iMyanmarHouse.com - Best Property Website for Myanmar
×

ေၾကးခၽြတ္ေဆး ေတြကို မသံုးခ်င္ဘူးဆိုရင္ ေဘးထြက္ ဆိုးက်ိဳး နည္းတဲ့ ရွလကာရည္ နဲ႔ ဗီနီဂါ ေပါင္းစပ္မႈကို ေရြးႏိုင္ပါတယ္။ ေရခ်ိဳးခန္း ကို သန္႔ရွင္းေရး လုပ္ရတယ္ဆုိတာ လြယ္တာေတာ့မဟုတ္ပါဘူး။ အခ်ိန္လည္းကုန္တယ္၊ အားလည္းစိုက္ထုတ္ရတယ္။ ေခါင္း ကကၽြတ္သြားတဲ့ ဆံပင္ ေတြက ေရဆင္းပိုက္ ကိုပိတ္တာတစ္မ်ိဳး၊ တံခါးညစ္ပတ္တာကတစ္ဖံု ၊ အနံ႔အသက္မေကာင္းတာနဲ႔ဆုိေတာ့ ေရခ်ိဳးခန္းကိုလည္း မျဖစ္မေန သန္႔ရွင္းေရး လုပ္ရတာပါပဲ။ ဒီၾကားထဲ ေၾကးညႇိေတြတက္ၿပီး ေခ်ာ္လဲ တာလည္းျဖစ္တတ္လို႔ အနည္းဆံုး တစ္လတစ္ခါေတာ့ ေရခ်ိဳးခန္း ကို သန္႔ရွင္းေရး လုပ္ရပါတယ္။

၂။ တလက္လက္ ေတာက္ပေနတဲ့ ေရခ်ိဳးဇလံု ကို ျမင္ခ်င္လား? ရွာလကာရည္ ခြက္တစ္ဝက္နဲ႔ ပြတ္တိုက္သန္႔စင္ဖုိ႔အသံုးျပဳတဲ့ rubbing alcohol တစ္ခြက္ကို ခ်င္တြယ္ခြက္ရဲ႕ေလးပံုတစ္ပံုစာ မုန္႔ဖုတ္ဆိုဒါထည့္ၿပီးေဖ်ာ္ပါ။ အားလံုးကို ေရေႏြးနဲ႔ထပ္ေရာၿပီး ညစ္ပတ္ေနတဲ့ေနရာေတြကို ေလာင္းခ်ထားလိုက္ပါ။ ၁၅ မိနစ္ေလာက္ထားၿပီး ျပန္ေဆးလိုက္ရင္ ေရခ်ိဳးဇလံုက အသစ္အတုိင္းေျပာင္လက္ေနေရာ။

၃။ အိမ္သာအထုိင္ကို ခံတြင္းသန္႔ေဆးနဲ႔ ေဆးလို႔ရတယ္။ သြားတုိက္ေဆးနဲ႔လည္း ေဆးလို႔ရတယ္။ ဘာကိုပဲသံုးသံုး အိမ္သာေပၚက ညစ္ပတ္ေနတဲ့မ်က္ႏွာျပင္ကို သုတ္လိမ္း/ေလာင္းခ်ထားကာ နာရီဝက္ေနမွ ဘရပ္ရွ္နဲ႔တိုက္ေပးမယ္ဆုိ သန္႔ရွင္းေတာက္ေျပာင္လာပါတယ္။

၄။ ဆား နဲ႔ သံပ႐ိုသီးအရည္ကို ေရာၿပီး သန္႔ရွင္းေရး လုပ္လုိ႔ရေသးတယ္။ ေပေနတဲ့ေနရာကို ဆား ပံုလိုက္၊ အေပၚကေန သံပရိုရည္ေလာင္းၿပီး တစ္ညေလာက္ထားလိုက္။ မိုးလင္းမွ အသာေလးေဆးလိုက္ရံုနဲ႔ အစြန္းေတြမရွိေတာ့ဘူး။

၅။ ႐ွာလကာရည္ နဲ႔ ေရကို ဆတူေရာၿပီး တံျမက္စည္းမွာဆြတ္ကာ ၾကမ္းျပင္ေတြ၊ ေရခ်ိဳးခန္းမ်က္ႏွာၾကက္ေတြကို တုိက္ေပးလို႔ရပါတယ္။

Credit : lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြေးချွတ်ဆေး တွေကို မသုံးချင်ဘူးဆိုရင် ဘေးထွက် ဆိုးကျိုး နည်းတဲ့ ရှလကာရည် နဲ့ ဗီနီဂါ ပေါင်းစပ်မှုကို ရွေးနိုင်ပါတယ်။ ရေချိုးခန်း ကို သန့်ရှင်းရေး လုပ်ရတယ်ဆိုတာ လွယ်တာတော့မဟုတ်ပါဘူး။ အချိန်လည်းကုန်တယ်၊ အားလည်းစိုက်ထုတ်ရတယ်။ ခေါင်း ကကျွတ်သွားတဲ့ ဆံပင် တွေက ရေဆင်းပိုက် ကိုပိတ်တာတစ်မျိုး၊ တံခါးညစ်ပတ်တာကတစ်ဖုံ ၊ အနံ့အသက်မကောင်းတာနဲ့ဆိုတော့ ရေချိုးခန်းကိုလည်း မဖြစ်မနေ သန့်ရှင်းရေး လုပ်ရတာပါပဲ။ ဒီကြားထဲ ကြေးညှိတွေတက်ပြီး ချော်လဲ တာလည်းဖြစ်တတ်လို့ အနည်းဆုံး တစ်လတစ်ခါတော့ ရေချိုးခန်း ကို သန့်ရှင်းရေး လုပ်ရပါတယ်။

၂။ တလက်လက် တောက်ပနေတဲ့ ရေချိုးဇလုံ ကို မြင်ချင်လား? ရှာလကာရည် ခွက်တစ်ဝက်နဲ့ ပွတ်တိုက်သန့်စင်ဖို့အသုံးပြုတဲ့ rubbing alcohol တစ်ခွက်ကို ချင်တွယ်ခွက်ရဲ့လေးပုံတစ်ပုံစာ မုန့်ဖုတ်ဆိုဒါထည့်ပြီးဖျော်ပါ။ အားလုံးကို ရေနွေးနဲ့ထပ်ရောပြီး ညစ်ပတ်နေတဲ့နေရာတွေကို လောင်းချထားလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး ပြန်ဆေးလိုက်ရင် ရေချိုးဇလုံက အသစ်အတိုင်းပြောင်လက်နေရော။

၃။ အိမ်သာအထိုင်ကို ခံတွင်းသန့်ဆေးနဲ့ ဆေးလို့ရတယ်။ သွားတိုက်ဆေးနဲ့လည်း ဆေးလို့ရတယ်။ ဘာကိုပဲသုံးသုံး အိမ်သာပေါ်က ညစ်ပတ်နေတဲ့မျက်နှာပြင်ကို သုတ်လိမ်း/လောင်းချထားကာ နာရီဝက်နေမှ ဘရပ်ရှ်နဲ့တိုက်ပေးမယ်ဆို သန့်ရှင်းတောက်ပြောင်လာပါတယ်။

၄။ ဆား နဲ့ သံပရိုသီးအရည်ကို ရောပြီး သန့်ရှင်းရေး လုပ်လို့ရသေးတယ်။ ပေနေတဲ့နေရာကို ဆား ပုံလိုက်၊ အပေါ်ကနေ သံပရိုရည်လောင်းပြီး တစ်ညလောက်ထားလိုက်။ မိုးလင်းမှ အသာလေးဆေးလိုက်ရုံနဲ့ အစွန်းတွေမရှိတော့ဘူး။

၅။ ရှာလကာရည် နဲ့ ရေကို ဆတူရောပြီး တံမြက်စည်းမှာဆွတ်ကာ ကြမ်းပြင်တွေ၊ ရေချိုးခန်းမျက်နှာကြက်တွေကို တိုက်ပေးလို့ရပါတယ်။

Credit : lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top