iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန ့တစ္၌ ကြ်န္ေတာ္သည္ ပ်င္းပ်င္း ရွိသည္ႏွင့္ ရန္ကုန္ၿမိဳ႕ တစ္ေနရာ ျပည္သူ ့ရင္ျပင္သို ့ တစ္ေယာက္တည္း ထြက္လာ ခဲ့သည္။

အထဲသို ့ဝင္လိုက္သည္ႏွင့္ အရြယ္ႏွင့္ မလိုက္ေသာ အတြဲမ်ားက ေတာင္ပံု ရာပံု မႈိလို ေပါက္ေနတာ ျမင္ေတာ့ ကိုယ့္ကိုကိုယ္ အားငယ္ ခ်င္သလို ျဖစ္လာသည္မွာ အမွန္။

သို ့ႏွင့္ ပတ္ဝန္းက်င္ကို ဂရုမစိုက္ဘဲ ခပ္တည္တည္ျဖင့္ လမ္း ေလ်ွာက္လာရာ ႏွစ္ေယာက္ ထိုင္ခံုေလး တစ္ခံုတြင္ အသက္ ခပ္ငယ္ငယ္ ေခတ္ဆန္ဆန္ ဝတ္စားထားေသာ ေကာင္မေလး တစ္ေယာက္ကို ေတြ႕ရသျဖင့္ သူ႔အနားသို ့မည္သို ့ခ်ဥ္းကပ္ ရမည္ကို ကြ်န္ေတာ္ ေခတၱမ်ွ စဥ္းစား လိုက္ၿပီးေနာက္ ေကာင္မေလးဆီသို ့ေလ်ွာက္ သြား လိုက္သည္။
.
'' ေအး ငါ ျပည္သူ ့ရင္ျပင္ထဲ ေရာက္ေနၿပီ မင္း အခုထြက္ လာၿပီလား ''

ဖုန္းဆက္စရာ လူမရွိ ေသာ္လည္း ေကာင္မေလး အနားသို ့ခ်ဥ္းကပ္ဖို႔ရာ ဖုန္း ဆက္ခ်င္ေယာင္ ေဆာင္လိုက္သည္မွာ ကြ်န္ေတာ္၏ မဟာ ေရႊဥာဏ္ေတာ္ ေပတည္း။

'' ေအး ေအး ငါေစာင့္ေနမယ္ အျမန္ ထြက္လာခဲ့ကြာ ''

ခပ္တည္တည္ျဖင့္ ဖုန္းခ် လိုက္ၿပီးေနာက္ ကြ်န္ေတာ့ကို ၾကည့္ေနေသာ ေကာင္မေလးေၾကာင့္ ရုတ္တရက္ ရင္ဖိုသြား ခဲ့သည္မွာ ေျပာ မျပတတ္ေအာင္ပင္ ျဖစ္ခဲ့ရသည္။ ဒါဟာအခ်စ္လား။

'' ကိုႀကီး ''

ကိုႀကီးတဲ့ ၾကားလိုက္ရတဲ့ အသံ ခ်ိဳခ်ိဳ ေလးေၾကာင့္ ကြ်န္ေတာ့ ရင္ထဲ ေျဗာင္းဆန္သြားသည္။ ေျခမကိုင္မီ
လက္မကိုင္မီ ျဖစ္ေနေသာ ကြ်န္ေတာ့ ပံုစံကို ၾကည့္ၿပီး ခိုးခိုးခစ္ခစ္ ရယ္ေမာ ေနေသာ ေကာင္မေလးသည္ကား အင္မတန္မွ ခ်စ္စရာ ေကာင္းလွသည္။

"ညီမေလး တစ္ေယာက္တည္းလား "
"ဟုတ္ကိုႀကီး"
"ကိုႀကီး ထိုင္လို ့ရမလား သူူငယ္ခ်င္းကို ေစာင့္ေနလို႔"
"ေအာ္ရပါတယ္ ကိုႀကီး ပံုစံ ၾကည့္ရတာ လူေကာင္း ပံုစံဆိုေတာ့ ထိုင္လို ့ျဖစ္ပါတယ္"

ေကာင္မေလး စကားေၾကာင့္ ကြ်န္ေတာ္ ေျခေထာက္ႏွင့္ ေျမႀကီး မထိေတာ့ ေျမာက္တက္ သြားသလို ခံစားရသည္။

"ဒါနဲ႕တစ္ေယာက္တည္း ဘာထိုင္ လုပ္ေနတာလဲ ညီမေလး"
'' အေအး သြားဝယ္ ေနတဲ့ အေဖာ္ကို ေစာင့္ေနတာ''
'' ေအာ္ဟုတ္လား ''

ကြ်န္ေတာ္ ဘာဆက္ေျပာလို႔ ေျပာရမွန္း မသိ။ ေကာင္မေလး ကေတာ့ ကြ်န္ေတာ့ကို ၾကည့္ၿပီး ရယ္ျမဲ ရယ္ေနသည္။
'' ဘာလို႔ ့အဲ့ေလာက္ေတာင္ ရယ္ ေနတာလဲ ညီမေလးရဲ႕''
'' ေအာ္ ခိခိ ဘာမွ မဟုတ္ပါဘူး ကိုႀကီးကို သေဘာက်လို ့''

ေကာင္မေလး စကားေၾကာင့္ ကြ်န္ေတာ္ ေက်နပ္သြားသည္။တည္ၾကည္ ခန္ ့ညား လြန္းလွတဲ့ ကြ်န္ေတာ့ပံုစံမွာ ဘယ္ဣတၳိယတို့ အိေျဒၵ ဆည္ႏိုင္ လိမ့္မည္နည္း ဟု အေတြးနဲ႔ ေက်နပ္ ေနစဥ္မွာပင္

'' ေဟာ ကိုိကိုေတာင္ ျပန္လာေနၿပီ ''

ကိုကိုတဲ့ ၾကားလိုက္ရေသာ စကားေၾကာင့္ ကြ်န္ေတာ့ရင္ထဲ ေအာင့္သက္သက္ ျဖစ္သြားၿပီး ေနာက္ကိုလွည့္ ၾကည့္လိုက္ရာ ေကာင္ေလးတစ္ေယာက္ အေအးပုလင္း ဆြဲၿပီး ကြ်န္ေတာ္တို ့ရွိရာသို ့ေလ်ွာက္လာသည္။

'' သဲ ဒါက ဘယ္က အမႈိက္လဲ ''

ငမ့္ အမႈိက္ဆို လို ့ေဘးဘီဝဲရာသို ့ ကြ်န္ေတာ္ လိုက္ငံု ့ၾကည့္လိုက္မိသည္။

'' ေဟ့ဘဲႀကီး ခင္ဗ်ားကို ေျပာေနတာ ''

ေကာင္ေလး စကားေၾကာင့္ ကြ်န္ေတာ္ ရုတ္တရက္ အရွာရပ္လိုက္ၿပီး ေကာင္ေလးအား စူးစူးရဲရဲ ၾကည့္လိုက္သည္။ ခိုးခိုး ရယ္ေမာေနေသာ ေကာင္မေလးရဲ႕ေလွာင္ရယ္သံ ေအာက္မွာ ကြ်န္ေတာ့ ႏွလံုးသားတို ့တစ္စစီ ျဖစ္ေနေခ်သည္။

'' ေဟ့ဘဲႀကီး ေၾကာင္ေတာင္ေတာင္ ၾကည့္မေနနဲ႔ ခင္ဗ်ား ကိုယ္တိုင္လြင့္မွာလား က်ဳပ္လဲွထုတ္ ရမွာလား ''
'' ကဲပါ ကိုကိုရယ္ အဲ့ဦးေလး ပံုစံၾကည့္ရတာ ဒါ သိပ္ေကာင္းပံု မရဘူး ေစာေစာကလည္း ဖုန္းမလာဘဲနဲ႕ ဖုန္းေျပာေန ကတည္းကိုက ပံုမွန္ မဟုတ္ဘူးဆိုတာ သဲ ရိပ္မိလို ့အခ်ိဳသတ္ ထားတာ လာပါ သဲတို ့ဟိုဘက္သြားမယ္ေနာ္ ကိုကို ''

လက္ခ်င္းတြဲၿပီး ထြက္သြားေသာ သူတို ့ႏွစ္ေယာက္ကို ၾကည့္ၿပီး ေငါင္ေတာင္ေတာင္ျဖင့္ ကြ်န္ေတာ္က်န္ခဲ့သည္။ေ ကာင္မေလးက ကြ်န္ေတာ္က်ပ္မျပည့္ဘူးလို ့နားထင္ကို လက္ညိဳး ထိုးျပၿပီး ေျပာလိုက္တဲ့ စကားအဆံုးမွာေတာ့ ကြ်န္ေတာ္ အရာအားလံုးကို ဆံုးရႈံး သြားလိုက္ ရသလို ခံစား ရခဲ့သည္ပဲေလ။ ေအာ္ နဖူးမွာစာကပ္ မထားတဲ့ ကြ်န္ေတာ့ရဲ႕ခ်စ္ျခင္းကို သူတို ့မျမင္ႏိုင္ တဲ့ေနာက္ ႏွလံုးသားတစ္ေထာင့္မွာ ထာဝရ ျမဳပ္ႏွံ လိုက္တာပဲ ေကာင္းပါတယ္ေလ။

Credit: တိုးေဝခ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်နေ့တစ်၌ ကျွန်တော်သည် ပျင်းပျင်း ရှိသည်နှင့် ရန်ကုန်မြို့ တစ်နေရာ ပြည်သူ့ရင်ပြင်သို့ တစ်ယောက်တည်း ထွက်လာ ခဲ့သည်။

အထဲသို့ဝင်လိုက်သည်နှင့် အရွယ်နှင့် မလိုက်သော အတွဲများက တောင်ပုံ ရာပုံ မှိုလို ပေါက်နေတာ မြင်တော့ ကိုယ့်ကိုကိုယ် အားငယ် ချင်သလို ဖြစ်လာသည်မှာ အမှန်။

သို့နှင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ခပ်တည်တည်ဖြင့် လမ်း လျှောက်လာရာ နှစ်ယောက် ထိုင်ခုံလေး တစ်ခုံတွင် အသက် ခပ်ငယ်ငယ် ခေတ်ဆန်ဆန် ဝတ်စားထားသော ကောင်မလေး တစ်ယောက်ကို တွေ့ရသဖြင့် သူ့အနားသို့မည်သို့ချဉ်းကပ် ရမည်ကို ကျွန်တော် ခေတ္တမျှ စဉ်းစား လိုက်ပြီးနောက် ကောင်မလေးဆီသို့လျှောက် သွား လိုက်သည်။
.
'' အေး ငါ ပြည်သူ့ရင်ပြင်ထဲ ရောက်နေပြီ မင်း အခုထွက် လာပြီလား ''

ဖုန်းဆက်စရာ လူမရှိ သော်လည်း ကောင်မလေး အနားသို့ချဉ်းကပ်ဖို့ရာ ဖုန်း ဆက်ချင်ယောင် ဆောင်လိုက်သည်မှာ ကျွန်တော်၏ မဟာ ရွှေဉာဏ်တော် ပေတည်း။

'' အေး အေး ငါစောင့်နေမယ် အမြန် ထွက်လာခဲ့ကွာ ''

ခပ်တည်တည်ဖြင့် ဖုန်းချ လိုက်ပြီးနောက် ကျွန်တော့ကို ကြည့်နေသော ကောင်မလေးကြောင့် ရုတ်တရက် ရင်ဖိုသွား ခဲ့သည်မှာ ပြော မပြတတ်အောင်ပင် ဖြစ်ခဲ့ရသည်။ ဒါဟာအချစ်လား။

'' ကိုကြီး ''

ကိုကြီးတဲ့ ကြားလိုက်ရတဲ့ အသံ ချိုချို လေးကြောင့် ကျွန်တော့ ရင်ထဲ ဗြောင်းဆန်သွားသည်။ ခြေမကိုင်မီ
လက်မကိုင်မီ ဖြစ်နေသော ကျွန်တော့ ပုံစံကို ကြည့်ပြီး ခိုးခိုးခစ်ခစ် ရယ်မော နေသော ကောင်မလေးသည်ကား အင်မတန်မှ ချစ်စရာ ကောင်းလှသည်။

"ညီမလေး တစ်ယောက်တည်းလား "
"ဟုတ်ကိုကြီး"
"ကိုကြီး ထိုင်လို့ရမလား သူူငယ်ချင်းကို စောင့်နေလို့"
"အော်ရပါတယ် ကိုကြီး ပုံစံ ကြည့်ရတာ လူကောင်း ပုံစံဆိုတော့ ထိုင်လို့ဖြစ်ပါတယ်"

ကောင်မလေး စကားကြောင့် ကျွန်တော် ခြေထောက်နှင့် မြေကြီး မထိတော့ မြောက်တက် သွားသလို ခံစားရသည်။

"ဒါနဲ့တစ်ယောက်တည်း ဘာထိုင် လုပ်နေတာလဲ ညီမလေး"
'' အအေး သွားဝယ် နေတဲ့ အဖော်ကို စောင့်နေတာ''
'' အော်ဟုတ်လား ''

ကျွန်တော် ဘာဆက်ပြောလို့ ပြောရမှန်း မသိ။ ကောင်မလေး ကတော့ ကျွန်တော့ကို ကြည့်ပြီး ရယ်မြဲ ရယ်နေသည်။
'' ဘာလို့အဲ့လောက်တောင် ရယ် နေတာလဲ ညီမလေးရဲ့''
'' အော် ခိခိ ဘာမှ မဟုတ်ပါဘူး ကိုကြီးကို သဘောကျလို့''

ကောင်မလေး စကားကြောင့် ကျွန်တော် ကျေနပ်သွားသည်။တည်ကြည် ခန့်ညား လွန်းလှတဲ့ ကျွန်တော့ပုံစံမှာ ဘယ်ဣတ္ထိယတို့ အိဒြေ္ဒ ဆည်နိုင် လိမ့်မည်နည်း ဟု အတွေးနဲ့ ကျေနပ် နေစဉ်မှာပင်

'' ဟော ကိုကိုတောင် ပြန်လာနေပြီ ''

ကိုကိုတဲ့ ကြားလိုက်ရသော စကားကြောင့် ကျွန်တော့ရင်ထဲ အောင့်သက်သက် ဖြစ်သွားပြီး နောက်ကိုလှည့် ကြည့်လိုက်ရာ ကောင်လေးတစ်ယောက် အအေးပုလင်း ဆွဲပြီး ကျွန်တော်တို့ရှိရာသို့လျှောက်လာသည်။

'' သဲ ဒါက ဘယ်က အမှိုက်လဲ ''

ငမ့် အမှိုက်ဆို လို့ဘေးဘီဝဲရာသို့ ကျွန်တော် လိုက်ငုံ့ကြည့်လိုက်မိသည်။

'' ဟေ့ဘဲကြီး ခင်ဗျားကို ပြောနေတာ ''

ကောင်လေး စကားကြောင့် ကျွန်တော် ရုတ်တရက် အရှာရပ်လိုက်ပြီး ကောင်လေးအား စူးစူးရဲရဲ ကြည့်လိုက်သည်။ ခိုးခိုး ရယ်မောနေသော ကောင်မလေးရဲ့လှောင်ရယ်သံ အောက်မှာ ကျွန်တော့ နှလုံးသားတို့တစ်စစီ ဖြစ်နေချေသည်။

'' ဟေ့ဘဲကြီး ကြောင်တောင်တောင် ကြည့်မနေနဲ့ ခင်ဗျား ကိုယ်တိုင်လွင့်မှာလား ကျုပ်လဲှထုတ် ရမှာလား ''
'' ကဲပါ ကိုကိုရယ် အဲ့ဦးလေး ပုံစံကြည့်ရတာ ဒါ သိပ်ကောင်းပုံ မရဘူး စောစောကလည်း ဖုန်းမလာဘဲနဲ့ ဖုန်းပြောနေ ကတည်းကိုက ပုံမှန် မဟုတ်ဘူးဆိုတာ သဲ ရိပ်မိလို့အချိုသတ် ထားတာ လာပါ သဲတို့ဟိုဘက်သွားမယ်နော် ကိုကို ''

လက်ချင်းတွဲပြီး ထွက်သွားသော သူတို့နှစ်ယောက်ကို ကြည့်ပြီး ငေါင်တောင်တောင်ဖြင့် ကျွန်တော်ကျန်ခဲ့သည်။ေ ကာင်မလေးက ကျွန်တော်ကျပ်မပြည့်ဘူးလို့နားထင်ကို လက်ညိုး ထိုးပြပြီး ပြောလိုက်တဲ့ စကားအဆုံးမှာတော့ ကျွန်တော် အရာအားလုံးကို ဆုံးရှုံး သွားလိုက် ရသလို ခံစား ရခဲ့သည်ပဲလေ။ အော် နဖူးမှာစာကပ် မထားတဲ့ ကျွန်တော့ရဲ့ချစ်ခြင်းကို သူတို့မမြင်နိုင် တဲ့နောက် နှလုံးသားတစ်ထောင့်မှာ ထာဝရ မြုပ်နှံ လိုက်တာပဲ ကောင်းပါတယ်လေ။

Credit: တိုးဝေခ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top