iMyanmarHouse.com - Best Property Website for Myanmar
×


ပါဝင်ပစ္စည်း



ပြင်ဆင်ခြင်း


ဘယ်လိုသုံးမလဲ



Credit : MyStyle

အသားအရေ အဆီပြန်တာနဲ့ဆဲလ်သေတွေကြောင့် ဆားဝက်ခြံဖြစ်ပေါ်ရတာဖြစ်ပြီး ချွေးပေါက်ပိတ်စေပါတယ်။ ဒါ့ကြောင့် ဆားဝက်ခြံကနေ ဝက်ခြံဖြစ်စေပါတယ်။ ဒါ့ကြောင့် ဆားဝက်ခြံလေးတွေကို ဖယ်ရှားပြီး အသားအရေကို ကြည်လင်စေမယ့် နည်းလမ်းကိုမျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

ဂျယ်လီမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

နို့ (မည်သည့်နို့မဆို) စားပွဲတင်ဇွန်း ၄ ဇွန်း

ပြင်ဆင်ခြင်း

ခွက်တစ်လုံးထဲကို ဂျယ်လီမှုန့်ထည့်ပြီး Microwave ထဲထည့်ထားလိုက်ပါ။ ပြီးရင်နို့ထည့်လိုက်ပြီး Microwave ကို ၁၀ စက္ကန့်ကနေ ၁၅ စက္ကန့်ထိ အပူပေးလိုက်ပါ။ ပြီးရင် အအေးခံလိုက်ပါ။

ဘယ်လိုသုံးမလဲ

အရင်ဆုံး မျက်နှာကို ရေနွေး၊ ဆပ်ပြာနဲ့ သစ်လိုက်ပါ။ ပြီးရင် မျက်နှာအနှံ့ကို လိမ်းပေးလိုက်ပါ။ မိနစ် ၄၀ လောက်ထားပြီး အခြောက်ခံလိုက်ပါ။ ပြီးရင် ခွာချပေးလိုက်ပြီး မျက်နှာသစ်ပေးပါ။ အဲဒီနောက် မျက်နှာကို ခြောက်အောင်သုတ်ပြီး ခရင်မ်တမျိုးမျိုးလိမ်းပေးထားပါ။

တစ်ပတ်ကို ၃ ကြိမ်လုပ်နိုင်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top