iMyanmarHouse.com - Best Property Website for Myanmar
×

ေန႕စဥ္လိုအပ္တဲ႔ ဗိုက္တာမင္ နဲ႔ သတၳဳဓာတ္ ေတြကို သခြားသီး တစ္လံုးက ျဖည္႔ဆည္းေပးႏိုင္တယ္ဆိုရင္ ယံုမလား။ဗိုက္တာမင္နဲ႔ သတၳဳဓာတ္ ဆိုတာ ေန႕စဥ္လိုအပ္တဲ႔ဓာတ္ေတြပါ။ ဒီလိုအပ္ခ်က္ေတြကို သခြားသီး တစ္လံုးက ျဖည္႔ဆည္းေပးႏိုင္တယ္ဆိုရင္ ယံုမလား။ အရင္ေသာက္ေနက် အခ်ိဳရည္ေတြအစား သခြားသီး ေလးကို ေသာက္ေနက်ေရထဲမွာ ထည္႔ေပးလိုက္ရံုနဲ႔ ေရဓာတ္လည္းျပည္႔ဝ၊ လိုအပ္တဲ႔ ဗိုက္တာမင္ နဲ႔ သတၳဳဓာတ္ ေတြလည္း ျပည္႔ဝေနႏိုင္ၿပီေလ။
သခြားသီးေတြမွာ ဗိုက္တာမင္၊ သတၳဳဓာတ္၊ အမွ်င္ဓာတ္ တို႔စံုလင္စြာပါဝင္ၿပီး က်န္းမာတဲ႔ စိတ္နဲ႕ခႏၶာကိုယ္ ကို ပိုင္ဆိုင္ႏိုင္ဖို႕ အတြက္ေတာ႔ အေကာင္းဆံုးပါပဲ။ သခြားသီး နဲ႔ေရမွာစိမ္၊ ၿပီးရင္ ဖန္ပုလင္း ေလးထဲမွာ ထည္႔ၿပီး သြားေလရာေဆာင္ထားပါ။ ၿပီးရင္ေရငတ္လာတိုင္း ေသာက္ေပးရံုနဲ႔ ထူးျခားတဲ႔အာနိသင္ေတြကို ရရွိခံစားရမွာပါ။

၁။ သခြားသီးနဲ႔ သံပုရာ ေရ

လိုအပ္တဲ႔ပါဝင္ပစၥည္းေတြကေတာ႔ သခြားသီး တစ္ျခမ္း၊ သံပုရာသီး တစ္လံုး၊ ပူစီနံရြက္ အနည္းငယ္၊ ဆားအနည္းငယ္ တို႔ျဖစ္ပါတယ္။ သခြားသီး နဲ႔ သံပုရာသီး ကို ပါးပါးေလးေတြျဖစ္ေအာင္လွီးၿပီး ဖန္ပုလင္း (သို႕) ဖန္ခရား တစ္လံုးထဲမွာ ထည္႔ေပးပါ။
ပူစီနံရြက္ ေတြကိုလည္း လွီးျဖတ္လိုက္ပါ။ ၿပီးရင္ ငရုတ္ဆံု ထဲမွာ ပူစီနံရြက္ နဲ႔ ဆား ကိုေရာၿပီး ညင္သာစြာေထာင္းေပးလိုက္ပါ။ ၿပီးရင္ ထြက္လာတဲ႔အရည္နဲ႔ အရြက္ေတြကို ဖန္ပုလင္း ထဲကို ေျပာင္းထဲေပးလိုက္ပါ။ ၿပီးရင္ ဖန္ပုလင္း လည္ပင္းနားထိေရာက္ေအာင္ ေရျဖည္႔ၿပီး ေရခဲေသတၱာထဲထည္႔ထားေပးႏိုင္ပါၿပီ။
သံပုရာရည္ က အသည္းကထြက္တဲ႔ သည္းေျခရည္ေတြကိုအူလမ္းေၾကာင္းတေလွ်ာက္ စီးဆင္းသြားေအာင္ ကူညီေပးျခင္းျဖင္႔ ခႏၶာကိုယ္ ေပၚက အဆီပို ေတြကို ေပ်ာက္ကြယ္ေစပါတယ္။ ပူစီနံ မွာေတာ႔ ေအးေစတဲ႔ ဂုဏ္သတၱိရွိပါတယ္။ သူက သည္းေျခရည္ေတြ အသည္းကအူလမ္းေၾကာင္းဆီ စီးဆင္းရာမွာေခ်ာေမြ႕ေအာင္ ကူညီေပးႏိုင္ပါတယ္။

၂။ အစိမ္းေရာင္ေတာက္ေတာက္ သခြား ေရ

ပါဝင္ပစၥည္းေတြကေတာ႔ သခြားသီး တစ္ျခမ္း၊ အစိမ္းေရာင္ စပ်စ္သီး (၁၀) လံုး၊ သံပရိုသီး (၁) ျခမ္း၊ ငရုပ္ေကာင္းမႈန္႔တို႔ပဲ ျဖစ္ပါတယ္။ အရင္ဆံုး သခြားသီးနဲ႔ သံပရိုသီး ကို ပါးပါးေလးေတြျဖစ္ေအာင္ လွီးၿပီး ဖန္ခရား တစ္လံုးထဲကို ထည္႔လိုက္ပါ။ ၿပီးရင္ စပ်စ္သီးေတြကိုလည္း ထက္ျခမ္းျခမ္းၿပီး ခရားထဲကို ထည္႔လိုက္ပါ။ ထံုးစံအတိုင္း ေရကို ပုလင္းလည္ပင္းထိေရာက္ေအာင္ ျဖည္႔ၿပီး ေရခဲေသတၱာထဲထည္႔လိုက္ပါ။ မေသာက္ခင္မွာ ငရုပ္ေကာင္းမႈန္႕ေလးနည္းနည္းျဖဴးေပးလိုက္ပါဦး။
ဒီသခြား ေရကေတာ႔ အသားအေရ အတြက္ေကာင္းမြန္ပါတယ္။ ေရဓာတ္ကုန္ခမ္းျခင္းနဲ႔ ေသြးတြင္းသၾကားဓာတ္ကို ထိန္းခ်ဳပ္ရာမွာ စပ်စ္သီးေတြက အေကာင္းဆံုးပါပဲ။ သူတို႔က အင္ဆူလင္ ပမာဏ ကို ထိန္းညွိေပးၿပီး အင္ဆူလင္တံု႕ျပန္မႈေတြကိုလည္း ျမင္႔တက္ေကာင္းမြန္ေစပါတယ္။ အရြယ္လည္းတင္ေစပါတယ္။ သံပရိုသီး ကေတာ႔ အစာေျခစနစ္ကို ကူညီေပးပါတယ္။ ငရုပ္ေကာင္းမႈန္႕ကေတာ႔ ဗိုက္တာမင္ အီး ၾကြယ္ဝၿပီး အစာေျချခင္္းကိုလည္း ေထာက္ကူေပးပါတယ္။

၃။ စေတာ္ဘယ္ရီ သခြားေရ

ပါဝင္ပစၥည္းေတြကေတာ႔ သခြားသီး တစ္လံုး၊ စေတာ္ဘယ္ရီသီး (၇) လံုး၊ ရို႕စ္ေမရီရြက္ အနည္းငယ္၊ ပူစီနံရြက္ လက္တစ္ဆုပ္စာ၊ ဆားအနည္းငယ္တို႔ပဲ ျဖစ္ပါတယ္။ အရင္ဆံုး ထံုးစံအတိုင္း သခြားသီး ေတြ၊ စေတာ္ဘယ္ရီသီး ေတြကို အပိုင္းေလးေတြျဖစ္ေအာင္ လွီးျဖတ္ၿပီး ဖန္ခရားတစ္လံုးထဲကို ထည္႔လိုက္ပါ။ ၿပီးရင္ ငရုပ္ဆံု တစ္လံုးမွာ ရို႕စ္ေမရီရြက္ရယ္၊ ပူစီနံရြက္ရယ္၊ ဆားရယ္ကိုထည္႔ၿပီး ညင္သာစြာ ႀကိတ္ေျခ ေပးလိုက္ပါ။
ၿပီးရင္အဲဒီကရလာတဲ႔အရြက္နဲ႔ အရည္ ေတြကို ခရား ထဲေျပာင္းထည္႔ေပးလိုက္ပါ။ ၿပီးရင္ေတာ႔ ထံုးစံအတိုင္း ဖန္ခရားလည္ပင္းထိ ေရျပည္႔ေအာင္ျဖည္႔ၿပီး ေရခဲေသတၱာထဲ သိမ္းထားလိုက္ပါ။ မေသာက္ခင္ ေရခဲနည္းနည္းထည္႔ေသာက္ႏိုင္ပါေသးတယ္။
စေတာ္ဘယ္ရီသီး ေတြကေတာ႔ ဗိုက္တာမင္ စီ၊ မဂၢနီစီယမ္၊ အမွ်င္ဓာတ္ ေတြ ၾကြယ္ဝပါတယ္။ အနံ႕အရသာနဲ႕လည္းျပည္႔စံုတဲ႔ ဒီအနီေရာင္ သစ္သီး ေလးဟာ antioxidant နဲ႔ anti-inflammatory (အေရျပား ေရာင္ရမ္းျခင္းကို ဆန္႕က်င္တဲ႔) ဂုဏ္သတၱိေတြလည္း ပါဝင္ပါတယ္။ ၄င္းဟာ ေသြးတြင္းသၾကားဓာတ္ ထိန္းညွိရာမွာလည္း ကူညီေပးပါတယ္။
ပူစီနံရြက္ ကေတာ႔ အသည္းထဲက သည္းေျခရည္ေတြကို အူလမ္းေၾကာင္းတေလွ်ာက္ ေခ်ာေခ်ာေမာေမာစီးဆင္းႏိုင္ေစဖို႔ ကူညီေပးႏိုင္ပါတယ္။ အစာအိမ္ ျကြက္သား ေတြကိုလည္း ပူစီနံရြက္ ေတြက ကူညီေပးႏိုင္ပါတယ္။ ရို႕စ္ေမရီရြက္ကေတာ႔ ဗိုက္တာမင္ ေအ၊ ဘီစစ္၊ ကယ္လ္ဆီယမ္၊ ပိုတက္စီယမ္ ၾကြယ္ဝတဲ႔အရြက္တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ၄င္းကလည္း မွတ္ဉာဏ္နဲ႔ ေသြးလည္ပတ္မႈ ေကာင္းမြန္ေစဖို႔ အေထာက္အကူေပးႏိုင္ပါတယ္။

Source: stylecraze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင် နဲ့ သတ္ထုဓာတ် တွေကို သခွားသီး တစ်လုံးက ဖြည့်ဆည်းပေးနိုင်တယ်ဆိုရင် ယုံမလား။ဗိုက်တာမင်နဲ့ သတ္ထုဓာတ် ဆိုတာ နေ့စဉ်လိုအပ်တဲ့ဓာတ်တွေပါ။ ဒီလိုအပ်ချက်တွေကို သခွားသီး တစ်လုံးက ဖြည့်ဆည်းပေးနိုင်တယ်ဆိုရင် ယုံမလား။ အရင်သောက်နေကျ အချိုရည်တွေအစား သခွားသီး လေးကို သောက်နေကျရေထဲမှာ ထည့်ပေးလိုက်ရုံနဲ့ ရေဓာတ်လည်းပြည့်ဝ၊ လိုအပ်တဲ့ ဗိုက်တာမင် နဲ့ သတ္ထုဓာတ် တွေလည်း ပြည့်ဝနေနိုင်ပြီလေ။
သခွားသီးတွေမှာ ဗိုက်တာမင်၊ သတ္ထုဓာတ်၊ အမျှင်ဓာတ် တို့စုံလင်စွာပါဝင်ပြီး ကျန်းမာတဲ့ စိတ်နဲ့ခန္ဓာကိုယ် ကို ပိုင်ဆိုင်နိုင်ဖို့ အတွက်တော့ အကောင်းဆုံးပါပဲ။ သခွားသီး နဲ့ရေမှာစိမ်၊ ပြီးရင် ဖန်ပုလင်း လေးထဲမှာ ထည့်ပြီး သွားလေရာဆောင်ထားပါ။ ပြီးရင်ရေငတ်လာတိုင်း သောက်ပေးရုံနဲ့ ထူးခြားတဲ့အာနိသင်တွေကို ရရှိခံစားရမှာပါ။

၁။ သခွားသီးနဲ့ သံပုရာ ရေ

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ သခွားသီး တစ်ခြမ်း၊ သံပုရာသီး တစ်လုံး၊ ပူစီနံရွက် အနည်းငယ်၊ ဆားအနည်းငယ် တို့ဖြစ်ပါတယ်။ သခွားသီး နဲ့ သံပုရာသီး ကို ပါးပါးလေးတွေဖြစ်အောင်လှီးပြီး ဖန်ပုလင်း (သို့) ဖန်ခရား တစ်လုံးထဲမှာ ထည့်ပေးပါ။
ပူစီနံရွက် တွေကိုလည်း လှီးဖြတ်လိုက်ပါ။ ပြီးရင် ငရုတ်ဆုံ ထဲမှာ ပူစီနံရွက် နဲ့ ဆား ကိုရောပြီး ညင်သာစွာထောင်းပေးလိုက်ပါ။ ပြီးရင် ထွက်လာတဲ့အရည်နဲ့ အရွက်တွေကို ဖန်ပုလင်း ထဲကို ပြောင်းထဲပေးလိုက်ပါ။ ပြီးရင် ဖန်ပုလင်း လည်ပင်းနားထိရောက်အောင် ရေဖြည့်ပြီး ရေခဲသေတ္တာထဲထည့်ထားပေးနိုင်ပါပြီ။
သံပုရာရည် က အသည်းကထွက်တဲ့ သည်းခြေရည်တွေကိုအူလမ်းကြောင်းတလျှောက် စီးဆင်းသွားအောင် ကူညီပေးခြင်းဖြင့် ခန္ဓာကိုယ် ပေါ်က အဆီပို တွေကို ပျောက်ကွယ်စေပါတယ်။ ပူစီနံ မှာတော့ အေးစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ သူက သည်းခြေရည်တွေ အသည်းကအူလမ်းကြောင်းဆီ စီးဆင်းရာမှာချောမွေ့အောင် ကူညီပေးနိုင်ပါတယ်။

၂။ အစိမ်းရောင်တောက်တောက် သခွား ရေ

ပါဝင်ပစ္စည်းတွေကတော့ သခွားသီး တစ်ခြမ်း၊ အစိမ်းရောင် စပျစ်သီး (၁၀) လုံး၊ သံပရိုသီး (၁) ခြမ်း၊ ငရုပ်ကောင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး သခွားသီးနဲ့ သံပရိုသီး ကို ပါးပါးလေးတွေဖြစ်အောင် လှီးပြီး ဖန်ခရား တစ်လုံးထဲကို ထည့်လိုက်ပါ။ ပြီးရင် စပျစ်သီးတွေကိုလည်း ထက်ခြမ်းခြမ်းပြီး ခရားထဲကို ထည့်လိုက်ပါ။ ထုံးစံအတိုင်း ရေကို ပုလင်းလည်ပင်းထိရောက်အောင် ဖြည့်ပြီး ရေခဲသေတ္တာထဲထည့်လိုက်ပါ။ မသောက်ခင်မှာ ငရုပ်ကောင်းမှုန့်လေးနည်းနည်းဖြူးပေးလိုက်ပါဦး။
ဒီသခွား ရေကတော့ အသားအရေ အတွက်ကောင်းမွန်ပါတယ်။ ရေဓာတ်ကုန်ခမ်းခြင်းနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ စပျစ်သီးတွေက အကောင်းဆုံးပါပဲ။ သူတို့က အင်ဆူလင် ပမာဏ ကို ထိန်းညှိပေးပြီး အင်ဆူလင်တုံ့ပြန်မှုတွေကိုလည်း မြင့်တက်ကောင်းမွန်စေပါတယ်။ အရွယ်လည်းတင်စေပါတယ်။ သံပရိုသီး ကတော့ အစာခြေစနစ်ကို ကူညီပေးပါတယ်။ ငရုပ်ကောင်းမှုန့်ကတော့ ဗိုက်တာမင် အီး ကြွယ်ဝပြီး အစာခြေခြင်းကိုလည်း ထောက်ကူပေးပါတယ်။

၃။ စတော်ဘယ်ရီ သခွားရေ

ပါဝင်ပစ္စည်းတွေကတော့ သခွားသီး တစ်လုံး၊ စတော်ဘယ်ရီသီး (၇) လုံး၊ ရို့စ်မေရီရွက် အနည်းငယ်၊ ပူစီနံရွက် လက်တစ်ဆုပ်စာ၊ ဆားအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး ထုံးစံအတိုင်း သခွားသီး တွေ၊ စတော်ဘယ်ရီသီး တွေကို အပိုင်းလေးတွေဖြစ်အောင် လှီးဖြတ်ပြီး ဖန်ခရားတစ်လုံးထဲကို ထည့်လိုက်ပါ။ ပြီးရင် ငရုပ်ဆုံ တစ်လုံးမှာ ရို့စ်မေရီရွက်ရယ်၊ ပူစီနံရွက်ရယ်၊ ဆားရယ်ကိုထည့်ပြီး ညင်သာစွာ ကြိတ်ခြေ ပေးလိုက်ပါ။
ပြီးရင်အဲဒီကရလာတဲ့အရွက်နဲ့ အရည် တွေကို ခရား ထဲပြောင်းထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ထုံးစံအတိုင်း ဖန်ခရားလည်ပင်းထိ ရေပြည့်အောင်ဖြည့်ပြီး ရေခဲသေတ္တာထဲ သိမ်းထားလိုက်ပါ။ မသောက်ခင် ရေခဲနည်းနည်းထည့်သောက်နိုင်ပါသေးတယ်။
စတော်ဘယ်ရီသီး တွေကတော့ ဗိုက်တာမင် စီ၊ မဂ္ဂနီစီယမ်၊ အမျှင်ဓာတ် တွေ ကြွယ်ဝပါတယ်။ အနံ့အရသာနဲ့လည်းပြည့်စုံတဲ့ ဒီအနီရောင် သစ်သီး လေးဟာ antioxidant နဲ့ anti-inflammatory (အရေပြား ရောင်ရမ်းခြင်းကို ဆန့်ကျင်တဲ့) ဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်။ ၎င်းဟာ သွေးတွင်းသကြားဓာတ် ထိန်းညှိရာမှာလည်း ကူညီပေးပါတယ်။
ပူစီနံရွက် ကတော့ အသည်းထဲက သည်းခြေရည်တွေကို အူလမ်းကြောင်းတလျှောက် ချောချောမောမောစီးဆင်းနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ အစာအိမ် ကြွက်သား တွေကိုလည်း ပူစီနံရွက် တွေက ကူညီပေးနိုင်ပါတယ်။ ရို့စ်မေရီရွက်ကတော့ ဗိုက်တာမင် အေ၊ ဘီစစ်၊ ကယ်လ်ဆီယမ်၊ ပိုတက်စီယမ် ကြွယ်ဝတဲ့အရွက်တစ်မျိုးလည်း ဖြစ်ပါတယ်။ ၎င်းကလည်း မှတ်ဉာဏ်နဲ့ သွေးလည်ပတ်မှု ကောင်းမွန်စေဖို့ အထောက်အကူပေးနိုင်ပါတယ်။

Source: stylecraze

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top