iMyanmarHouse.com - Best Property Website for Myanmar
×

ေအးစိမ့္စိမ့္ႏွင့္ ေျခာက္ေသြ႕သည့္ေလ၊ နိမ့္က်သည့္အပူခ်ိန္၊ စသည့္ ေဆာင္းရာသီႏွင့္ အတူပူးတြဲ ေရာက္ရွိလာသည့္ အေျခအေနမ်ားက သင့္အသားအေရ၊ ႏႈတ္ခမ္း ႏွင့္ ခႏၶာကိုယ္အျခားအစိတ္အပိုင္းမ်ားကို ထိခိုက္မႈရွိေစႏိုင္ပါသည္။ ေဆာင္းရာသီအတြင္း အသားအေရေျခာက္ေသြ႕ျခင္း၊ ႏႈတ္ခမ္းကြဲျခင္း၊ ယားယံျခင္း ႏွင့္ က်ိန္းစပ္စပ္ျဖစ္ျခင္း အစရွိသည့္ လကၡဏာတို႕ကိုျဖစ္ေပၚေစႏိုင္ပါသည္။ ထို႕အတြက္ ေဆာင္းရာသီမေရာက္လာခင္ သင့္ေတာ္သည့္အစားအစာမ်ားကို စားေသာက္ၿပီး ႀကိဳတင္ကာကြယ္ႏိုင္ဖို႕ နည္းလမ္းေကာင္းေလးေတြကို မွ်ေ၀ေပးလိုက္ရပါတယ္။

၁။ သံလြင္ဆီ

ပံုမွန္အခ်ိန္ထက္ ေဆာင္းရာသီတြင္ အသားအေရသည္ ပိုမိုေျခာက္ေသြ႕တတ္ပါသည္။ သံလြင္ဆီတြင္ အသားအေရကို တင္းတင္းရင္းရင္းႏွင့္ ႏူးညံ့မႈရွိေစမည့္ ဗီတာမင္ေအ ႏွင့္ အီး အျပင္ အျခားသတၱဳဓာတ္မ်ား ေပါင္းစပ္ပါ၀င္ပါသည္။ အေရးအေႀကာင္းမ်ားျဖစ္ေပၚျခင္းႏွင့္ အသားအေရကို ေရာင္ျခည္လိႈင္းမ်ား ဖ်က္ဆီးျခင္းမွ ကာကြယ္ေပးမွာျဖစ္ပါသည္။

၂။ ေရွာက္ခါးသီး

အသားအေရပ်က္စီးျခင္းမွ ကာကြယ္ေပးမည့္ ဗီတာမင္စီပါ၀င္ၿပီး အသားအေရကို ေခ်ာေမြ႕ေစရန္ကူညီေပးႏိုင္ေသာ “Lycopene” လည္း ပါ၀င္ပါသည္။ အေရးအေႀကာင္းမ်ား ႏွင့္ အစက္အေျပာက္မ်ားျဖစ္ေပၚျခင္းမွ ကာကြယ္ေပး၍ အသားအေရကို နဂိုမူလထက္ ႏူးညံ့လွပေစမွာျဖစ္ပါသည္။

၃။ ေထာပတ္သီး

ဗီတာမင္ေအ၊ စီ၊ အီး ႏွင့္ အျခားဓာတ္ေပါင္းစံုပါ၀င္သည့္ ေထာပတ္သီးသည္ အသားအေရမွ လိုအပ္ေနသည့္ ေရဓာတ္ကို ျဖည့္ဆည္းေပးႏိုင္ပါသည္။ ထုိ႕အျပင္ ေဖာလစ္အက္စစ္၊ မဂၢနီဆီယမ္ ႏွင့္ ပိုတက္စီယမ္တို႕လည္း ပါ၀င္သည့္အတြက္ အသားအေရကို က်န္းမာေစမွာျဖစ္ပါသည္။

၄။ မုန္လာဥနီ

မုန္လာဥနီသည္ ဗီတာမင္ေအ ႏွင့္ အျခားသတၱဳဓာတ္မ်ား ေပါင္းစပ္ပါ၀င္သည့္အတြက္ မွန္မွန္စားသံုးေပးပါက ေဆာင္းရာသီအခ်ိန္အတြင္းတြင္ပင္ အသားအေရကို ၀င္းလက္လွပေနေစနိုင္ပါသည္။ အိုမင္းရင့္ေရာ္လာသည့္လကၡဏာမ်ားျဖစ္သည့္ အေရးအေႀကာင္းမ်ား၊ အေရာင္ေျပာင္းလာျခင္း ႏွင့္ အသားအေရညီညာမႈမရွိျခင္းတို႕ ျဖစ္ေပၚလာမႈကိုလည္း ကာကြယ္ေပးႏိုင္ပါသည္။

၅။ ပန္းေဂၚဖီစိမ္း

ပန္းေဂၚဖီစိမ္းတြင္ ဗီတာမင္ေအ၊ စီ တို႕ အျပည့္အ၀ပါ၀င္သည့္အတြက္ အသားအေရအတြက္ အထူးေကာင္းမြန္ေသာ ဟင္းသီးဟင္းရြက္တစ္မ်ိဳးပဲျဖစ္ပါသည္။

၆။ လက္ဖက္ရည္ႀကမ္း

သင့္အသားအေရကို ႀကမ္းတမ္းပ်က္စီးမႈျဖစ္ေပၚေစမည့္ ဓာတ္သတၱိတို႕ကို လက္ဖက္ရည္ႀကမ္းေသာက္သံုးေပးျခင္းျဖင့္ တိုက္ထုတ္ႏိုင္ပါတယ္။ ေဆာင္းရာသီးအတြင္းျဖစ္ေပၚေလ့ရွိေသာ အသားေျခာက္သည့္ျပႆနာမ်ားကို ဖယ္ရွားေပးႏိုင္ရံုသာမက အသားအေရတြန္႕ျခင္း၊ အေရးအေႀကာင္းျဖစ္ေပၚျခင္း၊ အစက္အေျပာက္မ်ားထြက္လာျခင္း အစရွိသည့္ လကၡဏာမ်ားကိုပါ ေပ်ာက္ကင္းေစႏိုင္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အေးစိမ့်စိမ့်နှင့် ခြောက်သွေ့သည့်လေ၊ နိမ့်ကျသည့်အပူချိန်၊ စသည့် ဆောင်းရာသီနှင့် အတူပူးတွဲ ရောက်ရှိလာသည့် အခြေအနေများက သင့်အသားအရေ၊ နှုတ်ခမ်း နှင့် ခန္ဓာကိုယ်အခြားအစိတ်အပိုင်းများကို ထိခိုက်မှုရှိစေနိုင်ပါသည်။ ဆောင်းရာသီအတွင်း အသားအရေခြောက်သွေ့ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ ယားယံခြင်း နှင့် ကျိန်းစပ်စပ်ဖြစ်ခြင်း အစရှိသည့် လက္ခဏာတို့ကိုဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အတွက် ဆောင်းရာသီမရောက်လာခင် သင့်တော်သည့်အစားအစာများကို စားသောက်ပြီး ကြိုတင်ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ရပါတယ်။

၁။ သံလွင်ဆီ

ပုံမှန်အချိန်ထက် ဆောင်းရာသီတွင် အသားအရေသည် ပိုမိုခြောက်သွေ့တတ်ပါသည်။ သံလွင်ဆီတွင် အသားအရေကို တင်းတင်းရင်းရင်းနှင့် နူးညံ့မှုရှိစေမည့် ဗီတာမင်အေ နှင့် အီး အပြင် အခြားသတ္တုဓာတ်များ ပေါင်းစပ်ပါဝင်ပါသည်။ အရေးအကြောင်းများဖြစ်ပေါ်ခြင်းနှင့် အသားအရေကို ရောင်ခြည်လှိုင်းများ ဖျက်ဆီးခြင်းမှ ကာကွယ်ပေးမှာဖြစ်ပါသည်။

၂။ ရှောက်ခါးသီး

အသားအရေပျက်စီးခြင်းမှ ကာကွယ်ပေးမည့် ဗီတာမင်စီပါဝင်ပြီး အသားအရေကို ချောမွေ့စေရန်ကူညီပေးနိုင်သော “Lycopene” လည်း ပါဝင်ပါသည်။ အရေးအကြောင်းများ နှင့် အစက်အပြောက်များဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေး၍ အသားအရေကို နဂိုမူလထက် နူးညံ့လှပစေမှာဖြစ်ပါသည်။

၃။ ထောပတ်သီး

ဗီတာမင်အေ၊ စီ၊ အီး နှင့် အခြားဓာတ်ပေါင်းစုံပါဝင်သည့် ထောပတ်သီးသည် အသားအရေမှ လိုအပ်နေသည့် ရေဓာတ်ကို ဖြည့်ဆည်းပေးနိုင်ပါသည်။ ထို့အပြင် ဖောလစ်အက်စစ်၊ မဂ္ဂနီဆီယမ် နှင့် ပိုတက်စီယမ်တို့လည်း ပါဝင်သည့်အတွက် အသားအရေကို ကျန်းမာစေမှာဖြစ်ပါသည်။

၄။ မုန်လာဥနီ

မုန်လာဥနီသည် ဗီတာမင်အေ နှင့် အခြားသတ္တုဓာတ်များ ပေါင်းစပ်ပါဝင်သည့်အတွက် မှန်မှန်စားသုံးပေးပါက ဆောင်းရာသီအချိန်အတွင်းတွင်ပင် အသားအရေကို ဝင်းလက်လှပနေစေနိုင်ပါသည်။ အိုမင်းရင့်ရော်လာသည့်လက္ခဏာများဖြစ်သည့် အရေးအကြောင်းများ၊ အရောင်ပြောင်းလာခြင်း နှင့် အသားအရေညီညာမှုမရှိခြင်းတို့ ဖြစ်ပေါ်လာမှုကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

၅။ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းတွင် ဗီတာမင်အေ၊ စီ တို့ အပြည့်အဝပါဝင်သည့်အတွက် အသားအရေအတွက် အထူးကောင်းမွန်သော ဟင်းသီးဟင်းရွက်တစ်မျိုးပဲဖြစ်ပါသည်။

၆။ လက်ဖက်ရည်ကြမ်း

သင့်အသားအရေကို ကြမ်းတမ်းပျက်စီးမှုဖြစ်ပေါ်စေမည့် ဓာတ်သတ္တိတို့ကို လက်ဖက်ရည်ကြမ်းသောက်သုံးပေးခြင်းဖြင့် တိုက်ထုတ်နိုင်ပါတယ်။ ဆောင်းရာသီးအတွင်းဖြစ်ပေါ်လေ့ရှိသော အသားခြောက်သည့်ပြဿနာများကို ဖယ်ရှားပေးနိုင်ရုံသာမက အသားအရေတွန့်ခြင်း၊ အရေးအကြောင်းဖြစ်ပေါ်ခြင်း၊ အစက်အပြောက်များထွက်လာခြင်း အစရှိသည့် လက္ခဏာများကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top