iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Akhayar
ဝိတ်ကျချင်သူတွေ ဒီနေ့ကစပြီး အပြာရောင်ပန်းကန်လေး ဆောင်ထားဖို့လိုပြီနော်။
ဘာလို့လဲဆိုတော့ အပြာရောင်က အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပြီး သင့်ကိုဝိတ်ကျစေဖို့ အထောက်အကူပြုတယ်လို့ လေ့လာချက်တွေအရ သိရလို့ပါပဲ။
အပြာရောင်က စိတ်ကိုငြိမ်သက်စေပြီး အစားအများကြီးမစား
မိအောင် ထိန်းချုပ်ပေးသွားပါလိမ့်မယ်။
ဝိတ်ကျလိုသူတွေအနေနဲ့ ထမင်းစားပွဲမှာ အပြာရောင်ပန်းကန်၊ အပြာရောင် လက်သုတ်ပဝါ၊ အပြာရောင် ရှိတဲ့ပန်း၊ ဖယောင်းတိုင် ၊ အသီးအနှံတွေ( ဥပမာ ဘလူးဘယ်ရီလိုမျိုး ) စသဖြင့် တစ်မျိုးမျိုးကိုထားရှိပေးသင့်ပါတယ်။ Weight Loss မျက်မှန်တွေဟာလည်း အပြာရောင်မြင်ရစေဖို့ပြုလုပ်ထားတာပါ။ တချို့တွေက ဒီလိုမျက်မှန်တပ်ပြီး အစားစားကြတယ်လို့ သိရပါတယ်။
ကြက်ကြော်ဆိုင်၊အာလူးကြော်ဆိုင်တွေမှာ ဆိုင်အပြင်အဆင်ကို အနီရောင်တွေလွှမ်းခြုံထားတယ်ဆိုတာက
ဒီလိုလျို့ဝှက်ချက်ကြောင့်ပါပဲ။ အနီရောင်က အစာစားချင်စိတ်ကို နှိူးဆွပေးပြီးများများစားသုံးမိစေနိုင်ပါတယ်။
အခရာ ပရိသတ်ကြီးလည်း ထာဝစဉ်ကျစ်လျစ်သွယ်လျ လှပနိုင်ကြပါစေနော်။
Credit : Akhayar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top