iMyanmarHouse.com - Best Property Website for Myanmar
×

အလွပဆိုတာ လူတိုင္း ျမတ္ႏိုးၾကတဲ့ အရာတစ္ခုပါ။ မိန္းကေလးပဲ ျဖစ္ျဖစ္ ေယာက်ၤားေလးပဲျဖစ္ျဖစ္ လွခ်င္ၾကတာပါပဲ။ စာဖတ္သူေတြကိုလည္း ပိုပိုၿပီးလွသြားေစဖို႔ နည္းလမ္းေကာင္းေလးေတြကို မွ်ေ၀ေပးေနပါတယ္ေနာ္။ ဒီတခါမွာလည္း စာဖတ္သူတို႔ကို ပိုပိုၿပီးလွသြားေစမယ့္ ရိုးရွင္းလြယ္ကူတဲ့ နည္းလမ္းေလးေတြကို မွ်ေ၀ေပးသြားမွာျဖစ္ပါတယ္။

အသားအေရ ထိမ္းသိမ္းမယ္

ေႏြရာသီပဲျဖစ္ျဖစ္၊ မိုးတြင္းပဲျဖစ္ျဖစ္ ေဆာင္းတြင္းပဲျဖစ္ျဖစ္ အသားအေရကို ထိန္းသိမ္းဖို႔လိုပါတယ္။ ေရခ်ိဳးခ်ိဳးၿပီးခ်င္း ခႏၶာကိုယ္တစ္ခုလံုးကို Lotion လိမ္းေပးမယ္ဆိုရင္ အသားအေရ စိုေျပေစမွာျဖစ္ပါတယ္။ အျပင္မထြက္ခင္မွာဆိုရင္လည္းေနေလာင္ဒဏ္ကာကြယ္ေပးတဲ့ ခရင္မ္ေတြ လိမ္းေပးသင့္ပါတယ္။

မ်က္လံုးနားတ၀ိုက္က အသားအေရကို ဂရုစိုက္ပါ

သင့္မ်က္လံုးနားတစ္၀ိုက္က အသားအေရ တင္းရစ္ေနေစဖို႔အတြက္ မ်က္လံုးနားမွာ လိမ္းထားတဲ့ Mascara ေတြ ရွဲဒုိးေတြ၊ Liner ေတြကို ေသခ်ာဖ်က္ေပးသင့္ပါတယ္။ ၿပီးရင္ လံုး၀ စင္စင္ေျပာင္သြားေအာင္မ်က္ႏွာသစ္ေပးၿပီး မ်က္လံုးနားမွာ ခရင္မ္တမ်ိဳးမ်ိဳး ပါးပါးပုပ္လိမ္းေပးပါ။

မ်က္ႏွာေသခ်ာသစ္ပါ

တစ္ေန႔ကို မ်က္ႏွာ အနည္းဆံုး ၂ ႀကိမ္သစ္သင့္ပါတယ္။ မနက္မိုးလင္းရင္ မ်က္ကြင္းညိဳတာ မ်က္လံုးအိတ္ေဖာင္းတာမ်ိဳး မျဖစ္ေစဖို႔အတြက္ မ်က္လံုးကိုေရေအးေအးနဲ႔ ေဆးခ်တာမ်ိဳး (သို႔) ေရခဲတံုးနဲ႔ မ်က္လံုးေအာက္နားမွာ ကပ္ေပးတာမ်ိဳး လုပ္ေပးရပါမယ္။

ေခၽြးေပါက္က်ဥ္းေစဖို႔

ေခၽြးေပါက္က်ယ္တဲ့သူေတြအတြက္ ရိုးရွင္းလြယ္ကူတဲ့ နည္းလမ္းကို ထပ္ၿပီးေျပာျပေပးမယ္ေနာ္။ အရင္ဆံုး မ်က္ႏွာကုိ ေရေႏြးေႏြးေလးနဲ႔ အရင္ေဆးခ်ပါ။ ၿပီးရင္ မ်က္ႏွာသစ္ဆပ္ျပာနဲ႔ ေသခ်ာပြတ္ေပးပါ။ ၿပီးရင္ေတာ့ ေရေအးေအးနဲ႔ ေဆးခ်လိုက္ၿပီး ေရခဲတံုးနဲ႔ ပြတ္ေပးပါ။ ေခၽြးေပါက္က်ဥ္းေစမွာျဖစ္သလို ဆား၀က္ၿခံျဖစ္တာေတြလည္း သိသိသာသာေလွ်ာ့သြားမွာပါေနာ္။

ေျခေထာက္ေလးေတြကိုလည္း ဂရုစိုက္ပါ

မ်က္ႏွာကိုပဲ ဂရုစိုက္ေနလို႔မရပါဘူးေနာ္။ ေျခဖ၀ါးေလးေတြ ႏူးအိေနေစဖို႔အတြက္နဲ႔ ေျခဖေနာင့္ကြဲတာသက္သာေစဖို႔အတြက္ ညအိပ္ယာမ၀င္ခင္မွာ အဆီတမ်ိဳးမ်ိဳးလိမ္းေပးသင့္ပါတယ္။ အခုလို မလိမ္းခင္ ေျခေထာက္ကို ေရေသခ်ာေဆးၿပီး ေခ်းတြန္းေပးထားဖို႔လိုတယ္ေနာ္။ ၿပီးမွာ အဆီတမ်ိဳးမ်ိဳး လိမ္းၿပီး အိပ္ေပးေနာ္။

ႏႈတ္ခမ္းသား

ႏႈတ္ခမ္းဆိုတာ ဆြဲေဆာင္မႈအရွိဆံုးအရာတစ္ခုပါပဲ။ အျပင္ကျပန္လာရင္ ႏႈတ္ခမ္းနီကို ေသခ်ာဖ်က္ေပးလိုက္ပါေနာ္။ ၿပီးရင္ ပ်ားရည္၊ သၾကားနဲ႔ အုန္းဆီ ေရာၿပီး ၅ မိနစ္ေလာက္ ႏႈတ္ခမ္းကို ပြတ္ေပးလိုက္ပါ။ အဲဒီေနာက္ ေရေဆးခ်လိုက္ပါေနာ္။

မ်က္ေတာင္ေမႊးရွည္ဖို႔

အခုေနာက္ဆံုး ေျပာျပေပးမွာကေတာ့ မ်က္ေတာင္ေမႊးရွည္ရွည္ေလးျဖစ္ဖို႔နည္းလမ္းပါပဲ။ မ်က္ေတာင္ေမႊးဆိုတာလည္း အလွတရားတစ္ခုပဲေလ။ ဗီတာမင္ E အဆီ၊ ၾကက္ဆူဆီနဲ႔ အုန္းဆီကို ဆတူေရာၿပီး ဘူးအလြတ္တစ္ခုထဲထည့္ထားပါ။ မ်က္ေတာင္ေကာ့တံ ဘူးအလြတ္ထဲထည့္ေပးရင္ပိုအဆင္ေျပပါတယ္။ ၿပီးရင္ အဲဒီမ်က္ေတာင္ေကာ့တံနဲ႔ မ်က္ေတာင္ေမႊးေတြကို ေကာ့ေပးရမွာပါ။ မ်က္လံုးထဲ မ၀င္ေအာင္ဂရုစိုက္လုပ္ေပးရမယ္ေနာ္။ အိပ္ယာမ၀င္ခင္လုပ္ေပးရမွာျဖစ္ပါတယ္။

Credit : MyStyle

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အလှပဆိုတာ လူတိုင်း မြတ်နိုးကြတဲ့ အရာတစ်ခုပါ။ မိန်းကလေးပဲ ဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် လှချင်ကြတာပါပဲ။ စာဖတ်သူတွေကိုလည်း ပိုပိုပြီးလှသွားစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးနေပါတယ်နော်။ ဒီတခါမှာလည်း စာဖတ်သူတို့ကို ပိုပိုပြီးလှသွားစေမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

အသားအရေ ထိမ်းသိမ်းမယ်

နွေရာသီပဲဖြစ်ဖြစ်၊ မိုးတွင်းပဲဖြစ်ဖြစ် ဆောင်းတွင်းပဲဖြစ်ဖြစ် အသားအရေကို ထိန်းသိမ်းဖို့လိုပါတယ်။ ရေချိုးချိုးပြီးချင်း ခန္ဓာကိုယ်တစ်ခုလုံးကို Lotion လိမ်းပေးမယ်ဆိုရင် အသားအရေ စိုပြေစေမှာဖြစ်ပါတယ်။ အပြင်မထွက်ခင်မှာဆိုရင်လည်းနေလောင်ဒဏ်ကာကွယ်ပေးတဲ့ ခရင်မ်တွေ လိမ်းပေးသင့်ပါတယ်။

မျက်လုံးနားတဝိုက်က အသားအရေကို ဂရုစိုက်ပါ

သင့်မျက်လုံးနားတစ်ဝိုက်က အသားအရေ တင်းရစ်နေစေဖို့အတွက် မျက်လုံးနားမှာ လိမ်းထားတဲ့ Mascara တွေ ရှဲဒိုးတွေ၊ Liner တွေကို သေချာဖျက်ပေးသင့်ပါတယ်။ ပြီးရင် လုံး၀ စင်စင်ပြောင်သွားအောင်မျက်နှာသစ်ပေးပြီး မျက်လုံးနားမှာ ခရင်မ်တမျိုးမျိုး ပါးပါးပုပ်လိမ်းပေးပါ။

မျက်နှာသေချာသစ်ပါ

တစ်နေ့ကို မျက်နှာ အနည်းဆုံး ၂ ကြိမ်သစ်သင့်ပါတယ်။ မနက်မိုးလင်းရင် မျက်ကွင်းညိုတာ မျက်လုံးအိတ်ဖောင်းတာမျိုး မဖြစ်စေဖို့အတွက် မျက်လုံးကိုရေအေးအေးနဲ့ ဆေးချတာမျိုး (သို့) ရေခဲတုံးနဲ့ မျက်လုံးအောက်နားမှာ ကပ်ပေးတာမျိုး လုပ်ပေးရပါမယ်။

ချွေးပေါက်ကျဉ်းစေဖို့

ချွေးပေါက်ကျယ်တဲ့သူတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကို ထပ်ပြီးပြောပြပေးမယ်နော်။ အရင်ဆုံး မျက်နှာကို ရေနွေးနွေးလေးနဲ့ အရင်ဆေးချပါ။ ပြီးရင် မျက်နှာသစ်ဆပ်ပြာနဲ့ သေချာပွတ်ပေးပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ ဆေးချလိုက်ပြီး ရေခဲတုံးနဲ့ ပွတ်ပေးပါ။ ချွေးပေါက်ကျဉ်းစေမှာဖြစ်သလို ဆားဝက်ခြံဖြစ်တာတွေလည်း သိသိသာသာလျှော့သွားမှာပါနော်။

ခြေထောက်လေးတွေကိုလည်း ဂရုစိုက်ပါ

မျက်နှာကိုပဲ ဂရုစိုက်နေလို့မရပါဘူးနော်။ ခြေဖဝါးလေးတွေ နူးအိနေစေဖို့အတွက်နဲ့ ခြေဖနောင့်ကွဲတာသက်သာစေဖို့အတွက် ညအိပ်ယာမဝင်ခင်မှာ အဆီတမျိုးမျိုးလိမ်းပေးသင့်ပါတယ်။ အခုလို မလိမ်းခင် ခြေထောက်ကို ရေသေချာဆေးပြီး ချေးတွန်းပေးထားဖို့လိုတယ်နော်။ ပြီးမှာ အဆီတမျိုးမျိုး လိမ်းပြီး အိပ်ပေးနော်။

နှုတ်ခမ်းသား

နှုတ်ခမ်းဆိုတာ ဆွဲဆောင်မှုအရှိဆုံးအရာတစ်ခုပါပဲ။ အပြင်ကပြန်လာရင် နှုတ်ခမ်းနီကို သေချာဖျက်ပေးလိုက်ပါနော်။ ပြီးရင် ပျားရည်၊ သကြားနဲ့ အုန်းဆီ ရောပြီး ၅ မိနစ်လောက် နှုတ်ခမ်းကို ပွတ်ပေးလိုက်ပါ။ အဲဒီနောက် ရေဆေးချလိုက်ပါနော်။

မျက်တောင်မွှေးရှည်ဖို့

အခုနောက်ဆုံး ပြောပြပေးမှာကတော့ မျက်တောင်မွှေးရှည်ရှည်လေးဖြစ်ဖို့နည်းလမ်းပါပဲ။ မျက်တောင်မွှေးဆိုတာလည်း အလှတရားတစ်ခုပဲလေ။ ဗီတာမင် E အဆီ၊ ကြက်ဆူဆီနဲ့ အုန်းဆီကို ဆတူရောပြီး ဘူးအလွတ်တစ်ခုထဲထည့်ထားပါ။ မျက်တောင်ကော့တံ ဘူးအလွတ်ထဲထည့်ပေးရင်ပိုအဆင်ပြေပါတယ်။ ပြီးရင် အဲဒီမျက်တောင်ကော့တံနဲ့ မျက်တောင်မွှေးတွေကို ကော့ပေးရမှာပါ။ မျက်လုံးထဲ မဝင်အောင်ဂရုစိုက်လုပ်ပေးရမယ်နော်။ အိပ်ယာမဝင်ခင်လုပ်ပေးရမှာဖြစ်ပါတယ်။

Credit : MyStyle


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top