iMyanmarHouse.com - Best Property Website for Myanmar
×

💀 သင္သိပါသလား… မၾကာခဏ စိတ္ဆိုး စိတ္ေကာက္ျခင္းဟာ က်န္းမာေရးကို ဆိုးရြားစြာ ထိခိုက္ႏိုင္တယ္ ဆိုတာ💀

ကီြးတို႕မွာ ခဏခဏ စိတ္ဆိုး စိတ္ေကာက္ တတ္တဲ့ ခ်စ္သူ ေကာင္မေလး ရွိရင္ေတာ့ လက္ဆြဲၿပီးေတာ့သာ ဒီစာေလးကို ဖတ္ခိုင္း လိုက္ပါေတာ့ ။


ခ်စ္သူ သမီးရည္းစားေတြ အခ်င္းခ်င္း ရန္ျဖစ္ စိတ္ဆိုးၾကတယ္ဆိုတာ ျဖစ္ရိုး ျဖစ္စဥ္ ဆိုေပမယ့္ လို႕ အၿမဲလိုလို မၾကာခဏ စိတ္ဆိုး ေဒါသထြက္ျခင္း ကေတာ့ က်န္းမာေရးကိုပါ ဆိုးဆိုး ရြားရြား ထိခိုက္ေစပါတယ္။ ဘယ္လိုေတြ ထိခိုက္လဲ ဆိုတာ ေအာက္မွာ ၾကည့္ေပးဦးေနာ္။

❎ သာမန္ထက္ ႏွလံုးေရာဂါ ႏွစ္ဆျဖစ္ေစတယ္

ေဒါသေတြ မၾကာခဏ ထြက္တတ္ျခင္းရဲ႕ သိိသိသာသာ အက်ိဳးဆက္ကေတာ့ ႏွလံုးကို ထိခိုက္ေစတာပါပဲ ကီြးတို႕ေရ။ အကယ္၍ သင္ဟာ အနည္းဆံုး ႏွစ္နာရီ နီးပါးခန္႔ ျပင္းျပင္းထန္ထန္ စိတ္ဆိုး ေဒါသထြက္ၿပီးတဲ့အခါ ႏွလံုးေရာဂါ ျဖစ္ပြားႏိုင္မႈဟာ သာမန္ထက္ ႏွစ္ဆခန္႔ ျမင့္တက္သြားပါတယ္လို႕ Wake forest University of Medicine ရဲ႕ နည္းျပ Chris Aiken က ဆိုထားပါေသးတယ္။


❎ စိုးရိမ္စိတ္ လြန္ကဲမႈကို ျမင့္တက္ေစတယ္

သင္ဟာ ပံုမွန္ အခ်ိန္မွာေတာင္ စိုးရိမ္ ပူပန္မႈ ႀကီးမားတတ္သူ တစ္ေယာက္လား ။ ဥပမာ စာေမးပြဲခန္း ဝင္ကာနီး ၊ အလုပ္အင္တာဗ်ဴး ေျဖကာနီး ေတြမ်ိဳး မွာေပါ့။ တကယ္လို႕ အဲ့လို စိုးရိမ္စိတ္ လြန္ကဲတတ္သူ တစ္ေယာက္ ဆိုရင္ေတာ့ ေဒါသထြက္ျခင္းကို တတ္ႏိုင္သမွ် ေရွာင္ရွားသင့္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ စိုးရိမ္မႈ လြန္ကဲျခင္းႏွင့္ ေဒါသႀကီးျခင္းဟာ အျပန္အလွန္ ဆက္စပ္ ပတ္သတ္မႈ ရွိေနလို႔ပဲ ျဖစ္ပါတယ္။ ဒီလိုသာ ျမင့္တက္လာရင္ သာမန္ကိုယ့္ရဲ႕ ေန႔စဥ္ဘဝ Daily Life မွာပါလာေရာက္ၿပီး ထိခိုက္ေစတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။

❎ စိတ္က်ေရာဂါကိုလည္း မေမ့နဲ႔အုံး

မ်ားစြာေသာ ေလ့လာေတြ႕ရွိခ်က္ ေတြအရ ေဒါသထြက္ျခင္းႏွင့္ စိတ္က်ေရာဂါဟာ ဆက္စပ္ ေနပါတယ္။ အထူးသျဖင့္ အမ်ိဳးသားေတြမွာ အျဖစ္မ်ားပါတယ္။ အဲ့ဒီလို အျပင္းအထန္ စိတ္ဆိုးေဒါသ ထြက္ျခင္းႏွင့္ စိတ္က်ေရာဂါ ကိုပါ တစ္ျပိဳင္နက္တည္း ခံစားရၿပီ ဆိုရင္ေတာ့ ေနာက္ဆက္တြဲအေနနဲ႕ အလြန္အကြ်ံ ေတြးေတာျခင္း ၊ အလြယ္တကူ မယံုၾကည္ႏိုင္ျခင္း နဲ႕ အဆိုးျမင္ စိတ္ေတြသာ ႀကီးစိုးၿပီး ရုပ္ပိုင္းဆိုင္ရာ ထိခိုက္မႈတြကိုပါ ဆက္တိုက္ဆိုသလို ျဖစ္ေပၚေစႏိုင္ပါတယ္။


❎ အဆုတ္ကိုလည္း ထိခိုက္ေစပါတယ္

ေဆးလိပ္မွ မဟုတ္ပါဘူး။ ျပင္းထန္စြာ စိတ္ဆိုးေဒါသျဖစ္ျခင္း ကလည္း အဆုတ္ကို ထိခိုက္ေစႏိုင္ပါတယ္။ ဟားဗတ္ႏိုင္ငံက သိပံပညာရွင္ေတြဟာ လူေပါင္း ၆၇၀ ကို သူတို႕ရဲ႕ေဒါသျဖစ္မႈ Level အဆင့္ဆင့္နဲ႕ အဆုတ္မွာ ခံစားရတဲ့ ထိခိုက္မွဳေတြကို ၈ႏွစ္ၾကာေအာင္ ေလ့လာခဲ့ပါတယ္။ အဲ့ဒီမွာ ရန္လိုျပဳမႈ စိတ္ျမင့္မားလြန္းသူေတြဟာ အဆုတ္ရဲ႕လုပ္ေဆာင္ႏိုင္စြမ္းေတြမွာ ေတာ္ေတာ္ ဆိုးဆိုးရြားရြား ထိခိုက္ေနတာကို ေတြ႕ရပါတယ္။


❎ အသံတိတ္ လူသတ္သမား

ေပ်ာ္ေပ်ာ္ေနေသခဲ ဆိုတဲ့ စကားအတိုင္း စိတ္ေပ်ာ္ရႊင္ျခင္းဟာ ကိုယ္ကာယ က်န္းမာေရးအတြက္ပါ အေထာက္အကူ ျဖစ္ေစပါတယ္။ ဒီလိုမွ မဟုတ္ပဲ အၿမဲရန္လို ေဒါသစိတ္ေတြ မ်ားျပားေနရင္ေတာ့ သူရဲ႕ ေနာက္ဆက္တြဲ အေဖာ္ေတြျဖစ္တဲ့ စိတ္က်ေရာဂါ ၊ ႏွလံုးေရာဂါ ၊ စတာေတြ ဆက္တိုက္သလို ျဖစ္ေပၚလာႏိုင္တာ ျဖစ္ၿပီး ကိုယ့္ဘဝရဲ႕ သက္တမ္းကို တိတ္တိတ္ေလး ခိုးယူဖ်က္ဆီး ေနမွာျဖစ္ပါတယ္ ။
Credit:loveshort
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
💀 သင်သိပါသလား… မကြာခဏ စိတ်ဆိုး စိတ်ကောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်တယ် ဆိုတာ💀

ကွီးတို့မှာ ခဏခဏ စိတ်ဆိုး စိတ်ကောက် တတ်တဲ့ ချစ်သူ ကောင်မလေး ရှိရင်တော့ လက်ဆွဲပြီးတော့သာ ဒီစာလေးကို ဖတ်ခိုင်း လိုက်ပါတော့ ။


ချစ်သူ သမီးရည်းစားတွေ အချင်းချင်း ရန်ဖြစ် စိတ်ဆိုးကြတယ်ဆိုတာ ဖြစ်ရိုး ဖြစ်စဉ် ဆိုပေမယ့် လို့ အမြဲလိုလို မကြာခဏ စိတ်ဆိုး ဒေါသထွက်ခြင်း ကတော့ ကျန်းမာရေးကိုပါ ဆိုးဆိုး ရွားရွား ထိခိုက်စေပါတယ်။ ဘယ်လိုတွေ ထိခိုက်လဲ ဆိုတာ အောက်မှာ ကြည့်ပေးဦးနော်။

❎ သာမန်ထက် နှလုံးရောဂါ နှစ်ဆဖြစ်စေတယ်

ဒေါသတွေ မကြာခဏ ထွက်တတ်ခြင်းရဲ့ သိသိသာသာ အကျိုးဆက်ကတော့ နှလုံးကို ထိခိုက်စေတာပါပဲ ကွီးတို့ရေ။ အကယ်၍ သင်ဟာ အနည်းဆုံး နှစ်နာရီ နီးပါးခန့် ပြင်းပြင်းထန်ထန် စိတ်ဆိုး ဒေါသထွက်ပြီးတဲ့အခါ နှလုံးရောဂါ ဖြစ်ပွားနိုင်မှုဟာ သာမန်ထက် နှစ်ဆခန့် မြင့်တက်သွားပါတယ်လို့ Wake forest University of Medicine ရဲ့ နည်းပြ Chris Aiken က ဆိုထားပါသေးတယ်။


❎ စိုးရိမ်စိတ် လွန်ကဲမှုကို မြင့်တက်စေတယ်

သင်ဟာ ပုံမှန် အချိန်မှာတောင် စိုးရိမ် ပူပန်မှု ကြီးမားတတ်သူ တစ်ယောက်လား ။ ဥပမာ စာမေးပွဲခန်း ဝင်ကာနီး ၊ အလုပ်အင်တာဗျူး ဖြေကာနီး တွေမျိုး မှာပေါ့။ တကယ်လို့ အဲ့လို စိုးရိမ်စိတ် လွန်ကဲတတ်သူ တစ်ယောက် ဆိုရင်တော့ ဒေါသထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စိုးရိမ်မှု လွန်ကဲခြင်းနှင့် ဒေါသကြီးခြင်းဟာ အပြန်အလှန် ဆက်စပ် ပတ်သတ်မှု ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒီလိုသာ မြင့်တက်လာရင် သာမန်ကိုယ့်ရဲ့ နေ့စဉ်ဘဝ Daily Life မှာပါလာရောက်ပြီး ထိခိုက်စေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

❎ စိတ်ကျရောဂါကိုလည်း မမေ့နဲ့အုံး

များစွာသော လေ့လာတွေ့ရှိချက် တွေအရ ဒေါသထွက်ခြင်းနှင့် စိတ်ကျရောဂါဟာ ဆက်စပ် နေပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အဲ့ဒီလို အပြင်းအထန် စိတ်ဆိုးဒေါသ ထွက်ခြင်းနှင့် စိတ်ကျရောဂါ ကိုပါ တစ်ပြိုင်နက်တည်း ခံစားရပြီ ဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့ အလွန်အကျွံ တွေးတောခြင်း ၊ အလွယ်တကူ မယုံကြည်နိုင်ခြင်း နဲ့ အဆိုးမြင် စိတ်တွေသာ ကြီးစိုးပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွကိုပါ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်စေနိုင်ပါတယ်။


❎ အဆုတ်ကိုလည်း ထိခိုက်စေပါတယ်

ဆေးလိပ်မှ မဟုတ်ပါဘူး။ ပြင်းထန်စွာ စိတ်ဆိုးဒေါသဖြစ်ခြင်း ကလည်း အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။ ဟားဗတ်နိုင်ငံက သိပံပညာရှင်တွေဟာ လူပေါင်း ၆၇၀ ကို သူတို့ရဲ့ဒေါသဖြစ်မှု Level အဆင့်ဆင့်နဲ့ အဆုတ်မှာ ခံစားရတဲ့ ထိခိုက်မှုတွေကို ၈နှစ်ကြာအောင် လေ့လာခဲ့ပါတယ်။ အဲ့ဒီမှာ ရန်လိုပြုမှု စိတ်မြင့်မားလွန်းသူတွေဟာ အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေမှာ တော်တော် ဆိုးဆိုးရွားရွား ထိခိုက်နေတာကို တွေ့ရပါတယ်။


❎ အသံတိတ် လူသတ်သမား

ပျော်ပျော်နေသေခဲ ဆိုတဲ့ စကားအတိုင်း စိတ်ပျော်ရွှင်ခြင်းဟာ ကိုယ်ကာယ ကျန်းမာရေးအတွက်ပါ အထောက်အကူ ဖြစ်စေပါတယ်။ ဒီလိုမှ မဟုတ်ပဲ အမြဲရန်လို ဒေါသစိတ်တွေ များပြားနေရင်တော့ သူရဲ့ နောက်ဆက်တွဲ အဖော်တွေဖြစ်တဲ့ စိတ်ကျရောဂါ ၊ နှလုံးရောဂါ ၊ စတာတွေ ဆက်တိုက်သလို ဖြစ်ပေါ်လာနိုင်တာ ဖြစ်ပြီး ကိုယ့်ဘဝရဲ့ သက်တမ်းကို တိတ်တိတ်လေး ခိုးယူဖျက်ဆီး နေမှာဖြစ်ပါတယ် ။
Credit:loveshort
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top