iMyanmarHouse.com - Best Property Website for Myanmar
×

Hanaတို႔မိန္းကေလးေတာ္ေတာ္မ်ားမ်ားက မိတ္ကပ္လိမ္းၿပီဆိုတာနဲ႔ ေဖာင္ေဒရွင္းအရင္စလိမ္းၿပီး မ်က္လံုးျခယ္ ပါးျခယ္ပဲ လုပ္ၾကတယ္။ မိတ္ကပ္မလိမ္းခင္ ဒီလိုskincareေလးေတြ လုပ္ေလ့မရွိၾကဘူး။ တကယ္က Skincareလုပ္ၿပီးမွ မိတ္ကပ္လိမ္းရင္ အသားအရည္လည္းပိုလွၿပီး မိတ္ကပ္လည္းၾကာရွည္ခံပါတယ္။

၁။မ်က္ႏွာသစ္ေဆးနဲ႔အရင္သန္႔စင္ပါ။

ေယာင္းရဲ႕ အသားအရည္နဲ႔ သင့္ေတာ္တဲ့ မ်က္ႏွာသစ္ေဆးနဲ႔ ေသခ်ာမ်က္ႏွာအရင္သစ္ပါ။ မ်က္ႏွာသစ္ၿပီးကာစ သန္႔စင္တဲ့အေရျပားမွာ မိတ္ကပ္လိမ္းရတာ ပိုေကာင္းပါတယ္။ မ်က္ႏွာသစ္တဲ႔ခါမွာလည္း အရင္ဆံုးမ်က္ႏွာကို ေရဆြတ္ပါ။ ၿပီးရင္ မ်က္ႏွာသစ္ေဆးကို လက္မွာထည့္ၿပီး အျမွဳပ္ထေအာင္ပြတ္ျပီးမွ မ်က္ႏွာကို သစ္ပါ။ ေရေႏြးေႏြးေလးနဲ႔ သစ္ရင္ပိုေကာင္းပါတယ္။

၂။Tonerသံုးပါ။

မ်က္ႏွာသစ္ၿပီးသြားရင္ တိုနာသံုးပါ။ အယ္လ္ကိုေဟာမပါတဲ့ တိုနာဆို ပိုေကာင္းပါတယ္။ Tonerအရည္ကို ၀ါဂြမ္းမွာအရင္ဆြတ္ပါ။ ျပီးရင္ မ်က္ႏွာအႏံွ႔ကို အသာေလးဆြတ္ေပးပါ။ သတိထားရမွာက အရမ္းဖိမပြတ္ဖို႔ပါပဲ။

Related article >>> အဆီျပန္တဲ့အသားအေရအတြက္ ေရြးခ်ယ္သင့္တဲ့ မိတ္ကပ္ပစၥည္း (၇)မ်ိဳး

၃။Moisturizerသံုးပါ။

Moisturizerသံုးရင္ မ်က္ႏွာရဲ႕အစိုဓာတ္ကို ထိန္းေပးၿပီး အသားအရည္ၾကည္လင္ေစပါတယ္။ ေန႔ခင္းဘက္အျပင္သြားဖို႔ဆိုရင္ ေနေရာင္ဒဏ္ကာကြယ္တဲ့ SPFပါတာ သံုးရင္ပိုေကာင္းပါတယ္။ Moisturizerကိုလည္း ကိုယ့္အသားအရည္နဲ႔ညီတဲ့ဟာ ေရြးသံုးေပးပါ။

၄။Serumသံုးပါ။

Vitamin C ၾကြယ္၀တဲ့Serum သံုးပါ။ ပါး ၊  နဖူး နဲ႔ ေမးေစ့ ေပၚမွာ  Serum အနည္းငယ္ အစခ် ၿပီး အသားထဲ၀င္ေအာင္ လိမ္းေပးပါ။ အဆီျပန္တတ္တဲ့ အသားအရည္ဆိုရင္ေတာ့ မသံုးပါနဲ႔။

၅။Primer သံံုးပါ။

ေနာက္ဆံုးအဆင့္အေနနဲ႔ကေတာ့ Primer လိမ္းေပးဖို႔ပါပဲ။ Primerေတြ မ်ိဳးစံုရွိပါတယ္။ ကိုယ္နဲ႔ သင့္ေတာ္တာကို ေရြးခ်ယ္သံုးပါ။ ဥပမာ-၀က္ၿခံအထြက္မ်ားၿပီး နီျမန္းတဲ့ အသားအရည္ရွိရင္ အစိမ္းေရာင္အေဖ်ာ့ Primer က အနီေရာင္ကို ေျပေစပါတယ္။

Related article >>> ေပါ့ေပါ့ပါးပါး မိတ္ကပ္လိမ္းနည္း (Video Tutorial)

၆။ႏႈတ္ခမ္းနီအဆီဆိုးပါ။

အားလံုးၿပီးသြားေပမယ့္ ႏႈတ္ခမ္းကို ပစ္ထားလို႔မရပါဘူး။ ႏႈတ္ခမ္းသားေျခာက္ေနရင္ ဘယ္ၾကည့္ေကာင္းမလဲ။ ႏႈတ္ခမ္းနီအဆီေလး ဆိုးေပးပါ။

ကဲ….ဒါေတြအကုန္လုပ္ၿပီးရင္ေတာ့ မိတ္ကပ္လိမ္းဖို႔အတြက္ ျပည္႔စံုတဲ့အသားအရည္ေလး ရပါၿပီ။ ေယာင္းတို႔ ပံုမွန္လိမ္းေနက်အတိုင္း မိတ္ကပ္စလိမ္းလို႔ ရပါၿပီရွင္။

ေယာင္းတို႔ အၿမဲ လွလွပပနဲ႔ လန္းေနႏိုင္ပါေစ။

Credit: Hana(For Her Myanmar)
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Hanaတို့မိန်းကလေးတော်တော်များများက မိတ်ကပ်လိမ်းပြီဆိုတာနဲ့ ဖောင်ဒေရှင်းအရင်စလိမ်းပြီး မျက်လုံးခြယ် ပါးခြယ်ပဲ လုပ်ကြတယ်။ မိတ်ကပ်မလိမ်းခင် ဒီလိုskincareလေးတွေ လုပ်လေ့မရှိကြဘူး။ တကယ်က Skincareလုပ်ပြီးမှ မိတ်ကပ်လိမ်းရင် အသားအရည်လည်းပိုလှပြီး မိတ်ကပ်လည်းကြာရှည်ခံပါတယ်။

၁။မျက်နှာသစ်ဆေးနဲ့အရင်သန့်စင်ပါ။

ယောင်းရဲ့ အသားအရည်နဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးနဲ့ သေချာမျက်နှာအရင်သစ်ပါ။ မျက်နှာသစ်ပြီးကာစ သန့်စင်တဲ့အရေပြားမှာ မိတ်ကပ်လိမ်းရတာ ပိုကောင်းပါတယ်။ မျက်နှာသစ်တဲ့ခါမှာလည်း အရင်ဆုံးမျက်နှာကို ရေဆွတ်ပါ။ ပြီးရင် မျက်နှာသစ်ဆေးကို လက်မှာထည့်ပြီး အမြှုပ်ထအောင်ပွတ်ပြီးမှ မျက်နှာကို သစ်ပါ။ ရေနွေးနွေးလေးနဲ့ သစ်ရင်ပိုကောင်းပါတယ်။

၂။Tonerသုံးပါ။

မျက်နှာသစ်ပြီးသွားရင် တိုနာသုံးပါ။ အယ်လ်ကိုဟောမပါတဲ့ တိုနာဆို ပိုကောင်းပါတယ်။ Tonerအရည်ကို ဝါဂွမ်းမှာအရင်ဆွတ်ပါ။ ပြီးရင် မျက်နှာအနံှ့ကို အသာလေးဆွတ်ပေးပါ။ သတိထားရမှာက အရမ်းဖိမပွတ်ဖို့ပါပဲ။

Related article >>> အဆီပြန်တဲ့အသားအရေအတွက် ရွေးချယ်သင့်တဲ့ မိတ်ကပ်ပစ္စည်း (၇)မျိုး

၃။Moisturizerသုံးပါ။

Moisturizerသုံးရင် မျက်နှာရဲ့အစိုဓာတ်ကို ထိန်းပေးပြီး အသားအရည်ကြည်လင်စေပါတယ်။ နေ့ခင်းဘက်အပြင်သွားဖို့ဆိုရင် နေရောင်ဒဏ်ကာကွယ်တဲ့ SPFပါတာ သုံးရင်ပိုကောင်းပါတယ်။ Moisturizerကိုလည်း ကိုယ့်အသားအရည်နဲ့ညီတဲ့ဟာ ရွေးသုံးပေးပါ။

၄။Serumသုံးပါ။

Vitamin C ကြွယ်ဝတဲ့Serum သုံးပါ။ ပါး ၊  နဖူး နဲ့ မေးစေ့ ပေါ်မှာ  Serum အနည်းငယ် အစချ ပြီး အသားထဲဝင်အောင် လိမ်းပေးပါ။ အဆီပြန်တတ်တဲ့ အသားအရည်ဆိုရင်တော့ မသုံးပါနဲ့။

၅။Primer သံုံးပါ။

နောက်ဆုံးအဆင့်အနေနဲ့ကတော့ Primer လိမ်းပေးဖို့ပါပဲ။ Primerတွေ မျိုးစုံရှိပါတယ်။ ကိုယ်နဲ့ သင့်တော်တာကို ရွေးချယ်သုံးပါ။ ဥပမာ-ဝက်ခြံအထွက်များပြီး နီမြန်းတဲ့ အသားအရည်ရှိရင် အစိမ်းရောင်အဖျော့ Primer က အနီရောင်ကို ပြေစေပါတယ်။

Related article >>> ပေါ့ပေါ့ပါးပါး မိတ်ကပ်လိမ်းနည်း (Video Tutorial)

၆။နှုတ်ခမ်းနီအဆီဆိုးပါ။

အားလုံးပြီးသွားပေမယ့် နှုတ်ခမ်းကို ပစ်ထားလို့မရပါဘူး။ နှုတ်ခမ်းသားခြောက်နေရင် ဘယ်ကြည့်ကောင်းမလဲ။ နှုတ်ခမ်းနီအဆီလေး ဆိုးပေးပါ။

ကဲ….ဒါတွေအကုန်လုပ်ပြီးရင်တော့ မိတ်ကပ်လိမ်းဖို့အတွက် ပြည့်စုံတဲ့အသားအရည်လေး ရပါပြီ။ ယောင်းတို့ ပုံမှန်လိမ်းနေကျအတိုင်း မိတ်ကပ်စလိမ်းလို့ ရပါပြီရှင်။

ယောင်းတို့ အမြဲ လှလှပပနဲ့ လန်းနေနိုင်ပါစေ။

Credit: Hana(For Her Myanmar)

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top