iMyanmarHouse.com - Best Property Website for Myanmar
×

Baking Soda (မုန္႔ဖုတ္ဆိုဒါ သို႔မဟုတ္ စားဆိုဒါ)

sodium bicarbonate ျဖစ္တဲ့ မုန္႔ဖုတ္ဆိုဒါက အသားအေရအတြက္ အသံုးဝင္တဲ့ နည္းလမ္းအမ်ိဳးမ်ိဳးရွိပါတယ္။ ခ်ိဳးမယ့္ေရထဲမွာ နည္းနည္းေလာက္ထည့္လိုက္ရံုနဲ႔ ေျခာက္ေသြ႔ျပီးအေရခြံကြာတဲ့အသားအေရ၊နဲ႔ ယားယံတတ္တဲ့အသားအေရကို သက္သာေစနိုင္ပါတယ္။ မုန္႔ဖုတ္ဆိုဒါကိုေရနဲ႔ေရာျပီးအသံုးျပဳရင္ အသားအေရကို ဆဲလ္ေသဖယ္ရွားသန္႔စင္နိုင္၊ အသားမာေတြကို ေပ်ာ့ေပ်ာင္းေစနိုင္၊ေရာင္ရမ္းေနတဲ့ အသားအေရကိုသန္႔စင္ေစနိုင္ပါတယ္။ မုန္႔ဖုတ္ဆိုဒါက သဘာဝေခြ်းန႔ံ႔ေပ်ာက္ေဆးအျဖစ္လည္း အသံုးဝင္ပါေသးတယ္။
အသားအေရအလွအပအတြက္ မုန္႔ဖုတ္ဆိုဒါရဲ႕ အက်ိဳးေက်းဇူး

(၁) ေျခာက္ေသြ႕တဲ့အသားအေရ

သင့္ရဲ႕အသားအေရက ေျခာက္ေသြ႕ျပီး အေရခြံေတြကြာထြက္တတ္တယ္ဆိုရင္ ေရခ်ိဳးတိုင္း မုန္႔ဖုတ္ဆိုဒါနည္းနည္းသံုးေပးနိုင္ပါတယ္။ တကယ္ေတာ့ အသားအေရေျခာက္ေသြ႔ကြာထြက္တတ္တဲ့ အေရျပားေရာဂါအတြက္ ကုထံုးတစ္ခုအျဖစ္ေတာင္ ပညာရွင္တခ်ိဳ႕က ညႊန္းေပးတတ္ပါတယ္။ မုန္႔ဖုတ္ဆိုဒါက ေရရဲ႕ pH  ပမာဏကို ျမွင့္တင္ေပးနိုင္တယ္လို႔ယူဆရပါတယ္။ အေရခြံကြာလြန္းတဲ့အသားအေရ ရွိသူေတြအတြက္ မုန္႔ဖုတ္ဆိုဒါထည့္ထားတဲ့ေရခ်ိဳးကန္ထဲမွာ မိနစ္ ၃၀ ကေန ၆၀ ေလာက္အထိ စိမ္ေပးတာမ်ိဳးကို တစ္ပတ္ သံုးၾကိမ္ေလာက္ လုပ္ေပးနိုင္ပါတယ္။ျပီးရင္ေတာ့ အစိုဓာတ္ထိန္း moisturizer လိမ္းေပးပါ။

(၂) အေရျပားယားယံျခင္း

အေကာင္ကိုက္ခံရတာမ်ိဳး၊ အင္းဆက္ကိုက္ခံရတာမ်ိဳးလို အေရျပားယားယံရတဲ့ေဝဒနာေတြကို လည္း မုန္႔ဖုတ္ဆိုဒါထည့္ထားတဲ့ေရ ခ်ိဳးရင္းနဲ႔ သက္သာေစနိုင္ပါတယ္။

(၃) အေရျပားေရာင္ရမ္းျခင္း

မုန္႔ဖုတ္ဆိုဒါက အသားအေရအတြက္ သန္႔စင္ေစျပီး ဘက္တီးရီးယားေသေစနိုင္တဲ့အစြမ္းသတၱိေတြရွိပါတယ္။ မ်က္ခြံေရာင္ရမ္းနာ (blepharitis) ျဖစ္ေနသူေတြမွာ မ်က္ခြံေတြကို သန္႔စင္ေစဖို႔ မုန္႔ဖုတ္ဆိုဒါေဆးရည္ကို အသံုးျပဳဖို႔ ပညာရွင္တခ်ိဳ႕က အၾကံျပဳၾကပါတယ္။ ဒီေရာဂါရွိသူေတြဟာ မ်က္ခြံေထာင့္ေတြမွာရွိေနတတ္တဲ့ မ်က္ဝတ္ေတြမွာ ပိုးမႊားေတြရွိေနတတ္တာေၾကာင့္ မ်က္ခြံကို အျပင္ဘက္ကေန ပံုမွန္သန္႔ရွင္းေပးဖို႔ လိုပါတယ္။ ပိုးသတ္ထားတဲ့ေရသန္႔ ၁၀၀ မီလီဂရမ္မွာ မုန္႔ဖုတ္ဆိုဒါ တစ္ဇြန္းထည့္ျပီး သန္႔စင္ေဆးရည္ဖန္တီးနိုင္ပါတယ္။

ဒီနည္းအျပင္ ျခင္ကိုက္တာကအစ ကေလးေတြမွာ ေသးခံအဝတ္ေၾကာင့္အေရျပားနီရဲျပီးေလာင္တာေတြအထိ အေရျပားေရာင္ရမ္းျခင္းအမ်ိဳးမ်ိဳးအတြက္အသံုးဝင္ပါတယ္။

(၄) အေရျပားဆဲလ္ေသမ်ားဖယ္ရွားေပးျခင္း

အေရျပားဆဲလ္ေသအလႊာကို ဖယ္ရွားေပးျခင္း(Exfoliation) ကိုလုပ္လိုက္ရင္ အသားအေရသြင္ျပင္ကို အမွန္တကယ္သိသာကြဲျပားသြားေစပါတယ္။ဒီလိုလုပ္ဖို႔ ေငြကုန္ေၾကးက်ခံစရာမလိုပါဘူး။ မုန္႔ဖုတ္ဆိုဒါကို ပ်စ္ပ်စ္ေလးေဖ်ာ္ လိမ္းျပီး ေရေႏြးေႏြးေလးနဲ႔ ေဆးေၾကာေပးရင္ ဆဲလ္ေသေတြဖယ္ရွားျပီးေခ်ာေမြ႔တဲ့အသားအေရကို ရရွိနုိင္မွာပါ။

မ်က္ႏွာေဆးတာကို ဘယ္ႏွၾကိမ္ေလာက္လုပ္ျဖစ္ၾကလဲ။ ကိုယ္က ထိခိုက္လြယ္တဲ့အသားအေရ ဒါမွမဟုတ္ ေျခာက္ေသြ႕တဲ့အသားအေရပိုင္ရွင္ျဖစ္ရင္ တစ္ပတ္ကို တစ္ၾကိမ္ ၊ ႏွစ္ၾကိမ္ေတာ့ မ်က္ႏွာေဆးသင့္ပါတယ္။ အသားအေရထူတဲ့ အဆီျပန္တဲ့သူေတြမွာေတာ့ ဒီထက္ပိုျပီး မၾကာခဏလုပ္ေပးနိုင္ပါတယ္။

(၅) အသားအေရကို ဝင္းလက္ေစျခင္း

အသားအေရက မြဲေျခာက္ေနပါသလား။ အသားအေရဝင္းလက္ေတာက္ပေစဖို႔ အသံုးမ်ားတဲ့နည္းလမ္းေတြထဲမွာ မုန္႔ဖုတ္ဆိုဒါနဲ႔ သံပရာရည္ေပါင္းစပ္တဲ့နည္းလည္း ပါဝင္ပါတယ္။ မုန္႔ဖုတ္ဆိုဒါက မြဲေျခာက္ေနတဲ့အေရျပားအေပၚလႊာကို ညင္သာစြာဖယ္ရွားသန္႔စင္ေပးခ်ိန္မွာ ဗီတာမင္စီက အေရျပားမွာ ညိဳမည္းေစမယ့္အေရာင္ melanin ျဖစ္ေပၚမႈကို တားဆီးေပးပါတယ္။ မုန္႔ဖုတ္ဆိုဒါအနည္းငယ္ကို သံလြင္ဆီ၊ သံပရာရည္နဲ႔ေရာျပီး အသားမွာလိမ္းေပးပါ။ ၁၀ မိနစ္ၾကာရင္ ေရေဆးခ်လို႔ရပါျပီ။

(၆) အသားမာေတြကို ေပ်ာ့ေပ်ာင္းေစျခင္း

ေျခဖဝါးမွာ အသားမာေတြ ျဖစ္ေနလို႔စိတ္ရႈပ္ေနရျပီလား။ မုန္႔ဖုတ္ဆိုဒါက ကူညီေပးနုိင္မွာပါ။ ၾကက္သီးေႏြး ေရထဲကို မုန္႔ဖုတ္ဆိုဒါ ေလးဇြန္းထည့္ထားတဲံ့ ေရဇလံုထဲ ေျခေထာက္စိမ္ထားေပးပါ။ အသားမာေတြကို ပြတ္တိုက္ဖို႔ ေၾကးတြန္းေက်ာက္ကို သံုးနိုင္ပါတယ္။

(၇) ေခြ်းထြက္မ်ားတဲ့အသားအေရ

ဓာတုပစၥည္းေတြပါဝင္မႈမ်ားတဲ့ ေခြ်းနံ႔ေပ်ာက္ေဆး၊ ေခြ်းတိတ္ေဆးေတြသံုုးေနရတာ စိတ္မခ်ဘူးဆိုရင္ မုန္႔ဖုတ္ဆိုဒါက သဘာဝေဆးဝါးတစ္ခုပါ။ ပိုးသတ္နုိင္တဲ့အာနိသင္ေၾကာင့္ အနံ႔အသက္ျပင္းေစတဲ့ဘက္တီးရီးယားကို ရွင္းေပးနိုင္တဲ့အျပင္ ေခြ်းကိုစုပ္နိုင္တာေၾကာင့္ သန္႔ရွင္းမႈနဲ႔ ေျခာက္ေသြ႔တဲ့ ခံစားမႈကိုရရွိေစမွာပါ။ ခ်ိဳင္းၾကားကို မုန္႔ဖုတ္ဆိုဒါခ်ည္းပဲ အနည္းငယ္လိမ္းနိုင္သလို ကိုယ္လိမ္းေပါင္ဒါအနည္းငယ္နဲ႔ ေရာလိမ္းလို႔လည္းရပါတယ္။

(၈) လက္သည္းအတြက္ scrub

လက္သည္းအလွအတြက္ လက္သည္းပန္းကံုးေတြကို ညွပ္ထုတ္တာ၊ပြတ္တိုက္ျပီးစားပစ္တာေတြလုပ္တာက ပိုးဝင္ေစနိုင္ပါတယ္။ လက္သည္းေလးေတြ သန္႔စင္လွပျပီး ေခ်ာမြတ္ေနဖို႔ မုန္႔ဖုတ္ဆိုဒါကို scrub အျဖစ္သံုးၾကည့္ပါ။ မုန္႔ဖုတ္ဆိုဒါသံုးဆ၊ ေရတစ္ဆ ေရာထားတဲ့ အႏွစ္ကို သြားပြတ္တံအနုေလးနဲ႔တို႔ႏွစ္ျပီး လက္နဲ႔လက္ေခ်ာင္းေတြကို စက္ဝိုင္းပံုစံပြတ္တိုက္ပါ။ ေရေႏြးေႏြးေလးနဲ႔ေဆးေၾကာေပးပါ။ ေနာက္မွ ပံုမွန္အတိုင္း လက္သည္းအလွဆီ ဆိုးလို႔ရပါတယ္။
တျခားအသံုးဝင္ပံုမ်ား

မုန္႔ဖုတ္ဆိုဒါကို တျခားေဆးဖက္ဝင္ေတြနဲ႔ ေပါင္းစပ္ျပီး အသံုးျပဳလို႔ရပါေသးတယ္ –

(၉) ပ်ားရည္နဲ႔ မုန္႔ဖုတ္ဆိုဒါ Scrub

မုန္႔ဖုတ္ဆိုဒါခ်ည္းပဲဆို scrub တစ္မ်ိဳးအျဖစ္ ေကာင္းေကာင္းသံုးလို႔ရေပမယ့္ သူက အသားနည္းနည္းေျခာက္ေစနုိင္ပါတယ္။ ဒါ့ေၾကာင့္ အသားအေရကို အစိုဓာတ္ထိန္းေပးတဲ့ပ်ားရည္ကို ဆတူေရာသံုးတာ ပိုေကာင္းပါတယ္။ ျပီးရင္ moisturizer  ေကာင္းေကာင္းသံုးလိုက္ပါ။

(၁၀)အုန္းဆီနဲ႔ မုန္႔ဖုတ္ဆိုဒါ Scrub

မုန္႔ဖုတ္ဆိုဒါနဲ႔ တြဲဘက္ညီတဲ့ ေနာက္တစ္မ်ိဳးက အုန္းဆီပါ။ အုန္းဆီက အစိုဓာတ္ကိုထိန္းေပးျပီး ေဆးဖက္ဝင္တဲ့အာနိသင္ရွိပါတယ္။ မုန္႔ဖုတ္ဆိုဒါ ၂ဇြန္း၊ ၃ဇြန္းေလာက္ကို အုန္းဆီသန္႔(စားလို႔ရတဲ့) ထဲကို ထည့္ေမႊျပီး scrub လုပ္နုိုင္ပါတယ္။ မ်က္ႏွာမွာသံုးမယ္ဆိုရင္ စက္ဝိုင္းပံုစံညင္သာစြာပြတ္လိမ္းျပီး ေရေဆးခ်ပါ။ မ်က္ႏွာသစ္ေဆးရည္အေပ်ာ့စားနဲ႔ ထပ္ေဆးျပီးတဲ့အခါ ေတာက္ပသန္႔စင္တဲ့ အသားအေရကို ရရွိမွာပါ။

(၁၁) ဆံသားသန္႔ရွင္းေစျခင္း

ဆံသားမွာ ပံုသြင္းေဆး၊ အဆီ၊ ဖ်န္းေဆးနဲ႔ တျခားပစၥည္းေတြ သံုးတာမ်ားလာရင္ ေစးကပ္ကပ္ျဖစ္ျပီး ဆံပင္ပံုပ်က္ေစပါတယ္။ ပံုမွန္ေခါင္းေလွ်ာ္ရည္ တစ္ခါေလွ်ာ္ပမာဏထဲကို မုန္႔ဖုတ္ဆိုဒါအနည္းငယ္ထည့္ျပီးေလွ်ာ္လိုက္ပါ။ ဆံသားပိုေတာက္ေျပာင္ျပီး လိုသလိုပံုသြင္းလို႔ ရလာပါလိမ့္မယ္။

(၁၂) ဆံပင္ပံုသြင္းတဲ့ဘီးကို သန္႔စင္ေစျခင္း

ကိုယ္သံုးေနတဲ့ဘီး၊ ပံုသြင္းတဲ့ဘီးေတြကို ေသခ်ာၾကည့္ပါ။ ဘီးမွာကပ္တြယ္ေနတဲ့ အညစ္အေၾကးေတြကို ကေလာ္ထုတ္၊ ေဆးထုတ္တာထက္ ဘီးေတြကို ေရေႏြးေႏြးထဲ မုန္႔ဖုတ္ဆိုဒါ တစ္ဇြန္းထည့္၊ မိနစ္ ၂၀ေလာက္စိမ္ထားလိုက္ပါ။ ျပန္ေဆးေၾကာျပီး ေျခာက္ေအာင္သုတ္ ျပီးမွသံုးပါ။

(၁၃) သြားကိုျဖဴေဖြးေစျခင္း

သြားျဖဴေဆးေတြ၊ ကိရိယာေတြ၊ ဓာတုပစၥည္းေတြ သံုးစရာမလိုေတာ့ပါဘူး။လက္ဖဝါးမွာ မုန္႔ဖုတ္ဆိုဒါနည္းနည္းျဖဴးျပီး သြားတိုက္တံနဲ႔ပြတ္ယူပါ။ သြားကို တစ္မိနစ္ေလာက္ တိုက္ေပးပါ။ သတိထားရမယ့္အခ်က္ကေတာ့ ဒီနည္းကို သြားတိုက္ေဆးလို သံုးလို႔ေတာ့ မသင့္ေတာ္ပါဘူး။ သြားတိုက္ေဆးမွာက သြားထိခိုက္မႈကိုကာကြယ္ေပးမယ့္ ဖလူအိုရိုက္ ပါရွိျပီးျဖစ္ပါတယ္။

မုန္႔ဖုတ္ဆိုဒါက အမ်ားအားျဖင့္ေတာ့ အေရျပားမွာျပႆနာမရွိတတ္ပါဘူး။ ဒါေပမယ့္ တခ်ိဳ႕လူေတြမွာ ဓာတ္မတည့္သလိုျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္အေရျပားမွာမသံုးခင္ ကိုယ္နဲ႔တည့္မတည့္ လက္မွာျဖစ္ျဖစ္ အနည္းငယ္စမ္းသပ္ၾကည့္သင့္ပါတယ္။ ထိခိုက္ ကြဲရွ ဒဏ္ရာရွိတဲ့အေရျပားမွာဆို ဆရာဝန္နဲ႔ အရင္ဆံုးမစစ္ေဆးဘဲ မုန္႔ဖုတ္ဆိုဒါကိုမသံုးပါနဲ႔။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Baking Soda (မုန့်ဖုတ်ဆိုဒါ သို့မဟုတ် စားဆိုဒါ)

sodium bicarbonate ဖြစ်တဲ့ မုန့်ဖုတ်ဆိုဒါက အသားအရေအတွက် အသုံးဝင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ချိုးမယ့်ရေထဲမှာ နည်းနည်းလောက်ထည့်လိုက်ရုံနဲ့ ခြောက်သွေ့ပြီးအရေခွံကွာတဲ့အသားအရေ၊နဲ့ ယားယံတတ်တဲ့အသားအရေကို သက်သာစေနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကိုရေနဲ့ရောပြီးအသုံးပြုရင် အသားအရေကို ဆဲလ်သေဖယ်ရှားသန့်စင်နိုင်၊ အသားမာတွေကို ပျော့ပျောင်းစေနိုင်၊ရောင်ရမ်းနေတဲ့ အသားအရေကိုသန့်စင်စေနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက သဘာဝချွေးနံ့ပျောက်ဆေးအဖြစ်လည်း အသုံးဝင်ပါသေးတယ်။
အသားအရေအလှအပအတွက် မုန့်ဖုတ်ဆိုဒါရဲ့ အကျိုးကျေးဇူး

(၁) ခြောက်သွေ့တဲ့အသားအရေ

သင့်ရဲ့အသားအရေက ခြောက်သွေ့ပြီး အရေခွံတွေကွာထွက်တတ်တယ်ဆိုရင် ရေချိုးတိုင်း မုန့်ဖုတ်ဆိုဒါနည်းနည်းသုံးပေးနိုင်ပါတယ်။ တကယ်တော့ အသားအရေခြောက်သွေ့ကွာထွက်တတ်တဲ့ အရေပြားရောဂါအတွက် ကုထုံးတစ်ခုအဖြစ်တောင် ပညာရှင်တချို့က ညွှန်းပေးတတ်ပါတယ်။ မုန့်ဖုတ်ဆိုဒါက ရေရဲ့ pH  ပမာဏကို မြှင့်တင်ပေးနိုင်တယ်လို့ယူဆရပါတယ်။ အရေခွံကွာလွန်းတဲ့အသားအရေ ရှိသူတွေအတွက် မုန့်ဖုတ်ဆိုဒါထည့်ထားတဲ့ရေချိုးကန်ထဲမှာ မိနစ် ၃၀ ကနေ ၆၀ လောက်အထိ စိမ်ပေးတာမျိုးကို တစ်ပတ် သုံးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ပြီးရင်တော့ အစိုဓာတ်ထိန်း moisturizer လိမ်းပေးပါ။

(၂) အရေပြားယားယံခြင်း

အကောင်ကိုက်ခံရတာမျိုး၊ အင်းဆက်ကိုက်ခံရတာမျိုးလို အရေပြားယားယံရတဲ့ဝေဒနာတွေကို လည်း မုန့်ဖုတ်ဆိုဒါထည့်ထားတဲ့ရေ ချိုးရင်းနဲ့ သက်သာစေနိုင်ပါတယ်။

(၃) အရေပြားရောင်ရမ်းခြင်း

မုန့်ဖုတ်ဆိုဒါက အသားအရေအတွက် သန့်စင်စေပြီး ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းသတ္တိတွေရှိပါတယ်။ မျက်ခွံရောင်ရမ်းနာ (blepharitis) ဖြစ်နေသူတွေမှာ မျက်ခွံတွေကို သန့်စင်စေဖို့ မုန့်ဖုတ်ဆိုဒါဆေးရည်ကို အသုံးပြုဖို့ ပညာရှင်တချို့က အကြံပြုကြပါတယ်။ ဒီရောဂါရှိသူတွေဟာ မျက်ခွံထောင့်တွေမှာရှိနေတတ်တဲ့ မျက်ဝတ်တွေမှာ ပိုးမွှားတွေရှိနေတတ်တာကြောင့် မျက်ခွံကို အပြင်ဘက်ကနေ ပုံမှန်သန့်ရှင်းပေးဖို့ လိုပါတယ်။ ပိုးသတ်ထားတဲ့ရေသန့် ၁၀၀ မီလီဂရမ်မှာ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းထည့်ပြီး သန့်စင်ဆေးရည်ဖန်တီးနိုင်ပါတယ်။

ဒီနည်းအပြင် ခြင်ကိုက်တာကအစ ကလေးတွေမှာ သေးခံအဝတ်ကြောင့်အရေပြားနီရဲပြီးလောင်တာတွေအထိ အရေပြားရောင်ရမ်းခြင်းအမျိုးမျိုးအတွက်အသုံးဝင်ပါတယ်။

(၄) အရေပြားဆဲလ်သေများဖယ်ရှားပေးခြင်း

အရေပြားဆဲလ်သေအလွှာကို ဖယ်ရှားပေးခြင်း(Exfoliation) ကိုလုပ်လိုက်ရင် အသားအရေသွင်ပြင်ကို အမှန်တကယ်သိသာကွဲပြားသွားစေပါတယ်။ဒီလိုလုပ်ဖို့ ငွေကုန်ကြေးကျခံစရာမလိုပါဘူး။ မုန့်ဖုတ်ဆိုဒါကို ပျစ်ပျစ်လေးဖျော် လိမ်းပြီး ရေနွေးနွေးလေးနဲ့ ဆေးကြောပေးရင် ဆဲလ်သေတွေဖယ်ရှားပြီးချောမွေ့တဲ့အသားအရေကို ရရှိနိုင်မှာပါ။

မျက်နှာဆေးတာကို ဘယ်နှကြိမ်လောက်လုပ်ဖြစ်ကြလဲ။ ကိုယ်က ထိခိုက်လွယ်တဲ့အသားအရေ ဒါမှမဟုတ် ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဖြစ်ရင် တစ်ပတ်ကို တစ်ကြိမ် ၊ နှစ်ကြိမ်တော့ မျက်နှာဆေးသင့်ပါတယ်။ အသားအရေထူတဲ့ အဆီပြန်တဲ့သူတွေမှာတော့ ဒီထက်ပိုပြီး မကြာခဏလုပ်ပေးနိုင်ပါတယ်။

(၅) အသားအရေကို ဝင်းလက်စေခြင်း

အသားအရေက မွဲခြောက်နေပါသလား။ အသားအရေဝင်းလက်တောက်ပစေဖို့ အသုံးများတဲ့နည်းလမ်းတွေထဲမှာ မုန့်ဖုတ်ဆိုဒါနဲ့ သံပရာရည်ပေါင်းစပ်တဲ့နည်းလည်း ပါဝင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက မွဲခြောက်နေတဲ့အရေပြားအပေါ်လွှာကို ညင်သာစွာဖယ်ရှားသန့်စင်ပေးချိန်မှာ ဗီတာမင်စီက အရေပြားမှာ ညိုမည်းစေမယ့်အရောင် melanin ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ မုန့်ဖုတ်ဆိုဒါအနည်းငယ်ကို သံလွင်ဆီ၊ သံပရာရည်နဲ့ရောပြီး အသားမှာလိမ်းပေးပါ။ ၁၀ မိနစ်ကြာရင် ရေဆေးချလို့ရပါပြီ။

(၆) အသားမာတွေကို ပျော့ပျောင်းစေခြင်း

ခြေဖဝါးမှာ အသားမာတွေ ဖြစ်နေလို့စိတ်ရှုပ်နေရပြီလား။ မုန့်ဖုတ်ဆိုဒါက ကူညီပေးနိုင်မှာပါ။ ကြက်သီးနွေး ရေထဲကို မုန့်ဖုတ်ဆိုဒါ လေးဇွန်းထည့်ထားတဲံ့ ရေဇလုံထဲ ခြေထောက်စိမ်ထားပေးပါ။ အသားမာတွေကို ပွတ်တိုက်ဖို့ ကြေးတွန်းကျောက်ကို သုံးနိုင်ပါတယ်။

(၇) ချွေးထွက်များတဲ့အသားအရေ

ဓာတုပစ္စည်းတွေပါဝင်မှုများတဲ့ ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးတွေသုံုးနေရတာ စိတ်မချဘူးဆိုရင် မုန့်ဖုတ်ဆိုဒါက သဘာဝဆေးဝါးတစ်ခုပါ။ ပိုးသတ်နိုင်တဲ့အာနိသင်ကြောင့် အနံ့အသက်ပြင်းစေတဲ့ဘက်တီးရီးယားကို ရှင်းပေးနိုင်တဲ့အပြင် ချွေးကိုစုပ်နိုင်တာကြောင့် သန့်ရှင်းမှုနဲ့ ခြောက်သွေ့တဲ့ ခံစားမှုကိုရရှိစေမှာပါ။ ချိုင်းကြားကို မုန့်ဖုတ်ဆိုဒါချည်းပဲ အနည်းငယ်လိမ်းနိုင်သလို ကိုယ်လိမ်းပေါင်ဒါအနည်းငယ်နဲ့ ရောလိမ်းလို့လည်းရပါတယ်။

(၈) လက်သည်းအတွက် scrub

လက်သည်းအလှအတွက် လက်သည်းပန်းကုံးတွေကို ညှပ်ထုတ်တာ၊ပွတ်တိုက်ပြီးစားပစ်တာတွေလုပ်တာက ပိုးဝင်စေနိုင်ပါတယ်။ လက်သည်းလေးတွေ သန့်စင်လှပပြီး ချောမွတ်နေဖို့ မုန့်ဖုတ်ဆိုဒါကို scrub အဖြစ်သုံးကြည့်ပါ။ မုန့်ဖုတ်ဆိုဒါသုံးဆ၊ ရေတစ်ဆ ရောထားတဲ့ အနှစ်ကို သွားပွတ်တံအနုလေးနဲ့တို့နှစ်ပြီး လက်နဲ့လက်ချောင်းတွေကို စက်ဝိုင်းပုံစံပွတ်တိုက်ပါ။ ရေနွေးနွေးလေးနဲ့ဆေးကြောပေးပါ။ နောက်မှ ပုံမှန်အတိုင်း လက်သည်းအလှဆီ ဆိုးလို့ရပါတယ်။
တခြားအသုံးဝင်ပုံများ

မုန့်ဖုတ်ဆိုဒါကို တခြားဆေးဖက်ဝင်တွေနဲ့ ပေါင်းစပ်ပြီး အသုံးပြုလို့ရပါသေးတယ် –

(၉) ပျားရည်နဲ့ မုန့်ဖုတ်ဆိုဒါ Scrub

မုန့်ဖုတ်ဆိုဒါချည်းပဲဆို scrub တစ်မျိုးအဖြစ် ကောင်းကောင်းသုံးလို့ရပေမယ့် သူက အသားနည်းနည်းခြောက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အသားအရေကို အစိုဓာတ်ထိန်းပေးတဲ့ပျားရည်ကို ဆတူရောသုံးတာ ပိုကောင်းပါတယ်။ ပြီးရင် moisturizer  ကောင်းကောင်းသုံးလိုက်ပါ။

(၁၀)အုန်းဆီနဲ့ မုန့်ဖုတ်ဆိုဒါ Scrub

မုန့်ဖုတ်ဆိုဒါနဲ့ တွဲဘက်ညီတဲ့ နောက်တစ်မျိုးက အုန်းဆီပါ။ အုန်းဆီက အစိုဓာတ်ကိုထိန်းပေးပြီး ဆေးဖက်ဝင်တဲ့အာနိသင်ရှိပါတယ်။ မုန့်ဖုတ်ဆိုဒါ ၂ဇွန်း၊ ၃ဇွန်းလောက်ကို အုန်းဆီသန့်(စားလို့ရတဲ့) ထဲကို ထည့်မွှေပြီး scrub လုပ်နိုင်ပါတယ်။ မျက်နှာမှာသုံးမယ်ဆိုရင် စက်ဝိုင်းပုံစံညင်သာစွာပွတ်လိမ်းပြီး ရေဆေးချပါ။ မျက်နှာသစ်ဆေးရည်အပျော့စားနဲ့ ထပ်ဆေးပြီးတဲ့အခါ တောက်ပသန့်စင်တဲ့ အသားအရေကို ရရှိမှာပါ။

(၁၁) ဆံသားသန့်ရှင်းစေခြင်း

ဆံသားမှာ ပုံသွင်းဆေး၊ အဆီ၊ ဖျန်းဆေးနဲ့ တခြားပစ္စည်းတွေ သုံးတာများလာရင် စေးကပ်ကပ်ဖြစ်ပြီး ဆံပင်ပုံပျက်စေပါတယ်။ ပုံမှန်ခေါင်းလျှော်ရည် တစ်ခါလျှော်ပမာဏထဲကို မုန့်ဖုတ်ဆိုဒါအနည်းငယ်ထည့်ပြီးလျှော်လိုက်ပါ။ ဆံသားပိုတောက်ပြောင်ပြီး လိုသလိုပုံသွင်းလို့ ရလာပါလိမ့်မယ်။

(၁၂) ဆံပင်ပုံသွင်းတဲ့ဘီးကို သန့်စင်စေခြင်း

ကိုယ်သုံးနေတဲ့ဘီး၊ ပုံသွင်းတဲ့ဘီးတွေကို သေချာကြည့်ပါ။ ဘီးမှာကပ်တွယ်နေတဲ့ အညစ်အကြေးတွေကို ကလော်ထုတ်၊ ဆေးထုတ်တာထက် ဘီးတွေကို ရေနွေးနွေးထဲ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းထည့်၊ မိနစ် ၂၀လောက်စိမ်ထားလိုက်ပါ။ ပြန်ဆေးကြောပြီး ခြောက်အောင်သုတ် ပြီးမှသုံးပါ။

(၁၃) သွားကိုဖြူဖွေးစေခြင်း

သွားဖြူဆေးတွေ၊ ကိရိယာတွေ၊ ဓာတုပစ္စည်းတွေ သုံးစရာမလိုတော့ပါဘူး။လက်ဖဝါးမှာ မုန့်ဖုတ်ဆိုဒါနည်းနည်းဖြူးပြီး သွားတိုက်တံနဲ့ပွတ်ယူပါ။ သွားကို တစ်မိနစ်လောက် တိုက်ပေးပါ။ သတိထားရမယ့်အချက်ကတော့ ဒီနည်းကို သွားတိုက်ဆေးလို သုံးလို့တော့ မသင့်တော်ပါဘူး။ သွားတိုက်ဆေးမှာက သွားထိခိုက်မှုကိုကာကွယ်ပေးမယ့် ဖလူအိုရိုက် ပါရှိပြီးဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါက အများအားဖြင့်တော့ အရေပြားမှာပြဿနာမရှိတတ်ပါဘူး။ ဒါပေမယ့် တချို့လူတွေမှာ ဓာတ်မတည့်သလိုဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အရေပြားမှာမသုံးခင် ကိုယ်နဲ့တည့်မတည့် လက်မှာဖြစ်ဖြစ် အနည်းငယ်စမ်းသပ်ကြည့်သင့်ပါတယ်။ ထိခိုက် ကွဲရှ ဒဏ်ရာရှိတဲ့အရေပြားမှာဆို ဆရာဝန်နဲ့ အရင်ဆုံးမစစ်ဆေးဘဲ မုန့်ဖုတ်ဆိုဒါကိုမသုံးပါနဲ့။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top