iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတို႔ေတြဟာ တစ္ဦးနဲ႔ တစ္ဦး စၿပီး ဆက္သြယ္စကားေျပာၿပီဆိုရင္ တျခားသူကို ကိုယ့္ရဲ႕ ထင္ျမင္မႈနဲ႔ စတင္ၾကတာျဖစ္ပါတယ္။ သူ႔ကိုကိုယ္ဘယ္လိုျမင္လိုက္လဲ သူနဲ႔ ပတ္သက္လို႔ ကိုယ့္စိတ္ထဲမွာ ဘယ္လိုခံစားလိုက္ရလဲဆိုတာက အေရးႀကီးပါတယ္။ ဥပမာ ဆိုင္တစ္ဆိုင္ကို ပထမဆံုး အႀကိမ္သြားတယ္ဆိုပါစို႔။ အဲဒီဆိုင္က သင့္အေပၚ အခ်ိဳးမေျပတာမ်ဳိး ဝန္ေဆာင္မႈမေကာင္းတာမ်ိဳးဆိုရင္ သင့္အေနနဲ႔ အဲဒီဆိုင္ကို ဒါဝန္ေဆာင္မႈမေကာင္းပါလားဆိုၿပီးထင္သြားတဲ့ အထင္က ေနာက္တခါ အဲဒီဆိုင္ကိုသြားဖို႔ အေတာ္ေလး စဥ္းစားစရာျဖစ္သြားပါၿပီ။ အဲဒါေၾကာင့္ First Impression ဆိုတာ သိပ္ကို အေရးႀကီးပါတယ္။ သင့္ရဲ႕ Impression ကို က်ေစမယ့္ အခ်က္ေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။

လူမႈကြန္ရက္စာမ်က္ႏွာ

 သင့္ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ပံုေတြအမ်ားႀကီးတင္တာ ပံုေတြကိုမွ မ်က္ႏွာအနီးကပ္ပံုေတြတင္လြန္းတာ Friends မ်ားလြန္းတာဟာ မေကာင္းပါဘူး။ ကိုယ္အျပင္မွာ သိႏိုင္တဲ့သူ သိပ္ရွိမွာမဟုတ္ဘူးေလ။ ကိုယ့္ရဲ႕ မိတ္ေဆြသူငယ္ခ်င္း အရင္းႀကီးေတြမဟုတ္ရင္ေတာင္ ပံုအမွန္တင္ထားတဲ့သူမ်ိဳးကိုသာ လက္ခံသင့္ပါတယ္။

စိတ္ခံစားမႈကိုျပတဲ့အခါ

တစ္ခုခုကိုဆို အမွန္တကယ္ စိတ္ကရွိတာမဟုတ္ဘဲနဲ႔ ဟန္ေဆာင္ၿပီး Over Emotion ေတြျပတာဟာ မေကာင္းပါဘူး။ သင့္ကို ပိုလြန္းတဲ့သူလို႔ ထင္သြားေစပါတယ္။

အတင္းေျပာတတ္ျခင္း

တျခားသူရဲ႕အေၾကာင္းကို ေကာင္းေကာင္းသိဖို႔ ေသခ်ာခင္မင္ဖို႔ဆိုရင္ ပုဂၢိဳလ္ေရးဆိုင္ရာ အခ်က္အလက္ေတြ၊ ငယ္ဘဝအေၾကာင္း၊ ဝါသနာေတြအေၾကာင္းကို အခ်င္းခ်င္းမွ်ေဝရမွာျဖစ္ပါတယ္။ တျခားသူရဲ႕ အေၾကာင္းကို ေဖာ္ေကာင္လုပ္ၿပီး မေကာင္းေျပာတာမ်ိဳးမျဖစ္သင့္ပါဘူး။ အတင္းေျပာတတ္တာဟာ သင့္အေပၚမွာ တျခားသူရဲ႕ ယံုၾကည္မႈကိုေလွ်ာ့ေစပါတယ္။

အသက္မပါတဲ့အၿပံဳး

တစ္ေယာက္ေယာက္က သင့္ကို ဟာသေျပာလို႔ျဖစ္ျဖစ္၊ ရယ္ျပတာပဲျဖစ္ျဖစ္ကိုယ္ကျပန္ၿပီး ရယ္ျပ ၿပံဳးျပတဲ့အခါ အသက္ပါပါၿပံဳးဖို႔လိုအပ္ပါတယ္။ အသက္ပါတဲ့အၿပံဳးဟာ သင့္ကို ပိုၿပီးဆြဲေဆာင္မႈရွိေစပါတယ္။

Credit : MyStyle
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 ကျွန်မတို့တွေဟာ တစ်ဦးနဲ့ တစ်ဦး စပြီး ဆက်သွယ်စကားပြောပြီဆိုရင် တခြားသူကို ကိုယ့်ရဲ့ ထင်မြင်မှုနဲ့ စတင်ကြတာဖြစ်ပါတယ်။ သူ့ကိုကိုယ်ဘယ်လိုမြင်လိုက်လဲ သူနဲ့ ပတ်သက်လို့ ကိုယ့်စိတ်ထဲမှာ ဘယ်လိုခံစားလိုက်ရလဲဆိုတာက အရေးကြီးပါတယ်။ ဥပမာ ဆိုင်တစ်ဆိုင်ကို ပထမဆုံး အကြိမ်သွားတယ်ဆိုပါစို့။ အဲဒီဆိုင်က သင့်အပေါ် အချိုးမပြေတာမျိုး ဝန်ဆောင်မှုမကောင်းတာမျိုးဆိုရင် သင့်အနေနဲ့ အဲဒီဆိုင်ကို ဒါဝန်ဆောင်မှုမကောင်းပါလားဆိုပြီးထင်သွားတဲ့ အထင်က နောက်တခါ အဲဒီဆိုင်ကိုသွားဖို့ အတော်လေး စဉ်းစားစရာဖြစ်သွားပါပြီ။ အဲဒါကြောင့် First Impression ဆိုတာ သိပ်ကို အရေးကြီးပါတယ်။ သင့်ရဲ့ Impression ကို ကျစေမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။



လူမှုကွန်ရက်စာမျက်နှာ



 သင့်ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပုံတွေအများကြီးတင်တာ ပုံတွေကိုမှ မျက်နှာအနီးကပ်ပုံတွေတင်လွန်းတာ Friends များလွန်းတာဟာ မကောင်းပါဘူး။ ကိုယ်အပြင်မှာ သိနိုင်တဲ့သူ သိပ်ရှိမှာမဟုတ်ဘူးလေ။ ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်း အရင်းကြီးတွေမဟုတ်ရင်တောင် ပုံအမှန်တင်ထားတဲ့သူမျိုးကိုသာ လက်ခံသင့်ပါတယ်။



စိတ်ခံစားမှုကိုပြတဲ့အခါ



တစ်ခုခုကိုဆို အမှန်တကယ် စိတ်ကရှိတာမဟုတ်ဘဲနဲ့ ဟန်ဆောင်ပြီး Over Emotion တွေပြတာဟာ မကောင်းပါဘူး။ သင့်ကို ပိုလွန်းတဲ့သူလို့ ထင်သွားစေပါတယ်။



အတင်းပြောတတ်ခြင်း



တခြားသူရဲ့အကြောင်းကို ကောင်းကောင်းသိဖို့ သေချာခင်မင်ဖို့ဆိုရင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ၊ ငယ်ဘဝအကြောင်း၊ ဝါသနာတွေအကြောင်းကို အချင်းချင်းမျှဝေရမှာဖြစ်ပါတယ်။ တခြားသူရဲ့ အကြောင်းကို ဖော်ကောင်လုပ်ပြီး မကောင်းပြောတာမျိုးမဖြစ်သင့်ပါဘူး။ အတင်းပြောတတ်တာဟာ သင့်အပေါ်မှာ တခြားသူရဲ့ ယုံကြည်မှုကိုလျှော့စေပါတယ်။



အသက်မပါတဲ့အပြုံး



တစ်ယောက်ယောက်က သင့်ကို ဟာသပြောလို့ဖြစ်ဖြစ်၊ ရယ်ပြတာပဲဖြစ်ဖြစ်ကိုယ်ကပြန်ပြီး ရယ်ပြ ပြုံးပြတဲ့အခါ အသက်ပါပါပြုံးဖို့လိုအပ်ပါတယ်။ အသက်ပါတဲ့အပြုံးဟာ သင့်ကို ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။



Credit : MyStyle

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top