iMyanmarHouse.com - Best Property Website for Myanmar
×

ငယ္ကခ်စ္ အနွစ္တစ္ရာ မေမ့သာ ငယ္ကေပါင္း အနွစ္တစ္ေသာင္း မေမ့ေကာင္း ဆိုတဲ့ ဆိုရိုးကို ၾကားဖူးၾကမွာပါ။ ျမန္မာဓေလ့မွာ ငယ္လင္ ငယ္မယားဆိုတဲ့ အသံုးအႏွဳန္းလည္း ရွိပါတယ္။

ျမန္မာ့အယူအဆမွာ အသက္ငယ္တုန္း လက္ထပ္တာဟာလည္း ေကာင္းတယ္ဆိုၿပီး ေျပာစမွတ္ျပဳၾကပါတယ္။

ဒါေပမယ့္ ေျပာင္းလဲလာတဲ့ ေခတ္မွာ အသက္ငယ္တုန္း လက္ထပ္လည္း မေကာင္းေတာ့ပါဘူး။ အမ်ားစုသတ္္မွတ္ထားတဲ့ အရြယ္ဟာ ၂၆ ႏွစ္ကစၿပီး ေနာက္ပိုင္းမွာ လက္ထပ္သင့္တယ္လို႕ဆိုပါတယ္။

1. အဆင္သင့္မျဖစ္ေသး။

အသက္ ၂၀ ေလာက္မွာ အိမ္ေထာင္ျပဳလိုက္တယ္ ဆိုပါစို႕။

မိဘက ေထာက္ပံ့ေပးနိုင္တဲ့သူမ်ားက ကိစၥမရွိပါဘူး။ ကမန္းကတန္းယူလိုက္ရတဲ့ လင္မယားမ်ားကေတာ့ အခက္ေတြ႕နုိင္ပါတယ္။

ေငြေၾကးလည္း အဆင္သင့္မျဖစ္ေသးသလို ေနထိုင္စရာအတြက္လည္း စိတ္မခ်ရေသးပါဘူး။
2. စိတ္ဖိစီးမွဳမ်ားနိုင္။

လခထုတ္ၿပီးဆိုတာနဲ႕ အိမ္လခ ေရမီတာ စားစရိတ္ သံုးစရိတ္ သာေရးနာေရး စတာေတြကို အၿမီးႏွဳတ္ ေခါင္းႏွဳတ္နဲ႕ လံုေလာက္တဲ့ စုေဆာင္းေငြကို ရရွိနိုင္မွာ မဟုတ္ပါဘူး။ အေရးေပၚအေျခအေနမ်ိဳးမွာ ေငြလိုခဲ့ရင္လည္း ေခါင္းေပၚကို အထုပ္ႀကီးႀကီး ပိလာနိုင္ပါတယ္။

3. ဘဝအေျခမခိုင္။

ငယ္တုန္းမွာ တက္လမ္းမ်ားမ်ားရွာထားၿပီး ႀကိဳးစားလိုက္ရင္ ေနာက္ပိုင္းမွာ ဘာမွ စိတ္ပူစရာ မလိုေတာ့ပါဘူး။ အိမ္ေထာင္ေရးက ၾကားျဖတ္ဝင္လာတဲ့အခ်ိန္မွာ သင့္ဘဝ တိုးတက္ဖို႕ကလည္း ေႏွာင့္ေႏွးသြားမွာ ျဖစ္ပါတယ္။

4. ေဒါသျဖစ္လြယ္။

အရမ္းခ်စ္လို႕ ယူထားၾကေပမယ့္ အဆင္မေျပလို႕ စိတ္ညစ္ရတဲ့အခါ သင့္အိမ္ေထာင္ဖက္အေပၚ အျပစ္ပံုခ်ခ်င္စိတ္ ေပၚလာတတ္ပါတယ္။ ဖြင့္မေျပာျဖစ္ရင္ေတာင္မွ သင္ဟာ အိမ္ေထာင္သည္ဘဝကို သိပ္မႏွစ္သက္ေတာ့ပါဘူး။

5. သားေရးသမီးေရး။

ကေလးမရွိတဲ့ အိမ္ေထာင္သည္ေတြက စိတ္မပူ ရပါဘူး။ အိမ္ရဲ႕ရတနာေလးေတြျဖစ္တဲ့ ကေလးေလးေတြ ရလာၿပီဆိုရင္ ထိန္းဖို႕ အခ်ိန္မေပးနိုင္တာ။ ထိန္းမယ့္သူ ရွိရင္ေတာင္ ကေလးရဲ႕ေနာင္ေရး ပညာေရး အတြက္ ပိုမို ႀကိဳးစားရွာေဖြရတာေတြ ျဖစ္လာပါၿပီ။

6. အိတ္ေပါက္နဲ႕ ဖားေကာက္။

သင္က ေျခကပ္လက္ကပ္ထားခ်င္ေပမယ့္ စုစရာရယ္လို႕ ပိုလွ်ံေငြမရွိတဲ့အခါမွာ ဒုကၡေရာက္နိုင္ပါတယ္။ ေရွ႕ကရွာလိုက္ ေနာက္က ကုန္လိုက္ ျဖစ္ေနတာေၾကာင့္ သင့္ဆီမွာ အဖတ္တင္တာ သိပ္မရွိနိုင္ပါဘူး။

ဆယ္ေက်ာ္သက္အရြယ္မွာ အိမ္ေထာင္ျပဳျဖစ္တာထက္ သင့္ဘဝအတြက္ တည္ၿငိမ္တဲ့ လမ္းေၾကာင္း တစ္ခုေပၚေရာက္ၿပီး စိတ္မပူရတဲ့ အေျခအေနမ်ိဳးမွာ လက္ထပ္တာဟာ သင့္အတြက္ေရာ သင့္အိမ္ေထာင္ဖက္ အတြက္ပါ အေကာင္းဆံုး ျဖစ္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ ငယ်ကပေါင်း အနှစ်တစ်သောင်း မမေ့ကောင်း ဆိုတဲ့ ဆိုရိုးကို ကြားဖူးကြမှာပါ။ မြန်မာဓလေ့မှာ ငယ်လင် ငယ်မယားဆိုတဲ့ အသုံးအနှုန်းလည်း ရှိပါတယ်။

မြန်မာ့အယူအဆမှာ အသက်ငယ်တုန်း လက်ထပ်တာဟာလည်း ကောင်းတယ်ဆိုပြီး ပြောစမှတ်ပြုကြပါတယ်။

ဒါပေမယ့် ပြောင်းလဲလာတဲ့ ခေတ်မှာ အသက်ငယ်တုန်း လက်ထပ်လည်း မကောင်းတော့ပါဘူး။ အများစုသတ်မှတ်ထားတဲ့ အရွယ်ဟာ ၂၆ နှစ်ကစပြီး နောက်ပိုင်းမှာ လက်ထပ်သင့်တယ်လို့ဆိုပါတယ်။

1. အဆင်သင့်မဖြစ်သေး။

အသက် ၂၀ လောက်မှာ အိမ်ထောင်ပြုလိုက်တယ် ဆိုပါစို့။

မိဘက ထောက်ပံ့ပေးနိုင်တဲ့သူများက ကိစ္စမရှိပါဘူး။ ကမန်းကတန်းယူလိုက်ရတဲ့ လင်မယားများကတော့ အခက်တွေ့နိုင်ပါတယ်။

ငွေကြေးလည်း အဆင်သင့်မဖြစ်သေးသလို နေထိုင်စရာအတွက်လည်း စိတ်မချရသေးပါဘူး။
2. စိတ်ဖိစီးမှုများနိုင်။

လခထုတ်ပြီးဆိုတာနဲ့ အိမ်လခ ရေမီတာ စားစရိတ် သုံးစရိတ် သာရေးနာရေး စတာတွေကို အမြီးနှုတ် ခေါင်းနှုတ်နဲ့ လုံလောက်တဲ့ စုဆောင်းငွေကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ အရေးပေါ်အခြေအနေမျိုးမှာ ငွေလိုခဲ့ရင်လည်း ခေါင်းပေါ်ကို အထုပ်ကြီးကြီး ပိလာနိုင်ပါတယ်။

3. ဘဝအခြေမခိုင်။

ငယ်တုန်းမှာ တက်လမ်းများများရှာထားပြီး ကြိုးစားလိုက်ရင် နောက်ပိုင်းမှာ ဘာမှ စိတ်ပူစရာ မလိုတော့ပါဘူး။ အိမ်ထောင်ရေးက ကြားဖြတ်ဝင်လာတဲ့အချိန်မှာ သင့်ဘဝ တိုးတက်ဖို့ကလည်း နှောင့်နှေးသွားမှာ ဖြစ်ပါတယ်။

4. ဒေါသဖြစ်လွယ်။

အရမ်းချစ်လို့ ယူထားကြပေမယ့် အဆင်မပြေလို့ စိတ်ညစ်ရတဲ့အခါ သင့်အိမ်ထောင်ဖက်အပေါ် အပြစ်ပုံချချင်စိတ် ပေါ်လာတတ်ပါတယ်။ ဖွင့်မပြောဖြစ်ရင်တောင်မှ သင်ဟာ အိမ်ထောင်သည်ဘဝကို သိပ်မနှစ်သက်တော့ပါဘူး။

5. သားရေးသမီးရေး။

ကလေးမရှိတဲ့ အိမ်ထောင်သည်တွေက စိတ်မပူ ရပါဘူး။ အိမ်ရဲ့ရတနာလေးတွေဖြစ်တဲ့ ကလေးလေးတွေ ရလာပြီဆိုရင် ထိန်းဖို့ အချိန်မပေးနိုင်တာ။ ထိန်းမယ့်သူ ရှိရင်တောင် ကလေးရဲ့နောင်ရေး ပညာရေး အတွက် ပိုမို ကြိုးစားရှာဖွေရတာတွေ ဖြစ်လာပါပြီ။

6. အိတ်ပေါက်နဲ့ ဖားကောက်။

သင်က ခြေကပ်လက်ကပ်ထားချင်ပေမယ့် စုစရာရယ်လို့ ပိုလျှံငွေမရှိတဲ့အခါမှာ ဒုက္ခရောက်နိုင်ပါတယ်။ ရှေ့ကရှာလိုက် နောက်က ကုန်လိုက် ဖြစ်နေတာကြောင့် သင့်ဆီမှာ အဖတ်တင်တာ သိပ်မရှိနိုင်ပါဘူး။

ဆယ်ကျော်သက်အရွယ်မှာ အိမ်ထောင်ပြုဖြစ်တာထက် သင့်ဘဝအတွက် တည်ငြိမ်တဲ့ လမ်းကြောင်း တစ်ခုပေါ်ရောက်ပြီး စိတ်မပူရတဲ့ အခြေအနေမျိုးမှာ လက်ထပ်တာဟာ သင့်အတွက်ရော သင့်အိမ်ထောင်ဖက် အတွက်ပါ အကောင်းဆုံး ဖြစ်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top