iMyanmarHouse.com - Best Property Website for Myanmar
×

ပ်င္းတယ္ဆိုတာ နာမည္ကသာမေကာင္းတာရယ္.. လူကေတာ့ အင္မတန္သက္သာတာကလား.. အယ္လယ္… 😀 အလကားေျပာတာပါ။ ပ်င္းတယ္ဆိုတာက တစ္ခါတေလမွာ ကိုယ့္ရဲ႕ တိုးတက္ရာတိုးတက္ေၾကာင္းကို ပိတ္ဆို႔ေစတတ္တဲ့ အဟန္႔အတားႀကီး ျဖစ္ေစပါတယ္။ ဒါေပမဲ့ တစ္ခါတေလက်ျပန္ေတာ့လည္း ပ်င္းလို႔ရလို႔ ပ်င္းတာေလေနာ္.. ပ်င္းလို႔မရရင္ ဘယ္ပ်င္းမတုန္း ဟုတ္ဘူးလား 😀 ပ်င္းလို႔ရတုန္းေလး ပ်င္းပါရေစေပါ့ ဟီးဟီး.. ဥာဏ္ရည္ျမင့္တဲ့သူေတြက ပ်င္းတတ္ၾကတယ္တဲ့.. ပ်င္းတတ္တဲ့ လူေတြကလည္း ေတာ္ရံုလူ မေတြးႏိုင္တဲ့ အေတြးေတြကို ေတြးတတ္ၾကၿပီး ေအာင္ျမင္တတ္ၾကျပန္တယ္တဲ့.. ကဲ.. ဒီလိုဆိုေတာ့လည္း ပ်င္းရတာ အက်ိဳးရွိသား :p ဒီေတာ့ အက္ဒ္မင္က ပ်င္းတတ္တဲ့ ေကာင္မေလးေတြရဲ႕ အက်င့္ေလးေတြကို နည္းနည္းရႊီးၾကည့္မယ္… လိုေနရင္လည္း ျပန္ေျပာေနာ္ 😛 သူတို႔အက်င့္ေတြကေတာ့ ဒီလိုပါတဲ့ ေယာင္းတို႔ေရ…

ဝတ္ၿပီးသားအဝတ္ ျပန္နမ္းႀကည့္ျပီး မနံေသးဘူးဆိုၿပီး ျပန္ဝတ္တတ္တယ္။

စားၿပီးသား ပန္းကန္ေတြကို စုထားၿပီး ပံုလာေတာ့မွ စုေဆးတတ္ၾကပါတယ္

အဝတ္ေလွ်ာ္ဖို႕ကို စေနေန႕ညေတြပဲေရြးတတ္ႀကတယ္။ဒါမွ တနဂၤေႏြက် အဝတ္ေျခာက္မွာေလ။

အိပ္ယာထဖို႕ ႏႈိးစက္ကို ငါးမိနစ္ဆီျခားၿပီးေပးထားၿပီးမွ အိပ္ယာထတတ္တယ္။

ေခါင္းေလွ်ာ္ဖိုု႕ ရက္ေရြးၿပီး ရာသီဥတုၾကည့္လိုက္၊ အခ်ိန္ၾကည့္လိုက္၊ အေနအထားၾကည့္လိုက္နဲ႔ အခ်ိန္ဆြဲတတ္ပါေသးတယ္္။

အိပ္ယာေသေသသပ္သပ္ခင္းဖို႕ပ်င္းေနရင္လည္း ျဖစ္သလိုအိပ္လိုက္တာပါပဲ။

လက္သည္းအလွဆင္ဖို႔တို႔၊ လက္သည္းဆိုးရမွာတို႔ က်ျပန္ေတာ့လည္း ဖ်က္ရမွာပ်င္းလို႔ဆိုၿပီး လက္သည္းအရွည္လည္း မထားခ်င္ၾကဘူးေလ။

ညဘက္ မိတ္ကပ္မဖ်က္ဘဲ အိပ္တတ္တယ္။

အျပင္သြားရင္သယ္ရတာပ်င္းလို႕ ေပါ့ေပါ့ပါးပါး အိတ္ေသးေသးေလးပဲ လြယ္တတ္ၾကျပန္ေရာ။

ပံုးတစ္ပံုး၊ ခြက္ေလးတစ္ခြက္ထဲမွာပဲ အလွျပင္ ပစၥည္းေတြ၊ ေဘာပင္ေတြ၊ စာအုပ္ေတြ အားသြင္းႀကိဳးေတြ ျမင္သမွ် အကုန္စုထည့္ထားတတ္တာလည္း သူတို႔ပါပဲ။

ဖိနပ္ဆိုလည္း အျပင္သြားခါနီးမွ ဖုန္သုတ္ဖို႕ သတိရလို႔ အျပင္ထြက္ခါနီး ထိုင္သုတ္ရတဲ့ အျဖစ္ကေတာ့ ခဏခဏပဲ။

အေႏြးထည္ထူထူေတြဆို တစ္ခါဝတ္ၿပီး ျပန္သိမ္းထားလုိက္ေရာ။ ေလွ်ာ္ခဲတယ္ေလ 😀

အားကစားလုပ္မယ္ဆိုၿပီး ဝယ္ထားတဲ့စက္ေတြလည္း တစ္ပတ္တစ္ခါေတာင္ ေဆာ့ဖို႕ပ်င္းလို႕ ေခ်ာင္ထိုးထားတတ္ၾကတယ္မဟုတ္လား.. မွန္မွန္ေျဖ 😛

အကႌ်တိုင္းကို မီးပူတိုက္တယ္ဆိုတာ ေတာ္ေတာ္ႀကီးကိုရွားတယ္။ (မီးပူ မတိုက္ရတဲ႔ အစေတြ ေရြးဝယ္ထားတယ္ေလ အဟ်င္း)

အိမ္ေနရင္း အဝတ္အစားနဲ႕ ၿမိဳ႕တစ္ပတ္လည္း ပတ္လိုက္တာပါပဲ 😀


အျပင္စာပဲ စားတာမ်ားတယ္။ခ်က္ျပဳတ္စားတယ္ဆိုတာ ရွားပါးလြန္းတဲ့ တစ္ခါတစ္ေလပါပဲ။

ပိတ္ရက္ဆို တစ္ေယာက္တည္းဇာတ္ကားေတြပဲၾကည့္ခ်င္ေနေရာ.. ဇာတ္ကားမႀကိဳက္လည္း အိမ္မွာ ၿငိမ္ၿငိမ္ေလးပဲ ေနၿပီး အိပ္ရင္လည္း အိပ္မယ္၊ လိုင္းသံုးရင္လည္းသံုးမယ္၊  ကိုယ္စိတ္ဝင္စားရာတစ္ခုခုေပါ့။ ဘယ္သူနဲ႔မွ မခ်ိန္းဘဲ ေအးေဆး အိမ္မွာပဲ ႏွပ္ေနရတာ ေလာကစည္းစိမ္ပဲဲေလ အဟဲ..

ဖုန္းအၾကာႀကီးေျပာရမွာ အေသပ်င္း 😛

လိုင္းသံုးရင္ေတာင္မွ စာရိုက္ရမွာပ်င္းလို႕ ဘယ္သူနဲ႔မွ မခ်တ္ဘဲ News feed ပြတ္ေနတတ္တဲ့ ကေလးမေလးေတြေပါ့ 😀

အဲကြန္းေတာင္ထပိတ္ရမွာ ပ်င္းလို႔ ေအးလြန္းေနလည္းေပၿပီး အေအးခံလို႔ ထိုင္ အလုပ္ လုပ္ေနတတ္ျပန္ေရာ…

ပိတ္ရက္ဆို တိုက္ေအာက္ ဆင္းၿပီး မဝယ္ခ်င္လို႔ မရွိရွိတာ ဗိုက္ျဖည့္ၿပီး ျပန္အိပ္ခ်င္ အိပ္ေနတတ္တာမ်ိဳးေလ.. လုပ္ဖူးတယ္ဟုတ္ မညာနက္ 😛

စာဖတ္ရမွာ ပ်င္းေပမဲ႕ ဒီပို႔စ္ကို အဆံုးထိ ဖတ္မိရင္ အဲ႔သေလာက္လည္း မပ်င္းေသးပါဘူးလို႕ ေျပာပါရေစ ေယာင္းေရ… ပ်င္းလို႔ရသေလာက္ေလး ပ်င္းတတ္ၾကေပမယ့္ ကိုယ့္တက္လမ္း ပိတ္ဆို႔ေစတဲ့အထိ မပ်င္းဖို႔လည္း မွာပါရေစ ေယာင္းတို႔ေရ… သင္တန္း၊ က်ဴရွင္၊ အလုပ္စသျဖင့္ ဘာညာဘာညာေတြကိုေတာ့ ပ်င္းရိမေနဘဲ လုပ္စရာရွိတာေတြလုပ္၊ အၿမဲတမ္း တိုးတက္ေအာင္ ၾကံေဆာင္ေနတတ္သူေလး ျဖစ္ေနပါေစ..

ကိုယ့္ေဘာ္ဒါေတြထဲမွာ မေတြ႕တာၾကာလို႕ခ်ိန္းေခၚရင္ေတာင္မွ လာရမွာ ပ်င္းတယ္ဟာဆိုၿပီးျငင္းတတ္တာမ်ိဳး၊ အျပင္ထြက္ရမွာ ပ်င္းလို႔ အိမ္ပဲလာခဲ့ဆိုၿပီး အိမ္ကိုေခၚထားတဲ့ အပ်င္းအိုးေလးမ်ိဳး၊ ပ်င္းတာက မေကာင္းမွန္းသိေပမယ့္ ပ်င္းတဲ႕သူက ပ်င္းပဲပ်င္းေနတာပဲဆိုေတာ့ ပ်င္းေနေပမယ့္လည္း တျခားသူကို အေနွာက္အယွက္ မျဖစ္ရင္ ေတာ္ၿပီလို႕ ဆံုးျဖတ္ခ်က္မ်ား ခ်ထားသလားထင္ရေအာင္ အရာရာ ပ်င္းတယ္ဟာ ပ်င္းလိုက္တာ ပ်င္းေနေရာဆိုၿပီး ပ်င္းပဲပ်င္းေနတဲ႔  အပ်င္းအိုးေလးေတြဆို ဘယ္သူ႕ကို ေျပးျမင္မိၾကတုန္း ေယာင္းတို႔ … 😛

Credit: Wai Zin ( For Her Myanmar )
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပျင်းတယ်ဆိုတာ နာမည်ကသာမကောင်းတာရယ်.. လူကတော့ အင်မတန်သက်သာတာကလား.. အယ်လယ်… 😀 အလကားပြောတာပါ။ ပျင်းတယ်ဆိုတာက တစ်ခါတလေမှာ ကိုယ့်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို ပိတ်ဆို့စေတတ်တဲ့ အဟန့်အတားကြီး ဖြစ်စေပါတယ်။ ဒါပေမဲ့ တစ်ခါတလေကျပြန်တော့လည်း ပျင်းလို့ရလို့ ပျင်းတာလေနော်.. ပျင်းလို့မရရင် ဘယ်ပျင်းမတုန်း ဟုတ်ဘူးလား 😀 ပျင်းလို့ရတုန်းလေး ပျင်းပါရစေပေါ့ ဟီးဟီး.. ဉာဏ်ရည်မြင့်တဲ့သူတွေက ပျင်းတတ်ကြတယ်တဲ့.. ပျင်းတတ်တဲ့ လူတွေကလည်း တော်ရုံလူ မတွေးနိုင်တဲ့ အတွေးတွေကို တွေးတတ်ကြပြီး အောင်မြင်တတ်ကြပြန်တယ်တဲ့.. ကဲ.. ဒီလိုဆိုတော့လည်း ပျင်းရတာ အကျိုးရှိသား :p ဒီတော့ အက်ဒ်မင်က ပျင်းတတ်တဲ့ ကောင်မလေးတွေရဲ့ အကျင့်လေးတွေကို နည်းနည်းရွှီးကြည့်မယ်… လိုနေရင်လည်း ပြန်ပြောနော် 😛 သူတို့အကျင့်တွေကတော့ ဒီလိုပါတဲ့ ယောင်းတို့ရေ…

ဝတ်ပြီးသားအဝတ် ပြန်နမ်းကြည့်ပြီး မနံသေးဘူးဆိုပြီး ပြန်ဝတ်တတ်တယ်။

စားပြီးသား ပန်းကန်တွေကို စုထားပြီး ပုံလာတော့မှ စုဆေးတတ်ကြပါတယ်

အဝတ်လျှော်ဖို့ကို စနေနေ့ညတွေပဲရွေးတတ်ကြတယ်။ဒါမှ တနင်္ဂနွေကျ အဝတ်ခြောက်မှာလေ။

အိပ်ယာထဖို့ နှိုးစက်ကို ငါးမိနစ်ဆီခြားပြီးပေးထားပြီးမှ အိပ်ယာထတတ်တယ်။

ခေါင်းလျှော်ဖိုု့ ရက်ရွေးပြီး ရာသီဥတုကြည့်လိုက်၊ အချိန်ကြည့်လိုက်၊ အနေအထားကြည့်လိုက်နဲ့ အချိန်ဆွဲတတ်ပါသေးတယ်။

အိပ်ယာသေသေသပ်သပ်ခင်းဖို့ပျင်းနေရင်လည်း ဖြစ်သလိုအိပ်လိုက်တာပါပဲ။

လက်သည်းအလှဆင်ဖို့တို့၊ လက်သည်းဆိုးရမှာတို့ ကျပြန်တော့လည်း ဖျက်ရမှာပျင်းလို့ဆိုပြီး လက်သည်းအရှည်လည်း မထားချင်ကြဘူးလေ။

ညဘက် မိတ်ကပ်မဖျက်ဘဲ အိပ်တတ်တယ်။

အပြင်သွားရင်သယ်ရတာပျင်းလို့ ပေါ့ပေါ့ပါးပါး အိတ်သေးသေးလေးပဲ လွယ်တတ်ကြပြန်ရော။

ပုံးတစ်ပုံး၊ ခွက်လေးတစ်ခွက်ထဲမှာပဲ အလှပြင် ပစ္စည်းတွေ၊ ဘောပင်တွေ၊ စာအုပ်တွေ အားသွင်းကြိုးတွေ မြင်သမျှ အကုန်စုထည့်ထားတတ်တာလည်း သူတို့ပါပဲ။

ဖိနပ်ဆိုလည်း အပြင်သွားခါနီးမှ ဖုန်သုတ်ဖို့ သတိရလို့ အပြင်ထွက်ခါနီး ထိုင်သုတ်ရတဲ့ အဖြစ်ကတော့ ခဏခဏပဲ။

အနွေးထည်ထူထူတွေဆို တစ်ခါဝတ်ပြီး ပြန်သိမ်းထားလိုက်ရော။ လျှော်ခဲတယ်လေ 😀

အားကစားလုပ်မယ်ဆိုပြီး ဝယ်ထားတဲ့စက်တွေလည်း တစ်ပတ်တစ်ခါတောင် ဆော့ဖို့ပျင်းလို့ ချောင်ထိုးထားတတ်ကြတယ်မဟုတ်လား.. မှန်မှန်ဖြေ 😛

အင်္ကျီတိုင်းကို မီးပူတိုက်တယ်ဆိုတာ တော်တော်ကြီးကိုရှားတယ်။ (မီးပူ မတိုက်ရတဲ့ အစတွေ ရွေးဝယ်ထားတယ်လေ အဟျင်း)

အိမ်နေရင်း အဝတ်အစားနဲ့ မြို့တစ်ပတ်လည်း ပတ်လိုက်တာပါပဲ 😀


အပြင်စာပဲ စားတာများတယ်။ချက်ပြုတ်စားတယ်ဆိုတာ ရှားပါးလွန်းတဲ့ တစ်ခါတစ်လေပါပဲ။

ပိတ်ရက်ဆို တစ်ယောက်တည်းဇာတ်ကားတွေပဲကြည့်ချင်နေရော.. ဇာတ်ကားမကြိုက်လည်း အိမ်မှာ ငြိမ်ငြိမ်လေးပဲ နေပြီး အိပ်ရင်လည်း အိပ်မယ်၊ လိုင်းသုံးရင်လည်းသုံးမယ်၊  ကိုယ်စိတ်ဝင်စားရာတစ်ခုခုပေါ့။ ဘယ်သူနဲ့မှ မချိန်းဘဲ အေးဆေး အိမ်မှာပဲ နှပ်နေရတာ လောကစည်းစိမ်ပဲလေ အဟဲ..

ဖုန်းအကြာကြီးပြောရမှာ အသေပျင်း 😛

လိုင်းသုံးရင်တောင်မှ စာရိုက်ရမှာပျင်းလို့ ဘယ်သူနဲ့မှ မချတ်ဘဲ News feed ပွတ်နေတတ်တဲ့ ကလေးမလေးတွေပေါ့ 😀

အဲကွန်းတောင်ထပိတ်ရမှာ ပျင်းလို့ အေးလွန်းနေလည်းပေပြီး အအေးခံလို့ ထိုင် အလုပ် လုပ်နေတတ်ပြန်ရော…

ပိတ်ရက်ဆို တိုက်အောက် ဆင်းပြီး မဝယ်ချင်လို့ မရှိရှိတာ ဗိုက်ဖြည့်ပြီး ပြန်အိပ်ချင် အိပ်နေတတ်တာမျိုးလေ.. လုပ်ဖူးတယ်ဟုတ် မညာနက် 😛

စာဖတ်ရမှာ ပျင်းပေမဲ့ ဒီပို့စ်ကို အဆုံးထိ ဖတ်မိရင် အဲ့သလောက်လည်း မပျင်းသေးပါဘူးလို့ ပြောပါရစေ ယောင်းရေ… ပျင်းလို့ရသလောက်လေး ပျင်းတတ်ကြပေမယ့် ကိုယ့်တက်လမ်း ပိတ်ဆို့စေတဲ့အထိ မပျင်းဖို့လည်း မှာပါရစေ ယောင်းတို့ရေ… သင်တန်း၊ ကျူရှင်၊ အလုပ်စသဖြင့် ဘာညာဘာညာတွေကိုတော့ ပျင်းရိမနေဘဲ လုပ်စရာရှိတာတွေလုပ်၊ အမြဲတမ်း တိုးတက်အောင် ကြံဆောင်နေတတ်သူလေး ဖြစ်နေပါစေ..

ကိုယ့်ဘော်ဒါတွေထဲမှာ မတွေ့တာကြာလို့ချိန်းခေါ်ရင်တောင်မှ လာရမှာ ပျင်းတယ်ဟာဆိုပြီးငြင်းတတ်တာမျိုး၊ အပြင်ထွက်ရမှာ ပျင်းလို့ အိမ်ပဲလာခဲ့ဆိုပြီး အိမ်ကိုခေါ်ထားတဲ့ အပျင်းအိုးလေးမျိုး၊ ပျင်းတာက မကောင်းမှန်းသိပေမယ့် ပျင်းတဲ့သူက ပျင်းပဲပျင်းနေတာပဲဆိုတော့ ပျင်းနေပေမယ့်လည်း တခြားသူကို အနှောက်အယှက် မဖြစ်ရင် တော်ပြီလို့ ဆုံးဖြတ်ချက်များ ချထားသလားထင်ရအောင် အရာရာ ပျင်းတယ်ဟာ ပျင်းလိုက်တာ ပျင်းနေရောဆိုပြီး ပျင်းပဲပျင်းနေတဲ့  အပျင်းအိုးလေးတွေဆို ဘယ်သူ့ကို ပြေးမြင်မိကြတုန်း ယောင်းတို့ … 😛

Credit: Wai Zin ( For Her Myanmar )

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top