲ့ အစြမ္းလည္း ရွိတယ္။ ပိုေကာင္းတဲ့အခ်က္က ပိုးသတ္ေဆးေတြလို ေဆးယဥ္တာမရွိဘူး။ အခ်ိန္ၾကာၾကာသုံုးနိုင္တယ္။ ေဘးထြက္ဆိုးက်ိဳးလည္း နည္းတယ္။ ထိခိုက္ဒဏ္ရာရတဲ့အခါ ၾကက္သြန္ျဖဴကို က်ိတ္ျပီး အံုေပးနိုင္တယ္။

ထပ္ေတြ႕တာက အူလမ္းေၾကာင္းမွာရွိတဲ့ Campylobacter ဗက္တီးရီယားေရာဂါပိုးအတြက္ ၾကက္သြန္ျဖဴမွာပါတဲ့ Diallyl sulfide ဓာတ္ေပါင္းက သမာရုိးက်ပိုးသတ္ေဆးေတြထက္ အဆ(၁၀၀)ေက်ာ္ အာနိသင္ေကာင္းတယ္လို႕ေတြ႕ရတယ္။ အဲဒီဓာတ္ကပဲ နွလုံးအတက္ခ္(heart attack)အတြက္ အသံုးဝင္ပါတယ္။ ေတြ႕ရွိခ်က္ေတြအရ Hydrogen sulphide က နွလံုးပ်က္ဆီးမႈကို ေလွ်ာ့ခ်ေပးနိုင္ပါတယ္။ ဒါေပမယ့္ အေငြ႕ျပန္လြယ္လို႕ သံုးဖို႕မလြယ္ကူပါဘူး။ ဒီေနရာမွာ အစားထုိးဖို႕ ၾကက္သြန္ျဖဴရဲ႕ Diallyl sulfideကို သံုးစြဲၾကည့္တဲ့အခါ နွလံုးပ်က္ဆီးမႈကို ၆၁ရာခိုင္ႏႈန္းထိ ကာကြယ္ေပးပါတး ေတြ႕ရတယ္။ ဒါတင္မကေသးဘူး။ ၾကက္သြန္ဆီက ေသြးေၾကာနံရံေတြရဲ႕ ရုန္းဆံ့နိုင္စြမ္းကို အားေကာင္းေစတယ္။ ေသြးတိုးနဲ႕ ကိုလက္စေတာ က်ဆင္းေစတယ္။ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညိွေပးလို့ ဆီးခ်ိဳသမားေတြနဲ႕ သင့္ေတာ္ျပန္တယ္။ ဆီးခ်ိဳေရာဂါသည္ေတြ ခံစားရတဲ့ နွလံုးၾကြက္သားပ်က္ဆီးမႈကိုလည္း ကာကြယ္ေပးတယ္။သိပ္မၾကာခင္က ေနာ္ေဝးမွာရွ္ိတဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး နွစ္ေသာင္းနီးပါးကို ေလ့လာၾကည့္တဲ့အခါ ေန႕လ မေစ့မွီ ကေလးမီးဖြားျခင္းနဲ႕ ေပါင္မျပည့္ျခင္းကို ေလွ်ာ့နည္းေစတာ ေတြ႕ရတယ္။

ေနာက္ပိုင္းေတြ႕ရွိခ်က္ေတြအရ ကင္ဆာေရာဂါျဖစ္ပြားမႈကိုပါ က်ဆင္းေစတယ္လို႕ ဆိုလာတယ္။ အစာအိမ္ကင္ဆာ၊အူမၾကီးကင္ဆာ၊အဆုတ္ကင္ဆာ၊ရင္သားကင္ဆာေတြကို ကာကြယ္နိုင္ဖို႕ ၾကက္သြန္ျဖဴရဲ့အာနိသင္ကို ေလ့လာၾကည့္ေတာ့ အေကာင္းဖက္က္ို ဦးတည္ေနတယ္။ၾကက္သြန္ျဖဴကို တပတ္မွာ နွစ္ၾကိမ္ စားေပးရုံနဲ႕ အဆုတ္ကင္ဆာျဖစ္ပြားမႈကို ၄၄ရာခိုင္ႏႈန္းထိ ေလွ်ာ့နည္းေစသတဲ့။ ေတြ႕ရွိခ်က္က အဆုတ္ကင္ဆာ မ်ိဳးရိုးရွိသူေတြအတြက္ ဝမ္းသာစရာေတြ႕ရွိခ်က္ပါ။ ေလထုညစ္ညမ္းတဲ့ေနရာ၊ စက္ရံုအလုပ္ရံုေတြမွာ အလုပ္လုပ္သူေတြအေနနဲ႕ ၾကက္သြန္ျဖဴပိုစားေပးသင့္တဲ့ သေဘာျဖစ္တယ္။ ေဆးလိပ္ေသာက္သူေတြလည္း အလားတူစားေပးသင့္တယ္။ ဒါ့ျပင္ ဦးေနွာက္အက်ိတ္ေတြမွာ ၾကက္သြန္ျဖဴမွာပါတဲ့ ဆာလ္ဖာဓာတ္က ဦးေနွာက္ကင္ဆာဆဲလ္ေတြကို ထိန္းခ်ဳပ္နိုင္တဲ့အာနိသင္ရွွိတာ ေတြ႕ရတယ္။

က်န္းမာေရးအတြက္ ေကာင္းက်ိဳးရွိတယ္လို႕ယူဆသူေတြက အနံ႔ဆိုးတဲ့ၾကက္သြန္ကို နည္းအမ်ိဳးမ်ိဳးနဲ႕ ခႏၶာကိုယ္ထဲေရာက္ေအာင္ လုပ္ၾကတယ္။ တခ်ိဳ့က ပ်ားရည္နဲ႕စိမ္ျပီး နွပ္ေသာက္ျကတယ္။ သံပုရာရည္ထဲ ထည့္ေသာက္သူလည္း ရွိေသးတယ္။ တခါက်ေတာ့ နွလံုးေရာဂါနဲ႕ ေဆးခန္းလာျပတဲ့ လူနာအမ်ိဳးသမီးတေယာက္ သူဟင္းခ်က္တိုင္း ၾကက္သြန္ျဖဴ ေလး၊ငါးလံုးေလာက္ကို အျမဲထည့္ခ်က္စားပါသတဲ့။ ဒီလိုစားလို႕ သူအခုအခုေတာ္ေတာ္ အဆင္ေျပေနျပီလို႕ ဆိုပါတယ္။ သီအိုရီအရ သူ႕ရဲ႕အယူအဆက မမွန္ပါ။ ဘာ့ေၾကာင့္လဲဆိုေတာ့ ဟင္းေတြမွာ ထည့္ခ်က္တဲ့ၾကက္သြန္ျဖဴဟာ အရသာအတြက္သာျဖစ္ပါတယ္။ က်န္းမာေရးေကာင္းေစဖို႕ မဟုတ္ပါ။ ၾကက္သြန္ျဖဴကို အပူနည္နည္းေပးရံုနဲ႕ အစြမ္းသတၱိေတြ သိသိသာသာ ေလွ်ာ့နည္းသြားတယ္။ က်န္းမာေရးအတြက္ ၾကက္သြန္ျဖဴ စားမယ္ဆိုရင္ အစိမ္းလိုက္ စားမွသာ အာနိသင္ရွိမွာျဖစ္ပါတယ္။ ဒါက မွားယြင္းေနတဲ့ အယူအဆအခ်ိဳ႕က္ို ေထာက္ျပတာပါ။

က်န္းမာေရးနဲ႕မဆိုင္တ့့ဲ ရုိးရာယံုၾကည္မႈ၊ဒ႑ာရီေတြလည္း ရွိေသးတယ္။အေနာက္နိုင္ငံေတြမွာ ၾကက္သြန္ျဖဴက မေကာင္းဆုိုးဝါး နွိင္နင္းနိုင္တယ္လို႕ ယံုၾကည္ၾကတယ္။ စုန္း၊ကေဝ၊သရဲ၊ေသြးစုပ္ဖုတ္ေကာင္ရန္ ကာကြယ္ဖို႕ ၾကက္သြန္ျဖဴကိုၾကိတ္ျပီး သုတ္လိမ္းတာ၊ခ်ိတ္ဆြဲတာ မ်ိဳးေတြ အေနာက္တိုင္းရုပ္ရွင္ဇာတ္ကားေတြထဲမွာ မၾကာခဏ ေတြ႕ဖူးလိမ့္မယ္။ ယံုတမ္းပံုျပင္၊ဒ႑ာရီေတြ အမ်ိဳးမ်ိဳးကြဲျပားနိုင္ေပမယ့္ လူေတြကို ေသြးမစုပ္နိုင္ေအာင္ ကာကြယ္နိုင္တာေတာ့ ဟုတ္ဟန္တူတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ၾကက္သြန္ျဖဴရဲ႕ အနံ႔က ျခင္မလာနိုင္ေအာင္ ကာကြယ္ေပးတဲ့ mosquito repellent ဓာတ္သေဘာရွိလို႕ ျဖစ္ပါတယ္။

Credit:ေဒါက္တာေအးမင္းထူး
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြက်သွန်ဖြူ ဆိုတာ ကမ္ဘာမှာအသုံးအများဆုံး ဟင်းခတ်အမွှေးအကြိုင်တွေထဲက တခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူ(Garlic)ဟာ ကြက်သွန်နီအမျိုးအစားAlliumထဲမှာ ပါဝင်တယ်။allium မျိုးနွယ်ဝင်ဖြစ်လို့ အနံ့က စူးရှပြီး စပ်ဖျဉ်းဖျဉ်းအရသာရှိပေမယ့် ဟင်းထဲထည့်ချက်ရင် ချိုတဲ့အရသာ ဖြစ်စေတယ်။ ကြက်သွန်ဖြူကို နိုင်ငံတိုင်းနီးပါးမှာ အသုံးပြုကြပါတယ်။ ဒီထဲမှာ တရုတ်နိုင်ငံက ထုတ်လုပ်မှုအများဆုံးဖြစ်ပြီး တကမ္ဘာလုံးတင်သွင်းမှုရဲ့ ၄ပုံ၃ပုံထိ ရှိတယ်။ တကယ်တော့ ကြက်သွန်ဖြူကို အသုံးပြုခဲ့တာ ကြာပါပြီ။လွန်ခဲ့တဲ့ နှစ်ပေါင်း၇၀၀၀ကျော်ကတည်းက အာရှအလယ်ပိုင်းဒေသတွေမှာ စတင်သုံးစွဲခဲ့တယ်လို့ ယူဆကြတယ်။ အမှန်တော့ ဒီထက်ကို စောနိုင်ပါသေးတယ်။ ဂီဇာအရပ် ပိရမစ်တွေဆောက်တဲ့ခေတ်က ကြက်သွန်ဖြူ သုံးစွဲနေတဲ့အထောက်အထားတွေ တွေ့ရတယ်။ ရှေးခတ်ဂရိနိုင်ငံ အိုလံပစ်အပြေးပြိုင်ပွဲတွေမှာ သက်လုံကောင်းစေဖို့ ကြက်သွန်ဖြူကို သုံးကြသတဲ့။အနောက်တိုင်းဆေးပညာရဲ့ ဖခင်ကြီးဖြစ်တဲ့ ဟစ်ပိုးခရေးတီးကတော့ စွယ်စုံရကြက်သွန်ဖြူကို ရောဂါတွေ ကာကွယ်ကုသဖို့အတွက် သုံးစွဲခဲ့ဖူးတယ်။

ကြက်သွန်ဖြူကို အနံ့ကြောင့် တချို့က မကြိုက်ကြဘူး။ အနံ့ဆိုးပေမယ့် ကြက်သွန်ဖြူမှာ ကျန်းမာရေးကောင်းကျိုးတွေ များစွာရှိတယ်။လေ့လာတွေ့ရှိချက်တွေအရ ကြက်သွန်ဖြူအစိမ်းစားခြင်းက ကျန်းမာရေးကောင်းကျိုး ရှိတာ ဟုတ်တယ်။ကြက်သွန်ဖြူကို ကြိတ်ခြေတ့ဲအခါ အထဲမှာ သိုလှောင်ထားတဲ့ အင်ဇိုင်းဓာတ်တွေ ထွက်လာပါတယ်။ အဆိုပါအင်ဇိုင်းတွေက အရောင်ကျစေပြီး ဆဲလ်မှာပါဝင်တဲ့ sulphurဓာတ်ပေါင်းတွေ ထွက်လာအောင် လှုံ့ဆော်ပေးတယ်။ ထွက်လာလို့ sulphur ဓာတ်ကြောင့် ပါးစပ်နံ့ကို နံစေတယ်။ ကြက်သွန်ဖြူမှာပါတဲ့ allicinဆိုတဲ့ ပူရှိန်းရှိန်း ဓာတ်တမျိုးက ပိုးသေစေတဲ့အပြင် အရောင်ကျစေတဲ့ အစွမ်းလည်း ရှိတယ်။ ပိုကောင်းတဲ့အချက်က ပိုးသတ်ဆေးတွေလို ဆေးယဉ်တာမရှိဘူး။ အချိန်ကြာကြာသုံးနိုင်တယ်။ ဘေးထွက်ဆိုးကျိုးလည်း နည်းတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ ကြက်သွန်ဖြူကို ကျိတ်ပြီး အုံပေးနိုင်တယ်။

ထပ်တွေ့တာက အူလမ်းကြောင်းမှာရှိတဲ့ Campylobacter ဗက်တီးရီယားရောဂါပိုးအတွက် ကြက်သွန်ဖြူမှာပါတဲ့ Diallyl sulfide ဓာတ်ပေါင်းက သမာရိုးကျပိုးသတ်ဆေးတွေထက် အဆ(၁၀၀)ကျော် အာနိသင်ကောင်းတယ်လို့တွေ့ရတယ်။ အဲဒီဓာတ်ကပဲ နှလုံးအတက်ခ်(heart attack)အတွက် အသုံးဝင်ပါတယ်။ တွေ့ရှိချက်တွေအရ Hydrogen sulphide က နှလုံးပျက်ဆီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အငွေ့ပြန်လွယ်လို့ သုံးဖို့မလွယ်ကူပါဘူး။ ဒီနေရာမှာ အစားထိုးဖို့ ကြက်သွန်ဖြူရဲ့ Diallyl sulfideကို သုံးစွဲကြည့်တဲ့အခါ နှလုံးပျက်ဆီးမှုကို ၆၁ရာခိုင်နှုန်းထိ ကာကွယ်ပေးပါတး တွေ့ရတယ်။ ဒါတင်မကသေးဘူး။ ကြက်သွန်ဆီက သွေးကြောနံရံတွေရဲ့ ရုန်းဆံ့နိုင်စွမ်းကို အားကောင်းစေတယ်။ သွေးတိုးနဲ့ ကိုလက်စတော ကျဆင်းစေတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးလို့ ဆီးချိုသမားတွေနဲ့ သင့်တော်ပြန်တယ်။ ဆီးချိုရောဂါသည်တွေ ခံစားရတဲ့ နှလုံးကြွက်သားပျက်ဆီးမှုကိုလည်း ကာကွယ်ပေးတယ်။သိပ်မကြာခင်က နော်ဝေးမှာရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး နှစ်သောင်းနီးပါးကို လေ့လာကြည့်တဲ့အခါ နေ့လ မစေ့မှီ ကလေးမီးဖွားခြင်းနဲ့ ပေါင်မပြည့်ခြင်းကို လျှော့နည်းစေတာ တွေ့ရတယ်။

နောက်ပိုင်းတွေ့ရှိချက်တွေအရ ကင်ဆာရောဂါဖြစ်ပွားမှုကိုပါ ကျဆင်းစေတယ်လို့ ဆိုလာတယ်။ အစာအိမ်ကင်ဆာ၊အူမကြီးကင်ဆာ၊အဆုတ်ကင်ဆာ၊ရင်သားကင်ဆာတွေကို ကာကွယ်နိုင်ဖို့ ကြက်သွန်ဖြူရဲ့အာနိသင်ကို လေ့လာကြည့်တော့ အကောင်းဖက်ကို ဦးတည်နေတယ်။ကြက်သွန်ဖြူကို တပတ်မှာ နှစ်ကြိမ် စားပေးရုံနဲ့ အဆုတ်ကင်ဆာဖြစ်ပွားမှုကို ၄၄ရာခိုင်နှုန်းထိ လျှော့နည်းစေသတဲ့။ တွေ့ရှိချက်က အဆုတ်ကင်ဆာ မျိုးရိုးရှိသူတွေအတွက် ဝမ်းသာစရာတွေ့ရှိချက်ပါ။ လေထုညစ်ညမ်းတဲ့နေရာ၊ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်သူတွေအနေနဲ့ ကြက်သွန်ဖြူပိုစားပေးသင့်တဲ့ သဘောဖြစ်တယ်။ ဆေးလိပ်သောက်သူတွေလည်း အလားတူစားပေးသင့်တယ်။ ဒါ့ပြင် ဦးနှောက်အကျိတ်တွေမှာ ကြက်သွန်ဖြူမှာပါတဲ့ ဆာလ်ဖာဓာတ်က ဦးနှောက်ကင်ဆာဆဲလ်တွေကို ထိန်းချုပ်နိုင်တဲ့အာနိသင်ရှှိတာ တွေ့ရတယ်။

ကျန်းမာရေးအတွက် ကောင်းကျိုးရှိတယ်လို့ယူဆသူတွေက အနံ့ဆိုးတဲ့ကြက်သွန်ကို နည်းအမျိုးမျိုးနဲ့ ခန္ဓာကိုယ်ထဲရောက်အောင် လုပ်ကြတယ်။ တချို့က ပျားရည်နဲ့စိမ်ပြီး နှပ်သောက်ကြတယ်။ သံပုရာရည်ထဲ ထည့်သောက်သူလည်း ရှိသေးတယ်။ တခါကျတော့ နှလုံးရောဂါနဲ့ ဆေးခန်းလာပြတဲ့ လူနာအမျိုးသမီးတယောက် သူဟင်းချက်တိုင်း ကြက်သွန်ဖြူ လေး၊ငါးလုံးလောက်ကို အမြဲထည့်ချက်စားပါသတဲ့။ ဒီလိုစားလို့ သူအခုအခုတော်တော် အဆင်ပြေနေပြီလို့ ဆိုပါတယ်။ သီအိုရီအရ သူ့ရဲ့အယူအဆက မမှန်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ဟင်းတွေမှာ ထည့်ချက်တဲ့ကြက်သွန်ဖြူဟာ အရသာအတွက်သာဖြစ်ပါတယ်။ ကျန်းမာရေးကောင်းစေဖို့ မဟုတ်ပါ။ ကြက်သွန်ဖြူကို အပူနည်နည်းပေးရုံနဲ့ အစွမ်းသတ္တိတွေ သိသိသာသာ လျှော့နည်းသွားတယ်။ ကျန်းမာရေးအတွက် ကြက်သွန်ဖြူ စားမယ်ဆိုရင် အစိမ်းလိုက် စားမှသာ အာနိသင်ရှိမှာဖြစ်ပါတယ်။ ဒါက မှားယွင်းနေတဲ့ အယူအဆအချို့ကို ထောက်ပြတာပါ။

ကျန်းမာရေးနဲ့မဆိုင်တ့ဲ ရိုးရာယုံကြည်မှု၊ဒဏ္ဍာရီတွေလည်း ရှိသေးတယ်။အနောက်နိုင်ငံတွေမှာ ကြက်သွန်ဖြူက မကောင်းဆိုးဝါး နှိင်နင်းနိုင်တယ်လို့ ယုံကြည်ကြတယ်။ စုန်း၊ကဝေ၊သရဲ၊သွေးစုပ်ဖုတ်ကောင်ရန် ကာကွယ်ဖို့ ကြက်သွန်ဖြူကိုကြိတ်ပြီး သုတ်လိမ်းတာ၊ချိတ်ဆွဲတာ မျိုးတွေ အနောက်တိုင်းရုပ်ရှင်ဇာတ်ကားတွေထဲမှာ မကြာခဏ တွေ့ဖူးလိမ့်မယ်။ ယုံတမ်းပုံပြင်၊ဒဏ္ဍာရီတွေ အမျိုးမျိုးကွဲပြားနိုင်ပေမယ့် လူတွေကို သွေးမစုပ်နိုင်အောင် ကာကွယ်နိုင်တာတော့ ဟုတ်ဟန်တူတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကြက်သွန်ဖြူရဲ့ အနံ့က ခြင်မလာနိုင်အောင် ကာကွယ်ပေးတဲ့ mosquito repellent ဓာတ်သဘောရှိလို့ ဖြစ်ပါတယ်။

Credit:ဒေါက်တာအေးမင်းထူး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top