“ခါးနာေရာဂါဟာ တျခားေရာဂါေတြလုိ ခဏေလးနဲ႔ေပ်ာက္ႏုိင္တဲ့ ေရာဂါမဟုတ္ပါဘူး။ ေပ်ာက္သြား လုိက္ျပန္ျဖစ္လုိက္ျဖစ္တဲ့ ေရာဂါမ်ဳိးပါ” ဟု အ႐ိုး၊ အေၾကာ၊ အဆစ္ အထူးကုဆရာဝန္ႀကီး ပါေမာကၡ ေဒါက္တာခ်စ္စုိးကေျပာသည္။
ခါးနာျခင္းအမ်ဳိးမ်ဳိးရွိ
ခါးနာျခင္းသည္ အမ်ဳိးမ်ဳိးရွိၿပီး ထိခုိက္ဒဏ္ရာေၾကာင့္ ခါးနာျခင္း၊ ခါး႐ုိးဆစ္ တီဘီေရာဂါေၾကာင့္ ခါးနာျခင္း၊ အထုိင္မ်ားေသာ အလုပ္မ်ားကုိေန႔စဥ္လုပ္ေဆာင္ေနၿပီး ကုိယ္လက္လႈပ္ရွားမႈေလ့က်င့္ခန္း လုပ္မႈနည္းပါးျခင္းေၾကာင့္ ခါးနာျခင္းစသည္အေၾကာင္းအမ်ဳိးမ်ဳိးတုိ႔ေၾကာင့္ ခါးနာျခင္းကုိခံစားရႏုိင္ ေၾကာင္းသိရသည္။
ဘယ္လုိေနထုိင္မႈပုံစံေတြက ခါးနာေစႏုိင္သလဲ
“အဆစ္မေရာင္ဘဲ ခါးနာျခင္းအေနနဲ႔ အဓိကဆုိင္တာက အေလးအပင္ေတြ ကုန္းၿပီးေတာ့ မလုိက္တာ မ်ဳိးေတြ၊ ပတ္လက္ကုလားထုိင္တုိ႔ ပုခက္တုိ႔လုိမ်ဳိးေတြမွာ အိပ္တာမ်ဳိးေတြက ခါးကုိနာတာျဖစ္ႏုိင္ တယ္။ ဥပမာ ဖင္ထုိင္ခုံမွာ ထုိင္ရင္လည္းခါးကုိ မတ္မတ္အေနအထားေက်ာနဲ႔ထုိင္ခုံကပ္၊ တင္ပါးက လည္း သူေနရာႏွင့္သူ မတ္မတ္သေဘာမ်ဳိးျဖစ္ေအာင္ထုိင္ရမယ္။ ခါးႀကီးကကုန္းၿပီးေတာ့ ထုိင္ေနတာ မ်ဳိးေတြက မလုပ္သင့္ဘူး။ ထုိင္ပုံထုိင္နည္း၊ အိပ္နည္းေတြက နည္းစနစ္မွန္မွန္ေနထိုင္မွ ေကာင္းတာမ ဟုတ္ရင္ ခါးကနာသြားႏုိင္တယ္” ဟုေျပာၾကားသည္။
လူအမ်ားစုသည္ ထုိင္ရာတြင္ ခါးကုိတည့္မတ္သည့္ပုံစံျဖင့္ ထုိင္ျခင္းမရွိဘဲ ဆုိဖာကဲ့သုိ႔ေသာ ထုိင္ခုံ မ်ားေပၚတြင္ အခ်ိန္ၾကာၾကာ ထုိင္မိေနျခင္းကုိ ပိုမုိဂ႐ုစုိက္သင့္ၿပီး ခါးဆစ္႐ိုးအေနအထားကုိ တည့္မတ္ ျခင္းမရွိသည့္ ထုိင္ခုံမ်ားတြင္ၾကာၾကာထုိင္ပါက ခါးနာျခင္းကုိျဖစ္ေပၚေစႏုိင္ေၾကာင္း သိရသည္။
ဘာေတြေရွာင္ၾကဥ္သင့္သလဲ
ခါးနာျခင္းေဝဒနာမျဖစ္ေပၚေစရန္အတြက္ မႏုိင္ေသာအေလးအပင္ပစၥည္းမ်ားကုိ ကုန္း၍မယူျခင္း၊ ထမ္းျခင္းမ်ား၊ အထုိင္မ်ားၿပီး လမ္းေလွ်ာက္မႈနည္းျခင္းမ်ား၊ အိစက္ေပ်ာ့ေပ်ာင္းေသာအိပ္ရာေပၚတြင္ အခ်ိန္ၾကာရွည္စြာအအိပ္မ်ားျခင္း ေညာင္းညာျခင္းတို႔ေၾကာင့္ ခါး႐ုိးေပၚတြင္ အႏွိပ္ခံတတ္သူမ်ား စသည္တုိ႔ကုိ အထူးသတိထားေရွာင္ရွားသင့္ေၾကာင္းႏွင့္ အဆစ္မ်ားမေရာင္ဘဲႏွင့္ျဖစ္ေသာ ခါးနာျခင္း သည္ေနထုိင္မႈပုံစံ ပုံမွန္မဟုတ္ျခင္းေၾကာင့္ ခါးနာျခင္းျဖစ္ေၾကာင္း သိရသည္။
လူငယ္မ်ားတြင္အျဖစ္မ်ားတတ္ေသာ ခါးနာျခင္း
ခါး႐ုိးမ်ားေရာင္ျခင္းေၾကာင့္ ခါးနာျခင္းကုိ လူငယ္မ်ားတြင္ ပိုမုိအျဖစ္မ်ားသည္ကုိ ေတြ႕ရေၾကာင္း၊ အဆစ္ေရာင္ခါးနာဟု ေခၚဆုိႏုိင္ေၾကာင္း သိရသည္။
“ဘယ္လုိသိသာသလဲဆုိေတာ့ ခါးနယ္တယ္။ အသက္ကလည္း ၄၀ မေက်ာ္ေသးဘူး။ အဲဒီလူက မနက္ေစာေစာမွာ ပိုနာတယ္ဆုိရင္ ခါးဆစ္႐ုိးေတြေရာင္လုိ႔ ခါးနာျဖစ္တဲ့ခါးနာေရာဂါျဖစ္တာမ်ားတယ္” ဟု ပါေမာကၡေဒါက္တာခ်စ္စုိးက ေျပာသည္။
ခါးဆစ္ေရာက္ေလးဖက္နာလကၡဏာ
ခါး႐ုိးေရာင္သူသည္ မတ္တတ္ရပ္ၿပီး လက္ဖ်ားႏွင့္ၾကမ္းျပင္ကုိထိေစရန္ ခႏၶာကုိယ္ကုိ ကုိင္းၾကည့္ပါ ကလက္ဖ်ားႏွင့္ ၾကမ္းျပင္မထိေတာ့ဘဲ ေက်ာ႐ုိးႀကီးေတာင့္ေနသည္ဆုိပါက ခါးဆစ္ေရာင္ေလးဖက္နာ ဟု ယူဆ၍ရေၾကာင္း သိရသည္။
ပုိေသခ်ာေစရန္အတြက္ ခါးဆစ္႐ိုးကုိ ဓာတ္မွန္႐ုိက္ၾကည့္လုိက္ပါက တင္ပါးခ်ဳိင့္႐ုိးအဆစ္သည္ ေရာင္ ေနျခင္းကိုေတြ႕ရွိပါက အဆစ္ေရာင္ခါးနာေရာဂါ ျဖစ္ေၾကာင္း၊ ယင္းေရာဂါကုိ ကုသရာတြင္ ေလးဖက္ နာေရာဂါတြင္သုံးေသာ ခုခံဓာတ္ကုိထိန္းေဆးမ်ားကုိ ေသာက္ရေၾကာင္း သိရသည္။
ခါးဆစ္မ်ားမေရာင္ဘဲႏွင့္ ခါးနာျခင္း
“ေနာက္တစ္မ်ဳိးကေတာ့ ခါးဆစ္ေတြမေရာင္ဘဲနဲ႔ ခါးနာတာ။ အဲဒါကေတာ့ အေလးအပင္မလုိ႔ ျဖစ္တာ မ်ဳိးေတြ၊ ေနထုိင္မေကာင္းလုိ႔ ႂကြက္သားေတြနာသြားတာမ်ဳိးေတြ၊ အဲဒါမ်ဳိးေတြကသိပ္ၿပီးေတာ့ နာတာ ရွည္ျဖစ္တာမဟုတ္ဘူး။ ေဆးလဲသိပ္ေပးလုိ႔မရဘူး။ အဲဒီမွာအေရးႀကီးတာက အေနအထိုင္မွန္ေအာင္ လုပ္ဖုိ႔နဲ႔ႂကြက္သားေတြသန္ေအာင္ လုပ္ဖုိ႔လုိပါတယ္။ အဲလုိလူေတြကုိက်ေတာ့ ေလ့က်င့္ခန္းဌာနနဲ႔ ပုိဆုိင္တာေပါ့” ဟုေျပာသည္။
လူလတ္ပုိင္းတြင္ ပုိအျဖစ္မ်ားေသာခါးနာျခင္း
ယင္းသုိ႔ေသာအဆစ္မ်ား ေရာင္ေနသည့္ ခါးနာလူနာမ်ားကုိေလ့က်င့္ခန္းဌာနသုိ႔ လႊဲေျပာင္းေပးလုိက္ ၿပီးအဆုိပါဌာနမွ ခါးေၾကာမ်ားသန္ေစရန္အတြက္ ေလ့က်င့္ခန္းမ်ားျပဳလုပ္ေပးျခင္းျဖင့္ ခါးနာေရာဂါ သည္သက္သာေပ်ာက္ကင္းႏုိင္မည္ျဖစ္ေၾကာင္း၊ ယင္းသုိ႔ျဖစ္ပြားျခင္းသည္ လူလတ္ပုိင္းတုိ႔တြင္ ပုိအျဖစ္မ်ားေၾကာင္း သိရသည္။
“တခ်ဳိ႕ခါးနာေရာဂါေတြက သတိမထားမိရင္ ကုသဖုိ႔ခက္ခဲရေလာက္ေအာင္ ဆုိးရြားႏုိင္တာမ်ဳိးေတြ ရွိတယ္။ ခါးနာတဲ့ပုံစံအေပၚမူတည္ၿပီး ကုသမႈကလဲ ကြာျခားပါတယ္။ ဒါေၾကာင့္ခါးနာမႈစတင္လာၿပီဆုိ ရင္ သက္ဆိုင္ရာဆရာဝန္ေတြနဲ႔ ျပသကုသမႈ ခံယူၾကဖုိ႔လုိပါတယ္” ဟု ပါေမာကၡေဒါက္တာခ်စ္စုိးက အႀကံျပဳေျပာၾကားခဲ့သည္။
Credit:Democracy Today Daily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
“ခါးနာရောဂါဟာ တခြားရောဂါတွေလို ခဏလေးနဲ့ပျောက်နိုင်တဲ့ ရောဂါမဟုတ်ပါဘူး။ ပျောက်သွား လိုက်ပြန်ဖြစ်လိုက်ဖြစ်တဲ့ ရောဂါမျိုးပါ” ဟု အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာချစ်စိုးကပြောသည်။
ခါးနာခြင်းအမျိုးမျိုးရှိ
ခါးနာခြင်းသည် အမျိုးမျိုးရှိပြီး ထိခိုက်ဒဏ်ရာကြောင့် ခါးနာခြင်း၊ ခါးရိုးဆစ် တီဘီရောဂါကြောင့် ခါးနာခြင်း၊ အထိုင်များသော အလုပ်များကိုနေ့စဉ်လုပ်ဆောင်နေပြီး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း လုပ်မှုနည်းပါးခြင်းကြောင့် ခါးနာခြင်းစသည်အကြောင်းအမျိုးမျိုးတို့ကြောင့် ခါးနာခြင်းကိုခံစားရနိုင် ကြောင်းသိရသည်။
ဘယ်လိုနေထိုင်မှုပုံစံတွေက ခါးနာစေနိုင်သလဲ
“အဆစ်မရောင်ဘဲ ခါးနာခြင်းအနေနဲ့ အဓိကဆိုင်တာက အလေးအပင်တွေ ကုန်းပြီးတော့ မလိုက်တာ မျိုးတွေ၊ ပတ်လက်ကုလားထိုင်တို့ ပုခက်တို့လိုမျိုးတွေမှာ အိပ်တာမျိုးတွေက ခါးကိုနာတာဖြစ်နိုင် တယ်။ ဥပမာ ဖင်ထိုင်ခုံမှာ ထိုင်ရင်လည်းခါးကို မတ်မတ်အနေအထားကျောနဲ့ထိုင်ခုံကပ်၊ တင်ပါးက လည်း သူနေရာနှင့်သူ မတ်မတ်သဘောမျိုးဖြစ်အောင်ထိုင်ရမယ်။ ခါးကြီးကကုန်းပြီးတော့ ထိုင်နေတာ မျိုးတွေက မလုပ်သင့်ဘူး။ ထိုင်ပုံထိုင်နည်း၊ အိပ်နည်းတွေက နည်းစနစ်မှန်မှန်နေထိုင်မှ ကောင်းတာမ ဟုတ်ရင် ခါးကနာသွားနိုင်တယ်” ဟုပြောကြားသည်။
လူအများစုသည် ထိုင်ရာတွင် ခါးကိုတည့်မတ်သည့်ပုံစံဖြင့် ထိုင်ခြင်းမရှိဘဲ ဆိုဖာကဲ့သို့သော ထိုင်ခုံ များပေါ်တွင် အချိန်ကြာကြာ ထိုင်မိနေခြင်းကို ပိုမိုဂရုစိုက်သင့်ပြီး ခါးဆစ်ရိုးအနေအထားကို တည့်မတ် ခြင်းမရှိသည့် ထိုင်ခုံများတွင်ကြာကြာထိုင်ပါက ခါးနာခြင်းကိုဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။
ဘာတွေရှောင်ကြဉ်သင့်သလဲ
ခါးနာခြင်းဝေဒနာမဖြစ်ပေါ်စေရန်အတွက် မနိုင်သောအလေးအပင်ပစ္စည်းများကို ကုန်း၍မယူခြင်း၊ ထမ်းခြင်းများ၊ အထိုင်များပြီး လမ်းလျှောက်မှုနည်းခြင်းများ၊ အိစက်ပျော့ပျောင်းသောအိပ်ရာပေါ်တွင် အချိန်ကြာရှည်စွာအအိပ်များခြင်း ညောင်းညာခြင်းတို့ကြောင့် ခါးရိုးပေါ်တွင် အနှိပ်ခံတတ်သူများ စသည်တို့ကို အထူးသတိထားရှောင်ရှားသင့်ကြောင်းနှင့် အဆစ်များမရောင်ဘဲနှင့်ဖြစ်သော ခါးနာခြင်း သည်နေထိုင်မှုပုံစံ ပုံမှန်မဟုတ်ခြင်းကြောင့် ခါးနာခြင်းဖြစ်ကြောင်း သိရသည်။
လူငယ်များတွင်အဖြစ်များတတ်သော ခါးနာခြင်း
ခါးရိုးများရောင်ခြင်းကြောင့် ခါးနာခြင်းကို လူငယ်များတွင် ပိုမိုအဖြစ်များသည်ကို တွေ့ရကြောင်း၊ အဆစ်ရောင်ခါးနာဟု ခေါ်ဆိုနိုင်ကြောင်း သိရသည်။
“ဘယ်လိုသိသာသလဲဆိုတော့ ခါးနယ်တယ်။ အသက်ကလည်း ၄၀ မကျော်သေးဘူး။ အဲဒီလူက မနက်စောစောမှာ ပိုနာတယ်ဆိုရင် ခါးဆစ်ရိုးတွေရောင်လို့ ခါးနာဖြစ်တဲ့ခါးနာရောဂါဖြစ်တာများတယ်” ဟု ပါမောက္ခဒေါက်တာချစ်စိုးက ပြောသည်။
ခါးဆစ်ရောက်လေးဖက်နာလက္ခဏာ
ခါးရိုးရောင်သူသည် မတ်တတ်ရပ်ပြီး လက်ဖျားနှင့်ကြမ်းပြင်ကိုထိစေရန် ခန္ဓာကိုယ်ကို ကိုင်းကြည့်ပါ ကလက်ဖျားနှင့် ကြမ်းပြင်မထိတော့ဘဲ ကျောရိုးကြီးတောင့်နေသည်ဆိုပါက ခါးဆစ်ရောင်လေးဖက်နာ ဟု ယူဆ၍ရကြောင်း သိရသည်။
ပိုသေချာစေရန်အတွက် ခါးဆစ်ရိုးကို ဓာတ်မှန်ရိုက်ကြည့်လိုက်ပါက တင်ပါးချိုင့်ရိုးအဆစ်သည် ရောင် နေခြင်းကိုတွေ့ရှိပါက အဆစ်ရောင်ခါးနာရောဂါ ဖြစ်ကြောင်း၊ ယင်းရောဂါကို ကုသရာတွင် လေးဖက် နာရောဂါတွင်သုံးသော ခုခံဓာတ်ကိုထိန်းဆေးများကို သောက်ရကြောင်း သိရသည်။
ခါးဆစ်များမရောင်ဘဲနှင့် ခါးနာခြင်း
“နောက်တစ်မျိုးကတော့ ခါးဆစ်တွေမရောင်ဘဲနဲ့ ခါးနာတာ။ အဲဒါကတော့ အလေးအပင်မလို့ ဖြစ်တာ မျိုးတွေ၊ နေထိုင်မကောင်းလို့ ကြွက်သားတွေနာသွားတာမျိုးတွေ၊ အဲဒါမျိုးတွေကသိပ်ပြီးတော့ နာတာ ရှည်ဖြစ်တာမဟုတ်ဘူး။ ဆေးလဲသိပ်ပေးလို့မရဘူး။ အဲဒီမှာအရေးကြီးတာက အနေအထိုင်မှန်အောင် လုပ်ဖို့နဲ့ကြွက်သားတွေသန်အောင် လုပ်ဖို့လိုပါတယ်။ အဲလိုလူတွေကိုကျတော့ လေ့ကျင့်ခန်းဌာနနဲ့ ပိုဆိုင်တာပေါ့” ဟုပြောသည်။
လူလတ်ပိုင်းတွင် ပိုအဖြစ်များသောခါးနာခြင်း
ယင်းသို့သောအဆစ်များ ရောင်နေသည့် ခါးနာလူနာများကိုလေ့ကျင့်ခန်းဌာနသို့ လွှဲပြောင်းပေးလိုက် ပြီးအဆိုပါဌာနမှ ခါးကြောများသန်စေရန်အတွက် လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းဖြင့် ခါးနာရောဂါ သည်သက်သာပျောက်ကင်းနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ဖြစ်ပွားခြင်းသည် လူလတ်ပိုင်းတို့တွင် ပိုအဖြစ်များကြောင်း သိရသည်။
“တချို့ခါးနာရောဂါတွေက သတိမထားမိရင် ကုသဖို့ခက်ခဲရလောက်အောင် ဆိုးရွားနိုင်တာမျိုးတွေ ရှိတယ်။ ခါးနာတဲ့ပုံစံအပေါ်မူတည်ပြီး ကုသမှုကလဲ ကွာခြားပါတယ်။ ဒါကြောင့်ခါးနာမှုစတင်လာပြီဆို ရင် သက်ဆိုင်ရာဆရာဝန်တွေနဲ့ ပြသကုသမှု ခံယူကြဖို့လိုပါတယ်” ဟု ပါမောက္ခဒေါက်တာချစ်စိုးက အကြံပြုပြောကြားခဲ့သည်။
Credit:Democracy Today Daily
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဘာေၾကာင့္ခါးနာရသလဲ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။