iMyanmarHouse.com - Best Property Website for Myanmar
×

၁။ လက္သည္းမ်ား အေရာင္ ေဖ်ာ့ေနျခင္း

ေသြးအားနည္းျခင္း၊ ႏွလံုးေသြး အုိင္၍ အလုပ္မလုပ္ႏုိင္ျခင္း (Congestive Heart Failure)၊ အသည္း ေရာဂါႏွင့္ အာဟာရ မျပည့္၀မႈတို႔၏ လကၡဏာ ျဖစ္ႏုိင္ ပါတယ္။

၂။ လက္သည္းမ်ား ျဖဴေနၿပီး လက္သည္း၏ ႏႈတ္ခမ္းသားမ်ား အေရာင္ ရင့္ေနျခင္းက အသည္း ေရာဂါ လကၡဏာ တစ္ခုျဖစ္သည့္ အသည္းေရာင္ျခင္း ျဖစ္ႏုိင္ပါတယ္။

၃။ လက္သည္းမ်ား၀ါေနျခင္း

လက္သည္း ၀ါေစတဲ့ အျဖစ္မ်ားဆံုး အေၾကာင္းကေတာ့ လက္သည္းမိႈ စြဲျခင္းပါပဲ။ အျခား အျဖစ္နည္းတဲ့ လက္သည္း၀ါ ေစတဲ့အေၾကာင္းေတြ ကေတာ့ သိုင္းရြိဳက္ ေရာဂါ၊ အဆုတ္နဲ႔ ဆီးခ်ိဳေရာဂါေတြ ျဖစ္ပါတယ္။

၄။ လက္သည္းမ်ားျပာေနျခင္း

ခႏၶာကုိယ္မွာ ေအာက္ဆီဂ်င္လံု လာက္စြာ မရဘူးဆုိတဲ့ လကၡဏာပဲ ျဖစ္ပါတယ္။ ေနာက္ၿပီး ယင္းက နမိုးနီးယားကဲ့သုိ႔ အဆုတ္ေရာဂါနဲ႔ ႏွလံုးေရာဂါတို႔နဲ႔လည္း ဆက္စပ္ ႏုိင္ပါတယ္။

၅။လက္သည္း ေပၚတြင္ လိႈင္းမ်ား ထေနျခင္း သို႔မဟုတ္ အခ်ိဳင့္ငယ္မ်ား ေပၚေနျခင္း

၎ဟာ အဆစ္ေရာင္ ေရာဂါ ရဲ႕ေရွ႕ေျပးလကၡဏာ ျဖစ္ႏုိင္ပါတယ္။ ထို႔ျပင္ လက္သည္း အေရာင္မ်ား ေလ်ာ့လာၿပီး လက္သည္း ေအာက္ေျခ အသား နီညိဳေရာင္ကို ပိုၿပီး ထင္ထင္ရွားရွား ျမင္လာရတာမ်ိဳး ျဖစ္ႏုိင္ ပါတယ္။

၆။ လက္သည္းမ်ားကြဲျခင္း၊ က်ိဳး ျခင္း

ေရာဂါန႔ဲ ဆက္စပ္ ေနႏုိင္ပါတယ္။ (ဒါေပမယ့္ လက္သည္းက်ိဳး လြယ္ျခင္းနဲ႔ လက္သည္း ၀ါျခင္းတို႔ တြဲျဖစ္ပါက လက္သည္း မႈိစြဲျခင္းေၾကာင့္ ပိုျဖစ္ ႏုိင္ပါတယ္)။

၇။လက္သည္း ပတ္လည္ရွိ အသားမ်ား ေရာင္ျခင္း ႂကြက္သား ေရာဂါ ျပႆနာမ်ားေၾကာင့္ ျဖစ္ႏုိင္ပါတယ္။

၈။ လက္သည္း ေအာက္ေျခမွာ အနက္စင္းမ်ား ေပၚျခင္း အျမန္ဆံုး စစ္ေဆးသင့္ပါတယ္။ အဲဒါက အေရျပား ကင္ဆာရဲ႕လကၡဏာ တစ္ခု ျဖစ္ႏုိင္ပါတယ္။

၉။ ကိုက္ထားေသာ လက္သည္းမ်ား တခ်ိဳ႕ကိစၥေတြမွာ ၎င္းက စိတ္ပူပန္မႈရဲ႕ လကၡဏာ တစ္ခု ျဖစ္ႏုိင္ၿပီး ယင္းအက်င့္အား မေဖ်ာက္ႏုိင္ပါက ဆရာ၀န္နဲ႔ ေဆြးေႏြး သင့္ပါတယ္။

Credit: lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁။ လက်သည်းများ အရောင် ဖျော့နေခြင်း

သွေးအားနည်းခြင်း၊ နှလုံးသွေး အိုင်၍ အလုပ်မလုပ်နိုင်ခြင်း (Congestive Heart Failure)၊ အသည်း ရောဂါနှင့် အာဟာရ မပြည့်ဝမှုတို့၏ လက္ခဏာ ဖြစ်နိုင် ပါတယ်။

၂။ လက်သည်းများ ဖြူနေပြီး လက်သည်း၏ နှုတ်ခမ်းသားများ အရောင် ရင့်နေခြင်းက အသည်း ရောဂါ လက္ခဏာ တစ်ခုဖြစ်သည့် အသည်းရောင်ခြင်း ဖြစ်နိုင်ပါတယ်။

၃။ လက်သည်းများဝါနေခြင်း

လက်သည်း ဝါစေတဲ့ အဖြစ်များဆုံး အကြောင်းကတော့ လက်သည်းမှို စွဲခြင်းပါပဲ။ အခြား အဖြစ်နည်းတဲ့ လက်သည်းဝါ စေတဲ့အကြောင်းတွေ ကတော့ သိုင်းရွိုက် ရောဂါ၊ အဆုတ်နဲ့ ဆီးချိုရောဂါတွေ ဖြစ်ပါတယ်။

၄။ လက်သည်းများပြာနေခြင်း

ခန္ဓာကိုယ်မှာ အောက်ဆီဂျင်လုံ လာက်စွာ မရဘူးဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ နောက်ပြီး ယင်းက နမိုးနီးယားကဲ့သို့ အဆုတ်ရောဂါနဲ့ နှလုံးရောဂါတို့နဲ့လည်း ဆက်စပ် နိုင်ပါတယ်။

၅။လက်သည်း ပေါ်တွင် လှိုင်းများ ထနေခြင်း သို့မဟုတ် အချိုင့်ငယ်များ ပေါ်နေခြင်း

၎င်းဟာ အဆစ်ရောင် ရောဂါ ရဲ့ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်ပါတယ်။ ထို့ပြင် လက်သည်း အရောင်များ လျော့လာပြီး လက်သည်း အောက်ခြေ အသား နီညိုရောင်ကို ပိုပြီး ထင်ထင်ရှားရှား မြင်လာရတာမျိုး ဖြစ်နိုင် ပါတယ်။

၆။ လက်သည်းများကွဲခြင်း၊ ကျိုး ခြင်း

ရောဂါနဲ့ ဆက်စပ် နေနိုင်ပါတယ်။ (ဒါပေမယ့် လက်သည်းကျိုး လွယ်ခြင်းနဲ့ လက်သည်း ဝါခြင်းတို့ တွဲဖြစ်ပါက လက်သည်း မှိုစွဲခြင်းကြောင့် ပိုဖြစ် နိုင်ပါတယ်)။

၇။လက်သည်း ပတ်လည်ရှိ အသားများ ရောင်ခြင်း ကြွက်သား ရောဂါ ပြဿနာများကြောင့် ဖြစ်နိုင်ပါတယ်။

၈။ လက်သည်း အောက်ခြေမှာ အနက်စင်းများ ပေါ်ခြင်း အမြန်ဆုံး စစ်ဆေးသင့်ပါတယ်။ အဲဒါက အရေပြား ကင်ဆာရဲ့လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။

၉။ ကိုက်ထားသော လက်သည်းများ တချို့ကိစ္စတွေမှာ ၎င်းင်းက စိတ်ပူပန်မှုရဲ့ လက္ခဏာ တစ်ခု ဖြစ်နိုင်ပြီး ယင်းအကျင့်အား မဖျောက်နိုင်ပါက ဆရာဝန်နဲ့ ဆွေးနွေး သင့်ပါတယ်။

Credit: lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top