iMyanmarHouse.com - Best Property Website for Myanmar
×

ညဖက္ကမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မေပ်ာ္လို႔ စိတ္ညစ္ေနပါသလား။ အိပ္စက္ျခင္းနဲ႔ပတ္သက္ၿပီး အခက္အခဲေတြ႔ေနရပါသလား။ ဘယ္ေလာက္အိပ္အပ္ မနက္ခင္းအိပ္ရာႏိုးလာတဲ့အခါမွာ အိပ္ေရးမ၀သလို ခံစားေနရပါသလား။ ဒီလိုျဖစ္ေနတာက သင္တစ္ေယာက္တည္းမဟုတ္ပါဘူး။

အိပ္စက္မႈ မူမမွန္ျခင္းဟာ ဖြံ႕ၿဖိဳးတိုးတက္မႈရဲ႕ ေဘးထြက္ဆိုးက်ိဳးတစ္ခုျဖစ္ပါတယ္။ တစ္ေနကုန္လႈပ္ရွားသြားလာၿပီး စိတ္ဖိစီးစရာေတြ မ်ားျပားလာတာေတြက အိပ္စက္မႈကို ထိခိုက္ေစပါတယ္။ ဒါ့ေၾကာင့္ ညအခ်ိန္မွာ ႏွစ္ႏွစ္ၿခိဳက္ျခိဳက္အိပ္ေပ်ာ္ၿပီး မနက္ခင္းမွာ လန္းလန္းဆန္းဆန္းႏိုးထလာႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္းတစ္ခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။

၁။ အိပ္ရာမ၀င္ခင္မွာ တရား႐ႈမွတ္ပါ
အိပ္ရာမ၀င္ခင္မွာ အခ်ိန္အနည္းငယ္ေလာက္ ၀င္ေလထြက္ေလကို ႐ႈမွတ္ၿပီး စိတ္တည္ၿငိမ္ေအာင္ ေလ့က်င့္တာက အိပ္ေပ်ာ္ဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ ဒါ့အျပင္ စိုးရိမ္စိတ္ပူစရာကိစၥေတြရွိရင္လည္း တရားထိုင္ေနတုန္းမွာ အေျဖကို ရွာေတြ႕ႏိုင္ပါေသးတယ္။ ဒီလိုလုပ္ဖို႔အတြက္ မိနစ္အနည္းငယ္ေလာက္ အခ်ိန္ေပးလိုက္ရင္ ရပါၿပီ။ ခႏၶာကိုယ္ကို မတ္မတ္ထားၿပီး ထိုင္လိုက္ပါ။ မ်က္လံုးေတြကို မွတ္ထားၿပီး ၀င္သက္ထြက္သက္ကို အာရုံစိုက္ထားလိုက္ပါ။ ႏွာေခါင္း၀ကေန တဆင့္ေလ၀င္လာတာကို လိုက္မွတ္ၿပီး ျပန္ထြက္သြားတာကိုလည္း သိမွတ္ေနပါ။ အသက္ကို အားနဲ႔မ႐ႈပါနဲ႔။ ေခါင္းထဲမွာ အေတြးေတြ၀င္လာရင္လည္း လက္ခံလိုက္ၿပီး ျဖည္းျဖည္းခ်င္း ရွင္းထုတ္လိုက္ပါ။ အခ်ိန္ ငါး မိနစ္ကေန ဆယ့္ငါးမိနစ္ေလာက္ထိ လုပ္ႏိုင္ပါတယ္။ မ်ားမ်ားေလ့က်င့္ေလေလ အက်ိဳးေက်းဇူးကို ပိုခံစားရေလပဲ ျဖစ္ပါတယ္။

၂။ အေတြးေတြကို ခ်ေရးပါ
တစ္ေန႔တာ ေခါင္းထဲမွာ ရွိေနတဲ့အေတြးေတြကို ရွင္းထုတ္ပစ္ဖို႔ အေကာင္းဆံုးနည္းလမ္းေနာက္တစ္ခုကေတာ့ စာရြက္ေပၚမွာ ခ်ေရးလိုက္ဖို႔ပဲ ျဖစ္ပါတယ္။ သင့္အိပ္ရာေဘးနားမွာ စာရြက္နဲ႔ ေဘာပင္ကို ထားထားပါ။ အိပ္ေပ်ာ္ဖို႔ ႀကိဳးစားေနခ်ိန္မွာ ေခါင္းထဲမွာေပၚလာတဲ့အေတြးေတြကို ခ်ေရးထားလိုက္ပါ။ အေရးအသားမွန္ဖို႔၊ လက္ေရးလွဖို႔ေတြ အာရုံစိုက္မေနပါနဲ႔၊ ေခါင္းထဲက အေတြးေတြကို ထြက္ေပါက္ေပးလိုက္ဖို႔ပဲ လိုတာပါ။ တစ္ခ်ိဳ႕ေတြက ဒိုင္ယာရီသေဘာမ်ိဳးေရးတတ္ၾကပါတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ မွတ္စုေလးေလာက္ပဲ ထားၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သင့္အတြက္ အဆင္ေျပမယ့္အရာကို သံုးႏိုင္ပါတယ္။

၃။ ဖေယာင္းတိုင္းကို (၅)မိနစ္ခန္႔ ၾကည့္ပါ
ဖေယာင္းတိုင္မီးေရာင္ေလးနဲ႔ အိပ္ရာ၀င္တာက ေမွာ္ဆန္ပါတယ္။ ေခတ္ရဲ႕ဆန္းက်ယ္မႈေတြ ေပ်ာက္ဆံုးသြားၿပီး ေရွးေခတ္ဆီကို ျပန္လည္ေရာက္ရွိသြားသလို ခံစားရေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အိပ္ရာ၀င္ဖို႔ အဆင္သင့္ျဖစ္ၿပီဆိုရင္ လွ်ပ္စစ္မီးေတြကို ပိတ္ၿပီး ဖေယာင္းတိုင္ေလးတစ္တိုင္ ထြန္းထားလိုက္ပါ။ ၿပီးရင္ သင့္ရဲ႕စိတ္ေတြ တည္ၿငိမ္ေအးခ်မ္းသြားဖို႔အတြက္ အခ်ိန္ငါးမိနစ္ေလာက္ ဖေယာင္းတိုင္မီးကို စိုက္ၾကည့္ေနလိုက္ပါ။ တစ္ခုသတိထားရမွာက ဖေယာင္းတိုင္ မီးထြန္းထားၿပီး အိပ္ေပ်ာ္မသြားဖို႔ပဲ ျဖစ္ပါတယ္။

၄။ အစားကို ေသခ်ာစားပါ
မနက္စာကို ဘုရင္လိုစားပါ။ ေန႔လည္စာကို မင္းသားလိုစားပါ။ ညစာကို ဆင္းရဲသားလို စားပါဆိုတဲ့ စကားရွိပါတယ္။ ဗိုက္ဆာေနလ်က္နဲ႔ အိပ္ရာ၀င္မယ္ဆိုရင္ ေကာင္းေကာင္းအိပ္ေပ်ာ္မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ေန႔ဘက္မွာ မနက္စာ၊ ေန႔လည္စာ၊ ညစာေတြကို ေသခ်ာလံုေလာက္ေအာင္ စားသံုးေပးဖို႔ လိုပါတယ္။ သင့္ဦးေႏွာက္နဲ႔ ခႏၶာကိုယ္က ေရဓာတ္ျပည့္၀ေနဖို႔အတြက္လည္း ေရမ်ားမ်ားေသာက္ေပးရမွာ ျဖစ္ပါတယ္။

၅။ ၀တၳဳရွည္တစ္ခုခု ဖတ္ပါ
၀တၳဳရွည္ေတြက ကၽြန္ေတာ္ပတ္၀န္းက်င္ကို ေမ့သြားေစႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ အလုပ္အေၾကာင္၊ မိသားစုအေရးကိစၥ၊ ေငြေၾကးကိစၥ စတာေတြကို ေမ့သြားၿပီး စာေရးဆရာရဲ႕ဖန္တီးမႈ ကမာၻထဲကို ႏွစ္ေမ်ာသြားေစႏိုင္ပါတယ္။ အိပ္ရာမ၀င္ခင္ နာရီ၀က္အလိုေလာက္မွာ စာဖတ္တာက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ မအိပ္ခင္မွာ ႐ုပ္သံဇာတ္လမ္းေတြ ၾကည့္တာက အိပ္စက္ျခင္းကို အေႏွာက္အယွက္ျဖစ္ေစႏိုင္ပါတယ္။

Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ညဖက်ကမှာ နှစ်နှစ်ခြိုက်ခြိုက် အိမ်မပျော်လို့ စိတ်ညစ်နေပါသလား။ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အခက်အခဲတွေ့နေရပါသလား။ ဘယ်လောက်အိပ်အပ် မနက်ခင်းအိပ်ရာနိုးလာတဲ့အခါမှာ အိပ်ရေးမဝသလို ခံစားနေရပါသလား။ ဒီလိုဖြစ်နေတာက သင်တစ်ယောက်တည်းမဟုတ်ပါဘူး။

အိပ်စက်မှု မူမမှန်ခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ တစ်နေကုန်လှုပ်ရှားသွားလာပြီး စိတ်ဖိစီးစရာတွေ များပြားလာတာတွေက အိပ်စက်မှုကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ညအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး မနက်ခင်းမှာ လန်းလန်းဆန်းဆန်းနိုးထလာနိုင်ဖို့အတွက် နည်းလမ်းကောင်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ အိပ်ရာမဝင်ခင်မှာ တရားရှုမှတ်ပါ
အိပ်ရာမဝင်ခင်မှာ အချိန်အနည်းငယ်လောက် ဝင်လေထွက်လေကို ရှုမှတ်ပြီး စိတ်တည်ငြိမ်အောင် လေ့ကျင့်တာက အိပ်ပျော်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် စိုးရိမ်စိတ်ပူစရာကိစ္စတွေရှိရင်လည်း တရားထိုင်နေတုန်းမှာ အဖြေကို ရှာတွေ့နိုင်ပါသေးတယ်။ ဒီလိုလုပ်ဖို့အတွက် မိနစ်အနည်းငယ်လောက် အချိန်ပေးလိုက်ရင် ရပါပြီ။ ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး ထိုင်လိုက်ပါ။ မျက်လုံးတွေကို မှတ်ထားပြီး ဝင်သက်ထွက်သက်ကို အာရုံစိုက်ထားလိုက်ပါ။ နှာခေါင်းဝကနေ တဆင့်လေဝင်လာတာကို လိုက်မှတ်ပြီး ပြန်ထွက်သွားတာကိုလည်း သိမှတ်နေပါ။ အသက်ကို အားနဲ့မရှုပါနဲ့။ ခေါင်းထဲမှာ အတွေးတွေဝင်လာရင်လည်း လက်ခံလိုက်ပြီး ဖြည်းဖြည်းချင်း ရှင်းထုတ်လိုက်ပါ။ အချိန် ငါး မိနစ်ကနေ ဆယ့်ငါးမိနစ်လောက်ထိ လုပ်နိုင်ပါတယ်။ များများလေ့ကျင့်လေလေ အကျိုးကျေးဇူးကို ပိုခံစားရလေပဲ ဖြစ်ပါတယ်။

၂။ အတွေးတွေကို ချရေးပါ
တစ်နေ့တာ ခေါင်းထဲမှာ ရှိနေတဲ့အတွေးတွေကို ရှင်းထုတ်ပစ်ဖို့ အကောင်းဆုံးနည်းလမ်းနောက်တစ်ခုကတော့ စာရွက်ပေါ်မှာ ချရေးလိုက်ဖို့ပဲ ဖြစ်ပါတယ်။ သင့်အိပ်ရာဘေးနားမှာ စာရွက်နဲ့ ဘောပင်ကို ထားထားပါ။ အိပ်ပျော်ဖို့ ကြိုးစားနေချိန်မှာ ခေါင်းထဲမှာပေါ်လာတဲ့အတွေးတွေကို ချရေးထားလိုက်ပါ။ အရေးအသားမှန်ဖို့၊ လက်ရေးလှဖို့တွေ အာရုံစိုက်မနေပါနဲ့၊ ခေါင်းထဲက အတွေးတွေကို ထွက်ပေါက်ပေးလိုက်ဖို့ပဲ လိုတာပါ။ တစ်ချို့တွေက ဒိုင်ယာရီသဘောမျိုးရေးတတ်ကြပါတယ်။ တစ်ချို့တွေကတော့ မှတ်စုလေးလောက်ပဲ ထားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင့်အတွက် အဆင်ပြေမယ့်အရာကို သုံးနိုင်ပါတယ်။

၃။ ဖယောင်းတိုင်းကို (၅)မိနစ်ခန့် ကြည့်ပါ
ဖယောင်းတိုင်မီးရောင်လေးနဲ့ အိပ်ရာဝင်တာက မှော်ဆန်ပါတယ်။ ခေတ်ရဲ့ဆန်းကျယ်မှုတွေ ပျောက်ဆုံးသွားပြီး ရှေးခေတ်ဆီကို ပြန်လည်ရောက်ရှိသွားသလို ခံစားရစေနိုင်ပါတယ်။ ဒါ့ကြောင့် အိပ်ရာဝင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် လျှပ်စစ်မီးတွေကို ပိတ်ပြီး ဖယောင်းတိုင်လေးတစ်တိုင် ထွန်းထားလိုက်ပါ။ ပြီးရင် သင့်ရဲ့စိတ်တွေ တည်ငြိမ်အေးချမ်းသွားဖို့အတွက် အချိန်ငါးမိနစ်လောက် ဖယောင်းတိုင်မီးကို စိုက်ကြည့်နေလိုက်ပါ။ တစ်ခုသတိထားရမှာက ဖယောင်းတိုင် မီးထွန်းထားပြီး အိပ်ပျော်မသွားဖို့ပဲ ဖြစ်ပါတယ်။

၄။ အစားကို သေချာစားပါ
မနက်စာကို ဘုရင်လိုစားပါ။ နေ့လည်စာကို မင်းသားလိုစားပါ။ ညစာကို ဆင်းရဲသားလို စားပါဆိုတဲ့ စကားရှိပါတယ်။ ဗိုက်ဆာနေလျက်နဲ့ အိပ်ရာဝင်မယ်ဆိုရင် ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် နေ့ဘက်မှာ မနက်စာ၊ နေ့လည်စာ၊ ညစာတွေကို သေချာလုံလောက်အောင် စားသုံးပေးဖို့ လိုပါတယ်။ သင့်ဦးနှောက်နဲ့ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့အတွက်လည်း ရေများများသောက်ပေးရမှာ ဖြစ်ပါတယ်။

၅။ ဝတ္ထုရှည်တစ်ခုခု ဖတ်ပါ
ဝတ္ထုရှည်တွေက ကျွန်တော်ပတ်ဝန်းကျင်ကို မေ့သွားစေနိုင်ပါတယ်။ ကျွန်တော်တို့ အလုပ်အကြောင်၊ မိသားစုအရေးကိစ္စ၊ ငွေကြေးကိစ္စ စတာတွေကို မေ့သွားပြီး စာရေးဆရာရဲ့ဖန်တီးမှု ကမ္ဘာထဲကို နှစ်မျောသွားစေနိုင်ပါတယ်။ အိပ်ရာမဝင်ခင် နာရီဝက်အလိုလောက်မှာ စာဖတ်တာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ မအိပ်ခင်မှာ ရုပ်သံဇာတ်လမ်းတွေ ကြည့်တာက အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top