iMyanmarHouse.com - Best Property Website for Myanmar
×






eggs




Credit : MyFood

ကြက်ဥ ကိုခွဲလိုက်တဲ့အခါ အဝါရောင် လိမ္မော်ရောင် အဝါဖျော့ရောင်ဆိုပြီး ၃ မျိုးရှိတာတွေ့ရမှာပါ။ ကျွမ်းကျင်သူတွေကကြက်ဥအရောင်ကိုကြည့်ပြီး ကြက်ဥ ရဲ့ Quality အရည်သွေးကို ဆုံးဖြတ်ကြပါတယ်။

ဘယ်လိုကြက်ဥအရောင်တွေရှိသလဲ

ကြက်ဥ အနှစ် မှာပါဝင်တဲ့ Carotenoids က ကြက်ဥကို အဝါဖျော့ရောင် လိမ္မော်ရောင်မျိုးဖြစ်စေတာပါ။ Carotenoids ဓါတ်က ဗီတာမင် A နဲ့ Antioxidant ဓါတ်တွေကိုထုတ်ပေးပါတယ်။

ကြက်ဥ မစားခင် ကြက်မ တွေရဲ့ အဟာရအခြေအနေ

ကြက်မ တွေစားတဲ့ အစားအစာက ကြက်ဥ အနစ် ရဲ့အရောင်နဲ့ ဆက်စပ်နေပါတယ်။ စပါး တစ်မျိုးတည်းစားတဲ့ ကြက်မတွေရဲ့ ကြက်ဥအနှစ်ဟာ အဝါရောင်ဖျောဖျော့ဖြစ်တတ်ပါတယ်။ အပင်တွေ၊ အင်းဆက်တွေ၊ စပါး နဲ့ ပြောင်းဖူးစားတဲ့ ကြက်မတွေကတော့ လိမ္မော်ရောင် (သို့) ပယင်းရောင်ဖြစ်ပါတယ်။

eggs

ဘယ် ကြက်ဥအရောင် ကကောင်းသလဲ

အော်ဂဲနစ်တွေကိုစားတဲ့ ကြက်ဥ အနှစ် ဟာ လိမ္မော်ရောင်ဖြစ်ပြီး ခန္တာကိုယ် နဲ့ အရိုးသန်မာဖို့ ကြွက်သား သန်မာဖို့လိုအပ်တဲ့ အဟာရဓါတ်တွေပါဝင်ပါတယ်။ အဝါရောင်ဖျော့ဖျော့ကတော့ အဟာရဓါတ်သိပ်မပါဝင်ဘူး ဒါမှဟုတ် ကြက် ရဲ့ ကျန်းမာရေးသိပ်မကောင်းလို့ဖြစ်တယ်လို့ယူဆထားကြပါတယ်။

အကျဉ်းချုပ်ပြောရရင်တော့ ကြက်ဥ အဝါရောင် အနှစ်ထက် လိမ္မော်ရောင် (သို့) ပယင်းရောင်အနစ်က ပိုပြီးအဟာရဓါတ်ကြွယ်ဝတယ်လို့ဆိုနိုင်ပါတယ်။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top