iMyanmarHouse.com - Best Property Website for Myanmar
×

လက္ေဆာင္(၁) နားေထာင္ျခင္း လက္ေဆာင္

နားေထာင္တယ္ ဆုိတဲ့ေနရာမွာ ေလးေလးစားစား နားေထာင္ရမယ္။ ၾကားၿဖတ္ၿပီး မေၿပာရဘူး။ ေတြး ေငး စိတ္ကူးေနတာ မၿဖစ္ရဘူး။ ဘယ္လုိ တုံျပန္ေၿပာမယ္ ဆုိၿပီး စိတ္ထဲမွာ ႀကဳိတင္ စီစဥ္ မေနရဘူး။ နားေထာင္ေပးၿခင္း သက္သက္ပဲ။

လက္ေဆာင္(၂) ေမတၱာ လက္ေဆာင္

ေပြ႕ဖက္တာ၊ အနမ္းကေလးေတြ၊ ေက်ာျပင္ေလးကုိ ပုတ္ေပးတာ၊ လက္ကေလး ကုိင္တာ၊ အဲဒီ အျပဳအမူကေလးေတြက ကုိယ့္မိသားစုနဲ႔ သူငယ္ခ်င္းေတြအတြက္ ကုိယ့္အခ်စ္ကုိ ေဖာ္ၿပေပးရာတာမုိ႔ ရက္ေရာစြာေပးပါ။

လက္ေဆာင္(၃) ရယ္ေမာျခင္း လက္ေဆာင္

ကာတြန္းကေလးေတြ ေဆာင္းပါးကေလးေတြ နဲ႔ ရယ္စရာ ပုံျပင္ေလးေတြ မွ်ေ၀းေပးပါ။ အဲဒီ လက္ေဆာင္ကေလးက ကုိယ္ မင္းနဲ႔အတူ ရယ္ေမာရတာကုိ ႏွစ္သက္တယ္ ဆုိတဲ့ အဓိပၸာယ္ပါ။


လက္ေဆာင္(၄) ေရးထားတဲ့စာ လက္ေဆာင္

ရုိးရုိးကေလးလည္း ျဖစ္ႏိုင္တယ္....... " ကူညီေပးတဲ့ အတြက္ ေက်းဇူးပါ" ဆုိတာမ်ဳိးေလ၊ ဒါမွမဟုတ္ ကဗ်ာေလး တစ္ပုဒ္.....၊ ကုိယ့္လက္ေရးနဲ႔ ေရးထားတဲ့ စာတုိကေလး တစ္ေစာင္ျဖစ္ျဖစ္ ဘ၀တစ္သက္စာ အမွတ္တရ ျဖစ္ေစႏုိင္ပါတယ္၊ ဘ၀ကုိေတာင္ ေျပာင္းလဲေစႏုိင္ပါတယ္တဲ့။

လက္ေဆာင္(၅) ခ်ီးမြမ္းစကား လက္ေဆာင္

ဥပမာ.... "အနီေရာင္ေလးနဲ႔ လုိက္တယ္ေနာ္" " မင္းအေကာင္းဆုံး လုပ္ခဲ့တာပဲေနာ္" ဆုိတဲ့ စကားေလးေတြက လူတစ္ေယာက္အတြက္ အဓိပၸာယ္ရွိတဲ့ ေန႔တစ္ေန႔ ျဖစ္ေစပါတယ္။

လက္ေဆာင္(၆) တစ္ခုခု လုပ္ေဆာင္ေပးလုိက္တဲ့ လက္ေဆာင္

ေန႔တုိင္း ၾကင္နာမႈေလးေတြ ေပးပါ၊ တစ္ခုခုလုပ္ေပးပါ။

လက္ေဆာင္(၇) ထီးထီးေနခြင့္ လက္ေဆာင္

တစ္ခါတရံ တစ္ေယာက္တည္း ေနရတာထက္ ပုိေကာင္းတာ ဘာမွမရွိဘူး ဆိုတာမ်ဳိး ကုိယ့္မွာလည္း ရွိသလုိ တၿခားသူေတြ အတြက္လည္း အဲဒီ အခြင့္အေရး လက္ေဆာင္ကုိ ေပးေပးပါ၊ ကုိယ့္ေၾကာင့္ အေႏွာက္အယွက္ မၿဖစ္ေစခ်င္တဲ့ ေစတနာမ်ဳိးပါ။

လက္ေဆာင္(၈) ခ်ဳိသာရႊင္ပ်တဲ့ အက်င့္စရုိက္ လက္ေဆာင္

အလြယ္ဆုံး နည္းလမ္းက တစ္ေယာက္ေယာက္ကုိ ႏူးညံ့ ခ်ဳိသာတဲ့ စကားတစ္ခြန္းေလာက္ ေၿပာေပးပါ။ ဥပမာ......."ေက်းဇူးပါ" "သူငယ္ခ်င္း မဂၤလာပါ" ဆုိတာေလးေတြပါ။

ကဲ ေဘာ္ဒါတို႔ေကာ ဘာလက္ေဆာင္ေပးမယ္ စိတ္ကူးလဲ...

Credit:(Shan News)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
လက်ဆောင်(၁) နားထောင်ခြင်း လက်ဆောင်

နားထောင်တယ် ဆိုတဲ့နေရာမှာ လေးလေးစားစား နားထောင်ရမယ်။ ကြားဖြတ်ပြီး မပြောရဘူး။ တွေး ငေး စိတ်ကူးနေတာ မဖြစ်ရဘူး။ ဘယ်လို တုံပြန်ပြောမယ် ဆိုပြီး စိတ်ထဲမှာ ကြိုတင် စီစဉ် မနေရဘူး။ နားထောင်ပေးခြင်း သက်သက်ပဲ။

လက်ဆောင်(၂) မေတ္တာ လက်ဆောင်

ပွေ့ဖက်တာ၊ အနမ်းကလေးတွေ၊ ကျောပြင်လေးကို ပုတ်ပေးတာ၊ လက်ကလေး ကိုင်တာ၊ အဲဒီ အပြုအမူကလေးတွေက ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ကိုယ့်အချစ်ကို ဖော်ပြပေးရာတာမို့ ရက်ရောစွာပေးပါ။

လက်ဆောင်(၃) ရယ်မောခြင်း လက်ဆောင်

ကာတွန်းကလေးတွေ ဆောင်းပါးကလေးတွေ နဲ့ ရယ်စရာ ပုံပြင်လေးတွေ မျှဝေးပေးပါ။ အဲဒီ လက်ဆောင်ကလေးက ကိုယ် မင်းနဲ့အတူ ရယ်မောရတာကို နှစ်သက်တယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။


လက်ဆောင်(၄) ရေးထားတဲ့စာ လက်ဆောင်

ရိုးရိုးကလေးလည်း ဖြစ်နိုင်တယ်....... " ကူညီပေးတဲ့ အတွက် ကျေးဇူးပါ" ဆိုတာမျိုးလေ၊ ဒါမှမဟုတ် ကဗျာလေး တစ်ပုဒ်.....၊ ကိုယ့်လက်ရေးနဲ့ ရေးထားတဲ့ စာတိုကလေး တစ်စောင်ဖြစ်ဖြစ် ဘဝတစ်သက်စာ အမှတ်တရ ဖြစ်စေနိုင်ပါတယ်၊ ဘဝကိုတောင် ပြောင်းလဲစေနိုင်ပါတယ်တဲ့။

လက်ဆောင်(၅) ချီးမွမ်းစကား လက်ဆောင်

ဥပမာ.... "အနီရောင်လေးနဲ့ လိုက်တယ်နော်" " မင်းအကောင်းဆုံး လုပ်ခဲ့တာပဲနော်" ဆိုတဲ့ စကားလေးတွေက လူတစ်ယောက်အတွက် အဓိပ္ပာယ်ရှိတဲ့ နေ့တစ်နေ့ ဖြစ်စေပါတယ်။

လက်ဆောင်(၆) တစ်ခုခု လုပ်ဆောင်ပေးလိုက်တဲ့ လက်ဆောင်

နေ့တိုင်း ကြင်နာမှုလေးတွေ ပေးပါ၊ တစ်ခုခုလုပ်ပေးပါ။

လက်ဆောင်(၇) ထီးထီးနေခွင့် လက်ဆောင်

တစ်ခါတရံ တစ်ယောက်တည်း နေရတာထက် ပိုကောင်းတာ ဘာမှမရှိဘူး ဆိုတာမျိုး ကိုယ့်မှာလည်း ရှိသလို တခြားသူတွေ အတွက်လည်း အဲဒီ အခွင့်အရေး လက်ဆောင်ကို ပေးပေးပါ၊ ကိုယ့်ကြောင့် အနှောက်အယှက် မဖြစ်စေချင်တဲ့ စေတနာမျိုးပါ။

လက်ဆောင်(၈) ချိုသာရွှင်ပျတဲ့ အကျင့်စရိုက် လက်ဆောင်

အလွယ်ဆုံး နည်းလမ်းက တစ်ယောက်ယောက်ကို နူးညံ့ ချိုသာတဲ့ စကားတစ်ခွန်းလောက် ပြောပေးပါ။ ဥပမာ......."ကျေးဇူးပါ" "သူငယ်ချင်း မင်္ဂလာပါ" ဆိုတာလေးတွေပါ။

ကဲ ဘော်ဒါတို့ကော ဘာလက်ဆောင်ပေးမယ် စိတ်ကူးလဲ...

Credit:(Shan News)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top