iMyanmarHouse.com - Best Property Website for Myanmar
×

၀မ္းခ်ဳပ္ရင္ ေနရထိုင္ရခက္ခဲၿပီး ေနရထိုင္ရတာ သက္ေတာင့္သက္သာမရွိပါဘူး။ တခါတရံက်ရင္ ေခါင္းကိုက္တတ္ပါတယ္။ ဒါေၾကာင့္ ၀မ္းခ်ဳပ္တဲ့အခ်ိန္မွာ စားေပးသင့္တဲ့ အသီးမ်ားကို ေ၀မွ်ေပးခ်င္ပါတယ္။

ဘယ္ရီသီးမ်ား

ဘယ္ရီသီးေတြက အမွ်င္ဓာတ္ေတြၾကြယ္၀စြာပါ၀င္တဲ့ အသီးပါ။ စေတာ္ဘယ္ရီ ၁၅၀ ဂရမ္မွာ အမွ်င္ဓာတ္က 2.9 ဂရမ္ပါၿပီး Cranberries မွာ 3.6 ဂရမ္ပါ၀င္ပါတယ္။

Blackberries နဲ႔ Raspberries တို႔က ဘယ္ရီသီးအုပ္စုထဲမွာ အမွ်င္ဓာတ္ပါ၀င္မႈ အမ်ားႀကီးျဖစ္ၿပီး ၁၅၀ ဂရမ္မွာ အမွ်င္ဓာတ္ 8 ဂရမ္ပါ၀င္ပါတယ္။

ေကာင္းမြန္တဲ့ အစာေျခစနစ္ကို ရရွိဖို႔ လူတစ္ေယာက္က တစ္ေန႔ကို အမွ်င္ဓာတ္ 20 ကေန 30 ဂရမ္ၾကား လိုအပ္ပါတယ္။ ဘယ္ရီသီးေတြမွာ ကယ္လိုရီပါ၀င္မႈ အရမ္းနည္းၿပီး ေရဓာတ္ကို ျဖည့္တင္းေပးႏုိင္ၿပီး ခႏၶာကိုယ္ရွိ Free Radicals ေတြဖယ္ရွားေပးပါတယ္။

ဇီးသီး

၀မ္းခ်ဳပ္ရင္ အဘြားေတြ၊ အေမေတြ ဇီးသီးေတြ စားခဲ့ၾကတာ သင္ေတြ႔ဖူးမွာပါ။ ဇီးသီးက အစာအိမ္ လႈပ္ရွားမႈကို ေကာင္းမြန္ေစၿပီး အမွ်င္ဓာတ္ေတြလည္း ၾကြယ္၀စြာပါ၀င္ပါတယ္။

ဒါ့ေၾကာင့္ ထမင္းစားၿပီး အခ်ိဳတည္းတာျဖစ္ျဖစ္ စားသင့္ၿပီး ေဖ်ာ္ရည္ေဖ်ာ္ေသာက္လည္းရတယ္ေနာ္။

ပန္းသီး

ပန္းသီးက ကမာၻေပၚမွာ က်န္းမာေရးနဲ႔ အညီအညြတ္ဆံုးအသီးလို႔ေတာင္ ေျပာလို႔ရပါတယ္။ သူ႔မွာ အာဟာရဓာတ္ေတြ အမ်ားႀကီးပါ၀င္ပါတယ္။

ပန္းသီးက အစာေျခစနစ္ကို ေထာက္ပံ့ေပးၿပီး Pectin ဓာတ္ပါ၀င္တာေၾကာင့္ ၀မ္းခ်ဳပ္တာကို သက္သာေစပါတယ္။

ကီ၀ီသီး

ကီ၀ီသီးမွာ Actinidin ဆိုတဲ့ အင္ဇိုင္းဓာတ္ပါ၀င္တာေၾကာင့္ အူလမ္းေၾကာင္းရဲ႕ လုပ္ငန္းေဆာင္တာေတြကို ကူညီေပးပါတယ္။

အမွ်င္ဓာတ္ေတြလည္း ၾကြယ္၀စြာပါ၀င္တာေၾကာင့္ ၀မ္းခ်ဳပ္တာကို ကာကြယ္ေပးပါတယ္။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၀မ်းချုပ်ရင် နေရထိုင်ရခက်ခဲပြီး နေရထိုင်ရတာ သက်တောင့်သက်သာမရှိပါဘူး။ တခါတရံကျရင် ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တဲ့အချိန်မှာ စားပေးသင့်တဲ့ အသီးများကို ဝေမျှပေးချင်ပါတယ်။

ဘယ်ရီသီးများ

ဘယ်ရီသီးတွေက အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့ အသီးပါ။ စတော်ဘယ်ရီ ၁၅၀ ဂရမ်မှာ အမျှင်ဓာတ်က 2.9 ဂရမ်ပါပြီး Cranberries မှာ 3.6 ဂရမ်ပါဝင်ပါတယ်။

Blackberries နဲ့ Raspberries တို့က ဘယ်ရီသီးအုပ်စုထဲမှာ အမျှင်ဓာတ်ပါဝင်မှု အများကြီးဖြစ်ပြီး ၁၅၀ ဂရမ်မှာ အမျှင်ဓာတ် 8 ဂရမ်ပါဝင်ပါတယ်။

ကောင်းမွန်တဲ့ အစာခြေစနစ်ကို ရရှိဖို့ လူတစ်ယောက်က တစ်နေ့ကို အမျှင်ဓာတ် 20 ကနေ 30 ဂရမ်ကြား လိုအပ်ပါတယ်။ ဘယ်ရီသီးတွေမှာ ကယ်လိုရီပါဝင်မှု အရမ်းနည်းပြီး ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပြီး ခန္ဓာကိုယ်ရှိ Free Radicals တွေဖယ်ရှားပေးပါတယ်။

ဇီးသီး

ဝမ်းချုပ်ရင် အဘွားတွေ၊ အမေတွေ ဇီးသီးတွေ စားခဲ့ကြတာ သင်တွေ့ဖူးမှာပါ။ ဇီးသီးက အစာအိမ် လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ဒါ့ကြောင့် ထမင်းစားပြီး အချိုတည်းတာဖြစ်ဖြစ် စားသင့်ပြီး ဖျော်ရည်ဖျော်သောက်လည်းရတယ်နော်။

ပန်းသီး

ပန်းသီးက ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီအညွတ်ဆုံးအသီးလို့တောင် ပြောလို့ရပါတယ်။ သူ့မှာ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။

ပန်းသီးက အစာခြေစနစ်ကို ထောက်ပံ့ပေးပြီး Pectin ဓာတ်ပါဝင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေပါတယ်။

ကီဝီသီး

ကီဝီသီးမှာ Actinidin ဆိုတဲ့ အင်ဇိုင်းဓာတ်ပါဝင်တာကြောင့် အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီပေးပါတယ်။

အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top