iMyanmarHouse.com - Best Property Website for Myanmar
×

ေဆာင္းရာသီ လို ေအးျမတဲ႔ရာသီမ်ိဳးမွာ အဆုတ္အေအးပတ္မႈ၊ အသက္ရွဴလမ္းေၾကာင္းထဲ ဖုန္ဝင္မႈတို႔ေၾကာင္႔လည္း ေခ်ာင္းဆိုးႏိုင္ပါတယ္။

ေခ်ာင္းဆိုးျခင္းဆိုတာ ဖုန္မႈန္႔နဲ႔ ေလထုထဲက အညစ္အေၾကးေတြ လည္ေခ်ာင္းနဲ႔ ေလၿပြန္ထဲကို ဝင္လာတဲ႔အခါ ခႏၶာကိုယ္က အလိုအေလ်ာက္တံု႕ျပန္တဲ႔ တံု႕ျပန္မႈတစ္မ်ိဳးပဲျဖစ္ပါတယ္။ အသက္ရွဴလမ္းေၾကာင္းထဲမွာ ဘက္တီးရီးယားဝင္ေရာက္မႈ၊ ေဆးလိပ္ေသာက္ျခင္း၊ ႏွလံုးမေကာင္းျခင္းတို႔ဟာ ေခ်ာင္းဆိုးျခင္းကိုျဖစ္ေစတဲ႔ အေၾကာင္းရင္းေတြပါပဲ။

ေဆာင္းရာသီလို ေအးျမတဲ႔ရာသီမ်ိဳးမွာ အဆုတ္အေအးပတ္မႈ၊ အသက္ရွဴလမ္းေၾကာင္းထဲ ဖုန္ဝင္မႈတို႔ေၾကာင္႔လည္း ေခ်ာင္းဆိုးႏိုင္ပါတယ္။ ေခ်ာင္းတစ္ခါတစ္ခါ ဆိုးၿပီဆိုရင္ ကိုယ္လည္းေနလို႔မရ၊ တစ္အိမ္လံုးလည္း ေနလို႔မရဘဲ ေတာ္ေတာ္ခံရခက္ပါတယ္။

ရပ္ကြက္ေဆးဆိုင္မွာ ေခ်ာင္းဆိုးေပ်ာက္ေဆး ဝယ္မယ္ဆိုရင္ အလြယ္တကူ ဝယ္လို႔မရဘဲ ဆရာဝန္လက္မွတ္ ပါမွဝယ္လို႔ ရပါတယ္။ ေခ်ာင္းဆိုးျခင္းကို အေရးေပၚေျဖရွင္းမယ္ဆိုရင္ အိမ္မွာပဲ ရွိတာေလးနဲ႔ ေခ်ာင္းဆိုးေပ်ာက္ေဆးေလးေတြကို ဖန္တီးလို႔ရပါတယ္။

၁။ ပူစီနံရြက္နဲ႔ ပ်ားရည္

ပူစီနံရြက္က လည္ေခ်ာင္းထဲက ခြ်ဲ၊ သလိပ္ေတြကို ေလွ်ာ႔နည္းေစတဲ႔အတြက္ အသက္ရွဴလမ္းေၾကာင္း တေလွ်ာက္က အက်ိအခြ်ဲေတြကိုလည္း ရွင္းလင္းေစၿပီး လည္ေခ်ာင္းယားယံျခင္းကို သက္သာေစပါတယ္။

အိမ္လုပ္ေခ်ာင္းဆိုးေပ်ာက္ေဆးေလး ျပဳလုပ္ဖို႔ ပူစီနံရြက္အနည္းငယ္ရယ္၊ ခ်င္းစိမ္း (ဂ်င္းစိမ္း) ကို ပါးပါးလွီးထားတာ လက္ဖက္ရည္ဇြန္း (၁) ဇြန္းခန္႔ရယ္၊ ေရ (၄) ခြက္ရယ္ကို ဒယ္အိုးတစ္လံုးထဲ ထည္႔လိုက္ပါ။ ဆူပြက္ေအာင္ႀကိဳခ်က္ၿပီး ဒယ္အိုးထဲကေရေတြ တစ္ဝက္္ေလာက္ေလ်ာ႔သြားၿပီဆိုမွ မီးကိုေလွ်ာ႔လိုက္ပါ။

ၿပီးရင္ ရလာတဲ႔အရည္ကို ဇကာနဲ႔စစ္ထုတ္ၿပီး အေအးခံလိုက္ပါ။ ေအးသြားၿပီဆိုရင္ ပ်ားရည္ (၁) ခြက္ေလာက္ေရာၿပီး ေပ်ာ္ဝင္သြားေအာင္ ေမႊေပးလိုက္ပါ။ ေခ်ာင္းဆိုးေပ်ာက္ခ်င္ရင္ အဲဒီေဆးရည္ေလးကို လက္ဖက္ရည္ဇြန္းတစ္ဇြန္းခန္႔ တစ္နာရီျခားတစ္ခါ ေသာက္ေပးႏိုင္ပါတယ္။

၂။ ဂ်င္းပ်ားရည္နဲ႔ ပန္းသီးရွာလကာရည္

ပါဝင္ပစၥည္းေတြကေတာ႔ ခ်င္းစိမ္း (ဂ်င္း) မႈန္႔၊ ငရုပ္သီးမႈန္႔၊ ပ်ားရည္နဲ႔ ပန္းသီးရွာလကာရည္ တို႔ပဲ ျဖစ္ပါတယ္။ ပ်ားရည္က ယားယံေနတဲ႔လည္ေခ်ာင္းကို သက္သာေစၿပီး ပန္းသီးရွာလကာရည္ကေတာ႔ အဏုဇီဝပိုးမႊားေလးေတြကို တိုက္ဖ်က္ႏိုင္စြမ္း၊ anti-inflammatory (ေရာင္ရမ္းျခင္းကို တိုက္ဖ်က္ႏိုင္တဲ႔အစြမ္း) တို႔ရွိတဲ႔အတြက္ ေခ်ာင္းဆိုးျခင္းကို သက္သာေစပါတယ္။ ငရုပ္သီးမႈန္႔ကေတာ႔ ခြ်ဲ၊ သလိပ္ေတြကို ရွင္းလင္းေပးပါတယ္။

ျပဳလုပ္နည္းကေတာ႔… ငရုပ္သီးမႈန္႔ လက္ဖက္ရည္ဇြန္း (၁/၄) ဇြန္းစာနဲ႔ ခ်င္း (ဂ်င္း) မႈန္႔ လက္ဖက္ရည္ဇြန္း (၁/၄) ဇြန္းစာ တို႔ကို ေရာလုိက္ပါ။ ၿပီးရင္ ပ်ားရည္ လက္ဖက္ရည္ဇြန္း (၁) ဇြန္းနဲ႔ ေအာ္ဂဲနစ္ ပန္းသီး ရွာလကာရည္ လက္ဖက္ရည္ဇြန္း (၁) ဇြန္းကို ေရ လက္ဖက္ရည္ဇြန္း (၂) ဇြန္းနဲ႔ ပန္းကန္တစ္လံုးထဲမွာ ထပ္ေရာလုိက္ပါ။ ေကာင္းေကာင္းေရာေမႊၿပီးရင္ ေခ်ာင္းဆိုးေပ်ာက္ေဆးအျဖစ္ လက္ဖက္ရည္ဇြန္းနဲ႔ ခပ္ၿပီး (၁) ဇြန္း (သို႔) (၂) ဇြန္း မိမိလုိအပ္သလို ေသာက္သံုးေပးႏိုင္ပါတယ္။

၃။ အုန္းဆီနဲ႔ ပ်ားရည္

ပါဝင္ပစၥည္းေတြကေတာ႔ အုန္းဆီ၊ သံပုရာရည္နဲ႔ ပ်ားရည္တို႔ ျဖစ္ပါတယ္။ အုန္းဆီမွာ အဏုဇီဝပိုးမႊားငယ္ေလးေတြကို ေခ်မႈန္းႏိုင္တဲ႔ ဂုဏ္သတၱရွိၿပီး ကိုယ္ခံအားစနစ္ကိုလည္း ျမွင္႔တင္ေပးလို႔ ကူးစက္ေရာဂါေတြကို ကာကြယ္ႏိုင္ပါတယ္။ သံပုရာရည္နဲ႔ ပ်ားရည္ကို ေပါင္းစပ္တာကေတာ႔ ေရွးလူႀကီးေတြသံုးစြဲခဲ႔တဲ႔ သဘာဝေခ်ာင္းဆိုးေပ်ာက္ေဆးတစ္မ်ိဳးပဲ ျဖစ္ပါတယ္။

သံပုရာသီးမွာပါဝင္တဲ႔ ဗိုက္တာမင္ စီဟာ ေခ်ာင္းဆိုးျခင္းကိုထိန္းခ်ဳပ္ႏိုင္ၿပီး ကူးစက္ေရာဂါေတြကိုတိုက္ဖ်က္ဖို႔အတြက္ ကိုယ္ခံအားကိုလည္း ျမွင္႔တင္ေပးပါတယ္။ ပ်ားရည္ကေတာ႔ ခြ်ဲျဖစ္ေစတဲ႔ အေျမွးပါးေတြကို တိုက္ဖ်က္ေပးႏိုင္တဲ႔ ဂုဏ္သတၱိေတြ ပါဝင္ပါတယ္။

အရင္ဆံုး ေအာ္ဂဲနစ္အုန္းဆီ (၂) ဇြန္းရယ္၊ သံပုရာရည္ (၃) ဇြန္းရယ္၊ ပ်ားရည္ (၁/၄) ခြက္ရယ္ကို ဒယ္အိုးတစ္လံုးထဲမွာ ထည္႔လိုက္ပါ။ ပါဝင္ပစၥည္းအားလံုး သမသြားေအာင္အပူေပးလိုက္ၿပီး မီးပိတ္လိုက္ပါ။ ၿပီးရင္ ပူပူေႏြးေႏြး ေခ်ာင္းဆိုးေပ်ာက္ ေဆးရည္ေလးကို လက္ဖက္ရည္ဇြန္းနဲ႔ (၁) ဇြန္းေလာက္ ခပ္ေသာက္လိုက္ပါ။

ဒါမွမဟုတ္ ေရေႏြးၾကမ္းထဲမွာ ေရာထည္႔ၿပီးေသာက္လိုက္ပါ။ က်န္တဲ႔ ေခ်ာင္းဆိုးေပ်ာက္ေဆး ေတြကိုေတာ႔ ေရခဲေသတၱာထဲမွာ သိမ္းဆည္းထားႏိုင္ၿပီး ေသာက္ေတာ႔မယ္ဆိုေတာ႔မွ ျပန္အပူေပးႏိုင္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆောင်းရာသီ လို အေးမြတဲ့ရာသီမျိုးမှာ အဆုတ်အအေးပတ်မှု၊ အသက်ရှူလမ်းကြောင်းထဲ ဖုန်ဝင်မှုတို့ကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။

ချောင်းဆိုးခြင်းဆိုတာ ဖုန်မှုန့်နဲ့ လေထုထဲက အညစ်အကြေးတွေ လည်ချောင်းနဲ့ လေပြွန်ထဲကို ဝင်လာတဲ့အခါ ခန္ဓာကိုယ်က အလိုအလျောက်တုံ့ပြန်တဲ့ တုံ့ပြန်မှုတစ်မျိုးပဲဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းထဲမှာ ဘက်တီးရီးယားဝင်ရောက်မှု၊ ဆေးလိပ်သောက်ခြင်း၊ နှလုံးမကောင်းခြင်းတို့ဟာ ချောင်းဆိုးခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းတွေပါပဲ။

ဆောင်းရာသီလို အေးမြတဲ့ရာသီမျိုးမှာ အဆုတ်အအေးပတ်မှု၊ အသက်ရှူလမ်းကြောင်းထဲ ဖုန်ဝင်မှုတို့ကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ ချောင်းတစ်ခါတစ်ခါ ဆိုးပြီဆိုရင် ကိုယ်လည်းနေလို့မရ၊ တစ်အိမ်လုံးလည်း နေလို့မရဘဲ တော်တော်ခံရခက်ပါတယ်။

ရပ်ကွက်ဆေးဆိုင်မှာ ချောင်းဆိုးပျောက်ဆေး ဝယ်မယ်ဆိုရင် အလွယ်တကူ ဝယ်လို့မရဘဲ ဆရာဝန်လက်မှတ် ပါမှဝယ်လို့ ရပါတယ်။ ချောင်းဆိုးခြင်းကို အရေးပေါ်ဖြေရှင်းမယ်ဆိုရင် အိမ်မှာပဲ ရှိတာလေးနဲ့ ချောင်းဆိုးပျောက်ဆေးလေးတွေကို ဖန်တီးလို့ရပါတယ်။

၁။ ပူစီနံရွက်နဲ့ ပျားရည်

ပူစီနံရွက်က လည်ချောင်းထဲက ချွဲ၊ သလိပ်တွေကို လျှော့နည်းစေတဲ့အတွက် အသက်ရှူလမ်းကြောင်း တလျှောက်က အကျိအချွဲတွေကိုလည်း ရှင်းလင်းစေပြီး လည်ချောင်းယားယံခြင်းကို သက်သာစေပါတယ်။

အိမ်လုပ်ချောင်းဆိုးပျောက်ဆေးလေး ပြုလုပ်ဖို့ ပူစီနံရွက်အနည်းငယ်ရယ်၊ ချင်းစိမ်း (ဂျင်းစိမ်း) ကို ပါးပါးလှီးထားတာ လက်ဖက်ရည်ဇွန်း (၁) ဇွန်းခန့်ရယ်၊ ရေ (၄) ခွက်ရယ်ကို ဒယ်အိုးတစ်လုံးထဲ ထည့်လိုက်ပါ။ ဆူပွက်အောင်ကြိုချက်ပြီး ဒယ်အိုးထဲကရေတွေ တစ်ဝက်လောက်လျော့သွားပြီဆိုမှ မီးကိုလျှော့လိုက်ပါ။

ပြီးရင် ရလာတဲ့အရည်ကို ဇကာနဲ့စစ်ထုတ်ပြီး အအေးခံလိုက်ပါ။ အေးသွားပြီဆိုရင် ပျားရည် (၁) ခွက်လောက်ရောပြီး ပျော်ဝင်သွားအောင် မွှေပေးလိုက်ပါ။ ချောင်းဆိုးပျောက်ချင်ရင် အဲဒီဆေးရည်လေးကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် တစ်နာရီခြားတစ်ခါ သောက်ပေးနိုင်ပါတယ်။

၂။ ဂျင်းပျားရည်နဲ့ ပန်းသီးရှာလကာရည်

ပါဝင်ပစ္စည်းတွေကတော့ ချင်းစိမ်း (ဂျင်း) မှုန့်၊ ငရုပ်သီးမှုန့်၊ ပျားရည်နဲ့ ပန်းသီးရှာလကာရည် တို့ပဲ ဖြစ်ပါတယ်။ ပျားရည်က ယားယံနေတဲ့လည်ချောင်းကို သက်သာစေပြီး ပန်းသီးရှာလကာရည်ကတော့ အဏုဇီဝပိုးမွှားလေးတွေကို တိုက်ဖျက်နိုင်စွမ်း၊ anti-inflammatory (ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်တဲ့အစွမ်း) တို့ရှိတဲ့အတွက် ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။ ငရုပ်သီးမှုန့်ကတော့ ချွဲ၊ သလိပ်တွေကို ရှင်းလင်းပေးပါတယ်။

ပြုလုပ်နည်းကတော့… ငရုပ်သီးမှုန့် လက်ဖက်ရည်ဇွန်း (၁/၄) ဇွန်းစာနဲ့ ချင်း (ဂျင်း) မှုန့် လက်ဖက်ရည်ဇွန်း (၁/၄) ဇွန်းစာ တို့ကို ရောလိုက်ပါ။ ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ အော်ဂဲနစ် ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို ရေ လက်ဖက်ရည်ဇွန်း (၂) ဇွန်းနဲ့ ပန်းကန်တစ်လုံးထဲမှာ ထပ်ရောလိုက်ပါ။ ကောင်းကောင်းရောမွှေပြီးရင် ချောင်းဆိုးပျောက်ဆေးအဖြစ် လက်ဖက်ရည်ဇွန်းနဲ့ ခပ်ပြီး (၁) ဇွန်း (သို့) (၂) ဇွန်း မိမိလိုအပ်သလို သောက်သုံးပေးနိုင်ပါတယ်။

၃။ အုန်းဆီနဲ့ ပျားရည်

ပါဝင်ပစ္စည်းတွေကတော့ အုန်းဆီ၊ သံပုရာရည်နဲ့ ပျားရည်တို့ ဖြစ်ပါတယ်။ အုန်းဆီမှာ အဏုဇီဝပိုးမွှားငယ်လေးတွေကို ချေမှုန်းနိုင်တဲ့ ဂုဏ်သတ္တရှိပြီး ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးလို့ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ သံပုရာရည်နဲ့ ပျားရည်ကို ပေါင်းစပ်တာကတော့ ရှေးလူကြီးတွေသုံးစွဲခဲ့တဲ့ သဘာဝချောင်းဆိုးပျောက်ဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။

သံပုရာသီးမှာပါဝင်တဲ့ ဗိုက်တာမင် စီဟာ ချောင်းဆိုးခြင်းကိုထိန်းချုပ်နိုင်ပြီး ကူးစက်ရောဂါတွေကိုတိုက်ဖျက်ဖို့အတွက် ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါတယ်။ ပျားရည်ကတော့ ချွဲဖြစ်စေတဲ့ အမြှေးပါးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။

အရင်ဆုံး အော်ဂဲနစ်အုန်းဆီ (၂) ဇွန်းရယ်၊ သံပုရာရည် (၃) ဇွန်းရယ်၊ ပျားရည် (၁/၄) ခွက်ရယ်ကို ဒယ်အိုးတစ်လုံးထဲမှာ ထည့်လိုက်ပါ။ ပါဝင်ပစ္စည်းအားလုံး သမသွားအောင်အပူပေးလိုက်ပြီး မီးပိတ်လိုက်ပါ။ ပြီးရင် ပူပူနွေးနွေး ချောင်းဆိုးပျောက် ဆေးရည်လေးကို လက်ဖက်ရည်ဇွန်းနဲ့ (၁) ဇွန်းလောက် ခပ်သောက်လိုက်ပါ။

ဒါမှမဟုတ် ရေနွေးကြမ်းထဲမှာ ရောထည့်ပြီးသောက်လိုက်ပါ။ ကျန်တဲ့ ချောင်းဆိုးပျောက်ဆေး တွေကိုတော့ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားနိုင်ပြီး သောက်တော့မယ်ဆိုတော့မှ ပြန်အပူပေးနိုင်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top