လူတိုင္းခ်စ္တတ္ၾကပါတယ္။ ေမြးဖြားလာကတည္းကစၿပီး အေမအေဖကိုခ်စ္တယ္၊ အသက္ႀကီးတဲ့အခါကုိယ့္ရဲ႕ လက္တြဲေဖာ္ကို႐ွာေဖြၿပီး ခ်စ္ၾကတယ္။ လူတုိင္းနည္းလမ္းေပါင္းစံုနဲ႔ ကိုယ္ခ်စ္တတ္သလို အစြမး္ကုန္ခ်စ္ၾကပါတယ္။ သို႔ေသာ္မွားယြင္းစြာခ်စ္မိတဲ့အခါ မလိုလားအပ္တဲ့ နာက်င္မႈကိုခံစားရေတာ့တာပါပဲ။ ကိုယ္နဲ႔မထိုက္တန္တဲ့ မွားယြင္းတဲ့သူတစ္ေယာက္ကိုခ်စ္မိရင္ေတာ့ အသည္းကြဲတဲ႔ဒဏ္ကို ခံစားရၿပီး သတ္ေသတဲ့အထိ က်ဴးလြန္ၾကပါတယ္။
-အခ်ိဳ႕က်ေတာ့ မိမိကိုုပစ္သြားမွာစိုးလို႔ အခ်ိန္တိုင္းအျမဲပူေလာင္ေနရပါတယ္။ ကုိယ့္ထက္သူ႔ကို ပိုခ်စ္မိတဲ့အတြက္ တစ္ခါတေလမွာ ၾကည္ႏူးရေပမဲ့ မ်ားေသာအားျဖင့္ မၿငိမ္းခ်မ္းပါဘူး။ ကိုယ့္ကိုယ္ကိုေတာင္ မပိုင္ဆိုင္ဘဲနဲ႕ အျခားသူကိုပို္င္ဆိုင္မယ္ထင္ၿပီးတရားလြန္ခ်စ္ျပေနတာဟာ တစ္ခါတေလနည္းလမ္းမွားေနတယ္လို႕ထင္မိပါတယ္။ အဲဒီေတာ့ မွားယြင္းစြာမခ်စ္မိေအာင္ ဘယ္သူ႔ကို အခ်စ္သင့္ဆံုးလဲဆိုရင္ေတာ့ သင့္ကိုယ္သင္ပါပဲ။
-ဘာေၾကာင့္ ခ်စ္သင့္တာလဲဆိုရင္ေတာ့ သင့္အတြက္သင္ကိုယ္တိုင္ကလြဲၿပီး ဘာမွအေရးမႀကီးလို႔ပါ။ အျခားတစ္ေယာက္က သင္ဟာ သူ႕အတြက္ အဖိုးမတန္လို႔ ဂ႐ုစိုက္ခ်င္မွစိုက္မယ္။ ဒါေပမဲ့ သင့္ရဲ႕ မိသားစုနဲ႕ ခ်စ္ခင္တဲ့သူေတြအတြက္ေတာ့ေယာင္းက အဖိုးတန္ဆံုးသူတစ္ေယာက္ပါပဲ။ သင္ဖ်ားနာတဲ့အခါ ခံစားရမွာ သင္ကိုယ္တိုင္သာျဖစ္ၿပီး ဘယ္သူမွအစားဝင္ခံေပးလို႕မရႏိုင္ပါဘူး။ ဒါေၾကာင့္ အခ်စ္သင့္ဆံုးကေတာ့ သင့္ကိုယ္သင္ပါပဲ။
-သင့္ကိုယ္သင္မွ မခ်စ္ႏုိင္ မေလးစားႏိုင္ရင္ အျခားတစ္ေယာက္က ခ်စ္လာဖို႔ေလးစားဖို႔ ေမွ်ာ္လင့္မေနပါနဲ႔ေတာ့။ အဲဒီေတာ့ကိုယ့္ကိုယ္ကိုယ္ ခ်စ္တဲ့နည္းလမ္းေလးေတြကိုလဲ ေဖာ္ျပေပးလိုက္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ခ်စ္တယ္ဆိုတာ အေပါင္းအသင္းေတြနဲ႔ေဝးခိုင္းတာမဟုတ္ပါဘူး။ သင့္ရဲ႕ စိုးရိမ္ေၾကာင့္ၾကမႈအခက္အခဲေတြကို သင္ခ်စ္ရသူေတြဆီမွာ တိုင္ပင္ပါ။ အၾကံဥာဏ္ေတာင္းပါ။ အဲ့ဒါက အထီးက်န္ျခင္းကေန ကင္းလြတ္ေစပါတယ္။
-ကိုယ့္ရဲ႕အျပစ္အနာအဆာကိုလည္းခ်စ္တတ္ေအာင္သင္ယူပါ။ အရပ္ကပုေနတာပဲ မ႐ွည္ထြက္ေတာ့ဘူး ၾကည့္မေကာင္းဘူးဆိုတာပဲေတြးေနမဲ့အစား ပုတာေလးကအရြယ္တင္တယ္ ခ်စ္ဖို႔ေကာင္းတယ္ဆိုတဲ့ အေတြးမ်ိဳးေတြးပါ။ သူမ်ားက ငါ့ထက္ေနရာတကာေတာ္ေနတာပဲေတြးမဲ့အစား ငါတစ္ကယ္ေတာ္ၿပီး ကြၽမ္းက်င္တဲ့ေနရာကို ႐ွာမေတြ႔ေသးတာလို႔မွတ္ယူပါ။
-သူမ်ားပံုစံခြက္ထဲမေရာက္ေအာင္ေနထိုင္ပါ။ ကုိယ္ပိုင္ဟန္အေတြးအေခၚနဲ႔ အယူအဆထားပါ။ သူမ်ားေျပာလို႔လုပ္တာမ်ိဳး သူမ်ားရိုက္သြင္းေပးထားတဲ့ အေတြးအေခၚမ်ိဳးကိုလည္း ျငင္းပယ္ႏိုင္ေအာင္ေလ့က်င့္ပါ။ ကိုယ့္မ်က္ႏွာကမလွပတာကို မိတ္ကပ္ေတြနဲ႔အတင္းဖံုးကြယ္ထားမဲ့အစား အ႐ွိအတုိင္းပဲထားၾကည့္ပါ။ အေဖာ္ပါမွလုပ္တတ္တယ္ဆိုတာမ်ိဳးကို ေမ့ၿပီး တစ္ေယာက္တည္းလည္းလုပ္ႏိုင္တယ္ဆိုတာမ်ိဳး၊ ေနာက္လိုက္မရွိလည္းလုပ္ႏုိင္တယ္ဆိုတာမ်ိဳးျဖစ္ေအာင္ေလ့က်င့္ပါ။ ကိုယ့္ကိုယ္ကုိ ျပန္လည္ေခါင္းေဆာင္ပါ။ သူငယ္ခ်င္းအသစ္ေတြထားပါ။ မေကာင္းတဲ့သူငယ္ခ်င္းေတြက ေလာကႀကီးရဲ႕အဆိုးဘက္ကိုသင္ေပးၿပီး ေကာင္းတဲ့ သူငယ္ခ်င္းက ေလာကႀကီးရဲ႕အေကာင္းဘက္ကို သင္ေပးပါလိမ့္မယ္။
- အျခားသူေတြကိုလည္း မိမိကိုယ္ကုိခ်စ္တတ္ေအာင္ကိုယ့္ရဲ႕ အျပစ္အနာအဆာေတြကို ခ်စ္တတ္လာေအာင္ ေျပာျပေပးပါ။ ကိုယ္က မိမိကိုယ္ကို ခ်စ္ျပီး အားကိုးတတ္လာသလို အျခားသူေတြကိုလည္း ကုိယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ႏိုင္ေအာင္ကူညီေပးပါ။
ဒီလိုနည္းလမ္းေလးေတြနဲ႔ မိမိကိုယ္ကို ယံုၾကည္မႈတည္ေဆာက္ၾကည့္ပါ။ အျခားသူတစ္ေယာက္က ျပန္မခ်စ္လို႕ဝမ္းနည္းေနမဲ့အစား မိမိကုိယ္ကို ျပန္ခ်စ္ၾကည့္ဖို႔ု ႀကိဳးစားပါ။ ဒီလိုဆိုရင္ေတာ့ သင့္ကမာၻေလးဟာ ေပ်ာ္စရာအတိၿပီးေနမွာေပါ့ေနာ္…
Credit: Miko ( For Her Myanmar )
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတိုင်းချစ်တတ်ကြပါတယ်။ မွေးဖွားလာကတည်းကစပြီး အမေအဖေကိုချစ်တယ်၊ အသက်ကြီးတဲ့အခါကိုယ့်ရဲ့ လက်တွဲဖော်ကိုရှာဖွေပြီး ချစ်ကြတယ်။ လူတိုင်းနည်းလမ်းပေါင်းစုံနဲ့ ကိုယ်ချစ်တတ်သလို အစွမ်းကုန်ချစ်ကြပါတယ်။ သို့သော်မှားယွင်းစွာချစ်မိတဲ့အခါ မလိုလားအပ်တဲ့ နာကျင်မှုကိုခံစားရတော့တာပါပဲ။ ကိုယ်နဲ့မထိုက်တန်တဲ့ မှားယွင်းတဲ့သူတစ်ယောက်ကိုချစ်မိရင်တော့ အသည်းကွဲတဲ့ဒဏ်ကို ခံစားရပြီး သတ်သေတဲ့အထိ ကျူးလွန်ကြပါတယ်။
-အချို့ကျတော့ မိမိကိုုပစ်သွားမှာစိုးလို့ အချိန်တိုင်းအမြဲပူလောင်နေရပါတယ်။ ကိုယ့်ထက်သူ့ကို ပိုချစ်မိတဲ့အတွက် တစ်ခါတလေမှာ ကြည်နူးရပေမဲ့ များသောအားဖြင့် မငြိမ်းချမ်းပါဘူး။ ကိုယ့်ကိုယ်ကိုတောင် မပိုင်ဆိုင်ဘဲနဲ့ အခြားသူကိုပိုင်ဆိုင်မယ်ထင်ပြီးတရားလွန်ချစ်ပြနေတာဟာ တစ်ခါတလေနည်းလမ်းမှားနေတယ်လို့ထင်မိပါတယ်။ အဲဒီတော့ မှားယွင်းစွာမချစ်မိအောင် ဘယ်သူ့ကို အချစ်သင့်ဆုံးလဲဆိုရင်တော့ သင့်ကိုယ်သင်ပါပဲ။
-ဘာကြောင့် ချစ်သင့်တာလဲဆိုရင်တော့ သင့်အတွက်သင်ကိုယ်တိုင်ကလွဲပြီး ဘာမှအရေးမကြီးလို့ပါ။ အခြားတစ်ယောက်က သင်ဟာ သူ့အတွက် အဖိုးမတန်လို့ ဂရုစိုက်ချင်မှစိုက်မယ်။ ဒါပေမဲ့ သင့်ရဲ့ မိသားစုနဲ့ ချစ်ခင်တဲ့သူတွေအတွက်တော့ယောင်းက အဖိုးတန်ဆုံးသူတစ်ယောက်ပါပဲ။ သင်ဖျားနာတဲ့အခါ ခံစားရမှာ သင်ကိုယ်တိုင်သာဖြစ်ပြီး ဘယ်သူမှအစားဝင်ခံပေးလို့မရနိုင်ပါဘူး။ ဒါကြောင့် အချစ်သင့်ဆုံးကတော့ သင့်ကိုယ်သင်ပါပဲ။
-သင့်ကိုယ်သင်မှ မချစ်နိုင် မလေးစားနိုင်ရင် အခြားတစ်ယောက်က ချစ်လာဖို့လေးစားဖို့ မျှော်လင့်မနေပါနဲ့တော့။ အဲဒီတော့ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့နည်းလမ်းလေးတွေကိုလဲ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တယ်ဆိုတာ အပေါင်းအသင်းတွေနဲ့ဝေးခိုင်းတာမဟုတ်ပါဘူး။ သင့်ရဲ့ စိုးရိမ်ကြောင့်ကြမှုအခက်အခဲတွေကို သင်ချစ်ရသူတွေဆီမှာ တိုင်ပင်ပါ။ အကြံဉာဏ်တောင်းပါ။ အဲ့ဒါက အထီးကျန်ခြင်းကနေ ကင်းလွတ်စေပါတယ်။
-ကိုယ့်ရဲ့အပြစ်အနာအဆာကိုလည်းချစ်တတ်အောင်သင်ယူပါ။ အရပ်ကပုနေတာပဲ မရှည်ထွက်တော့ဘူး ကြည့်မကောင်းဘူးဆိုတာပဲတွေးနေမဲ့အစား ပုတာလေးကအရွယ်တင်တယ် ချစ်ဖို့ကောင်းတယ်ဆိုတဲ့ အတွေးမျိုးတွေးပါ။ သူများက ငါ့ထက်နေရာတကာတော်နေတာပဲတွေးမဲ့အစား ငါတစ်ကယ်တော်ပြီး ကျွမ်းကျင်တဲ့နေရာကို ရှာမတွေ့သေးတာလို့မှတ်ယူပါ။
-သူများပုံစံခွက်ထဲမရောက်အောင်နေထိုင်ပါ။ ကိုယ်ပိုင်ဟန်အတွေးအခေါ်နဲ့ အယူအဆထားပါ။ သူများပြောလို့လုပ်တာမျိုး သူများရိုက်သွင်းပေးထားတဲ့ အတွေးအခေါ်မျိုးကိုလည်း ငြင်းပယ်နိုင်အောင်လေ့ကျင့်ပါ။ ကိုယ့်မျက်နှာကမလှပတာကို မိတ်ကပ်တွေနဲ့အတင်းဖုံးကွယ်ထားမဲ့အစား အရှိအတိုင်းပဲထားကြည့်ပါ။ အဖော်ပါမှလုပ်တတ်တယ်ဆိုတာမျိုးကို မေ့ပြီး တစ်ယောက်တည်းလည်းလုပ်နိုင်တယ်ဆိုတာမျိုး၊ နောက်လိုက်မရှိလည်းလုပ်နိုင်တယ်ဆိုတာမျိုးဖြစ်အောင်လေ့ကျင့်ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်ခေါင်းဆောင်ပါ။ သူငယ်ချင်းအသစ်တွေထားပါ။ မကောင်းတဲ့သူငယ်ချင်းတွေက လောကကြီးရဲ့အဆိုးဘက်ကိုသင်ပေးပြီး ကောင်းတဲ့ သူငယ်ချင်းက လောကကြီးရဲ့အကောင်းဘက်ကို သင်ပေးပါလိမ့်မယ်။
- အခြားသူတွေကိုလည်း မိမိကိုယ်ကိုချစ်တတ်အောင်ကိုယ့်ရဲ့ အပြစ်အနာအဆာတွေကို ချစ်တတ်လာအောင် ပြောပြပေးပါ။ ကိုယ်က မိမိကိုယ်ကို ချစ်ပြီး အားကိုးတတ်လာသလို အခြားသူတွေကိုလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ကူညီပေးပါ။
ဒီလိုနည်းလမ်းလေးတွေနဲ့ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ကြည့်ပါ။ အခြားသူတစ်ယောက်က ပြန်မချစ်လို့ဝမ်းနည်းနေမဲ့အစား မိမိကိုယ်ကို ပြန်ချစ်ကြည့်ဖို့ ကြိုးစားပါ။ ဒီလိုဆိုရင်တော့ သင့်ကမ္ဘာလေးဟာ ပျော်စရာအတိပြီးနေမှာပေါ့နော်…
Credit: Miko ( For Her Myanmar )
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မိမိကုိယ္ကို ခ်စ္ပါ !
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။