iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြက အသက္ႀကီးလာေလ ေယာက်္ားမရမွာ ေႀကာက္ေလပဲတဲ႔ ေယာက်္ားေလးေတြကေတာ့ အသက္ႀကီးလာေလ မိန္းမရမွာ ေႀကာက္ေလပဲ တဲ႕ ။ ဖတ္ဖူးတာပါပဲ ဘယ္လိုပညာရွိႀကီးက အေတြးေတြ ေခ်ာ္လိုက္လဲေတာ့ မသိေပမဲ႔ အသက္ႀကီးေပမဲ႔  ေယာက်္ားမရမွာ မေၾကာက္တဲ့ မိန္းကေလးေတြဆိုတာ တစ္ပံုႀကီးပါ။

အသက္၃၀နား နီးရင္ကို ေခၚလာႀကျပီ။ အပ်ိဳႀကီးတဲ႔ ။ ေခၚပါ ေခၚပါ ပါးစပ္ေတြကပိတ္မထားႏိုင္လို႔ ခြင့္လႊတ္ထားလို႔ရေသးေသာ္လည္း အသက္၃၀နားနီးတာနဲ႔ ေတြ႕ကရာ ေယာက်္ား ျပန္မႀကိဳက္ႏုိင္တာ အျပစ္မ်ားျဖစ္သြားလား… :/

အသက္ကလည္း ၃၀ နားနီးေနၿပီ ။ ရည္းစားကလည္း မရွိေသးဘူးဆိုတိုင္း သူတို႕ကို ခ်ဥ္းကပ္ဖို႕ မလြယ္ပါဘူး။ ဒီလိုအရြယ္ကို ခ်ဥ္းကပ္ဖို႕ဘာလို႕ မလြယ္တာလဲဆိုတာ ဒီအခ်က္ေတြေႀကာင့္ပါ။ သူတို႔ကို ခ်ဥ္းကပ္မိရင္ေတာ့ ဒါေတြ ႀကံဳကိုႀကံဳရပါလိမ့္မယ္။

ဂုဏ္သိကၡာအတြက္ပါ။

ပထမအမွန္ဆံုးကေတာ့ သူတို႕ရဲ႕ ဂုဏ္သိကၡာအတြက္ပါ။ ဘယ္လိုဂုဏ္သိကၡာလဲဆိုေတာ့ ဒီအရြယ္ထိ ထိန္းလာတဲ႔ အပ်ိဳႀကီးဆိုတဲ႕ ဂုဏ္သိကၡာလို႕ပဲေျပာရမယ္ ထင္တယ္။ ေတာ္ရံုလူနဲ႕ေတာ့ ဘာလို႕ခ်စ္ႀကိဳက္ေနမွာလဲ ။ ”အပ်ိဳႀကီး ဒီအရြယ္ထိ ေနလာၿပီး ေတြ႕ကရာႀကိဳက္လိုက္တာပဲ”ဆိုတာ အေျပာခံရမွာ ေသမလိုေၾကာက္ပါတယ္။ စိတ္နည္းနည္း ပါေနရင္ေတာင္ အင္း ငါ့ဂုဏ္သိကၡာရွိပါေသးတယ္ ဒီလူနဲ႔ေတာ့ မျဖစ္ပါဘူးဆိုၿပီး ေရွာင္ေတာ့တာပါပဲ။

အသက္ငယ္သူကို စိတ္မဝင္စားလို႕ပါ။

အသက္ငယ္သူကို စိတ္မဝင္စားတာက မိန္းကေလးအမ်ားစုပါပဲ။ ဒါေပမဲ႕ အသက္ႀကီးလာတဲ့ မိန္းကေလးေတြကေတာ့ စိတ္တစ္မ်ိဳးဝင္သြားျပန္တယ္။ ရြယ္တူနဲ႔ ျဖစ္ရင္ျဖစ္ မျဖစ္ရင္ေတာ့ ကေလးမုန္႔ေပးႀကိဳက္တယ္ဆိုတာလည္း အေျပာမခံႏိုင္ပါဘူး။ ပတ္ဝန္းက်င္ကို ဂရုမစိုက္ေပမယ့္လည္း မသိစိတ္ကေတာ့ ဂရုစိုက္မိျပန္တယ္။အသက္ငယ္သူက အားမကိုးရတာဘာညာ စသျဖင့္ ဆိုက္ကိုမဝင္ခ်င္ေပမယ့္ ဝင္မိတာပါပဲ။

ပိုက္ဆံရွာႏုိင္လို႕ပါ။

တစ္ေယာက္တည္းေန ေနတာလည္း အဆင္ေျပေနတာပဲ ကိုယ္ဝမ္းကိုယ္ေက်ာင္းႏိုင္ေနတာပဲဆိုတဲ့ စိတ္ကလည္း အျပည့္ပါပဲ။ ဘာလို႕ ရည္းစားထားရမယ္ အိမ္ေထာင္ျပဳရမယ္ဆိုတဲ့  မူႀကီးကိုေတာ့ သူတို႔အတြက္ သိပ္မမွန္ပါဘူး။ ကိုယ့္ဝမ္းကိုေက်ာင္းႏိုင္တယ္ ပိုက္ဆံရွိရင္ အရာရာျဖစ္တယ္ဆိုတာလည္း သိတယ္ ပိုက္ဆံအတြက္နဲ႔ေတာ့ သူတို႕ လက္မထပ္ခ်င္ပါဘူးတဲ႔။
တကယ္ခ်စ္ရင္ေတာ့ ကိုယ့္အတြက္ သင့္ေတာ္တဲ႔သူဆိုၿပီး သူတို႔စိတ္က လက္ခံရင္ေတာ့ စဥ္းစားႏိုင္ေသာ္ျငားလည္း ပိုက္ဆံအတြက္နဲ႔ေတာ့ သူတို႕ကို ခ်ဥ္းကပ္လို႕အဆင္မေျပပါလို႔။

အထင္ကိုမႀကီးတာပါ။

ဒါကေတာ့ နည္းနည္း ဆိုက္ကိုဆန္ႏိုင္ပါတယ္။ ေမြးဖြားရာ ႀကီးပ်င္းရာ ပတ္ဝန္းက်င္ကေန သူတို႔ဟာ အိမ္ေထာင္ျပဳရမွာကို စိတ္မဝင္စားတာေတြလည္း ရွိပါတယ္။ ေယာက်္ားဆိုတာ ထုတယ္ ရိုက္တယ္ နွိပ္စက္တတ္တယ္ ကိုယ္ပဲျပဳစုေနရတယ္ သည္းခံေနရတယ္ အရက္သမားခ်ည္းပဲဆိုတာက ပါ ပါေသးတယ္ (တခ်ိဳ႕ေတြေျပာပါတယ္) ။ ဇီဇာေၾကာင္တယ္လို႔ ေျပာလည္း ရတာေပါ့ေနာ္။ တစ္ေယာက္တည္းပဲေန တစ္ေယာက္တည္းေနတာက အပူကင္းတယ္ ဆိုတဲ႔ အပ်ိဳႀကီးအေဒၚေတြၾကားမွာ ႀကီးျပင္းလာသူဆိုရင္ အဲ႔စိတ္က ပိုဝင္ေနတတ္ၾကပါတယ္။

စကားလွလွပပ သံုးၿပီးျငင္းတတ္တယ္။

ကိုယ္က သူ႔မွ မရရင္ေသပါေတာ့မယ္ဆိုၿပီးလည္း ေတာ္ကီေတြေခၽြလို႕မရေတာ့ပါဘူး။ မိဘဆီ အပူကပ္ရတဲ႕ေခတ္လည္း ကုန္ၿပီမို႔ သူတို႕ဆီ တိုက္ရိုက္ခ်ဥ္းကပ္ပါေသာ္လည္း မခ်စ္ရင္ မခ်စ္ႏုိင္ေၾကာင္းကို စကားလွလွေလးေတြ သံုးကာ အခင္မင္လည္း မပ်က္ေအာင္ ျငင္းထားတတ္ပါတယ္။ မိန္းကေလးတို႕သဘာဝက ျပန္ေတာ့ မႀကိဳက္ႏိုင္ဘူး အခင္မင္လည္း မပ်က္ခ်င္ဘူးဆို သိတဲ႔အတိုင္း စကားလွလွေလးေတြသံုးတတ္တာက အသက္ႀကီးလာေလ ပိုတတ္ေလပါပဲ။ ႀကံဳဖူးသူဆို သိမွာမို႕ ထူးေျပာရမယ္ မထင္ပါဘူး။

ဘယ္သူေတြ ဘာေျပာေျပာ အသက္၃၀ဆိုတာ ငယ္ပါေသးတယ္။ အသက္ ၄၀မွ ဘဝစတယ္ဆိုတာေတာင္ ရွိေသးတာ မဟုတ္လား… လူငယ္ပဲ ရွိေသးတဲ့ဘဝမွာ လူငယ္လုိ လြတ္လြတ္လပ္လပ္ေပ်ာ္ရႊင္ၾကၿပီး ဘဝအတြက္လည္း ႀကိဳးစားေနၾကတဲ့အခ်ိန္မွာ အိမ္ေထာင္မျပဳခ်င္ၾကတာကလည္း သဘာဝပဲ မဟုတ္ပါလား။ တကယ္လုိ႔ အသက္ ၃၀အရြယ္မိန္းကေလးေတြကိုမွ ခ်စ္မိပါတယ္ဆိုရင္ေတာ့ အထက္ပါ အခ်က္ေတြကိုေတာ့ ေသခ်ာနားလည္ဖို႔လိုပါတယ္လို႔.. လိုေနတဲ့အခ်က္ေလးေတြ ရွိေနလည္း မန္႔သြားဖို႔ မေမ့ၾကနဲ႔ေနာ္ ေယာင္းတို႔…

Credit: Wai Zin ( For Her Myanmar )
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေးတွေက အသက်ကြီးလာလေ ယောကျ်ားမရမှာ ကြောက်လေပဲတဲ့ ယောကျ်ားလေးတွေကတော့ အသက်ကြီးလာလေ မိန်းမရမှာ ကြောက်လေပဲ တဲ့ ။ ဖတ်ဖူးတာပါပဲ ဘယ်လိုပညာရှိကြီးက အတွေးတွေ ချော်လိုက်လဲတော့ မသိပေမဲ့ အသက်ကြီးပေမဲ့  ယောကျ်ားမရမှာ မကြောက်တဲ့ မိန်းကလေးတွေဆိုတာ တစ်ပုံကြီးပါ။

အသက်၃၀နား နီးရင်ကို ခေါ်လာကြပြီ။ အပျိုကြီးတဲ့ ။ ခေါ်ပါ ခေါ်ပါ ပါးစပ်တွေကပိတ်မထားနိုင်လို့ ခွင့်လွှတ်ထားလို့ရသေးသော်လည်း အသက်၃၀နားနီးတာနဲ့ တွေ့ကရာ ယောကျ်ား ပြန်မကြိုက်နိုင်တာ အပြစ်များဖြစ်သွားလား… :/

အသက်ကလည်း ၃၀ နားနီးနေပြီ ။ ရည်းစားကလည်း မရှိသေးဘူးဆိုတိုင်း သူတို့ကို ချဉ်းကပ်ဖို့ မလွယ်ပါဘူး။ ဒီလိုအရွယ်ကို ချဉ်းကပ်ဖို့ဘာလို့ မလွယ်တာလဲဆိုတာ ဒီအချက်တွေကြောင့်ပါ။ သူတို့ကို ချဉ်းကပ်မိရင်တော့ ဒါတွေ ကြုံကိုကြုံရပါလိမ့်မယ်။

ဂုဏ်သိက္ခာအတွက်ပါ။

ပထမအမှန်ဆုံးကတော့ သူတို့ရဲ့ ဂုဏ်သိက္ခာအတွက်ပါ။ ဘယ်လိုဂုဏ်သိက္ခာလဲဆိုတော့ ဒီအရွယ်ထိ ထိန်းလာတဲ့ အပျိုကြီးဆိုတဲ့ ဂုဏ်သိက္ခာလို့ပဲပြောရမယ် ထင်တယ်။ တော်ရုံလူနဲ့တော့ ဘာလို့ချစ်ကြိုက်နေမှာလဲ ။ ”အပျိုကြီး ဒီအရွယ်ထိ နေလာပြီး တွေ့ကရာကြိုက်လိုက်တာပဲ”ဆိုတာ အပြောခံရမှာ သေမလိုကြောက်ပါတယ်။ စိတ်နည်းနည်း ပါနေရင်တောင် အင်း ငါ့ဂုဏ်သိက္ခာရှိပါသေးတယ် ဒီလူနဲ့တော့ မဖြစ်ပါဘူးဆိုပြီး ရှောင်တော့တာပါပဲ။

အသက်ငယ်သူကို စိတ်မဝင်စားလို့ပါ။

အသက်ငယ်သူကို စိတ်မဝင်စားတာက မိန်းကလေးအများစုပါပဲ။ ဒါပေမဲ့ အသက်ကြီးလာတဲ့ မိန်းကလေးတွေကတော့ စိတ်တစ်မျိုးဝင်သွားပြန်တယ်။ ရွယ်တူနဲ့ ဖြစ်ရင်ဖြစ် မဖြစ်ရင်တော့ ကလေးမုန့်ပေးကြိုက်တယ်ဆိုတာလည်း အပြောမခံနိုင်ပါဘူး။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပေမယ့်လည်း မသိစိတ်ကတော့ ဂရုစိုက်မိပြန်တယ်။အသက်ငယ်သူက အားမကိုးရတာဘာညာ စသဖြင့် ဆိုက်ကိုမဝင်ချင်ပေမယ့် ဝင်မိတာပါပဲ။

ပိုက်ဆံရှာနိုင်လို့ပါ။

တစ်ယောက်တည်းနေ နေတာလည်း အဆင်ပြေနေတာပဲ ကိုယ်ဝမ်းကိုယ်ကျောင်းနိုင်နေတာပဲဆိုတဲ့ စိတ်ကလည်း အပြည့်ပါပဲ။ ဘာလို့ ရည်းစားထားရမယ် အိမ်ထောင်ပြုရမယ်ဆိုတဲ့  မူကြီးကိုတော့ သူတို့အတွက် သိပ်မမှန်ပါဘူး။ ကိုယ့်ဝမ်းကိုကျောင်းနိုင်တယ် ပိုက်ဆံရှိရင် အရာရာဖြစ်တယ်ဆိုတာလည်း သိတယ် ပိုက်ဆံအတွက်နဲ့တော့ သူတို့ လက်မထပ်ချင်ပါဘူးတဲ့။
တကယ်ချစ်ရင်တော့ ကိုယ့်အတွက် သင့်တော်တဲ့သူဆိုပြီး သူတို့စိတ်က လက်ခံရင်တော့ စဉ်းစားနိုင်သော်ငြားလည်း ပိုက်ဆံအတွက်နဲ့တော့ သူတို့ကို ချဉ်းကပ်လို့အဆင်မပြေပါလို့။

အထင်ကိုမကြီးတာပါ။

ဒါကတော့ နည်းနည်း ဆိုက်ကိုဆန်နိုင်ပါတယ်။ မွေးဖွားရာ ကြီးပျင်းရာ ပတ်ဝန်းကျင်ကနေ သူတို့ဟာ အိမ်ထောင်ပြုရမှာကို စိတ်မဝင်စားတာတွေလည်း ရှိပါတယ်။ ယောကျ်ားဆိုတာ ထုတယ် ရိုက်တယ် နှိပ်စက်တတ်တယ် ကိုယ်ပဲပြုစုနေရတယ် သည်းခံနေရတယ် အရက်သမားချည်းပဲဆိုတာက ပါ ပါသေးတယ် (တချို့တွေပြောပါတယ်) ။ ဇီဇာကြောင်တယ်လို့ ပြောလည်း ရတာပေါ့နော်။ တစ်ယောက်တည်းပဲနေ တစ်ယောက်တည်းနေတာက အပူကင်းတယ် ဆိုတဲ့ အပျိုကြီးအဒေါ်တွေကြားမှာ ကြီးပြင်းလာသူဆိုရင် အဲ့စိတ်က ပိုဝင်နေတတ်ကြပါတယ်။

စကားလှလှပပ သုံးပြီးငြင်းတတ်တယ်။

ကိုယ်က သူ့မှ မရရင်သေပါတော့မယ်ဆိုပြီးလည်း တော်ကီတွေချွေလို့မရတော့ပါဘူး။ မိဘဆီ အပူကပ်ရတဲ့ခေတ်လည်း ကုန်ပြီမို့ သူတို့ဆီ တိုက်ရိုက်ချဉ်းကပ်ပါသော်လည်း မချစ်ရင် မချစ်နိုင်ကြောင်းကို စကားလှလှလေးတွေ သုံးကာ အခင်မင်လည်း မပျက်အောင် ငြင်းထားတတ်ပါတယ်။ မိန်းကလေးတို့သဘာဝက ပြန်တော့ မကြိုက်နိုင်ဘူး အခင်မင်လည်း မပျက်ချင်ဘူးဆို သိတဲ့အတိုင်း စကားလှလှလေးတွေသုံးတတ်တာက အသက်ကြီးလာလေ ပိုတတ်လေပါပဲ။ ကြုံဖူးသူဆို သိမှာမို့ ထူးပြောရမယ် မထင်ပါဘူး။

ဘယ်သူတွေ ဘာပြောပြော အသက်၃၀ဆိုတာ ငယ်ပါသေးတယ်။ အသက် ၄၀မှ ဘဝစတယ်ဆိုတာတောင် ရှိသေးတာ မဟုတ်လား… လူငယ်ပဲ ရှိသေးတဲ့ဘဝမှာ လူငယ်လို လွတ်လွတ်လပ်လပ်ပျော်ရွှင်ကြပြီး ဘဝအတွက်လည်း ကြိုးစားနေကြတဲ့အချိန်မှာ အိမ်ထောင်မပြုချင်ကြတာကလည်း သဘာဝပဲ မဟုတ်ပါလား။ တကယ်လို့ အသက် ၃၀အရွယ်မိန်းကလေးတွေကိုမှ ချစ်မိပါတယ်ဆိုရင်တော့ အထက်ပါ အချက်တွေကိုတော့ သေချာနားလည်ဖို့လိုပါတယ်လို့.. လိုနေတဲ့အချက်လေးတွေ ရှိနေလည်း မန့်သွားဖို့ မမေ့ကြနဲ့နော် ယောင်းတို့…

Credit: Wai Zin ( For Her Myanmar )

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top