iMyanmarHouse.com - Best Property Website for Myanmar
×

သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ အမ်ဳိမ်ဳိးက က်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ အစားနည္းသူေတြဟာ က်န္းမာေရးျပႆနာေတြ ႀကဳံရႏုိင္ပါတယ္။ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ အစားနည္းသူေတြ ႀကဳံရတတ္တဲ့ က်န္းမာေရး ျပႆနာအခ်ဳိ႕ကုိ ေဖာ္ျပထားပါတယ္။

ႏွလုံးက်န္းမာေရး ျပႆနာ

ဟင္းသီးဟင္း႐ြက္ အစားနည္းသူေတြဟာ ႏွလုံးနဲ႔ ဆက္ႏြယ္တဲ့ ေရာဂါေတြ ခံစားရႏုိင္ပါတယ္။ သုေတသနတစ္ခုအရ ငယ္စဥ္က ဟင္းသီးဟင္း႐ြက္ အစားနည္းသူေတြဟာ အသက္ႀကီးလာတ့ဲအခါ ႏွလုံးဆုိင္ရာ ျပႆနာေတြ ႀကဳံရႏုိင္တယ္လုိ႔ သိရပါတယ္။

အစာေျခစနစ္

ဟင္းသီးဟင္း႐ြက္ အစားနည္းသူေတြဟာ အစာေျခစနစ္ အားမေကာင္းဘဲ ဝမ္းခ်ဳပ္တဲ့ ျပႆနာ ႀကဳံရတတ္ၿပီး လိပ္ေခါင္းေရာဂါ ျဖစ္တတ္ပါတယ္။ ဟင္းသီးဟင္း႐ြက္က အစာေျခစနစ္ကုို အေထာက္အကူျပဳၿပီး ဝမ္းမွန္ေစပါတယ္။

ပင္ပန္းႏြမ္းနယ္မႈ

အိပ္ေရးဝဝ အိပ္ရေပမယ့္လည္း တစ္ခ်ိန္လုံး ပင္ပန္းႏြမ္းနယ္မႈ ခံစားေနရတယ္ဆုိရင္ ဟင္းသီးဟင္း႐ြက္ အစားနည္းတာေၾကာင့္ ျဖစ္ႏုိင္ပါတယ္။

မၾကာခဏ ဖ်ားနာမႈ

ေရာဂါပုိးဝင္ၿပီး မၾကာခဏ ဖ်ားနာတတ္သူေတြဟာ အာဟာရ မျပည့္စုံမႈေၾကာင့္ ျဖစ္ပါတယ္။ အာဟာရမျပည့္စုံမႈမွာ ဟင္းသီးဟင္း႐ြက္ အစားနည္းတာလည္း ပါဝင္ပါတယ္။ ဟင္းသီးဟင္း႐ြက္ အမ်ဳိးမ်ဳိးက ကုိယ္ခံစားစနစ္ကုိ ေကာင္းမြန္ေစၿပီး ေရာဂါပုိးေတြကုိ တုိက္ဖ်က္ရာမွာ အေထာက္အကူျပဳပါတယ္။

ေသြးထြက္လြန္ျခင္း

ထိခုိက္႐ွနာျဖစ္တဲ့အခါ ပုံမွန္ထက္ ေသြးအထြက္မ်ားတဲ့ ျပႆနာဟာ ေသြးနဲ႔ပတ္သက္တဲ့ ေရာဂါေတြေၾကာင့္ ျဖစ္ႏုိင္သလုိ ဟင္းသီးဟင္း႐ြက္ အစားနည္းရင္လည္း ျဖစ္ႏုိင္ပါတယ္။ ေသြးထြက္လြန္းျခင္းက ခႏၶာကုိယ္မွာ ဗီတာမင္ K နည္းပါးမႈေၾကာင့္ ျဖစ္ပါတယ္။ ဗီတာမင္ K ကုိ အစိမ္းေရာင္ ဟင္းသီးဟင္း႐ြက္ေတြ စားျခင္းျဖင့္ ရ႐ွိႏုိင္ပါတယ္။

သြားဖုံး ေသြးယိုစိမ့္မႈ

ဗီတာမင္ C ခ်ဳိ႕တဲ့မႈေၾကာင့္ သြားဖုံး ေသြးယုိစိမ့္မႈ ျဖစ္ေစပါတယ္။ သစ္သီးမ်ား၊ အနီေရာင္ င႐ုပ္သီး စတဲ့ အသီးအႏွံေတြမွာ ဗီတာမင္ C ၾကြယ္ဝစြာ ပါဝင္ပါတယ္။ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ အစားနည္းသူေတြဟာ ဗီတာမင္ C ခ်ဳိ႕တဲ့ႏုိင္ပါတယ္။

ေသြးအားနည္းေရာဂါ

ခႏၶာကုိယ္တြင္း ေဖာလစ္အက္စစ္ ေလ်ာ့နည္းမႈက ေသြးအားနည္းေရာဂါ ျဖစ္ႏုိင္ပါတယ္။ ဟင္းသီးဟင္း႐ြက္ေတြမွာ ေဖာလစ္အက္စစ္ ပါဝင္တာေၾကာင့္ ပုံမွန္ စားျခင္းျဖင့္ ေသြးအားနည္းေရာဂါကုိ ကာကြယ္ႏုိင္ပါတယ္။

အသားအေရ ေျခာက္ေသြ႔မႈ

ဟင္းသီးဟင္း႐ြက္ အစားနည္းသူေတြဟာ အသားအေရ စုိေျပမႈမ႐ွိဘဲ ေျခာက္ေသြ႔ေနတတ္ပါတယ္။ ဟင္းသီးဟင္း႐ြက္က အေရျပားဆဲလ္ေတြ ျပန္လည္ ျဖစ္ထြန္းမႈအတြက္ အေထာက္အကူျပဳၿပီး အသားအေရ ေကာင္းမြန္ေစပါတယ္။

ကုိယ္အေလးခ်ိန္တိုးျခင္း

ဟင္းသီးဟင္း႐ြက္ အစားနည္းသူေတြဟာ ခႏၶာကုိယ္ အေလးခ်ိန္တုိးလာတတ္ပါတယ္။ ဟင္းသီးဟင္း႐ြက္ဟာ အာဟာရဓာတ္ ျပည့္ဝၿပီး ကယ္လုိရီပါဝင္မႈ နည္းပါတယ္။ ဟင္းသီးဟင္း႐ြက္ စာျခင္းျဖင့္ ခႏၶာကုိယ္ အေလးခ်ိန္ တက္မလာေအာင္ ထိန္းႏုိင္ပါတယ္။

Source & Photo: Women Health, HuffPost

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုမျိုးက ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အစားနည်းသူတွေဟာ ကျန်းမာရေးပြဿနာတွေ ကြုံရနိုင်ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အစားနည်းသူတွေ ကြုံရတတ်တဲ့ ကျန်းမာရေး ပြဿနာအချို့ကို ဖော်ပြထားပါတယ်။

နှလုံးကျန်းမာရေး ပြဿနာ

ဟင်းသီးဟင်းရွက် အစားနည်းသူတွေဟာ နှလုံးနဲ့ ဆက်နွယ်တဲ့ ရောဂါတွေ ခံစားရနိုင်ပါတယ်။ သုတေသနတစ်ခုအရ ငယ်စဉ်က ဟင်းသီးဟင်းရွက် အစားနည်းသူတွေဟာ အသက်ကြီးလာတဲ့အခါ နှလုံးဆိုင်ရာ ပြဿနာတွေ ကြုံရနိုင်တယ်လို့ သိရပါတယ်။

အစာခြေစနစ်

ဟင်းသီးဟင်းရွက် အစားနည်းသူတွေဟာ အစာခြေစနစ် အားမကောင်းဘဲ ဝမ်းချုပ်တဲ့ ပြဿနာ ကြုံရတတ်ပြီး လိပ်ခေါင်းရောဂါ ဖြစ်တတ်ပါတယ်။ ဟင်းသီးဟင်းရွက်က အစာခြေစနစ်ကို အထောက်အကူပြုပြီး ဝမ်းမှန်စေပါတယ်။

ပင်ပန်းနွမ်းနယ်မှု

အိပ်ရေးဝဝ အိပ်ရပေမယ့်လည်း တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်မှု ခံစားနေရတယ်ဆိုရင် ဟင်းသီးဟင်းရွက် အစားနည်းတာကြောင့် ဖြစ်နိုင်ပါတယ်။

မကြာခဏ ဖျားနာမှု

ရောဂါပိုးဝင်ပြီး မကြာခဏ ဖျားနာတတ်သူတွေဟာ အာဟာရ မပြည့်စုံမှုကြောင့် ဖြစ်ပါတယ်။ အာဟာရမပြည့်စုံမှုမှာ ဟင်းသီးဟင်းရွက် အစားနည်းတာလည်း ပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက် အမျိုးမျိုးက ကိုယ်ခံစားစနစ်ကို ကောင်းမွန်စေပြီး ရောဂါပိုးတွေကို တိုက်ဖျက်ရာမှာ အထောက်အကူပြုပါတယ်။

သွေးထွက်လွန်ခြင်း

ထိခိုက်ရှနာဖြစ်တဲ့အခါ ပုံမှန်ထက် သွေးအထွက်များတဲ့ ပြဿနာဟာ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေကြောင့် ဖြစ်နိုင်သလို ဟင်းသီးဟင်းရွက် အစားနည်းရင်လည်း ဖြစ်နိုင်ပါတယ်။ သွေးထွက်လွန်းခြင်းက ခန္ဓာကိုယ်မှာ ဗီတာမင် K နည်းပါးမှုကြောင့် ဖြစ်ပါတယ်။ ဗီတာမင် K ကို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားခြင်းဖြင့် ရရှိနိုင်ပါတယ်။

သွားဖုံး သွေးယိုစိမ့်မှု

ဗီတာမင် C ချို့တဲ့မှုကြောင့် သွားဖုံး သွေးယိုစိမ့်မှု ဖြစ်စေပါတယ်။ သစ်သီးများ၊ အနီရောင် ငရုပ်သီး စတဲ့ အသီးအနှံတွေမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အစားနည်းသူတွေဟာ ဗီတာမင် C ချို့တဲ့နိုင်ပါတယ်။

သွေးအားနည်းရောဂါ

ခန္ဓာကိုယ်တွင်း ဖောလစ်အက်စစ် လျော့နည်းမှုက သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ဖောလစ်အက်စစ် ပါဝင်တာကြောင့် ပုံမှန် စားခြင်းဖြင့် သွေးအားနည်းရောဂါကို ကာကွယ်နိုင်ပါတယ်။

အသားအရေ ခြောက်သွေ့မှု

ဟင်းသီးဟင်းရွက် အစားနည်းသူတွေဟာ အသားအရေ စိုပြေမှုမရှိဘဲ ခြောက်သွေ့နေတတ်ပါတယ်။ ဟင်းသီးဟင်းရွက်က အရေပြားဆဲလ်တွေ ပြန်လည် ဖြစ်ထွန်းမှုအတွက် အထောက်အကူပြုပြီး အသားအရေ ကောင်းမွန်စေပါတယ်။

ကိုယ်အလေးချိန်တိုးခြင်း

ဟင်းသီးဟင်းရွက် အစားနည်းသူတွေဟာ ခန္ဓာကိုယ် အလေးချိန်တိုးလာတတ်ပါတယ်။ ဟင်းသီးဟင်းရွက်ဟာ အာဟာရဓာတ် ပြည့်ဝပြီး ကယ်လိုရီပါဝင်မှု နည်းပါတယ်။ ဟင်းသီးဟင်းရွက် စာခြင်းဖြင့် ခန္ဓာကိုယ် အလေးချိန် တက်မလာအောင် ထိန်းနိုင်ပါတယ်။

Source & Photo: Women Health, HuffPost

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top