iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔ ပန္းသီး တစ္လံုး စားပါက သက္ရွည္ က်န္းမာၿပီး ဆရာဝန္နဲ႔ ေဝးေဝး ေနခြင့္ ရပါ လိမ့္မယ္တဲ့။

တကယ္ေတာ့ လူေတြဟာ မိမိ စားေနက် အစာအျပင္ အသီးအႏွံ တစ္မ်ဳိးမ်ဳိးကုိ ေန႔စဥ္ စားမယ္ဆုိရင္ က်န္းမာေရး ေကာင္းမယ္လုိ႔ ထင္ပါတယ္။ ဥပမာ ငွက္ေပ်ာသီး၊ လိေမၼာ္သီး၊ စပ်စ္သီး စသျဖင့္ မွန္မွန္စားရင္ က်န္းမာေရးနဲ႔ ျပည့္စံုမယ္လုိ႔ ထင္တယ္။

ပန္းသီးမွာ ဗီတာမင္စီ မ်ားမ်ား ပါတယ္။ Immune System ေခၚတဲ့ ကုိယ္ခံ စြမ္းအားကုိ တက္ေစတယ္။ အဆီဓာတ္ Cholesterol ကုိလည္း က်ေစတယ္။ ကန္စြန္းဥတုိ႔၊ ငွက္ေပ်ာသီးတုိ႔ စားသလုိ ကုိက္စားရင္ သြားေခ်း မကပ္ဘဲ ခံတြင္းရွင္းတယ္၊ ဦးေႏွာက္အား ေကာင္းတဲ့အတြက္ သူငယ္ျပန္မႈ နည္းေစတယ္။ ကယ္လုိရီ နည္းတဲ့ အတြက္ ငွက္ေပ်ာသီး စားတာလုိ ဝတာ အားမေပးဘူး။ပန္းနာရင္က်ပ္ ေရာဂါတုိ႔၊ အဆုတ္ ေရာဂါတုိ႔ နည္းေစတယ္လုိ႔ ေျပာၾကတယ္။ တစ္ခါက အားကစား သမား တစ္ေယာက္ ကေျပာတယ္။ သူ႔မွာ အရင္တုန္းက အသည္းေရာင္ ဘီပုိး မရွိဘူးတဲ့။ ႏုိင္ငံျခားကုိ သြားၿပိဳင္ဖုိ႔ စခန္းသြင္းၿပီး ေလ့က်င့္တဲ့အခါမွသာ အသည္းေရာင္ဘီပုိး ေပၚလာရတယ္လုိ႔ ဆုိတယ္။ အေဆာင္အတူ ေနသူေတြ အမ်ားႀကီးရွိေပမယ့္ ေသာက္ေရခြက္လည္း သီးသန္႔သံုးတယ္၊ သြားပြတ္တံလည္း သံုးတယ္၊ ဟင္းခ်ဳိခြက္ နဲ႔ဇြန္း သီးသန္႔သံုးတယ္။ ဘီးနဲ႔ မုတ္ဆိတ္ရိတ္ ကိရိယာေတြလည္း သီးသန္႔သံုးတယ္။ ဘာေၾကာင့္ ကူးရတာလဲလုိ႔ ဆုိတယ္။ ဒါေပမဲ့ တစ္ခုေတာ့ရွိတယ္။ ကၽြန္ေတာ္တုိ႔က တစ္ေယာက္နဲ႔ တစ္ေယာက္ အလြန္ ခင္မင္တယ္၊ ပန္းသီး တစ္လံုးရရင္ သူတစ္ကုိက္၊ ကုိယ္တစ္ကုိက္ စားၾကတယ္။

လက္ဖက္သုပ္ကုိလည္း ဇြန္းတစ္ေခ်ာင္း၊ ႏွစ္ေခ်ာင္းနဲ႔ ဝုိင္းစားၾကတယ္၊ ဒါပဲလုိ႔ ဆုိတယ္။ ဘီပိုးဟာ ေသြးသြင္းရာ၊ ေဆးထုိးရာ၊ လိင္ဆက္ဆံရာက အဓိကကူးတဲ့ ေရာဂါပုိးျဖစ္တယ္။ အတိအက် ကူးတယ္လုိ႔ ေျပာႏုိင္တဲ့နည္း ရွိသလုိ အတိအက် မေျပာႏုိင္တဲ့ နည္းေတြနဲ႔လည္း ကူးမွာပါပဲ။ ဒီႏွစ္ ကမၻာ့အသည္းေရာင္ အထိမ္းအမွတ္ေန႔ “World Hepatitis Day” ရဲ႕ေဆာင္ပုဒ္က “This is hepatitis…It is closer than you think” အသည္းေရာဂါပုိးဟာ မင္းထင္တာထက္ ပုိကူးလြယ္တယ္၊ လက္တစ္ကမ္းမွာပဲ အသည္းေရာင္ပုိးက ရွိေနတယ္။ အသည္းေရာင္ပုိးေတြရဲ႕ ေရာဂါလကၡဏာတစ္ခုက ေရာဂါလကၡဏာ မျပတာဘဲ။ ဒါေၾကာင့္ ေသြးစစ္ၾကည့္ရတယ္၊ ေသြးစစ္ၾကည့္မွ ရွိမွန္းသိမယ္။ မရွိရင္ ကာကြယ္ေဆးထုိးမယ္။

သိလည္းသိ၊ စစ္လည္းစစ္၊ ကာကြယ္ေဆး လည္းထုိး လုပ္တာကုိ လုပ္ရမယ္။ အသည္းေရာင္ ဘီပုိးကုိ ရန္ကုန္ သံဃာ့ တကၠသုိလ္က စစ္ေဆးတယ္၊ ကာကြယ္ ေဆးထုိး တယ္။ ေမွာ္ဘီ၊ ေရႊေပါက္ကံ၊ ပဲခူးက ေတာရေက်ာင္း စာသင္တုိက္ေတြမွာ ေသြးစစ္၊ ကာကြယ္ေဆးထုိး ျပဳလုပ္တယ္။

တ႐ုတ္ (တုိင္ေပ) ဆရာေတာ္တစ္ပါးက မႏၲေလးက ေက်ာင္းတုိက္ ေတြမွာ အသည္းေရာင္ ဘီပုိး ကာကြယ္ ေဆးလွဴတယ္။ မႏၲေလးက သံဃာေတြကုိလည္း ထုိးေပးတာ ဖတ္ရတယ္။ မြန္ျပည္နယ္၊ ဇင္းက်ဳိက္က အထက္တန္း ေက်ာင္းသား၊ ေက်ာင္းသူေတြက အသည္းေရာင္ ဘီပုိးကုိ စစ္ၾကည့္တယ္၊ ကာကြယ္ေဆး ထုိးၾကတယ္၊ ဒါဟာ ေကာင္းတဲ့ ေျခလွမ္းေတြပဲ။

Credit: ျမ၀တီ
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်နေ့ ပန်းသီး တစ်လုံး စားပါက သက်ရှည် ကျန်းမာပြီး ဆရာဝန်နဲ့ ဝေးဝေး နေခွင့် ရပါ လိမ့်မယ်တဲ့။

တကယ်တော့ လူတွေဟာ မိမိ စားနေကျ အစာအပြင် အသီးအနှံ တစ်မျိုးမျိုးကို နေ့စဉ် စားမယ်ဆိုရင် ကျန်းမာရေး ကောင်းမယ်လို့ ထင်ပါတယ်။ ဥပမာ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး စသဖြင့် မှန်မှန်စားရင် ကျန်းမာရေးနဲ့ ပြည့်စုံမယ်လို့ ထင်တယ်။

ပန်းသီးမှာ ဗီတာမင်စီ များများ ပါတယ်။ Immune System ခေါ်တဲ့ ကိုယ်ခံ စွမ်းအားကို တက်စေတယ်။ အဆီဓာတ် Cholesterol ကိုလည်း ကျစေတယ်။ ကန်စွန်းဥတို့၊ ငှက်ပျောသီးတို့ စားသလို ကိုက်စားရင် သွားချေး မကပ်ဘဲ ခံတွင်းရှင်းတယ်၊ ဦးနှောက်အား ကောင်းတဲ့အတွက် သူငယ်ပြန်မှု နည်းစေတယ်။ ကယ်လိုရီ နည်းတဲ့ အတွက် ငှက်ပျောသီး စားတာလို ဝတာ အားမပေးဘူး။ပန်းနာရင်ကျပ် ရောဂါတို့၊ အဆုတ် ရောဂါတို့ နည်းစေတယ်လို့ ပြောကြတယ်။ တစ်ခါက အားကစား သမား တစ်ယောက် ကပြောတယ်။ သူ့မှာ အရင်တုန်းက အသည်းရောင် ဘီပိုး မရှိဘူးတဲ့။ နိုင်ငံခြားကို သွားပြိုင်ဖို့ စခန်းသွင်းပြီး လေ့ကျင့်တဲ့အခါမှသာ အသည်းရောင်ဘီပိုး ပေါ်လာရတယ်လို့ ဆိုတယ်။ အဆောင်အတူ နေသူတွေ အများကြီးရှိပေမယ့် သောက်ရေခွက်လည်း သီးသန့်သုံးတယ်၊ သွားပွတ်တံလည်း သုံးတယ်၊ ဟင်းချိုခွက် နဲ့ဇွန်း သီးသန့်သုံးတယ်။ ဘီးနဲ့ မုတ်ဆိတ်ရိတ် ကိရိယာတွေလည်း သီးသန့်သုံးတယ်။ ဘာကြောင့် ကူးရတာလဲလို့ ဆိုတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့က တစ်ယောက်နဲ့ တစ်ယောက် အလွန် ခင်မင်တယ်၊ ပန်းသီး တစ်လုံးရရင် သူတစ်ကိုက်၊ ကိုယ်တစ်ကိုက် စားကြတယ်။

လက်ဖက်သုပ်ကိုလည်း ဇွန်းတစ်ချောင်း၊ နှစ်ချောင်းနဲ့ ဝိုင်းစားကြတယ်၊ ဒါပဲလို့ ဆိုတယ်။ ဘီပိုးဟာ သွေးသွင်းရာ၊ ဆေးထိုးရာ၊ လိင်ဆက်ဆံရာက အဓိကကူးတဲ့ ရောဂါပိုးဖြစ်တယ်။ အတိအကျ ကူးတယ်လို့ ပြောနိုင်တဲ့နည်း ရှိသလို အတိအကျ မပြောနိုင်တဲ့ နည်းတွေနဲ့လည်း ကူးမှာပါပဲ။ ဒီနှစ် ကမ္ဘာ့အသည်းရောင် အထိမ်းအမှတ်နေ့ “World Hepatitis Day” ရဲ့ဆောင်ပုဒ်က “This is hepatitis…It is closer than you think” အသည်းရောဂါပိုးဟာ မင်းထင်တာထက် ပိုကူးလွယ်တယ်၊ လက်တစ်ကမ်းမှာပဲ အသည်းရောင်ပိုးက ရှိနေတယ်။ အသည်းရောင်ပိုးတွေရဲ့ ရောဂါလက္ခဏာတစ်ခုက ရောဂါလက္ခဏာ မပြတာဘဲ။ ဒါကြောင့် သွေးစစ်ကြည့်ရတယ်၊ သွေးစစ်ကြည့်မှ ရှိမှန်းသိမယ်။ မရှိရင် ကာကွယ်ဆေးထိုးမယ်။

သိလည်းသိ၊ စစ်လည်းစစ်၊ ကာကွယ်ဆေး လည်းထိုး လုပ်တာကို လုပ်ရမယ်။ အသည်းရောင် ဘီပိုးကို ရန်ကုန် သံဃာ့ တက္ကသိုလ်က စစ်ဆေးတယ်၊ ကာကွယ် ဆေးထိုး တယ်။ မှော်ဘီ၊ ရွှေပေါက်ကံ၊ ပဲခူးက တောရကျောင်း စာသင်တိုက်တွေမှာ သွေးစစ်၊ ကာကွယ်ဆေးထိုး ပြုလုပ်တယ်။

တရုတ် (တိုင်ပေ) ဆရာတော်တစ်ပါးက မန္တလေးက ကျောင်းတိုက် တွေမှာ အသည်းရောင် ဘီပိုး ကာကွယ် ဆေးလှူတယ်။ မန္တလေးက သံဃာတွေကိုလည်း ထိုးပေးတာ ဖတ်ရတယ်။ မွန်ပြည်နယ်၊ ဇင်းကျိုက်က အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေက အသည်းရောင် ဘီပိုးကို စစ်ကြည့်တယ်၊ ကာကွယ်ဆေး ထိုးကြတယ်၊ ဒါဟာ ကောင်းတဲ့ ခြေလှမ်းတွေပဲ။

Credit: မြဝတီ

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top