iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီေသြး ဆင္းမ်ားျခင္းနဲ႔ ေသြးဆင္းရက္ ၾကာျခင္း ေတြဟာ အမ်ားအားျဖင့္ အပ်ိဳေဖာ္ ဝင္ခါစ မိန္းကေလး ငယ္ေတြနဲ႔ ေသြးဆံုး ခါနီး အမ်ိဳးသမီး ေတြမွာ ျဖစ္တတ္ေပမယ့္ တစ္ခါ တစ္ရံ အသက္၂၀ ေက်ာ္နဲ႔ ၃၀ ေက်ာ္အရြယ္ အမ်ိဳးသမီး ေတြမွာလည္း ျဖစ္ႏုိင္ပါတယ္။ ရာသီေသြး ဆင္းမ်ား လြန္ရင္ ျပင္းျပင္း ထန္ထန္ နာက်င္မႈ၊ ပ်ိဳ႕ျခင္းနဲ႔ မသက္မသာ ျဖစ္ျခင္းေတြကို ခံစားရၿပီး ပံုမွန္ေန႔စဥ္ လုပ္ေဆာင္ ေနက် အလုပ္ေတြကိုေတာင္ မလုပ္ႏိုင္ေတာ့ တာမ်ိဳး ျဖစ္တတ္ ပါတယ္။ ပံုမွန္မဟုတ္ဘဲ ရာသီေသြး ႐ုတ္တရတ္ အမ်ားႀကီး ဆင္းရင္ သားဖြား မီးယပ္ အထူးကု ဆရာဝန္နဲ႔ ျပသဖို႔ လိုပါတယ္။

ျဖစ္ႏုိင္ေသာ အေၾကာင္းရင္းမ်ား

ရာသီေသြး မ်ားမ်ား ဆင္းေစႏိုင္တဲ့ အေၾကာင္းအရင္းေတြ ကေတာ့ မ်ိဳးဥအိမ္ရဲ႕ လုပ္ေဆာင္မႈ မမွန္ျခင္းေၾကာင့္ ေဟာ္မုန္း မညီမွ်ျခင္း၊ သားအိမ္ အတြင္းမွာ ကင္ဆာ မဟုတ္တဲ့ အက်ိတ္ ျဖစ္ျခင္း ဒါမွမဟုတ္ သားအိမ္နံရံမွာ အဖု အသီးျဖစ္ျခင္း၊ သေႏၶတားဖို႔ အတြက္ သားအိမ္ တြင္းထည့္ ပစၥည္းသံုးျခင္း၊ အေရာင္က် ေဆးနဲ႔ ေသြးမခဲ ေဆးေတြကို မွန္မွန္ေသာက္ျခင္း စတာေတြ ျဖစ္ႏိုင္ ပါတယ္။

ဒီထက္ပိုၿပီး ျပင္းထန္တဲ့ အေၾကာင္းရင္း ေတြလည္း ျဖစ္ႏိုင္ ပါေသးတယ္။ သားအိမ္ ႂကြက္သား ထဲကို သားအိမ္ အတြင္းေျမႇးမွ ဂလင္းေတြက ထိုးေဖာက္ ဝင္ေရာက္ ႀကီးထြားျခင္း၊ မ်ိဳးဥအိမ္၊ သားအိမ္ ဒါမွမဟုတ္ သားအိမ္ေခါင္း ကင္ဆာ ေတြေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။

တစ္ခါတစ္ရံမွာ အလုပ္ ျပင္းျပင္း ထန္ထန္ လုပ္ျခင္း ဒါမွမဟုတ္ စိတ္ပိုင္း ဆိုင္ရာ အႀကီးအက်ယ္ ထိခိုက္ ခံစားရျခင္းေတြ ေၾကာင့္လည္း ရာသီေသြး ဆင္းမ်ား ႏုိင္ပါတယ္။ ကိုယ္ဝန္ ပ်က္က်ျခင္း ေၾကာင့္လည္း ေသြးအမ်ားႀကီး ဆင္းႏုိင္ပါတယ္။

ေဆာင္ရန္၊ ေရွာင္ရန္

ရာသီေသြး မ်ားမ်ား ဆင္ျခင္းေၾကာင့္ ခႏၶာကိုယ္မွာ ေရဓာတ္ ခန္းေျခာက္မႈနဲ႔ မရွိမျဖစ္ အာဟာရ ဓာတ္ေတြ ဆံုး႐ႈံးမႈ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ရာသီေသြး ဆင္းမ်ား သူဟာ ေရနဲ႔ သစ္သီး ေဖ်ာ္ရည္ မ်ားမ်ား ေသာက္ဖုိ႔၊ ဗီတာမင္နဲ႔ သတၱဳဓာတ္ ႂကြယ္ဝတဲ့ အစားအစာေတြကို စားေပးဖို႔ အလြန္အေရး ႀကီးပါတယ္။

ရာသီေသြး ဆင္းမ်ားရင္ သံဓာတ္ ဆံုး႐ႈံးမႈလည္း မ်ားတဲ့အတြက္ သံဓာတ္ ခ်ိဳ႕တဲ့ ေသြးအား နည္း ေရာဂါ မျဖစ္ေအာင္ အသား၊ ငါး၊ ၾကက္ဥ၊ ဘဲဥနဲ႔ ပဲအမ်ိဳးမ်ိဳးေတြကို စားေပးဖို႔ လိုပါတယ္။ ဒါမွ ေသြးထဲက ေဟမိုဂလိုဘင္ အဆင့္ကို ထိန္းသိမ္းေပးႏုိုင္ၿပီး အားနည္းတာနဲ႔ ေမာပန္း ႏြမ္းနယ္ တာေတြ မျဖစ္ေအာင္ ကာကြယ္ႏုိင္ပါမယ္။

စားတဲ့ အစားေတြထဲမွာ ခ်ဥ္တဲ့ သစ္သီးေတြလိုမ်ိဳး သဘာဝ ဗီတာမင္စီ ႂကြယ္ဝတဲ့ အစာ ေတြလည္း ပါဝင္သင့္ ပါတယ္။ ရာသီလာစဥ္ အတြင္း နာက်င္မႈနဲ႔ စိတ္ဖိစီးမႈ ေလ်ာ့ပါးေစဖို႔ ကဖင္းပါတဲ့ အရည္ေတြ (ေကာ္ဖီ၊ လက္ဖက္ရည္၊ ကိုလာ)ေရွာင္ၿပီး သဘာဝ လက္ဖက္ရည္ (Herbal Tea) ေသာက္ေပးပါ။

အကိုက္အခဲ ေပ်ာက္ေဆးေတြကို တတ္ႏိုင္သမွ် မေသာက္ပါနဲ႔။ ေလ့လာမႈေတြ အရ တက္ႂကြတဲ့ ဘဝေနထိုင္မႈ ပံုစံရွိသူ အမ်ိဳးသမီး ေတြဟာ အထုိင္မ်ားတဲ့ အမ်ိဳးသမီး ေတြထက္ ဒီျပႆနာ အျဖစ္နည္းတာကို ေတြ႕ရပါတယ္။ ရြရြေျပးတာ၊ ေရကူးတာ၊ ေအ႐ိုးဗစ္ ေလ့က်င့္ခန္း လုပ္တာ ဒါမွမဟုတ္ ေယာဂ က်င့္တာလိုမ်ိဳး ေလ့က်င့္ခန္း တစ္ခုခုကို ေန႔စဥ္ အနည္းဆံုး တစ္နာရီခန္႔ လုပ္ပါ။

Credit:burmesetoday
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 ရာသီသွေး ဆင်းများခြင်းနဲ့ သွေးဆင်းရက် ကြာခြင်း တွေဟာ အများအားဖြင့် အပျိုဖော် ဝင်ခါစ မိန်းကလေး ငယ်တွေနဲ့ သွေးဆုံး ခါနီး အမျိုးသမီး တွေမှာ ဖြစ်တတ်ပေမယ့် တစ်ခါ တစ်ရံ အသက်၂၀ ကျော်နဲ့ ၃၀ ကျော်အရွယ် အမျိုးသမီး တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ရာသီသွေး ဆင်းများ လွန်ရင် ပြင်းပြင်း ထန်ထန် နာကျင်မှု၊ ပျို့ခြင်းနဲ့ မသက်မသာ ဖြစ်ခြင်းတွေကို ခံစားရပြီး ပုံမှန်နေ့စဉ် လုပ်ဆောင် နေကျ အလုပ်တွေကိုတောင် မလုပ်နိုင်တော့ တာမျိုး ဖြစ်တတ် ပါတယ်။ ပုံမှန်မဟုတ်ဘဲ ရာသီသွေး ရုတ်တရတ် အများကြီး ဆင်းရင် သားဖွား မီးယပ် အထူးကု ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

ဖြစ်နိုင်သော အကြောင်းရင်းများ

ရာသီသွေး များများ ဆင်းစေနိုင်တဲ့ အကြောင်းအရင်းတွေ ကတော့ မျိုးဥအိမ်ရဲ့ လုပ်ဆောင်မှု မမှန်ခြင်းကြောင့် ဟော်မုန်း မညီမျှခြင်း၊ သားအိမ် အတွင်းမှာ ကင်ဆာ မဟုတ်တဲ့ အကျိတ် ဖြစ်ခြင်း ဒါမှမဟုတ် သားအိမ်နံရံမှာ အဖု အသီးဖြစ်ခြင်း၊ သန္ဓေတားဖို့ အတွက် သားအိမ် တွင်းထည့် ပစ္စည်းသုံးခြင်း၊ အရောင်ကျ ဆေးနဲ့ သွေးမခဲ ဆေးတွေကို မှန်မှန်သောက်ခြင်း စတာတွေ ဖြစ်နိုင် ပါတယ်။

ဒီထက်ပိုပြီး ပြင်းထန်တဲ့ အကြောင်းရင်း တွေလည်း ဖြစ်နိုင် ပါသေးတယ်။ သားအိမ် ကြွက်သား ထဲကို သားအိမ် အတွင်းမြှေးမှ ဂလင်းတွေက ထိုးဖောက် ဝင်ရောက် ကြီးထွားခြင်း၊ မျိုးဥအိမ်၊ သားအိမ် ဒါမှမဟုတ် သားအိမ်ခေါင်း ကင်ဆာ တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တစ်ခါတစ်ရံမှာ အလုပ် ပြင်းပြင်း ထန်ထန် လုပ်ခြင်း ဒါမှမဟုတ် စိတ်ပိုင်း ဆိုင်ရာ အကြီးအကျယ် ထိခိုက် ခံစားရခြင်းတွေ ကြောင့်လည်း ရာသီသွေး ဆင်းများ နိုင်ပါတယ်။ ကိုယ်ဝန် ပျက်ကျခြင်း ကြောင့်လည်း သွေးအများကြီး ဆင်းနိုင်ပါတယ်။

ဆောင်ရန်၊ ရှောင်ရန်

ရာသီသွေး များများ ဆင်ခြင်းကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ် ခန်းခြောက်မှုနဲ့ မရှိမဖြစ် အာဟာရ ဓာတ်တွေ ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီသွေး ဆင်းများ သူဟာ ရေနဲ့ သစ်သီး ဖျော်ရည် များများ သောက်ဖို့၊ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့ အလွန်အရေး ကြီးပါတယ်။

ရာသီသွေး ဆင်းများရင် သံဓာတ် ဆုံးရှုံးမှုလည်း များတဲ့အတွက် သံဓာတ် ချို့တဲ့ သွေးအား နည်း ရောဂါ မဖြစ်အောင် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥနဲ့ ပဲအမျိုးမျိုးတွေကို စားပေးဖို့ လိုပါတယ်။ ဒါမှ သွေးထဲက ဟေမိုဂလိုဘင် အဆင့်ကို ထိန်းသိမ်းပေးနိုင်ပြီး အားနည်းတာနဲ့ မောပန်း နွမ်းနယ် တာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါမယ်။

စားတဲ့ အစားတွေထဲမှာ ချဉ်တဲ့ သစ်သီးတွေလိုမျိုး သဘာဝ ဗီတာမင်စီ ကြွယ်ဝတဲ့ အစာ တွေလည်း ပါဝင်သင့် ပါတယ်။ ရာသီလာစဉ် အတွင်း နာကျင်မှုနဲ့ စိတ်ဖိစီးမှု လျော့ပါးစေဖို့ ကဖင်းပါတဲ့ အရည်တွေ (ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ)ရှောင်ပြီး သဘာဝ လက်ဖက်ရည် (Herbal Tea) သောက်ပေးပါ။

အကိုက်အခဲ ပျောက်ဆေးတွေကို တတ်နိုင်သမျှ မသောက်ပါနဲ့။ လေ့လာမှုတွေ အရ တက်ကြွတဲ့ ဘဝနေထိုင်မှု ပုံစံရှိသူ အမျိုးသမီး တွေဟာ အထိုင်များတဲ့ အမျိုးသမီး တွေထက် ဒီပြဿနာ အဖြစ်နည်းတာကို တွေ့ရပါတယ်။ ရွရွပြေးတာ၊ ရေကူးတာ၊ အေရိုးဗစ် လေ့ကျင့်ခန်း လုပ်တာ ဒါမှမဟုတ် ယောဂ ကျင့်တာလိုမျိုး လေ့ကျင့်ခန်း တစ်ခုခုကို နေ့စဉ် အနည်းဆုံး တစ်နာရီခန့် လုပ်ပါ။


Credit:burmesetoday

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top