ပင္မွည္႔သီးကို ကြ်န္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြ သေရစာအျဖစ္၊ သစ္သီးဝလံ တစ္မ်ိဳးအျဖစ္ စားသံုးခဲ႔ၾကတာ ၾကာပါၿပီ။
ေနပူ၊ ေလပူတဲ႔ ရာသီဥတုမွာ ပင္မွည္႔သီးအႏွစ္ေလးကို ေရခဲေသတၱာထဲ ထည္႔ၿပီး အေအးခံထား၊ ၿပီးရင္ သၾကားေလးနည္းနည္းနဲ႔ ေခါက္ၿပီး သုပ္စားတာပဲျဖစ္ျဖစ္၊ blender ထဲ ထည္႔ေမႊၿပီး ပင္မွည္႔ေဖ်ာ္ရည္ လုပ္ေသာက္တာပဲျဖစ္ျဖစ္ လုပ္စားၾကည္႔မယ္ဆိုရင္ အရသာလည္းရွိ၊ ရင္ကိုလည္း ေအးျမေစမွာပါ။
ပင္မွည္႔သီးကို ကြ်န္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြ သေရစာအျဖစ္၊ သစ္သီးဝလံ တစ္မ်ိဳးအျဖစ္ စားသံုးခဲ႔ၾကတာ ၾကာပါၿပီ။ ဒါေပမယ္႔ သူ႔မွာပါဝင္တဲ႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြကိုေတာ႔ သတိမမူမိခဲ႔ၾကပါဘူး။ ပင္မွည္႔သီးမွာ ပါဝင္တဲ႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ႔...
၁။ ကင္ဆာေရာဂါ ကာကြယ္ႏိုင္တယ္
ပင္မွည္႔သီးအႏွစ္မွာ ကင္ဆာဆဲလ္ေတြကို ေသေစႏိုင္တဲ႔ အစြမ္းသတၱိေတြ ပါဝင္ေနတယ္လို႔ ေတြ႕ရွိထားပါတယ္။ ေနာက္ၿပီး ပင္မွည္႔သီးထဲမွာ ေတြ႕ရတဲ႔ carotenoid နဲ႔ polyphenol တို႔ဟာ ကင္ဆာဆဲလ္ပြားမ်ားႏႈန္းကို တားဆီးေပးႏိုင္တဲ႔ အစြမ္းထက္ antioxidant ေတြလည္း ျဖစ္ပါေသးတယ္။
၂။ ညအိပ္မရျခင္းကို ကုသေပးမယ္
စိတ္ဖိစီးမႈ မ်ားျပားျခင္းနဲ႔ အေတြးလြန္ျခင္းတို႔ေၾကာင္႔ ညအိပ္မရရာကေန အက်င္႔ျဖစ္လာၿပီး ညဘက္အိပ္ခ်ိန္ေတြ ပံုမွန္ထက္ ေနာက္က်လာတတ္တာ ေရာဂါလကၡဏာတစ္မ်ိဳးျဖစ္ၿပီး ေဆးဝါးကုသမႈ ခံယူသင္႔ပါတယ္။ ဒါမွမဟုတ္ ပင္မွည္႔ေဖ်ာ္ရည္ ေအးေအးေလးတစ္ခြက္ကို ညအိပ္ခါနီး ေသာက္ေပးမယ္ဆိုရင္္ အာရံုေၾကာေတြကို တည္ၿငိမ္ေစႏိုင္ၿပီး အစာေျခအဂၤါ စနစ္ကိုလည္း ပိုမိုေကာင္းမြန္ေစႏိုင္ပါတယ္။ အာရံုေၾကာေတြကို တည္ၿငိမ္ေစႏိုင္တဲ႔အတြက္ ညအိပ္္ေပ်ာ္ေစဖို႔အတြက္လည္း ကူညီေပးႏိုင္တာေပါ႔။
၃။ အစာေၾကလြယ္ေစတယ္
ပင္မွည္႔သီးေတြဟာ အမွ်င္္ဓာတ္ၾကြယ္ဝစြာပါဝင္ပါတယ္။ ဒါေၾကာင္႔ အစာအိမ္က်န္းမာေရးအတြက္ ေကာင္းမြန္ၿပီး အစာေျခလမ္းေၾကာင္းနဲ႔ ဝမ္းတြင္းကလီစာေတြကိုလည္း သန္႔ရွင္းစင္ၾကယ္ ေစႏိုင္ပါတယ္။ ေနာက္ၿပီး ပင္မွည္႔သီးဟာ သဘာဝဝမ္းႏုတ္ေဆးတစ္မ်ိဳးအျဖစ္လည္း လုပ္ေဆာင္ေပးႏိုင္ပါတယ္။ ပင္မွည္႔ေစ႔ထဲမွာ ပါဝင္တဲ႔ အမွ်င္ဓာတ္ဟာဆိုရင္ အူမႀကီးကင္ဆာ ျဖစ္ႏိုင္ေျခကို ေလ်ာ႔နည္းေစႏိုင္ပါတယ္။
၄။ ပန္းနာရင္ၾကပ္သမားေတြအတြက္ ေကာင္းတယ္
အာဟာရဓာတ္ၾကြယ္ဝၿပီး လတ္ဆတ္တဲ႔ သီးႏွံတစ္မ်ိဳးျဖစ္တဲ႔ ပင္မွည္႔သီးဟာ ပန္းနာရင္ၾကပ္သမားေတြအတြက္ ပန္းနာထျခင္းကိုလည္း ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဒါ႔အျပင္ ပင္မွည္႔သီးမွာ ပါဝင္တဲ႔ ဗုိက္တာမင္စီက ပန္းနာထေစႏိုင္တဲ႔ histamine ကို တားဆီးေပးႏိုင္စြမ္းရွိပါတယ္။ ေလ႔လာမႈအသစ္တစ္ခုရဲ႕ အဆိုအရ ခရမ္းေရာင္ ပင္မွည္႔သီးအႏွစ္ဟာ flavanoid ၾကြယ္ဝတဲ႔အတြက္ သလိပ္ထျခင္းကို တားဆီးေပးႏိုင္ပါတယ္တဲ႔။
၅။ အဆစ္အျမစ္ေရာင္ျခင္းကို သက္သာေစႏိုင္တယ္
ခရမ္းေရာင္ ပင္မွည္႔သီး အႏွစ္နဲ႔ ပင္မွည္႔သီးအေစ႔ေတြဟာ အဆစ္အျမစ္ေရာင္ ေရာဂါရွိသူမ်ားနဲ႔ ေဂါက္ေရာဂါေဝဒနာရွင္မ်ားကို ကူညီေပးႏိုင္ပါတယ္။ ပင္မွည္႔ေဖ်ာ္ရည္ကို တစ္ေန႔ တစ္ခြက္ခန္႔ ေသာက္သံုးေပးရံုနဲ႔ အဆစ္အျမစ္ေရာင္ရမ္းျခင္းကို သက္သာေစႏိုင္မွာပါ။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပင်မှည့်သီးကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ သရေစာအဖြစ်၊ သစ်သီးဝလံ တစ်မျိုးအဖြစ် စားသုံးခဲ့ကြတာ ကြာပါပြီ။
နေပူ၊ လေပူတဲ့ ရာသီဥတုမှာ ပင်မှည့်သီးအနှစ်လေးကို ရေခဲသေတ္တာထဲ ထည့်ပြီး အအေးခံထား၊ ပြီးရင် သကြားလေးနည်းနည်းနဲ့ ခေါက်ပြီး သုပ်စားတာပဲဖြစ်ဖြစ်၊ blender ထဲ ထည့်မွှေပြီး ပင်မှည့်ဖျော်ရည် လုပ်သောက်တာပဲဖြစ်ဖြစ် လုပ်စားကြည့်မယ်ဆိုရင် အရသာလည်းရှိ၊ ရင်ကိုလည်း အေးမြစေမှာပါ။
ပင်မှည့်သီးကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ သရေစာအဖြစ်၊ သစ်သီးဝလံ တစ်မျိုးအဖြစ် စားသုံးခဲ့ကြတာ ကြာပါပြီ။ ဒါပေမယ့် သူ့မှာပါဝင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ သတိမမူမိခဲ့ကြပါဘူး။ ပင်မှည့်သီးမှာ ပါဝင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့...
၁။ ကင်ဆာရောဂါ ကာကွယ်နိုင်တယ်
ပင်မှည့်သီးအနှစ်မှာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်နေတယ်လို့ တွေ့ရှိထားပါတယ်။ နောက်ပြီး ပင်မှည့်သီးထဲမှာ တွေ့ရတဲ့ carotenoid နဲ့ polyphenol တို့ဟာ ကင်ဆာဆဲလ်ပွားများနှုန်းကို တားဆီးပေးနိုင်တဲ့ အစွမ်းထက် antioxidant တွေလည်း ဖြစ်ပါသေးတယ်။
၂။ ညအိပ်မရခြင်းကို ကုသပေးမယ်
စိတ်ဖိစီးမှု များပြားခြင်းနဲ့ အတွေးလွန်ခြင်းတို့ကြောင့် ညအိပ်မရရာကနေ အကျင့်ဖြစ်လာပြီး ညဘက်အိပ်ချိန်တွေ ပုံမှန်ထက် နောက်ကျလာတတ်တာ ရောဂါလက္ခဏာတစ်မျိုးဖြစ်ပြီး ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။ ဒါမှမဟုတ် ပင်မှည့်ဖျော်ရည် အေးအေးလေးတစ်ခွက်ကို ညအိပ်ခါနီး သောက်ပေးမယ်ဆိုရင် အာရုံကြောတွေကို တည်ငြိမ်စေနိုင်ပြီး အစာခြေအင်္ဂါ စနစ်ကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ အာရုံကြောတွေကို တည်ငြိမ်စေနိုင်တဲ့အတွက် ညအိပ်ပျော်စေဖို့အတွက်လည်း ကူညီပေးနိုင်တာပေါ့။
၃။ အစာကြေလွယ်စေတယ်
ပင်မှည့်သီးတွေဟာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် အစာအိမ်ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အစာခြေလမ်းကြောင်းနဲ့ ဝမ်းတွင်းကလီစာတွေကိုလည်း သန့်ရှင်းစင်ကြယ် စေနိုင်ပါတယ်။ နောက်ပြီး ပင်မှည့်သီးဟာ သဘာဝဝမ်းနုတ်ဆေးတစ်မျိုးအဖြစ်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ပင်မှည့်စေ့ထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာဆိုရင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။
၄။ ပန်းနာရင်ကြပ်သမားတွေအတွက် ကောင်းတယ်
အာဟာရဓာတ်ကြွယ်ဝပြီး လတ်ဆတ်တဲ့ သီးနှံတစ်မျိုးဖြစ်တဲ့ ပင်မှည့်သီးဟာ ပန်းနာရင်ကြပ်သမားတွေအတွက် ပန်းနာထခြင်းကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် ပင်မှည့်သီးမှာ ပါဝင်တဲ့ ဗိုက်တာမင်စီက ပန်းနာထစေနိုင်တဲ့ histamine ကို တားဆီးပေးနိုင်စွမ်းရှိပါတယ်။ လေ့လာမှုအသစ်တစ်ခုရဲ့ အဆိုအရ ခရမ်းရောင် ပင်မှည့်သီးအနှစ်ဟာ flavanoid ကြွယ်ဝတဲ့အတွက် သလိပ်ထခြင်းကို တားဆီးပေးနိုင်ပါတယ်တဲ့။
၅။ အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေနိုင်တယ်
ခရမ်းရောင် ပင်မှည့်သီး အနှစ်နဲ့ ပင်မှည့်သီးအစေ့တွေဟာ အဆစ်အမြစ်ရောင် ရောဂါရှိသူများနဲ့ ဂေါက်ရောဂါဝေဒနာရှင်များကို ကူညီပေးနိုင်ပါတယ်။ ပင်မှည့်ဖျော်ရည်ကို တစ်နေ့ တစ်ခွက်ခန့် သောက်သုံးပေးရုံနဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်မှာပါ။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အထာက်က် ပင္မွည္႔သီးစားၾကမယ္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။