iMyanmarHouse.com - Best Property Website for Myanmar
×

လူငယ္ရည္းစားထားတာ အဆန္းေတာ့မဟုတ္ေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ တြဲလာတာၾကာၿပီ။ ေရွ႕ဆက္ဖို႔လည္း စဥ္းစားၿပီးၿပီ။ မိဘေတြကို အသိေပးသင့္တဲ့အခ်ိန္လည္း ေရာက္လာၿပီ။ ဒါေပမယ့္ ဘယ္ကေနဘယ္လိုစေျပာရမလဲ မသိဘူးဆိုရင္ ဒါေလးဖတ္ၾကည့္လိုက္ပါ။

၁။ဘယ္သူ႔ကိုအရင္ေျပာရမလဲေရြးပါ။

ႏွစ္ေယာက္စလံုးကို တစ္ျပိဳင္တည္း မေျပာပါနဲ႔။ တစ္ေယာက္ခ်င္းဆီ ျဖည္းျဖည္းခ်င္း ေျပာပါ။ ကိုယ္နဲ႔ ရင္းႏွီးတဲ့သူကို အရင္ေရြးခ်ယ္ပါ။ မိန္းကေလးအမ်ားစုကေတာ့ အေမနဲ႔ရင္းႏွီးၾကေပမယ့္ Daddy’s princessေတြလည္းရွိေသးတာကိုး။ ကိုယ္နဲ႔ပိုရင္းႏွီးတဲ့တစ္ေယာက္ကို အရင္ေျပာျပထားေတာ့ ေနာက္တစ္ေယာက္ကို ေျပာျပတဲ့အခါ စစ္ကူရတာေပါ့။

၂။အေျခအေနအခ်ိန္အခါၾကည့္ပါ။

မိဘေတြရဲ႕ အရိပ္အကဲကို ၾကည့္ပါ။ ေျပာလို႔ေကာင္းတဲ့ခ်ိန္ ဟုတ္မဟုတ္ ဆံုးျဖတ္ပါ။ စိတ္ေကာင္းဝင္ေနတဲ့ခ်ိန္ဆို ေျပာပါ။ ေနာက္ျပီး ႏွစ္ေယာက္တည္း ရွိေနခ်ိန္မွာ ေျပာပါ။

၃။ေလ့က်င့္ပါ။

မာမီ ဒယ္ဒီတို႔ကို မေျပာခင္ ကိုယ္ေျပာမယ့္စကားေတြ ေလ့က်င့္ၾကည့္ပါ။ စကားလံုးေတြ ႀကိဳစီထားပါ။ ေမးလာတတ္တဲ့ ေမးခြန္းေတြအတြက္လည္း ႀကိဳတင္ျပင္ဆင္ထားပါ။

Related Article >>> ခ်စ္သူနဲ႕ ဒိတ္ၾကည့္ဖုိ႕အတြက္ ထူးထူးျခားျခား နည္းလမ္း(၆) မ်ိဳး

၄။အေၾကာင္းျပခ်က္ေတြစဥ္းစားထားပါ။

ကိုယ္က ဘာလို႔သူကိုၾကိဳက္ရတာလဲ။ ဘာလို႔ ကိုယ့္ဘဝအတြက္ ေရြးခ်ယ္ခဲ့လဲ ဆိုတာေတြ ေျပာျပပါ။ ကိုယ္က ရင့္က်က္ေနၿပီ ၊ အရြယ္ေရာက္ေနၿပီ ၊ ကိုယ့္ဆံုးျဖတ္ခ်က္ကိုယ္ ခ်တတ္ေနၿပီ ဆိုတာ မာမီ ဒယ္ဒီတို႔ ယံုၾကည္ေအာင္ ျပလိုက္ပါ။

၅။နားေထာင္ပါ။

ကိုယ္ကပဲ မေျပာပါနဲ႔။ ကိုယ့္သားသမီးက ခ်စ္သူရေၾကာင္းေျပာတဲ့အခါ မိဘေတြက ဒီတိုင္းေတာ့ မေနပါဘူး။ ေျပာစရာ တစ္ခုႏွစ္ခုေတာ့ ရွိမွာပါ။ မိဘေတြက အၾကံေပးတဲ့အခါ ၊ သူတို႔ထင္ျမင္ ယူဆခ်က္ေတြ ေျပာျပတဲ့အခါမွာ နားေထာင္ပါ။

၆။ျငင္းခံုတာကိုေရွာင္ပါ။

စကားေျပာေနရင္းနဲ႔ မိဘနဲ႔ၿပိဳင္ျငင္းတဲ့ပံုမ်ိဳး မျဖစ္ပါေစနဲ႔။ ေအးေအးေဆးေဆးနဲ႔ ေသခ်ာေျပာပါ။ သူတို႔မႀကိဳက္တဲ့ အခ်က္ေတြ ေျပာလာတဲ့အခါလည္း ေအးေအးေဆးေဆး နားေထာင္ေပးလိုက္ပါ။

Related Article >>> ေရရွည္လက္တြဲမယ့္သူေတြအတြက္ နားလည္မႈ နဲ႔ ျဖစ္တည္မႈ ဆိုတာ

၇။စိတ္ကိုႀကိဳတင္ျပင္ဆင္ထားပါ။

ဒီလို ဖြင့္ေျပာတာက အေကာင္းဘက္လည္း ေရာက္နိုင္သလို အဆိုးဘက္လည္း ေရာက္နိုင္ပါတယ္။ ဒီေတာ့ ဘာျဖစ္ျဖစ္ ရင္ဆိုင္မယ္ဆိုတဲ့ ကိုယ့္စိတ္ကို ႀကိဳတင္ျပင္ဆင္ထားပါ။

၈။ အတူတူဆံုဖို႔ေျပာၾကည့္ပါ။

ေနာက္ဆံုး ေျပာၾကည့္လို႔ အစစအရာရာ အိုေကတယ္ဆိုရင္ ခ်စ္သူေကာင္ေလးနဲ႔ မိဘေတြကို အျပင္မွာဆံုေပးဖို႔ စီစဥ္ပါ။ အစီအစဥ္ရဲ႕ တစ္စြန္းတစ္စကိုလည္း မိဘေတြကို ႀကိဳအသိေပးထားပါ။

Hana ဘယ္ေလာက္ပဲ အၾကံေပးေပး ကိုယ့္မိဘအထာကေတာ့ ကိုယ္အသိဆံုးေပါ့ေနာ္။ မာမီ ဒယ္ဒီရဲ႕ အခ်စ္ေတြကို ယံုစားၿပီး ရဲရဲႀကီးသာ ေျပာျပလိုက္ပါ။

Wishing you good luck

Credit: Hana (For Her Myanmar)
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူငယ်ရည်းစားထားတာ အဆန်းတော့မဟုတ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် တွဲလာတာကြာပြီ။ ရှေ့ဆက်ဖို့လည်း စဉ်းစားပြီးပြီ။ မိဘတွေကို အသိပေးသင့်တဲ့အချိန်လည်း ရောက်လာပြီ။ ဒါပေမယ့် ဘယ်ကနေဘယ်လိုစပြောရမလဲ မသိဘူးဆိုရင် ဒါလေးဖတ်ကြည့်လိုက်ပါ။

၁။ဘယ်သူ့ကိုအရင်ပြောရမလဲရွေးပါ။

နှစ်ယောက်စလုံးကို တစ်ပြိုင်တည်း မပြောပါနဲ့။ တစ်ယောက်ချင်းဆီ ဖြည်းဖြည်းချင်း ပြောပါ။ ကိုယ်နဲ့ ရင်းနှီးတဲ့သူကို အရင်ရွေးချယ်ပါ။ မိန်းကလေးအများစုကတော့ အမေနဲ့ရင်းနှီးကြပေမယ့် Daddy’s princessတွေလည်းရှိသေးတာကိုး။ ကိုယ်နဲ့ပိုရင်းနှီးတဲ့တစ်ယောက်ကို အရင်ပြောပြထားတော့ နောက်တစ်ယောက်ကို ပြောပြတဲ့အခါ စစ်ကူရတာပေါ့။

၂။အခြေအနေအချိန်အခါကြည့်ပါ။

မိဘတွေရဲ့ အရိပ်အကဲကို ကြည့်ပါ။ ပြောလို့ကောင်းတဲ့ချိန် ဟုတ်မဟုတ် ဆုံးဖြတ်ပါ။ စိတ်ကောင်းဝင်နေတဲ့ချိန်ဆို ပြောပါ။ နောက်ပြီး နှစ်ယောက်တည်း ရှိနေချိန်မှာ ပြောပါ။

၃။လေ့ကျင့်ပါ။

မာမီ ဒယ်ဒီတို့ကို မပြောခင် ကိုယ်ပြောမယ့်စကားတွေ လေ့ကျင့်ကြည့်ပါ။ စကားလုံးတွေ ကြိုစီထားပါ။ မေးလာတတ်တဲ့ မေးခွန်းတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားပါ။

Related Article >>> ချစ်သူနဲ့ ဒိတ်ကြည့်ဖို့အတွက် ထူးထူးခြားခြား နည်းလမ်း(၆) မျိုး

၄။အကြောင်းပြချက်တွေစဉ်းစားထားပါ။

ကိုယ်က ဘာလို့သူကိုကြိုက်ရတာလဲ။ ဘာလို့ ကိုယ့်ဘဝအတွက် ရွေးချယ်ခဲ့လဲ ဆိုတာတွေ ပြောပြပါ။ ကိုယ်က ရင့်ကျက်နေပြီ ၊ အရွယ်ရောက်နေပြီ ၊ ကိုယ့်ဆုံးဖြတ်ချက်ကိုယ် ချတတ်နေပြီ ဆိုတာ မာမီ ဒယ်ဒီတို့ ယုံကြည်အောင် ပြလိုက်ပါ။

၅။နားထောင်ပါ။

ကိုယ်ကပဲ မပြောပါနဲ့။ ကိုယ့်သားသမီးက ချစ်သူရကြောင်းပြောတဲ့အခါ မိဘတွေက ဒီတိုင်းတော့ မနေပါဘူး။ ပြောစရာ တစ်ခုနှစ်ခုတော့ ရှိမှာပါ။ မိဘတွေက အကြံပေးတဲ့အခါ ၊ သူတို့ထင်မြင် ယူဆချက်တွေ ပြောပြတဲ့အခါမှာ နားထောင်ပါ။

၆။ငြင်းခုံတာကိုရှောင်ပါ။

စကားပြောနေရင်းနဲ့ မိဘနဲ့ပြိုင်ငြင်းတဲ့ပုံမျိုး မဖြစ်ပါစေနဲ့။ အေးအေးဆေးဆေးနဲ့ သေချာပြောပါ။ သူတို့မကြိုက်တဲ့ အချက်တွေ ပြောလာတဲ့အခါလည်း အေးအေးဆေးဆေး နားထောင်ပေးလိုက်ပါ။

Related Article >>> ရေရှည်လက်တွဲမယ့်သူတွေအတွက် နားလည်မှု နဲ့ ဖြစ်တည်မှု ဆိုတာ

၇။စိတ်ကိုကြိုတင်ပြင်ဆင်ထားပါ။

ဒီလို ဖွင့်ပြောတာက အကောင်းဘက်လည်း ရောက်နိုင်သလို အဆိုးဘက်လည်း ရောက်နိုင်ပါတယ်။ ဒီတော့ ဘာဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့ ကိုယ့်စိတ်ကို ကြိုတင်ပြင်ဆင်ထားပါ။

၈။ အတူတူဆုံဖို့ပြောကြည့်ပါ။

နောက်ဆုံး ပြောကြည့်လို့ အစစအရာရာ အိုကေတယ်ဆိုရင် ချစ်သူကောင်လေးနဲ့ မိဘတွေကို အပြင်မှာဆုံပေးဖို့ စီစဉ်ပါ။ အစီအစဉ်ရဲ့ တစ်စွန်းတစ်စကိုလည်း မိဘတွေကို ကြိုအသိပေးထားပါ။

Hana ဘယ်လောက်ပဲ အကြံပေးပေး ကိုယ့်မိဘအထာကတော့ ကိုယ်အသိဆုံးပေါ့နော်။ မာမီ ဒယ်ဒီရဲ့ အချစ်တွေကို ယုံစားပြီး ရဲရဲကြီးသာ ပြောပြလိုက်ပါ။

Wishing you good luck

Credit: Hana (For Her Myanmar)

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top