iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္အဖ်ားႏွစ္ခြျဖစ္တာ ဆံသားက်ိဳေၾကပ်က္စီးတာမ်ိဳးကို ဘယ္သူကမွ လိုခ်င္ၾကမွာမဟုတ္ပါဘူး။ ဆံေကသာဆိုတာ ကၽြန္မတို႔ မိန္းမသားေတြအတြက္ေတာ့ ဒုတိယမ်က္ႏွာလို႔ တင္စားၾကပါတယ္။ ဆံေကသာအလွဟာလည္း မိန္းကေလးေတြ တန္ဖိုးထားရတဲ့ အလွတရားတစ္ခုပါပဲ။

အုန္းဆီ

အုန္းဆီဟာ ဆံေကသာအတြက္ မ်ားစြာအက်ိဳးေက်းဇူးရွိေနပါတယ္။ အုန္းဆီကို ဆံေကသာ ႏူးညံ့ေခ်ာေမႊ႕ေစၿပီး ဆံပင္ထူေစဖို႔ အသံုးျပဳၾကသလို ဆံေကသာကို ေတာက္ေျပာင္သန္စြမ္းေစဖို႔ သံုးၾကပါတယ္။

ပါဝင္ပစၥည္း

အုန္းဆီ

ကိုယ့္ဆံေကသာနဲ႔ လံုေလာက္မယ့္ အုန္းဆီ ပမာဏကို ယူပါ။ အရင္ဆံုး အုန္းဆီကို  အပူေပးလိုက္ပါ။ ၿပီးရင္ ေႏြးေႏြးေလးျဖစ္တဲ့ထိ ခဏထားၿပီး ဦးေရျပားနဲ႔ ဆံပင္အရင္းကေန အဖ်ားထိလိမ္းေပးထားပါ။ ၿပီး၇င္ ဦးေရျပားကို ေသခ်ာေလး ႏွိပ္နယ္ေပးရပါမယ္။

အဲဒီေနာက္ တဘက္နဲ႔ ဆံပင္ကို ေပါင္းေပးၿပီး နာရီဝက္ေလာက္ထားပါ။ ၿပီးရင္ေတာ့ ကိုယ္ေလွ်ာ္ေနက် ေခါင္းေလွ်ာ္ရည္ ေပါင္းေဆးတို႔နဲ႔ ေခါင္းေလွ်ာ္ခ်လိုက္ပါ။

တစ္ပတ္ကို ၂ႀကိမ္လုပ္ေပးပါ။ ၁ လေလာက္ဆိုရင္သိသာလာမွာျဖစ္ပါတယ္။

ပ်ားရည္နဲ႔သံလြင္ဆီ

ပါဝင္ပစၥည္းႏွစ္မ်ိဳးလံုးက ဆံေကသာကို သန္စြမ္းေစသလို ဆံပင္အဖ်ားႏွစ္ခြျဖစ္တာကို သက္သာေစပါတယ္။

ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္း၊ သံလြင္ဆီ စားပြဲတင္ဇြန္း ႏွစ္ဇြန္းကို ခြက္တစ္လံုးထဲထည့္လိုက္ၿပီး ေသခ်ာေမႊလိုက္ပါ။ ၿပီးရင္ဦးေရျပားနဲ႔ ဆံပင္အရင္းကေန အဖ်ားထိ လိမ္းေပးလိုက္ၿပီး ေသခ်ာႏွိပ္ေပးပါ။ နာရီဝက္ေလာက္ထားၿပီး ေခါင္းေလွ်ာ္ရည္ ေပါင္းေဆးတို႔နဲ႔ ေခါင္းေလွ်ာ္ခ်ပါ။ တစ္ပတ္ကို ၂ ႀကိမ္ ၁ လတိတိလုပ္ေပးပါ။

ၾကက္ဥ နဲ႔ သံလြင္ဆီ

ၾကက္ဥနဲ႔ သံလြင္ဆီဟာလည္း ဆံေကသာကို သဘာဝအတိုင္း သန္စြမ္းေစပါတယ္။

ၾကက္ဥ တစ္လံုး၊ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၃ ဇြန္း၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းကို ခြက္တစ္လံုးထဲထည့္ၿပီး ေသခ်ာေမႊေပးပါ။ ၿပီးရင္ ဆံပင္အရင္းကေန အဖ်ားထိအပါအဝင္ ဦးေရျပားကို လိမ္းေပးပါ။ အဲဒီေနာက္ ဆံပင္ကို Shower Cap နဲ႕ နာရီဝက္ေလာက္ေပါင္းေပးထားၿပီး ေေခါင္းေလွ်ာ္ရည္ ေပါင္းေဆးတို႔နဲ႔ ေခါင္းေသခ်ာေလးေလွ်ာ္ခ်လိုက္ပါ။ တစ္ပတ္ကို ၂ ႀကိမ္ ၁ လတိတိလုပ္ပါ။ သိသာလာပါလိမ့္မယ္။

မွတ္ခ်က္- အခုေဖာ္ျပခဲ့တဲ့ နည္းလမ္းေတြထဲက မိမိနဲ႔ အဆင္ေျပတဲ့နည္းလမ္းကို အသံုးျပဳႏိုင္ပါတယ္ေနာ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆံပင်အဖျားနှစ်ခွဖြစ်တာ ဆံသားကျိုကြေပျက်စီးတာမျိုးကို ဘယ်သူကမှ လိုချင်ကြမှာမဟုတ်ပါဘူး။ ဆံကေသာဆိုတာ ကျွန်မတို့ မိန်းမသားတွေအတွက်တော့ ဒုတိယမျက်နှာလို့ တင်စားကြပါတယ်။ ဆံကေသာအလှဟာလည်း မိန်းကလေးတွေ တန်ဖိုးထားရတဲ့ အလှတရားတစ်ခုပါပဲ။

အုန်းဆီ

အုန်းဆီဟာ ဆံကေသာအတွက် များစွာအကျိုးကျေးဇူးရှိနေပါတယ်။ အုန်းဆီကို ဆံကေသာ နူးညံ့ချောမွှေ့စေပြီး ဆံပင်ထူစေဖို့ အသုံးပြုကြသလို ဆံကေသာကို တောက်ပြောင်သန်စွမ်းစေဖို့ သုံးကြပါတယ်။

ပါဝင်ပစ္စည်း

အုန်းဆီ

ကိုယ့်ဆံကေသာနဲ့ လုံလောက်မယ့် အုန်းဆီ ပမာဏကို ယူပါ။ အရင်ဆုံး အုန်းဆီကို  အပူပေးလိုက်ပါ။ ပြီးရင် နွေးနွေးလေးဖြစ်တဲ့ထိ ခဏထားပြီး ဦးရေပြားနဲ့ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးထားပါ။ ပြီး၇င် ဦးရေပြားကို သေချာလေး နှိပ်နယ်ပေးရပါမယ်။

အဲဒီနောက် တဘက်နဲ့ ဆံပင်ကို ပေါင်းပေးပြီး နာရီဝက်လောက်ထားပါ။ ပြီးရင်တော့ ကိုယ်လျှော်နေကျ ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချလိုက်ပါ။

တစ်ပတ်ကို ၂ကြိမ်လုပ်ပေးပါ။ ၁ လလောက်ဆိုရင်သိသာလာမှာဖြစ်ပါတယ်။

ပျားရည်နဲ့သံလွင်ဆီ

ပါဝင်ပစ္စည်းနှစ်မျိုးလုံးက ဆံကေသာကို သန်စွမ်းစေသလို ဆံပင်အဖျားနှစ်ခွဖြစ်တာကို သက်သာစေပါတယ်။

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်းကို ခွက်တစ်လုံးထဲထည့်လိုက်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင်ဦးရေပြားနဲ့ ဆံပင်အရင်းကနေ အဖျားထိ လိမ်းပေးလိုက်ပြီး သေချာနှိပ်ပေးပါ။ နာရီဝက်လောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပါ။ တစ်ပတ်ကို ၂ ကြိမ် ၁ လတိတိလုပ်ပေးပါ။

ကြက်ဥ နဲ့ သံလွင်ဆီ

ကြက်ဥနဲ့ သံလွင်ဆီဟာလည်း ဆံကေသာကို သဘာဝအတိုင်း သန်စွမ်းစေပါတယ်။

ကြက်ဥ တစ်လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေပေးပါ။ ပြီးရင် ဆံပင်အရင်းကနေ အဖျားထိအပါအဝင် ဦးရေပြားကို လိမ်းပေးပါ။ အဲဒီနောက် ဆံပင်ကို Shower Cap နဲ့ နာရီဝက်လောက်ပေါင်းပေးထားပြီး ေခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းသေချာလေးလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် ၁ လတိတိလုပ်ပါ။ သိသာလာပါလိမ့်မယ်။

မှတ်ချက်- အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက မိမိနဲ့ အဆင်ပြေတဲ့နည်းလမ်းကို အသုံးပြုနိုင်ပါတယ်နော်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top