iMyanmarHouse.com - Best Property Website for Myanmar
×

သင္ၾကိဳက္လွပါခ်ည္ရဲ႕ဆိုတဲ့ ဒူးရင္းသီးကိတ္ဟာ အရင္ကေလာက္ ဘာလို႕စားလို႔မေကာင္းေတာ့တာလဲလို႔ ေတြးေနမိသလား။ အဲဒီ့ဒူးရင္းသီးကိတ္စားတုန္းက စိတ္ခံစားခ်က္အေျခအေနကို ျပန္ေတြးၾကည့္မိသလား။ ဟုတ္ျပီ။ ဒီထင္ျမင္ယူဆခ်က္ဟာ နည္းနည္းေခတ္ေရွ႕ေျပးေကာင္းေျပးေနလိမ့္မယ္၊ အသစ္ျဖစ္ေနလိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႕ရဲ႕ စိတ္ခံစားမႈအေျခအေနဟာ ရသာအာ႐ံုခံစားမႈအေပၚဘယ္လိုေႏွာင့္ယွက္မႈေပးသလဲဆိုတာ သိရွိႏိုင္ဖို႔ ကမ႓ာတဝွမ္းလုံးမွာ ေလ့လာသုေတသနျပဳေနၾကပါျပီ။ ရလဒ္ေတြအရ သင္အစာစားတဲ့အခ်ိန္မွာ ျဖစ္ေပၚေနတဲ့စိတ္ခံစားခ်က္ဟာ အစားအေသာက္ကို အရသာခံႏိုင္မႈအေပၚလႊမ္းမိုးျခယ္လွယ္ေနတယ္လို႔ ယူဆရပါတယ္။
ေကာလိပ္ေဘာလုံးပြဲနဲ႕ ဆက္စပ္ေလ့လာျခင္း

Cornell တကၠသိုလ္က အာဟာရသိပၸံပညာရွင္ေတြက ေလ့လာမႈတစ္ခုကို ျပဳလုပ္ခဲ့ၾကပါတယ္။ ဒီေလ့လာမႈကေန ဘာကိုေဖာ္ထုတ္ခဲ့သလဲဆိုေတာ့ လူေတြဟာဝ မ္းနည္းေနတဲ့အခ်ိန္ ဒါမွမဟုတ္ စိတ္ညစ္ေန၊ ခံစားေနရတဲ့အခ်ိန္ေတြမွာ အခ်ိဳေတြကို ပိုစားခ်င္တယ္ဆိုတာပါပဲ။ ေလ့လာမႈထဲမွာ သိပၸံပညာရွင္ေတြဟာ ေဘာလုံးအသင္းပရိသတ္ေတြကို ေရခဲမုန္႕စားခိုင္းျပီး သူတို႔ အားေပးတဲ့အသင္းရဲ့ရလဒ္ေတြနဲ႔ ခ်ိန္ထိုးၾကည့္ခဲ့ၾကပါတယ္။ ကိုယ္အားေပးတဲ့ အသင္းႏိုင္တဲ့အခါ ေရခဲမုန္႕ကို ပိုစားလို႕ေကာင္းျပီး ကိုယ့္အသင္းရွုံးရင္ ေရခဲမုန္႕ကနည္းနည္းခ်ဥ္တဲ့အရသာကို ခံစားရတယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ နဂိုကတည္းက အရသာသိပ္မေကာင္းတဲ့ အစားအစာေတြဆိုရင္ ပိုလို႕ေတာင္ဆိုးသြားတယ္လို႔ ေတြ႔ရွိခဲ့ရပါတယ္။ ဒီကေန ဆက္လက္ျပီး ေကာက္ခ်က္ခ်လို႔ရတာက လူေတြဟာ ဝမ္းနည္းတဲ့အခ်ိန္မွာ အစားအေသာက္ေရြးခ်ယ္တဲ့အခါ အရသာေကာင္းတာ၊ ခ်ိဳတာေတြကိုပဲ ပိုမိုေရြးခ်ယ္ေလ့ရွိၾကတဲ့အတြက္ ၾကာရွည္မွာ က်န္းမာေရးအတြက္ မေကာင္းဘူးဆိုတာပါပဲ။ က်န္တာေတြကို စဥ္းစားမေနဘဲ လတ္တေလာစိတ္ေျပရာ အရသာေကာင္းတာေတြကိုပဲ စားခ်င္လာလို႔ ျဖစ္ပါတယ္။ က်န္းမာေရးနဲ႕ညီညြတ္တဲ့အစားအစာေတြကို ေရြးခ်ယ္စားေသာက္ေလ့ရွိသူေတြဟာ ေပ်ာ္ရႊင္ေနသူေတြ၊ အေကာင္းျမင္စိတ္ရွိသူေတြ ျဖစ္ေလ့ရွိၾကတယ္လို႕လည္း ဒီေလ့လာမႈက ညႊန္ျပေနပါတယ္။
အခ်စ္က အရာရာကို ခ်ိဳျမိန္ေစသတဲ့လား

နယ္သာလန္ႏိုင္ငံက ပညာရွင္တစ္ဦးဟာ သူ႕အဖြဲ႕နဲ႕ပူးေပါင္းျပီး စမ္းသပ္ေလ့လာမႈတစ္ခုကို ျပဳလုပ္ခဲ့ၾကပါတယ္။ ေလ့လာမႈမွာ စမ္းသပ္ခ်က္သံုးခု ပါဝင္ပါတယ္။ သူတို႔ဟာ ေက်ာင္းသားေတြကို အခ်စ္နဲ႕ဆိုင္တဲ့(သို႔) သဝန္တိုခဲ့ရတဲ့ (သို႔)ပံုမွန္အေၾကာင္းအရာတစ္ခုနဲ႕ဆိုင္တဲ့ အေတြ႕အၾကံဳခံစားမႈသံုးခုထဲက တစ္ခုကို ခ်ေရးခိုင္းပါတယ္။ ျပီးရင္ ၾကိဳတင္ျပဳလုပ္ထားတဲ့ ခ်ိဳ၊ခ်ဥ္၊ ခါးသက္သက္ အရသာရွိတဲ့သၾကားလုံးေတြကို ျမည္းစမ္းအရသာခံခိုင္းပါတယ္။ ဒီေနာက္မွာ သူတို႕စားလိုက္ရတဲ့ သၾကားလုံးရဲ႕ ခ်ိဳ၊ခ်ဥ္၊ ခါးအရသာေတြကို အဆင့္သတ္မွတ္ခိုင္းပါတယ္။ စိတ္ဝင္စားဖို႕ေကာင္းတာက အခ်စ္အေၾကာင္း၊ အေတြ႕အၾကံဳကိုေရးတဲ့ေက်ာင္းသားေတြဟာ သဝန္တိုတဲ့အေၾကာင္း ဒါမွမဟုတ္ သာမန္အေၾကာင္းအရာတစ္ခုအေၾကာင္းေရးတဲ့ ေက်ာင္းသားေတြထက္ ခ်ိဳတဲ့အရသာကို ပိုခံစားရတာပါပဲ။ သူတို႕စားရတဲ့သၾကားလုံးဟာ ပိုခ်ိဳတယ္လို႔ ယံုၾကည္ယူဆၾကပါတယ္။

ဒီေတာ့ သင့္ရဲ႕စိတ္ခံစားမႈအေနအထားဟာ အရသာအာ႐ံုခံစားမႈအေပၚအက်ိဳးသက္ေရာက္မႈ၊ လႊမ္းမိုးမႈရွိႏိုင္သလားလို႕ေမးရင္ ရွိတယ္လို႕ေျဖရပါမယ္။ ေလ့လာသုေတသနျပဳခ်က္ေတြ အမ်ားၾကီးမလုပ္ရေသးဖူးဆိုေပမယ့္ လူေတြအေနနဲ႕ဒီအခ်က္ကို မသိစိတ္ကခံစားဖူးမွာပါ။ ဒီေလ့လာေတြ႕ရွိခ်က္ေတြဟာ လူေတြရဲ႕အရသာခံစားမႈအာ႐ံုကို ဘယ္လိုမ်ိဳးေျပာင္းလဲလႊမ္းမိုးပစ္ႏိုင္သလဲဆိုတာကို အေျဖရွာဖို႕ကူညီေပးမယ့္အျပင္ စိတ္ေဝဒနာရွင္လူနာေတြကို ကုသေပးေနတဲ့သိပၸံပညာရွင္ေတြ၊ စိတ္ေရာဂါကုဆရာဝန္ေတြအတြက္လည္း အေထာက္အကူ ျဖစ္ေစမွာပဲ ျဖစ္ပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင်ကြိုက်လှပါချည်ရဲ့ဆိုတဲ့ ဒူးရင်းသီးကိတ်ဟာ အရင်ကလောက် ဘာလို့စားလို့မကောင်းတော့တာလဲလို့ တွေးနေမိသလား။ အဲဒီ့ဒူးရင်းသီးကိတ်စားတုန်းက စိတ်ခံစားချက်အခြေအနေကို ပြန်တွေးကြည့်မိသလား။ ဟုတ်ပြီ။ ဒီထင်မြင်ယူဆချက်ဟာ နည်းနည်းခေတ်ရှေ့ပြေးကောင်းပြေးနေလိမ့်မယ်၊ အသစ်ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုအခြေအနေဟာ ရသာအာရုံခံစားမှုအပေါ်ဘယ်လိုနှောင့်ယှက်မှုပေးသလဲဆိုတာ သိရှိနိုင်ဖို့ ကမ္ဘာတဝှမ်းလုံးမှာ လေ့လာသုတေသနပြုနေကြပါပြီ။ ရလဒ်တွေအရ သင်အစာစားတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့စိတ်ခံစားချက်ဟာ အစားအသောက်ကို အရသာခံနိုင်မှုအပေါ်လွှမ်းမိုးခြယ်လှယ်နေတယ်လို့ ယူဆရပါတယ်။
ကောလိပ်ဘောလုံးပွဲနဲ့ ဆက်စပ်လေ့လာခြင်း

Cornell တက္ကသိုလ်က အာဟာရသိပ္ပံပညာရှင်တွေက လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီလေ့လာမှုကနေ ဘာကိုဖော်ထုတ်ခဲ့သလဲဆိုတော့ လူတွေဟာဝ မ်းနည်းနေတဲ့အချိန် ဒါမှမဟုတ် စိတ်ညစ်နေ၊ ခံစားနေရတဲ့အချိန်တွေမှာ အချိုတွေကို ပိုစားချင်တယ်ဆိုတာပါပဲ။ လေ့လာမှုထဲမှာ သိပ္ပံပညာရှင်တွေဟာ ဘောလုံးအသင်းပရိသတ်တွေကို ရေခဲမုန့်စားခိုင်းပြီး သူတို့ အားပေးတဲ့အသင်းရဲ့ရလဒ်တွေနဲ့ ချိန်ထိုးကြည့်ခဲ့ကြပါတယ်။ ကိုယ်အားပေးတဲ့ အသင်းနိုင်တဲ့အခါ ရေခဲမုန့်ကို ပိုစားလို့ကောင်းပြီး ကိုယ့်အသင်းရှုံးရင် ရေခဲမုန့်ကနည်းနည်းချဉ်တဲ့အရသာကို ခံစားရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် နဂိုကတည်းက အရသာသိပ်မကောင်းတဲ့ အစားအစာတွေဆိုရင် ပိုလို့တောင်ဆိုးသွားတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒီကနေ ဆက်လက်ပြီး ကောက်ချက်ချလို့ရတာက လူတွေဟာ ဝမ်းနည်းတဲ့အချိန်မှာ အစားအသောက်ရွေးချယ်တဲ့အခါ အရသာကောင်းတာ၊ ချိုတာတွေကိုပဲ ပိုမိုရွေးချယ်လေ့ရှိကြတဲ့အတွက် ကြာရှည်မှာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာပါပဲ။ ကျန်တာတွေကို စဉ်းစားမနေဘဲ လတ်တလောစိတ်ပြေရာ အရသာကောင်းတာတွေကိုပဲ စားချင်လာလို့ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ရွေးချယ်စားသောက်လေ့ရှိသူတွေဟာ ပျော်ရွှင်နေသူတွေ၊ အကောင်းမြင်စိတ်ရှိသူတွေ ဖြစ်လေ့ရှိကြတယ်လို့လည်း ဒီလေ့လာမှုက ညွှန်ပြနေပါတယ်။
အချစ်က အရာရာကို ချိုမြိန်စေသတဲ့လား

နယ်သာလန်နိုင်ငံက ပညာရှင်တစ်ဦးဟာ သူ့အဖွဲ့နဲ့ပူးပေါင်းပြီး စမ်းသပ်လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ လေ့လာမှုမှာ စမ်းသပ်ချက်သုံးခု ပါဝင်ပါတယ်။ သူတို့ဟာ ကျောင်းသားတွေကို အချစ်နဲ့ဆိုင်တဲ့(သို့) သဝန်တိုခဲ့ရတဲ့ (သို့)ပုံမှန်အကြောင်းအရာတစ်ခုနဲ့ဆိုင်တဲ့ အတွေ့အကြုံခံစားမှုသုံးခုထဲက တစ်ခုကို ချရေးခိုင်းပါတယ်။ ပြီးရင် ကြိုတင်ပြုလုပ်ထားတဲ့ ချို၊ချဉ်၊ ခါးသက်သက် အရသာရှိတဲ့သကြားလုံးတွေကို မြည်းစမ်းအရသာခံခိုင်းပါတယ်။ ဒီနောက်မှာ သူတို့စားလိုက်ရတဲ့ သကြားလုံးရဲ့ ချို၊ချဉ်၊ ခါးအရသာတွေကို အဆင့်သတ်မှတ်ခိုင်းပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အချစ်အကြောင်း၊ အတွေ့အကြုံကိုရေးတဲ့ကျောင်းသားတွေဟာ သဝန်တိုတဲ့အကြောင်း ဒါမှမဟုတ် သာမန်အကြောင်းအရာတစ်ခုအကြောင်းရေးတဲ့ ကျောင်းသားတွေထက် ချိုတဲ့အရသာကို ပိုခံစားရတာပါပဲ။ သူတို့စားရတဲ့သကြားလုံးဟာ ပိုချိုတယ်လို့ ယုံကြည်ယူဆကြပါတယ်။

ဒီတော့ သင့်ရဲ့စိတ်ခံစားမှုအနေအထားဟာ အရသာအာရုံခံစားမှုအပေါ်အကျိုးသက်ရောက်မှု၊ လွှမ်းမိုးမှုရှိနိုင်သလားလို့မေးရင် ရှိတယ်လို့ဖြေရပါမယ်။ လေ့လာသုတေသနပြုချက်တွေ အများကြီးမလုပ်ရသေးဖူးဆိုပေမယ့် လူတွေအနေနဲ့ဒီအချက်ကို မသိစိတ်ကခံစားဖူးမှာပါ။ ဒီလေ့လာတွေ့ရှိချက်တွေဟာ လူတွေရဲ့အရသာခံစားမှုအာရုံကို ဘယ်လိုမျိုးပြောင်းလဲလွှမ်းမိုးပစ်နိုင်သလဲဆိုတာကို အဖြေရှာဖို့ကူညီပေးမယ့်အပြင် စိတ်ဝေဒနာရှင်လူနာတွေကို ကုသပေးနေတဲ့သိပ္ပံပညာရှင်တွေ၊ စိတ်ရောဂါကုဆရာဝန်တွေအတွက်လည်း အထောက်အကူ ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top