ျမန္မာႏိုင္ငံလို ေသာက္သံုးေရသန္႔႐ွင္းမႈ အားနည္းတဲ့ႏိုင္ငံမ်ိဳးမွာ ဆီးနဲ႔ေက်ာက္ကပ္ဆိုင္ရာ ေဆး႐ံုေတြမွာ လူနာေတြ တန္းစီေနတာ အံ့အားသင့္စရာေတာ့ မဟုတ္ပါဘူး။
ဆီးနဲ႔ေက်ာက္ကပ္ဆိုင္ရာ ေဝဒနာေတြဆိုတာ လူတိုင္းမွာ ၾကံဳေတြ႕ရႏိုင္တဲ့ ျပႆနာပါ။ ျမန္မာႏိုင္ငံလို ေသာက္သံုးေရသန္႔႐ွင္းမႈ အားနည္းတဲ့ႏိုင္ငံမ်ိဳးမွာ ဆီးနဲ႔ေက်ာက္ကပ္ဆိုင္ရာ ေဆး႐ံုေတြမွာ လူနာေတြ တန္းစီေနတာ အံ့အားသင့္စရာေတာ့ မဟုတ္ပါဘူး။ ေက်ာက္ကပ္ေရာဂါနဲ႔ ဆီးေက်ာက္တည္ျခင္း ျပႆနာေတြကို ၾကံဳေနရၿပီဆိုရင္ စားသံုးသင့္တဲ့အစားအစာေတြကုိ သိထားဖို႔ေတာ့ လိုမယ္ေနာ္။
၁။ င႐ုပ္ပြသီး
င႐ုပ္ပြသီးကို ဟင္းခ်က္စားေပးမယ္ဆိုရင္ ေက်ာက္ကပ္က်န္းမာေရးကို အေထာက္အကူျပဳေစႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ င႐ုပ္ပြသီးထဲမွာ ပိုတက္စီယမ္ပါဝင္မႈ အလြန္နည္းပါးလို႔ပါပဲ။ ဒါ့အျပင္ င႐ုပ္ပြသီးမွာ ဗိုက္တာမင္စီ၊ ဗိုက္တာမင္ဘီစစ္၊ ေဖာလစ္အက္ဆစ္နဲ႔ အမွ်င္ဓာတ္လည္း ၾကြယ္ဝပါတယ္။ င႐ုပ္ပြသီးထဲမွာ lycopene ဆိုတဲ့ antioxidant တစ္မ်ိဳးပါဝင္ၿပီး ေက်ာက္ကပ္ကင္ဆာနဲ႔ ေက်ာက္ကပ္ပြေရာဂါေတြကို တားဆီးေပးႏိုင္ပါတယ္။
၂။ ေဂၚဖီထုပ္
ေဂၚဖီထုပ္ကေတာ့ phytochemical ၾကြယ္ဝစြာပါဝင္တဲ့ အစိမ္းေရာင္ဟင္းသီး ဟင္း႐ြက္တစ္မ်ိဳး ျဖစ္ၿပီး ခႏၶာကိုယ္ထဲက free radical ေတြကို ဖယ္႐ွားေပးႏိုင္တယ္လို႔ နာမည္ႀကီးပါတယ္။ ေနာက္ၿပီး ေဂၚဖီထုပ္ထဲမွာပါဝင္တဲ့ ဗိုက္တာမင္ေက၊ ဗိုက္တာမင္စီ၊ အမွ်င္ဓာတ္၊ ဗိုက္တာမင္ဘီစစ္နဲ႔ ေဖာလစ္အက္ဆစ္တို႔က ေက်ာက္ကပ္ကို က်န္းမာေစႏိုင္ပါတယ္။
၃။ ပန္းေဂၚဖီ
ပန္းေဂၚဖီဟာ ေက်ာက္ကပ္နဲ႔တည့္တဲ့ super food တစ္မ်ိဳးပါ။ ပန္းေဂၚဖီမွာ ဗိုက္တာမင္စီ ၾကြယ္ဝသလို ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ႐ွင္းေပးႏိုင္တဲ့ ျဒပ္ေပါင္းေတြလည္း ပါဝင္ပါတယ္။ ပန္းေဂၚဖီကို ဒီတိုင္းအစိမ္းသုပ္ထားလို႔ရသလို ျပဳတ္ၿပီးစားလို႔လည္းရပါတယ္။ ေက်ာက္ကပ္ေရာဂါသည္ေတြ ပံုမွန္စားေပးသင့္တဲ့ သီးႏွံတစ္မ်ိဳးပါ။
၄။ ၾကက္သြန္နီ
ၾကက္သြန္နီထဲမွာ ေသြးေၾကာတြင္းဆီက အဆီေတြကို ဖယ္႐ွားေပးႏိုင္တဲ့ ဖလာဗိုႏြိဳက္ (flavonoid) နဲ႔ ကြာစီတင္ (quercetin) ဆိုတဲ့ ဓာတုပစၥည္းေတြပါဝင္ပါတယ္။ ေနာက္ၿပီး ကြာစီတင္ဟာ ႏွလံုးေရာဂါနဲ႔ ကင္ဆာအႏၱရာယ္ကို ေလွ်ာ့ခ်ႏိုင္တဲ့ antioxidant တစ္မ်ိဳးပါ။ ေက်ာက္ကပ္သမားေတြ ၾကက္သြန္နီစားေပးသင့္တဲ့ ေနာက္ထပ္အေၾကာင္းရင္း တစ္ခုကေတာ့ ပိုတက္စီယမ္ နည္းပါးတာပါပဲ။ ေနာက္ၿပီး အဆီ၊ ပ႐ုိတိန္းနဲ႔ ကာဘိုဟိုက္ဒရိတ္ေတြကို ေလာင္ကြ်မ္းေစတဲ့ ခ႐ိုမီယမ္ ပါဝင္ပါတယ္။
၅။ ပန္းသီး
ပန္းသီးကေတာ့ anti-inflammatory (ေရာင္ရမ္းျခင္းကို တိုက္ဖ်က္ႏိုင္တဲ့) ဂုဏ္သတၱိ႐ွိတဲ့ အမွ်င္ဓာတ္ၾကြယ္ဝတဲ့ သစ္သီးတစ္မ်ိဳးပါ။ ပန္းသီးဟာ မေကာင္းတဲ့ကိုလက္စ္ထေရာေတြကို ေလွ်ာ့ခ်ေပးႏိုင္တဲ့အတြက္ အာဟာရေဗဒပညာ႐ွင္မ်ားက လူနာေတြကို ပန္းသီးစားသံုးရန္ တိုက္တြန္းေလ့ရွိပါတယ္။ ဝမ္းခ်ဳပ္ေရာဂါ၊ ႏွလံုးေရာဂါနဲ႔ ကင္ဆာေရာဂါေတြကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ဒါတင္မကေသးပါဘူး။ ပန္းသီးက ဆီးနဲ႔ေက်ာက္ကပ္ကို အားေပးၿပီး ဆီးလမ္းေၾကာင္း သန္႔ရွင္းက်န္းမာေရးအတြက္လည္း အသံုးဝင္ပါတယ္။
၆။ စေတာ္ဘယ္ရီသီး
အားလံုးသိထားၿပီးတဲ့အတိုင္း စေတာ္ဘယ္ရီဟာ ဗိုက္တာမင္စီ အထူးၾကြယ္ဝတဲ့ သစ္သီးတစ္မ်ိဳးပါ။ ကင္ဆာျဖစ္ေစတဲ့ Free radical ေတြကို တိုက္ထုတ္ႏိုင္သလို ေက်ာက္ကပ္အားေကာင္းေစတဲ့ မဂၢနိစ္နဲ႔ အမွ်င္ဓာတ္လည္း အထူးၾကြယ္ဝပါတယ္။ ေက်ာက္ကပ္အားနည္းသူေတြနဲံ႔ ႏွလံုးအားနည္းသူေတြ စားေပးသင့္ပါတယ္။
Source: Stylecraze
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မြန်မာနိုင်ငံလို သောက်သုံးရေသန့်ရှင်းမှု အားနည်းတဲ့နိုင်ငံမျိုးမှာ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဆေးရုံတွေမှာ လူနာတွေ တန်းစီနေတာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။
ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဝေဒနာတွေဆိုတာ လူတိုင်းမှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာပါ။ မြန်မာနိုင်ငံလို သောက်သုံးရေသန့်ရှင်းမှု အားနည်းတဲ့နိုင်ငံမျိုးမှာ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဆေးရုံတွေမှာ လူနာတွေ တန်းစီနေတာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ကျောက်ကပ်ရောဂါနဲ့ ဆီးကျောက်တည်ခြင်း ပြဿနာတွေကို ကြုံနေရပြီဆိုရင် စားသုံးသင့်တဲ့အစားအစာတွေကို သိထားဖို့တော့ လိုမယ်နော်။
၁။ ငရုပ်ပွသီး
ငရုပ်ပွသီးကို ဟင်းချက်စားပေးမယ်ဆိုရင် ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူပြုစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ငရုပ်ပွသီးထဲမှာ ပိုတက်စီယမ်ပါဝင်မှု အလွန်နည်းပါးလို့ပါပဲ။ ဒါ့အပြင် ငရုပ်ပွသီးမှာ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ဘီစစ်၊ ဖောလစ်အက်ဆစ်နဲ့ အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ငရုပ်ပွသီးထဲမှာ lycopene ဆိုတဲ့ antioxidant တစ်မျိုးပါဝင်ပြီး ကျောက်ကပ်ကင်ဆာနဲ့ ကျောက်ကပ်ပွရောဂါတွေကို တားဆီးပေးနိုင်ပါတယ်။
၂။ ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်ကတော့ phytochemical ကြွယ်ဝစွာပါဝင်တဲ့ အစိမ်းရောင်ဟင်းသီး ဟင်းရွက်တစ်မျိုး ဖြစ်ပြီး ခန္ဓာကိုယ်ထဲက free radical တွေကို ဖယ်ရှားပေးနိုင်တယ်လို့ နာမည်ကြီးပါတယ်။ နောက်ပြီး ဂေါ်ဖီထုပ်ထဲမှာပါဝင်တဲ့ ဗိုက်တာမင်ကေ၊ ဗိုက်တာမင်စီ၊ အမျှင်ဓာတ်၊ ဗိုက်တာမင်ဘီစစ်နဲ့ ဖောလစ်အက်ဆစ်တို့က ကျောက်ကပ်ကို ကျန်းမာစေနိုင်ပါတယ်။
၃။ ပန်းဂေါ်ဖီ
ပန်းဂေါ်ဖီဟာ ကျောက်ကပ်နဲ့တည့်တဲ့ super food တစ်မျိုးပါ။ ပန်းဂေါ်ဖီမှာ ဗိုက်တာမင်စီ ကြွယ်ဝသလို ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းပေးနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။ ပန်းဂေါ်ဖီကို ဒီတိုင်းအစိမ်းသုပ်ထားလို့ရသလို ပြုတ်ပြီးစားလို့လည်းရပါတယ်။ ကျောက်ကပ်ရောဂါသည်တွေ ပုံမှန်စားပေးသင့်တဲ့ သီးနှံတစ်မျိုးပါ။
၄။ ကြက်သွန်နီ
ကြက်သွန်နီထဲမှာ သွေးကြောတွင်းဆီက အဆီတွေကို ဖယ်ရှားပေးနိုင်တဲ့ ဖလာဗိုနွိုက် (flavonoid) နဲ့ ကွာစီတင် (quercetin) ဆိုတဲ့ ဓာတုပစ္စည်းတွေပါဝင်ပါတယ်။ နောက်ပြီး ကွာစီတင်ဟာ နှလုံးရောဂါနဲ့ ကင်ဆာအန္တရာယ်ကို လျှော့ချနိုင်တဲ့ antioxidant တစ်မျိုးပါ။ ကျောက်ကပ်သမားတွေ ကြက်သွန်နီစားပေးသင့်တဲ့ နောက်ထပ်အကြောင်းရင်း တစ်ခုကတော့ ပိုတက်စီယမ် နည်းပါးတာပါပဲ။ နောက်ပြီး အဆီ၊ ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ်တွေကို လောင်ကျွမ်းစေတဲ့ ခရိုမီယမ် ပါဝင်ပါတယ်။
၅။ ပန်းသီး
ပန်းသီးကတော့ anti-inflammatory (ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်တဲ့) ဂုဏ်သတ္တိရှိတဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတစ်မျိုးပါ။ ပန်းသီးဟာ မကောင်းတဲ့ကိုလက်စ်ထရောတွေကို လျှော့ချပေးနိုင်တဲ့အတွက် အာဟာရဗေဒပညာရှင်များက လူနာတွေကို ပန်းသီးစားသုံးရန် တိုက်တွန်းလေ့ရှိပါတယ်။ ဝမ်းချုပ်ရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပန်းသီးက ဆီးနဲ့ကျောက်ကပ်ကို အားပေးပြီး ဆီးလမ်းကြောင်း သန့်ရှင်းကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။
၆။ စတော်ဘယ်ရီသီး
အားလုံးသိထားပြီးတဲ့အတိုင်း စတော်ဘယ်ရီဟာ ဗိုက်တာမင်စီ အထူးကြွယ်ဝတဲ့ သစ်သီးတစ်မျိုးပါ။ ကင်ဆာဖြစ်စေတဲ့ Free radical တွေကို တိုက်ထုတ်နိုင်သလို ကျောက်ကပ်အားကောင်းစေတဲ့ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်လည်း အထူးကြွယ်ဝပါတယ်။ ကျောက်ကပ်အားနည်းသူတွေနဲံ့ နှလုံးအားနည်းသူတွေ စားပေးသင့်ပါတယ်။
Source: Stylecraze
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
စားေသာက္ဖြယ္
»
ဗဟုသုတ
»
လူမႈ႔ဘဝ
» ေက်ာက္ကပ္က်န္းမာေနေစဖို႔ စားေပးသင့္တဲ့ အစားအစာ (၆) မ်ိဳး
ေက်ာက္ကပ္က်န္းမာေနေစဖို႔ စားေပးသင့္တဲ့ အစားအစာ (၆) မ်ိဳး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။