iMyanmarHouse.com - Best Property Website for Myanmar
×

လည္ပင္းမွာ ႐ုန္းဆန္႔ႏိုင္တဲ့ ႂကြက္သားအစုအေဝးရွိပါတယ္။sternocleidomastoid muscle, omohyoideus muscle နဲ႔ trapezius muscle ေတြက ေခါင္းရဲ႕ လႈပ္ရွားမႈကို ထိန္းခ်ဳပ္ထားပါတယ္။  ေက်ာ႐ိုးဆစ္ေတြၾကားမွာ အ႐ိုးႏု(cartilage)ဆိုတာရွိလို႔ လည္ပင္းရွည္တာ ျဖစ္ႏိုင္တယ္။ ႂကြက္သားကို ေျပေလွ်ာ့ေအာင္လုပ္ၿပီး အဆစ္ေတြကို ဆန္႔ႏိုင္ရင္ အနည္းနဲ႔အမ်ားဆိုသလို လည္ပင္း ရွည္လာႏိုင္တယ္။ လည္တိုင္ရွည္ရွည္ေလးျဖစ္ေအာင္ ေလ့က်င့္ခန္းကို ဦးစားေပးလုပ္ရမယ္။

ဘာေတြလုပ္မလဲ
(၁) ခါးကိုဆန္႔ၿပီး ရင္ဘတ္ကို ထုတ္ထားပါ။ ဗိုက္က္ို ရွပ္ထားပါ။ ပခံုးႂကြက္သားကို ေလွ်ာ့ထားပါ။ အသက္ကို ခပ္ျဖည္းျဖည္းရႈၿပီ ေခါင္းကို ဘယ္ဖက္ပခံုးေပၚေစာင္းၿပီး (၁၀)စကၠန္႔ ထားပါ။ ၿပီးရင္ ပံုမွန္အတိုင္း ျပန္ေနပါ။ ဘယ္ၿပီးတဲ့အခါ ညာဖက္ပခံုးမွေပၚေစာင္းၿပီးလုပ္ရမယ္။ (၁၀)စကၠန္႔ၾကာ ထားပါ။ တရက္ကို အနည္းဆံုး သံုးႀကိမ္လုပ္ပါ။

(၂) ပံုမွန္အတိုင္းခါးကိုဆန္႔ၿပီး ရင္ဘတ္ကို ထုတ္ထားပါ။ေရွးဦးစြာ ေခါင္းကိုေနာက္ဖက္ တတ္ႏိုင္သမွ် လွန္ၿပီး မ်က္ႏွာက်က္ကို ေမာ့ၾကည့္ပါ။ (၁၀)စကၠန္႔ၾကာေအာင္ ေနပါ။ ၿပီးရင္ ေခါင္းကို ေရွ႕ကို ျပန္ ေကြးၿပီး ရင္ၫႊန္႔နဲ႔ ေမး႐ိုးထိေအာင္ထား၊ ၾကမ္းျပင္ကို (၁၀)စကၠန္႔ၾကာ ၾကည့္ပါ။ ဒီအတိုင္း အျပန္အလွန္ သံုးႀကိမ္လုပ္ပါ။

(၃) ခါးကိုဆန္႔ၿပီး ရင္ဘတ္ကို ထုတ္ၿပီး ခါးေထာက္ထားပါ။ ေခါင္းကို စက္ဝိုင္းပံုစံ လက္ယာရစ္ သံုးႀကိမ္ လွည့္ပါ။ လွည့္တဲ့အခါ ေမး႐ိုုးနဲ႔ ပခံုးကပ္ေနရမယ္။ သံုးႀကိမ္ျပည့္ရင္ လက္ဝဲရစ္ျပန္လုပ္ပါ။

(၄) ကိုယ္လံုးကို ကုတင္ေပၚထားၿပီး ကုတင္ေစာင္းေနရာမွ ေခါင္းကို ေနာက္သို႔လွန္ခ်ပါ။ ၿပီးရင္ လည္ပင္း႐ိုးကို တတ္ႏိုင္သေလာက္ ဆြဲဆန္႔ၿပီးေနာက္ေက်ာနဲ႔ထိေအာင္ ႀကိဳးစားပါ။ (၁၅)စကၠန္႔ၾကာထားပါ။ ျပီးရင္ ေခါင္းက္ု ေရွ႕စိုက္ၿပီး ရင္ၫႊန္႔႐ိုးနဲ႔ ေမးေစ့ထိေအာင္ ထားပါ။ ဒီပံုစံအတိုင္း (၁၅)စကၠန္႔ၾကာပါေစ။ ေရွ႕ေနာက္တႀကိမ္လုပ္ၿပီးရင္ ကုတင္းေစာင္းကေန မတ္တပ္ျပန္ရပ္ၿပီး ပံုမွန္အတိုင္း ေနပါ။ အထက္ပါပံုစံအတိုင္း တရက္ကို  (၃)ႀကိမ္ခန္႔ ျပဳလုပ္ေပးရမယ္။

အဆိုပါေလ့က်င့္ခန္းေတြက သမား႐ိုးက် ဂုတ္ေလ့က်င့္ခန္းေတြျဖစ္ပါတယ္။ ေသြးပူေလ့က်င့္ခန္းေတြထဲမွာ လည္းပါတယ္။ ဒီတခုတည္းလည္း မရေသးဘူး။ သို႔ေသာ္ အဆ္ုပါေလ့က်င့္ခန္းေလာက္နဲ႔ မရေသးဘူး။ ဆက္လုပ္ရမွာရွိေသးတယ္။ ႂကြက္သားသေဘာက ၾကက္ေပါင္လိုျဖစ္တယ္။ ဆန႔္ၿပီးရင္ ျပန္က်ံဳ႕တတ္ပါတယ္။ ပံုမွန္အားျဖင့္ ၁၅မိနစ္ခန္႔ ၾကာၿပီးတဲ့အခပ ႂကြက္သားက ျပန္က်ံဳ႕သြားေလ့ရွိတယ္။ အဲလိုမျဖစ္ေအာင္ ေနာက္ေလ့က်င့္ခန္းတခု ဆက္လုပ္ဖို႔ လိုပါတယ္။

အထက္ကေျပာခဲ့တဲ့ ေလ့က်င့္ခန္း(၄)ခုအၿပီးမွာ ဒီေလ့က်င့္ခန္းကို ဆက္လုပ္ပါ။
ေခါင္းကို ေအာက္ဖက္ငံု႕ၿပီး လက္ေခ်ာင္းႏွစ္ဖက္ကို ယွက္ၿပီး ေခါင္းေပၚတင္ထားပါ။ ေခါင္းကို လက္နဲ႔ ဖိထားစဥ္မွာပဲ ေခါင္းကို အေပၚတတ္ႏိုင္သေလာက္ ဆန႔္ၿပီးေမာ့ပါ။ တရက္ကို ဆယ္ႀကိမ္ေလာက္ လုပ္ပါ။

တျခားနည္းက တဘတ္တထည္ကို လိပ္ၿပီး ခပ္ရွည္ရွည္ျဖစ္ေအာင္လုပ္ၿပီး ေခါင္းေပၚတင္လို႔လည္းရတယ္။ ေစာေစာကနည္းလိုပဲ တဘတ္နဲ႔ ဖိထားစဥ္မွာပဲ ေခါင္းကို အေပၚတတ္ႏိုင္သေလာက္ေမာ့ပါ။ ဒီနည္းက ဂုတ္ေက်ာႂကြက္သားေတြ သန္မာေစတဲ့နည္းျဖစ္တယ္။ အရပ္ရွည္ခ်င္သူေတြလည္း သံုးလို႔ရတယ္။ တလအတြင္း ၁ စင္တီမီတာေလာက္ ရွည္လာႏိုင္သတဲ့။

Credit: ေဒါက္တာ ေအးမင္းထူး
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လည်ပင်းမှာ ရုန်းဆန့်နိုင်တဲ့ ကြွက်သားအစုအဝေးရှိပါတယ်။sternocleidomastoid muscle, omohyoideus muscle နဲ့ trapezius muscle တွေက ခေါင်းရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ထားပါတယ်။  ကျောရိုးဆစ်တွေကြားမှာ အရိုးနု(cartilage)ဆိုတာရှိလို့ လည်ပင်းရှည်တာ ဖြစ်နိုင်တယ်။ ကြွက်သားကို ပြေလျှော့အောင်လုပ်ပြီး အဆစ်တွေကို ဆန့်နိုင်ရင် အနည်းနဲ့အများဆိုသလို လည်ပင်း ရှည်လာနိုင်တယ်။ လည်တိုင်ရှည်ရှည်လေးဖြစ်အောင် လေ့ကျင့်ခန်းကို ဦးစားပေးလုပ်ရမယ်။

ဘာတွေလုပ်မလဲ
(၁) ခါးကိုဆန့်ပြီး ရင်ဘတ်ကို ထုတ်ထားပါ။ ဗိုက်ကို ရှပ်ထားပါ။ ပခုံးကြွက်သားကို လျှော့ထားပါ။ အသက်ကို ခပ်ဖြည်းဖြည်းရှုပြီ ခေါင်းကို ဘယ်ဖက်ပခုံးပေါ်စောင်းပြီး (၁၀)စက္ကန့် ထားပါ။ ပြီးရင် ပုံမှန်အတိုင်း ပြန်နေပါ။ ဘယ်ပြီးတဲ့အခါ ညာဖက်ပခုံးမှပေါ်စောင်းပြီးလုပ်ရမယ်။ (၁၀)စက္ကန့်ကြာ ထားပါ။ တရက်ကို အနည်းဆုံး သုံးကြိမ်လုပ်ပါ။

(၂) ပုံမှန်အတိုင်းခါးကိုဆန့်ပြီး ရင်ဘတ်ကို ထုတ်ထားပါ။ရှေးဦးစွာ ခေါင်းကိုနောက်ဖက် တတ်နိုင်သမျှ လှန်ပြီး မျက်နှာကျက်ကို မော့ကြည့်ပါ။ (၁၀)စက္ကန့်ကြာအောင် နေပါ။ ပြီးရင် ခေါင်းကို ရှေ့ကို ပြန် ကွေးပြီး ရင်ညွှန့်နဲ့ မေးရိုးထိအောင်ထား၊ ကြမ်းပြင်ကို (၁၀)စက္ကန့်ကြာ ကြည့်ပါ။ ဒီအတိုင်း အပြန်အလှန် သုံးကြိမ်လုပ်ပါ။

(၃) ခါးကိုဆန့်ပြီး ရင်ဘတ်ကို ထုတ်ပြီး ခါးထောက်ထားပါ။ ခေါင်းကို စက်ဝိုင်းပုံစံ လက်ယာရစ် သုံးကြိမ် လှည့်ပါ။ လှည့်တဲ့အခါ မေးရိုုးနဲ့ ပခုံးကပ်နေရမယ်။ သုံးကြိမ်ပြည့်ရင် လက်ဝဲရစ်ပြန်လုပ်ပါ။

(၄) ကိုယ်လုံးကို ကုတင်ပေါ်ထားပြီး ကုတင်စောင်းနေရာမှ ခေါင်းကို နောက်သို့လှန်ချပါ။ ပြီးရင် လည်ပင်းရိုးကို တတ်နိုင်သလောက် ဆွဲဆန့်ပြီးနောက်ကျောနဲ့ထိအောင် ကြိုးစားပါ။ (၁၅)စက္ကန့်ကြာထားပါ။ ပြီးရင် ခေါင်းက်ု ရှေ့စိုက်ပြီး ရင်ညွှန့်ရိုးနဲ့ မေးစေ့ထိအောင် ထားပါ။ ဒီပုံစံအတိုင်း (၁၅)စက္ကန့်ကြာပါစေ။ ရှေ့နောက်တကြိမ်လုပ်ပြီးရင် ကုတင်းစောင်းကနေ မတ်တပ်ပြန်ရပ်ပြီး ပုံမှန်အတိုင်း နေပါ။ အထက်ပါပုံစံအတိုင်း တရက်ကို  (၃)ကြိမ်ခန့် ပြုလုပ်ပေးရမယ်။

အဆိုပါလေ့ကျင့်ခန်းတွေက သမားရိုးကျ ဂုတ်လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ သွေးပူလေ့ကျင့်ခန်းတွေထဲမှာ လည်းပါတယ်။ ဒီတခုတည်းလည်း မရသေးဘူး။ သို့သော် အဆ်ုပါလေ့ကျင့်ခန်းလောက်နဲ့ မရသေးဘူး။ ဆက်လုပ်ရမှာရှိသေးတယ်။ ကြွက်သားသဘောက ကြက်ပေါင်လိုဖြစ်တယ်။ ဆန့်ပြီးရင် ပြန်ကျုံ့တတ်ပါတယ်။ ပုံမှန်အားဖြင့် ၁၅မိနစ်ခန့် ကြာပြီးတဲ့အခပ ကြွက်သားက ပြန်ကျုံ့သွားလေ့ရှိတယ်။ အဲလိုမဖြစ်အောင် နောက်လေ့ကျင့်ခန်းတခု ဆက်လုပ်ဖို့ လိုပါတယ်။

အထက်ကပြောခဲ့တဲ့ လေ့ကျင့်ခန်း(၄)ခုအပြီးမှာ ဒီလေ့ကျင့်ခန်းကို ဆက်လုပ်ပါ။
ခေါင်းကို အောက်ဖက်ငုံ့ပြီး လက်ချောင်းနှစ်ဖက်ကို ယှက်ပြီး ခေါင်းပေါ်တင်ထားပါ။ ခေါင်းကို လက်နဲ့ ဖိထားစဉ်မှာပဲ ခေါင်းကို အပေါ်တတ်နိုင်သလောက် ဆန့်ပြီးမော့ပါ။ တရက်ကို ဆယ်ကြိမ်လောက် လုပ်ပါ။

တခြားနည်းက တဘတ်တထည်ကို လိပ်ပြီး ခပ်ရှည်ရှည်ဖြစ်အောင်လုပ်ပြီး ခေါင်းပေါ်တင်လို့လည်းရတယ်။ စောစောကနည်းလိုပဲ တဘတ်နဲ့ ဖိထားစဉ်မှာပဲ ခေါင်းကို အပေါ်တတ်နိုင်သလောက်မော့ပါ။ ဒီနည်းက ဂုတ်ကျောကြွက်သားတွေ သန်မာစေတဲ့နည်းဖြစ်တယ်။ အရပ်ရှည်ချင်သူတွေလည်း သုံးလို့ရတယ်။ တလအတွင်း ၁ စင်တီမီတာလောက် ရှည်လာနိုင်သတဲ့။

Credit: ဒေါက်တာ အေးမင်းထူး

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top