iMyanmarHouse.com - Best Property Website for Myanmar
×

အရသာရွိလွတဲ့ လိုက္ခ်ီးသီးေတြကို စားရတာက ေရငတ္ေျပေစပါတယ္။ ဘဲဥပံု ဒါမွမဟုတ္ အသည္းႏွလံုးပံုရွိၿပီး အတြင္းသားမွာ အျဖဴေရာင္ရွိတဲ့ ဂ်ယ္လီ အမ်ဳိးအစား ျဖစ္ပါတယ္။  လိုက္ခ်ီးသီးမွာ က်န္းမာေရး အက်ဳိးေက်းဇူးေတြ အမ်ားႀကီး ပါဝင္ေနပါတယ္။

(၁) ကယ္လိုရီပါဝင္မႈ နည္းပါတယ္။ ကိုလက္စထေရာ ပါဝင္မႈလည္း နည္းပါတယ္။

(၂) လိုက္ခ်ီးသီးမွာ အမွ်င္ဓာတ္ ျမင့္မားစြာ ပါဝင္ပါတယ္။ ဒါေၾကာင့္ ကိုယ္အေလးခ်ိန္မ်ားတဲ့ သူေတြအေနနဲ႔ ကိုယ္အေလးခ်ိန္ ထိန္းႏိုင္ေအာင္ လိုက္ခ်ီးသီးကို စားသင့္ပါတယ္။

(၃) လိုက္ခ်ီးသီးမွာပါတဲ့ အိုလီဂိုေနာဆိုတဲ့ အင္တီေအာက္ဆီးဒင့္ဟာ တုပ္ေကြးဗိုင္းရပ္စ္ပိုးေတြကို တြန္းလွန္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ခႏၶာကုိယ္တြင္း ေသြးလွည့္ပတ္မႈ ေကာင္းေစကာ ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစပါတယ္။ ဒါ့အျပင္ အသားအေရကို ခရမ္းလြန္ ေရာင္ျခည္ေၾကာင့္ မထိခိုက္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

(၄) လိုက္ခ်ီးသီးမွာ ႏိုင္ယာစင္၊ သိုင္ယာမင္နဲ႔ ေဖာလိတ္စတဲ့ ဗီတာမင္ဘီ အုပ္စုေကာင္းေကာင္း ပါဝင္ပါတယ္။ ဒီဗီတာမင္ေတြက ကာဗိုဟိုက္ဒရိတ္၊ အဆီနဲ႔ ပ႐ိုတင္း စတာေတြကို ေကာင္းေကာင္း ေခ်ဖ်က္ေပးႏိုင္ပါတယ္။

(၅) လိုင္ခ်ီးသီးမွာ ပိုတက္စီယမ္နဲ႔ ေၾကးနီ (Copper) မ်ားမ်ား ပါဝင္ပါတယ္။ ပိုတက္စီယမ္ဓာတ္ဟာ ခႏၶာကုိယ္ရဲ႕ အေရးပါတဲ့ သတၱဳဓာတ္ျဖစ္ၿပီး ေသြးဖိအားနဲ႔ ႏွလံုးခုန္ႏႈန္းကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ႏွလံုးေသြးေၾကာ ေရာဂါနဲ႔ ေလျဖတ္ ေဝဒနာေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ေၾကးနီဟာ ေသြးနီဥ ထုတ္လုပ္မႈအတြက္ လိုအပ္ပါတယ္။

(၆) လိုက္ခ်ီးသီးဟာ အ႐ိုးတည္ေဆာက္ ႀကီးထြားမႈအတြက္ အေရးပါတာေၾကာင့္ ႀကီးထြားဖြံ႕ၿဖိဳးေနဆဲ ကေလးေတြအတြက္ ေကာင္းမြန္ပါတယ္။

(၇) လိုက္ခ်ီးသီးကို စားေပးတာက အသားအေရကို လွပေစပါတယ္။

(၈) ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစပါတယ္။

(၉) ဖ်ားနာေနတဲ့ သူေတြဟာ လိုက္ခ်ီးသီး စားေပးရင္ သက္သာေစႏိုင္ပါတယ္။

(၁ဝ) လိုင္ခ်ီးသီး စားတာက နာက်င္မႈကို ေလ်ာ့က်ေစၿပီး ဂလင္းေတြ ေရာင္ရမ္းမႈကို သက္သာေစပါတယ္။ လတ္ဆတ္တဲ့ လိုက္ခ်ီးသီးေတြကို အခန္း အပူအခ်ိန္မွာ ထားရင္ ငါးရက္ေလာက္အထိ ထားလို႔ရပါတယ္။

Credit: natureenergycare
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အရသာရှိလှတဲ့ လိုက်ချီးသီးတွေကို စားရတာက ရေငတ်ပြေစေပါတယ်။ ဘဲဥပုံ ဒါမှမဟုတ် အသည်းနှလုံးပုံရှိပြီး အတွင်းသားမှာ အဖြူရောင်ရှိတဲ့ ဂျယ်လီ အမျိုးအစား ဖြစ်ပါတယ်။  လိုက်ချီးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ပါဝင်နေပါတယ်။

(၁) ကယ်လိုရီပါဝင်မှု နည်းပါတယ်။ ကိုလက်စထရော ပါဝင်မှုလည်း နည်းပါတယ်။

(၂) လိုက်ချီးသီးမှာ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်များတဲ့ သူတွေအနေနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်အောင် လိုက်ချီးသီးကို စားသင့်ပါတယ်။

(၃) လိုက်ချီးသီးမှာပါတဲ့ အိုလီဂိုနောဆိုတဲ့ အင်တီအောက်ဆီးဒင့်ဟာ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု ကောင်းစေကာ ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် အသားအရေကို ခရမ်းလွန် ရောင်ခြည်ကြောင့် မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၄) လိုက်ချီးသီးမှာ နိုင်ယာစင်၊ သိုင်ယာမင်နဲ့ ဖောလိတ်စတဲ့ ဗီတာမင်ဘီ အုပ်စုကောင်းကောင်း ပါဝင်ပါတယ်။ ဒီဗီတာမင်တွေက ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်း စတာတွေကို ကောင်းကောင်း ချေဖျက်ပေးနိုင်ပါတယ်။

(၅) လိုင်ချီးသီးမှာ ပိုတက်စီယမ်နဲ့ ကြေးနီ (Copper) များများ ပါဝင်ပါတယ်။ ပိုတက်စီယမ်ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ သတ္တုဓာတ်ဖြစ်ပြီး သွေးဖိအားနဲ့ နှလုံးခုန်နှုန်းကို ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြော ရောဂါနဲ့ လေဖြတ် ဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကြေးနီဟာ သွေးနီဥ ထုတ်လုပ်မှုအတွက် လိုအပ်ပါတယ်။

(၆) လိုက်ချီးသီးဟာ အရိုးတည်ဆောက် ကြီးထွားမှုအတွက် အရေးပါတာကြောင့် ကြီးထွားဖွံ့ဖြိုးနေဆဲ ကလေးတွေအတွက် ကောင်းမွန်ပါတယ်။

(၇) လိုက်ချီးသီးကို စားပေးတာက အသားအရေကို လှပစေပါတယ်။

(၈) သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။

(၉) ဖျားနာနေတဲ့ သူတွေဟာ လိုက်ချီးသီး စားပေးရင် သက်သာစေနိုင်ပါတယ်။

(၁ဝ) လိုင်ချီးသီး စားတာက နာကျင်မှုကို လျော့ကျစေပြီး ဂလင်းတွေ ရောင်ရမ်းမှုကို သက်သာစေပါတယ်။ လတ်ဆတ်တဲ့ လိုက်ချီးသီးတွေကို အခန်း အပူအချိန်မှာ ထားရင် ငါးရက်လောက်အထိ ထားလို့ရပါတယ်။

Credit: natureenergycare

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top