iMyanmarHouse.com - Best Property Website for Myanmar
×





Credit : MyStyle

 ချစ်သူနှစ်ဦးတစ်ယောက်ကိုယ်တစ်ယောက်ချစ်ကြ မေတ္တာမျှကြပြီဆိုရင် လက်ထပ်ပြီးအတူတူနေဖို့ဟာ ထိုချစ်သူနှစ်ဦးရဲ့ စိတ်ကူးအိပ်မက်ပါပဲ။



ပရိသတ်တွေရဲ့ အချစ်တော်တွေဖြစ်ကြတဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ မင်္ဂလာပွဲကို ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်၊ဒေသစံတော်ချိန် ညနေ ၄း၀၀ ခန့်က ကျင်းပခဲ့ပါတယ်။

မင်္ဂလာပွဲကို Shilla Hotel မှာ ကျင်းပခဲ့ပြီး နှစ်ဖက်မိသားစုဝင်တွေနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

ပရိသတ်အားပေးမှု တခနဲ့ ရရှိခဲ့ကြတဲ့ Descendent of the Sun ရုပ်သံဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင် မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ Song တို့ရဲ့ မင်္ဂလာပွဲဟာ ပရိသတ်တွေ စိတ်ဝင်စားတဲ့ မင်္ဂလာပွဲပဲဖြစ်ခဲ့တာပါ။



မင်္ဂလာပွဲမှာ Song Joong Ki က အနောက်တိုင်း သတို့သားဝတ်စုံလေးနဲ့ ခန့်ညားနေသလို Song Hye Kyo က အဖြူရောင်သတို့သမီးဝတ်စုံလေးနဲ့ လှနေပါတယ်။



ရိုးရာဆန်ဆန်ကျင်းပတာမျိုးမဟုတ်ဘဲ အနောက်တိုင်း ဆန်ဆန်နဲ့ ရင်းနှီးခင်မင်တဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့သာ အကျဉ်းချုပ်ကျင်းပတဲ့ မင်္ဂလာပွဲတစ်ခုလည်းဖြစ်ပါတယ်။



မင်္ဂလာပွဲကို လူပေါင်း ၃၀၀ လောက်တက်ရောက်ခဲ့ကြတာဖြစ်ပြီး  သရုပ်ဆောင် Lee Kwang Soo ၊ Zo In Sung, Cha Tae Hyun နဲ့ Park Bo Gum၊ သတို့သမီးဖက်က သရုပ်ဆောင် Kim Hee Seon, Song Yoon An နဲ့ Yoo Ah In တို့ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် တရုတ်မင်းသမီးလေး Zhang Ziyi လည်းတက်ရောက်ခဲ့ပါတယ်။

Credit : MyStyle

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top