iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ေလ်ာ့ေအာင္ အစားေတြေလ်ာ့စား နည္းမ်ိဳးစံုနဲ႔ ႀကိဳးစားေပမယ့္ ေလ်ာ့ခ်လို႔မရတဲ့ အေျခအေနေတြ ေတြ႔ဖူးမွာပါ။

ဒါက ကိုယ္အေလးခ်ိန္ေလ်ာ့ခ်နည္း အမွားေတြကုိ သင္လုပ္ေနမိလို႔ပါဘဲ။

ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ဖို႔အတြက္ အစာကို ခ်က္ျခင္းျဖတ္စရာမလိုဘဲ က်န္းမာေရးအတြက္ သင့္ေတာ္တဲ့ အစားအစာေတြကို ေရြးခ်ယ္စားေပးဖို႔ဘဲ လိုအပ္တာပါ။

ဒါ့ေၾကာင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ရာမွာ လုပ္မိတတ္တဲ့ အမွားေတြကို ေ၀မွ်ခ်င္ပါတယ္။

အစာမစားျခင္း

လူရာေပါင္းမ်ားစြာက အစာ စားခ်ိန္တစ္ခ်ိန္မစားရင္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ႏုိင္တယ္လို႔ ထင္ေနၾကပါတယ္။

တကယ္တမ္းက်ေတာ့ မဟုတ္ပါဘူး။

ဗိုက္ဆာလာရင္ စြမ္းအင္ေတြကို အဆီအျဖစ္ေျပာင္းလဲတဲ့ ေဟာ္မႈန္းေတြပိုထြက္လာပါတယ္။ အဲ့ဒီအျပင္ ဇီ၀ကမၼျဖစ္စဥ္ေတြကို ေလ်ာ့ခ်လိုက္ၿပီး ကယ္လိုရီေလာင္ကၽြမ္းမႈေတြလည္း ေလ်ာ့က်လာပါတယ္။

ဗိုက္အရမ္းဆာလာၿပီး ခါတိုင္းထက္ အစားအစာေတြကို ပိုစားမိလာပါတယ္။

ျပင္းျပင္းထန္ထန္ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ျခင္း

ကယ္လိုရီ မပါသေလာက္ အစားအစာေတြဘဲ ေရြးခ်ယ္စားေသာက္ရင္းနဲ႔ခႏၶာကိုယ္က လိုအပ္တဲ့ အာဟာရဓာတ္ေတြ ကုန္သြားတတ္ပါတယ္။

ျပင္းျပင္းထန္ထန္ အစာေလ်ာ့ၿပီး ကိုယ္အေလးခ်ိန္ေလ်ာ့ခ်တာကိုေရွာင္ၾကဥ္သင့္တဲ့ အခ်က္မ်ားမွာ

    ကိုယ္အေလးခ်ိန္ က်ဆင္းမႈ ျမန္တာမွန္ေပမယ့္ က်န္းမာေရး ထိခိုက္ႏိုင္ပါတယ္။
    ေရတို၊ ေရရွည္မွာ ဇီ၀ကမၼျဖစ္စဥ္ေတြ ကေမာက္ကမျဖစ္ေစၿပီး ခ်ထားတဲ့ ကိုယ္အေလးခ်ိန္ေတြ ခ်က္ျခင္းျပန္တက္ေစပါတယ္။
    ၾကြက္သားေတြ ေလ်ာ့ရြဲလာၿပီး အရိုးက်န္းမာေရးကို ထိခိုက္ေစပါတယ္။

ကယ္လိုရီ တအား ေလ်ာ့ျခင္း

ကယ္လိုရီဓာတ္ကလည္း ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဓာတ္တစ္မ်ိဳးပါ။ ကိုယ္အေလးခ်ိန္ က်ဖို႔ ကယ္လိုရီအရမ္းေလ်ာ့ၿပီး စားရင္ အားနည္းတာမ်ိဳးျဖစ္တတ္ပါတယ္။

စားတဲ့ အစားအစာေတြထဲမွာ မပါမျဖစ္ပါ၀င္ရမယ့္ ဓာတ္မ်ား

ပရိုတင္းဓာတ္ ၾကြယ္၀တဲ့ အစားအစာမ်ား

ပရိုတင္းဓာတ္

Omega 3 Fatty အက္ဆစ္

Antoxidants

အမွ်င္ဓာတ္

ဗီတာမင္နဲ႔ သတၱဳဓာတ္မ်ား တို႔ျဖစ္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်အလေးချိန်လျော့အောင် အစားတွေလျော့စား နည်းမျိုးစုံနဲ့ ကြိုးစားပေမယ့် လျော့ချလို့မရတဲ့ အခြေအနေတွေ တွေ့ဖူးမှာပါ။

ဒါက ကိုယ်အလေးချိန်လျော့ချနည်း အမှားတွေကို သင်လုပ်နေမိလို့ပါဘဲ။

ကိုယ်အလေးချိန် လျော့ချဖို့အတွက် အစာကို ချက်ခြင်းဖြတ်စရာမလိုဘဲ ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအစာတွေကို ရွေးချယ်စားပေးဖို့ဘဲ လိုအပ်တာပါ။

ဒါ့ကြောင့် ကိုယ်အလေးချိန် လျော့ချရာမှာ လုပ်မိတတ်တဲ့ အမှားတွေကို ဝေမျှချင်ပါတယ်။

အစာမစားခြင်း

လူရာပေါင်းများစွာက အစာ စားချိန်တစ်ချိန်မစားရင် ကိုယ်အလေးချိန်လျော့ချနိုင်တယ်လို့ ထင်နေကြပါတယ်။

တကယ်တမ်းကျတော့ မဟုတ်ပါဘူး။

ဗိုက်ဆာလာရင် စွမ်းအင်တွေကို အဆီအဖြစ်ပြောင်းလဲတဲ့ ဟော်မှုန်းတွေပိုထွက်လာပါတယ်။ အဲ့ဒီအပြင် ဇီဝကမ္မဖြစ်စဉ်တွေကို လျော့ချလိုက်ပြီး ကယ်လိုရီလောင်ကျွမ်းမှုတွေလည်း လျော့ကျလာပါတယ်။

ဗိုက်အရမ်းဆာလာပြီး ခါတိုင်းထက် အစားအစာတွေကို ပိုစားမိလာပါတယ်။

ပြင်းပြင်းထန်ထန် ကိုယ်အလေးချိန် လျော့ချခြင်း

ကယ်လိုရီ မပါသလောက် အစားအစာတွေဘဲ ရွေးချယ်စားသောက်ရင်းနဲ့ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေ ကုန်သွားတတ်ပါတယ်။

ပြင်းပြင်းထန်ထန် အစာလျော့ပြီး ကိုယ်အလေးချိန်လျော့ချတာကိုရှောင်ကြဉ်သင့်တဲ့ အချက်များမှာ

    ကိုယ်အလေးချိန် ကျဆင်းမှု မြန်တာမှန်ပေမယ့် ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။
    ရေတို၊ ရေရှည်မှာ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်စေပြီး ချထားတဲ့ ကိုယ်အလေးချိန်တွေ ချက်ခြင်းပြန်တက်စေပါတယ်။
    ကြွက်သားတွေ လျော့ရွဲလာပြီး အရိုးကျန်းမာရေးကို ထိခိုက်စေပါတယ်။

ကယ်လိုရီ တအား လျော့ခြင်း

ကယ်လိုရီဓာတ်ကလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ကိုယ်အလေးချိန် ကျဖို့ ကယ်လိုရီအရမ်းလျော့ပြီး စားရင် အားနည်းတာမျိုးဖြစ်တတ်ပါတယ်။

စားတဲ့ အစားအစာတွေထဲမှာ မပါမဖြစ်ပါဝင်ရမယ့် ဓာတ်များ

ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာများ

ပရိုတင်းဓာတ်

Omega 3 Fatty အက်ဆစ်

Antoxidants

အမျှင်ဓာတ်

ဗီတာမင်နဲ့ သတ္တုဓာတ်များ တို့ဖြစ်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top