iMyanmarHouse.com - Best Property Website for Myanmar
×

အိုမင္းတာ၊ ခရမ္းလြန္ ေရာင္ျခည္ေၾကာင့္ ထိခိုက္တာနဲ႔ ပတ္ဝန္းက်င္ အေၾကာင္း အခ်က္ေတြေၾကာင့္ ရရွိလာတဲ့ ဓာတ္တိုး ပစၥည္းေတြက အသား အေရကို ထိခိုက္ ေစႏိုင္ ပါတယ္။ ဒါေၾကာင့္ အသက္ ႀကီးလာေပမယ့္ အသား အေရ ေတာက္ပၿမဲ ေတာက္ပေနေအာင္ မိခင္ေတြ ထိန္းသိမ္းေလ့ ရွိတဲ့ သဘာဝ အသားအေရ ထိန္းသိမ္းနည္းေတြကို ေဖာ္ျပ ေပးလိုက္ပါတယ္။

၁) သေဘၤာသီး

သေဘၤာသီးမွာ ကယ္႐ိုတင္း၊ ဗီတာမင္စီ၊ မရွိမျဖစ္ သတၱဳဓာတ္နဲ႔ ပက္ပိန္း အင္ဇိုင္း ပါဝင္မႈ မ်ားတာေၾကာင့္ သဘာဝ အသားအေရ ေခ်ာေမြ႕ေစတဲ့ အစိုဓာတ္ထိန္း ခရင္မ္ပဲ ျဖစ္ပါတယ္။ သေဘၤာသီးကို ပါးပါးလွီးၿပီး ပံုမွန္ လိမ္းေပးတာက အသားအေရကို ေတာက္ပေစၿပီး သက္ႀကီး အစက္ အေျပာက္ေတြကို ေလ်ာ့က်ေစ ပါတယ္။ သေဘၤာသီးဟာ ေခၽြးေပါက္ပိတ္ ဆို႔တာကို ပြင့္ေစတာေၾကာင့္ အေရျပားကို ႏူးညံ့ၿပီး ေခ်ာေမြ႕ ေတာက္ပေစပါ တယ္။

ဘယ္လို လိမ္းသင့္သလဲ

သေဘၤာသီးက အသံုးျပဳရ လြယ္ပါတယ္။ သေဘၤာသီး အႏွစ္ကို ေၾကညက္ ေအာင္ ေခ်ၿပီး မ်က္ႏွာျပင္ေပၚ ကို စက္ဝိုင္းပံုစံ လွည့္ၿပီး တိုက္႐ိုက္ လိမ္းေပးပါ။ လိမ္းတဲ့အခါ နည္းနည္းပဲ ကုန္မွာ ျဖစ္တာေၾကာင့္ က်န္တဲ့ သေဘၤာသီးကို စားေပး ႏိုင္ပါတယ္။ အမွ်င္ဓာတ္၊ ပိုတက္ စီယမ္နဲ႔ ဗီတာမင္ေအ၊ စီတို႔ ပါဝင္ တာေၾကာင့္ အက်ဳိးရွိပါတယ္။

၂) ေထာပတ္သီး

အသားအေရ ႏူးညံံ့ ေခ်ာမြတ္ေနေစဖို႔ အတြက္ ဗီတာမင္ေတြ လိုအပ္ေနပါ တယ္။ ေထာပတ္သီးမွာ ဗီတာမင္ေအ၊ ဘီ၊ ဒီနဲ႔ အီးေတြ ပါဝင္မႈ မ်ားပါတယ္။ ငွက္ေပ်ာသီး တစ္လံုးမွာထက္ ပိုတက္စီယမ္ ပါဝင္မႈ ပိုမ်ားၿပီး က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အဆီေတြ ပါတာေၾကာင့္ သဘာဝ အစိုဓာတ္ထိန္း ပစၥည္းအျဖစ္ သံုးႏိုင္ပါတယ္။ ေထာပတ္သီးဟာ အေရးေၾကာင္းေတြ ထင္တာနဲ႔ ပါးေရ တြန္႔တာေတြလို အိုမင္းတဲ့ လကၡဏာေတြကို ေလ်ာ့က် ေစပါတယ္။ ေထာပတ္ သီးမွာ ပါတဲ့ သဘာဝ အဆီဓာတ္က မ်က္ႏွာျပင္က အညစ္အေၾကးေတြကို ကင္းေဝးေစၿပီး ႏွင္းခူ၊ အနီေရာင္ အစက္အေျပာက္နဲ႔ ထိလြယ္ ခိုက္လြယ္တဲ့ အသားအေရအတြက္ အေကာင္းဆံုး ကုသနည္း ျဖစ္ပါတယ္။

ဘယ္လို လိမ္းသင့္သလဲ

ေထာပတ္သီးကို မ်က္ႏွာေပါင္းတင္ ပစၥည္းအျဖစ္ အသံုးျပဳတာက ဆိုးက်ဳိး မရွိဘဲ အဆင္ေျပတဲ့ နည္းပါ။ ျပဳလုပ္နည္းကေတာ့ ေထာပတ္သီး အမွည့္ တစ္လံုးကို ႏုညက္တဲ့အထိ ႀကိတ္ေျခၿပီး မ်က္ႏွာေပၚကို ညင္ညင္သာသာ လိမ္းေပးပါ။ အခ်ိန္ ၁၀ မိနစ္ေလာက္ ၾကာမွ ေအးျမစိုစြတ္တဲ့ ပိတ္စသန္႔သန္႔နဲ႔ သုတ္ေပးပါ။ ပိုၿပီး အစိုဓာတ္ ရေစဖို႔အတြက္ ႏြားႏို႔ အနည္းငယ္ ဒါမွမဟုတ္ ပ်ားရည္ လက္ဖက္စားဇြန္းရဲ႕ ေလးပံုတစ္ပံုေလာက္ ထည့္ၿပီး မ်က္ႏွာေပၚ လိမ္းေပး ႏိုင္ပါတယ္။

၃) ပ်ားရည္

ပ်ားရည္ထဲမွာ အေရျပားကို ျပန္လည္ ေကာင္းမြန္ ေစႏိုင္တဲ့ အင္တီေအာက္ ဆီးဒင့္ေတြ ပါဝင္တဲ့အျပင္ ဘက္တီးရီးယားကို ကင္းေစတဲ့ အာနိသင္လည္း ရွိပါတယ္။ ဒါေၾကာင့္ ပ်ားရည္ကို မ်က္ႏွာသန္႔စင္ ပစၥည္း အေနနဲ႔ ေန႔စဥ္ သံုးေပးသင့္တာ ျဖစ္ပါတယ္။

ဘယ္လို သံုးသင့္တာလဲ

ပ်ားရည္ အနည္းငယ္ကို ေရေႏြးအနည္းငယ္ ေရာထည့္ကာ ေခ်ာမြတ္တဲ့အထိ ေမႊပါ။ ဆံပင္ေတြကုိ အကုန္ စု သိမ္းၿပီး မ်က္ႏွာေပၚကို ပ်ားရည္လိမ္းကာ သန္႔စင္ ေပးပါ။ ေၾကးခၽြတ္တဲ့ အာနိသင္ ရလိုရင္ အဆိုပါ အရည္ထဲကို အညိဳ ေရာင္သၾကား ထမင္းစားဇြန္း တစ္ဇြန္းခန္႔ ထည့္ၿပီး သန္႔စင္ သင့္ပါတယ္။ ၿပီးမွ ေရနဲ႔ ေဆးေၾကာခ်လိုက္ပါ။

Credit : lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိုမင်းတာ၊ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင် အကြောင်း အချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုး ပစ္စည်းတွေက အသား အရေကို ထိခိုက် စေနိုင် ပါတယ်။ ဒါကြောင့် အသက် ကြီးလာပေမယ့် အသား အရေ တောက်ပမြဲ တောက်ပနေအောင် မိခင်တွေ ထိန်းသိမ်းလေ့ ရှိတဲ့ သဘာဝ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

၁) သင်္ဘောသီး

သင်္ဘောသီးမှာ ကယ်ရိုတင်း၊ ဗီတာမင်စီ၊ မရှိမဖြစ် သတ္တုဓာတ်နဲ့ ပက်ပိန်း အင်ဇိုင်း ပါဝင်မှု များတာကြောင့် သဘာဝ အသားအရေ ချောမွေ့စေတဲ့ အစိုဓာတ်ထိန်း ခရင်မ်ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးကို ပါးပါးလှီးပြီး ပုံမှန် လိမ်းပေးတာက အသားအရေကို တောက်ပစေပြီး သက်ကြီး အစက် အပြောက်တွေကို လျော့ကျစေ ပါတယ်။ သင်္ဘောသီးဟာ ချွေးပေါက်ပိတ် ဆို့တာကို ပွင့်စေတာကြောင့် အရေပြားကို နူးညံ့ပြီး ချောမွေ့ တောက်ပစေပါ တယ်။

ဘယ်လို လိမ်းသင့်သလဲ

သင်္ဘောသီးက အသုံးပြုရ လွယ်ပါတယ်။ သင်္ဘောသီး အနှစ်ကို ကြေညက် အောင် ချေပြီး မျက်နှာပြင်ပေါ် ကို စက်ဝိုင်းပုံစံ လှည့်ပြီး တိုက်ရိုက် လိမ်းပေးပါ။ လိမ်းတဲ့အခါ နည်းနည်းပဲ ကုန်မှာ ဖြစ်တာကြောင့် ကျန်တဲ့ သင်္ဘောသီးကို စားပေး နိုင်ပါတယ်။ အမျှင်ဓာတ်၊ ပိုတက် စီယမ်နဲ့ ဗီတာမင်အေ၊ စီတို့ ပါဝင် တာကြောင့် အကျိုးရှိပါတယ်။

၂) ထောပတ်သီး

အသားအရေ နူးညံံ့ ချောမွတ်နေစေဖို့ အတွက် ဗီတာမင်တွေ လိုအပ်နေပါ တယ်။ ထောပတ်သီးမှာ ဗီတာမင်အေ၊ ဘီ၊ ဒီနဲ့ အီးတွေ ပါဝင်မှု များပါတယ်။ ငှက်ပျောသီး တစ်လုံးမှာထက် ပိုတက်စီယမ် ပါဝင်မှု ပိုများပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါတာကြောင့် သဘာဝ အစိုဓာတ်ထိန်း ပစ္စည်းအဖြစ် သုံးနိုင်ပါတယ်။ ထောပတ်သီးဟာ အရေးကြောင်းတွေ ထင်တာနဲ့ ပါးရေ တွန့်တာတွေလို အိုမင်းတဲ့ လက္ခဏာတွေကို လျော့ကျ စေပါတယ်။ ထောပတ် သီးမှာ ပါတဲ့ သဘာဝ အဆီဓာတ်က မျက်နှာပြင်က အညစ်အကြေးတွေကို ကင်းဝေးစေပြီး နှင်းခူ၊ အနီရောင် အစက်အပြောက်နဲ့ ထိလွယ် ခိုက်လွယ်တဲ့ အသားအရေအတွက် အကောင်းဆုံး ကုသနည်း ဖြစ်ပါတယ်။

ဘယ်လို လိမ်းသင့်သလဲ

ထောပတ်သီးကို မျက်နှာပေါင်းတင် ပစ္စည်းအဖြစ် အသုံးပြုတာက ဆိုးကျိုး မရှိဘဲ အဆင်ပြေတဲ့ နည်းပါ။ ပြုလုပ်နည်းကတော့ ထောပတ်သီး အမှည့် တစ်လုံးကို နုညက်တဲ့အထိ ကြိတ်ခြေပြီး မျက်နှာပေါ်ကို ညင်ညင်သာသာ လိမ်းပေးပါ။ အချိန် ၁၀ မိနစ်လောက် ကြာမှ အေးမြစိုစွတ်တဲ့ ပိတ်စသန့်သန့်နဲ့ သုတ်ပေးပါ။ ပိုပြီး အစိုဓာတ် ရစေဖို့အတွက် နွားနို့ အနည်းငယ် ဒါမှမဟုတ် ပျားရည် လက်ဖက်စားဇွန်းရဲ့ လေးပုံတစ်ပုံလောက် ထည့်ပြီး မျက်နှာပေါ် လိမ်းပေး နိုင်ပါတယ်။

၃) ပျားရည်

ပျားရည်ထဲမှာ အရေပြားကို ပြန်လည် ကောင်းမွန် စေနိုင်တဲ့ အင်တီအောက် ဆီးဒင့်တွေ ပါဝင်တဲ့အပြင် ဘက်တီးရီးယားကို ကင်းစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် ပျားရည်ကို မျက်နှာသန့်စင် ပစ္စည်း အနေနဲ့ နေ့စဉ် သုံးပေးသင့်တာ ဖြစ်ပါတယ်။

ဘယ်လို သုံးသင့်တာလဲ

ပျားရည် အနည်းငယ်ကို ရေနွေးအနည်းငယ် ရောထည့်ကာ ချောမွတ်တဲ့အထိ မွှေပါ။ ဆံပင်တွေကို အကုန် စု သိမ်းပြီး မျက်နှာပေါ်ကို ပျားရည်လိမ်းကာ သန့်စင် ပေးပါ။ ကြေးချွတ်တဲ့ အာနိသင် ရလိုရင် အဆိုပါ အရည်ထဲကို အညို ရောင်သကြား ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပြီး သန့်စင် သင့်ပါတယ်။ ပြီးမှ ရေနဲ့ ဆေးကြောချလိုက်ပါ။

Credit : lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top