ဓမၼတာေသြးဆင္းခ်ိန္မွာ တစ္ခ်ိန္လံုးနာက်င္ ကိုက္ခဲေနတတ္သလို ဟိုဟာကို စိတ္တိုသလို၊ ဒီဟာကို စိတ္မၾကည္သလိုနဲ႔ တစ္ခ်ိန္လံုးနီးပါး စိတ္အဆင္မေျပ ျဖစ္ေနတတ္ပါတယ္။
မိန္းမသားဘဝကို ရ႐ွိၿပီဆိုရင္ မျဖစ္မေနရင္ဆိုင္ရမွာက တစ္လတစ္ခါ ဓမၼတာလာျခင္းပဲ ျဖစ္ပါတယ္။ ဓမၼတာေသြးဆင္းခ်ိန္မွာ တစ္ခ်ိန္လံုးနာက်င္ ကိုက္ခဲေနတတ္သလို ဟိုဟာကို စိတ္တိုသလို၊ ဒီဟာကို စိတ္မၾကည္သလိုနဲ႔ တစ္ခ်ိန္လံုးနီးပါး စိတ္အဆင္မေျပ ျဖစ္ေနတတ္ပါတယ္။
အမ်ိဳးသမီးမ်ား ဓမၼတာလာေနခ်ိန္မွာ နာက်င္ကိုက္ခဲတဲ့ ေဝဒနာကို သက္သာေစႏိုင္ဖို႔အတြက္ ေအာက္ပါအစားအစာေတြကို စားသံုးသင့္ပါတယ္။
၁။ အေစ့အဆန္မ်ား
သီဟို႒္ေစ့၊ ေျမပဲေစ့၊ အယ္လ္မြန္ေစ့ စတဲ့ အေစ့အဆန္ေတြဟာ မဂၢနီစီယမ္ၾကြယ္ဝၿပီး ဓမၼတာလာေနခ်ိန္မွာ ေခ်ာကလက္နဲ႔ တျခားအျမန္ရ အစားအစာေတြကို ခ်င္ျခင္းတက္တဲ့စိတ္ကို ေျဖေလွ်ာ့ေပးႏိုင္ပါတယ္။ ဒီလိုစားေပးျခင္းက ရင္ျပည့္ရင္ကယ္ျဖစ္ျခင္းနဲ႔ အျခားဗိုက္နာျခင္းေတြကိုလည္း တားဆီးေပးႏိုင္ပါတယ္။
၂။ ပဲအမ်ိဳးမ်ိဳး
ဓမၼတာလာေနခ်ိန္မွာ အမ်ိဳးသမီးေတြရဲ႕ အစာေျခအဂၤါစနစ္ဟာ ပံုမွန္မဟုတ္ ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ ဓမၼတာလာေနခ်ိန္မွာ အမွ်င္ဓာတ္ၾကြယ္ဝတဲ့ ပဲေတြကို စားေပးသင့္ပါတယ္။ ပဲေတြကို ျပဳတ္စား၊ ခ်က္စားလို႔ရသလို ဟင္းခ်ိဳခ်က္ေသာက္လို႔လည္း ရပါတယ္။ ေနာက္ၿပီး ပဲထဲမွာပါဝင္တဲ့ ဗိုက္တာမင္ဘီက ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို စစ္ထုတ္ေပးႏိုင္ပါတယ္။
၃။ အနက္ေရာင္ေခ်ာကလက္
သုေတသနေတြက ေဖာ္ျပေနတာကေတာ့ အနက္ေရာင္ေခ်ာကလက္စားေပးျခင္းဟာ ဓမၼတာလာေနခ်ိန္မွာ ဆီေၾကာ္မုန္႔နဲ႔ သေရစာေတြကို ခ်င္ျခင္းတက္ျခင္းကို အာသာေျပေစႏိုင္သလို ဆာ႐ိုတိုနင္ လယ္ဗယ္ကိုလည္း ျမွင့္တက္ေစႏိုင္ပါတယ္။ ဆာ႐ိုတိုနင္ဟာ အမ်ိဳးသမီးေတြ ရာသီလာခ်ိန္မွာျဖစ္တတ္တဲ့ စိတ္အတက္အက်ျမန္ျခင္းနဲ႔ ေမာပန္းႏြမ္းနယ္ျခင္းကို ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ရက္နီးၿပီဆိုရင္ ေခ်ာကလက္ထုပ္ေလးသာ ေဆာင္ထားၾကပါ။
၄။ ကယ္လ္ဆီယမ္ၾကြယ္ဝတဲ့ အစားအစာမ်ား
လမ္းညႊန္ခ်က္ေတြအရေတာ့ အမ်ိဳးသမီးတစ္ဦးဟာ ေန႔စဥ္ ကယ္လ္ဆီယမ္ (၁၂၀၀) မီလီဂရမ္ လိုအပ္ပါတယ္။ ဒါေၾကာင့္ မိမိတို႔ရဲ႕ ေန႔စဥ္ အစားအေသာက္ထဲမွာ ကိုက္လန္၊ ပန္းေဂၚဖီစိမ္းနဲ႔ ဒိန္ခ်ဥ္တို႔ကို ထည့္သြင္းၾကည့္ပါ။ ဒိန္ခ်ဥ္ကို ဒီတိုင္းမေသာက္ခ်င္ရင္ သေဘၤာသီးတို႔၊ သရက္သီးတို႔လို antioxidant ပါဝင္တဲ့ အသီးေတြနဲ႔ ေရာေသာက္ႏိုင္ပါတယ္။ ႏွမ္းေစ့ကလည္း ကယ္လ္ဆီယမ္ ၾကြယ္ဝတဲ့ အစားအစာျဖစ္လို႔ ထည့္သြင္းၾကည့္ႏိုင္ပါတယ္။
၅။ ဗိုက္တာမင္စီ ၾကြယ္ဝတဲ့ အစားအေသာက္မ်ား
ဗိုက္တာမင္စီဟာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ မ်ိဳးဥ၊ သားအိမ္နဲ႔ လိင္အဂၤါအဖြဲ႕အစည္းကို က်န္းမာေစႏိုင္ပါတယ္။ ဒါေၾကာင့္ သံပုရာသီးတို႔၊ ဂရိတ္ဖ႐ုသီးတို႔လို ဗိုက္တာမင္စီ ၾကြယ္ဝတဲ့ အစားအစာေတြကို စားေပးပါ။ တရုတ္နံနံဟာလည္း ဗိုက္တာမင္စီ ၾကြယ္ဝတဲ့အတြက္ အစားအစာထဲမွာ ထည့္သြင္းစားသံုးေပးႏိုင္ပါတယ္။
Source: stylecraze
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဓမ္မတာသွေးဆင်းချိန်မှာ တစ်ချိန်လုံးနာကျင် ကိုက်ခဲနေတတ်သလို ဟိုဟာကို စိတ်တိုသလို၊ ဒီဟာကို စိတ်မကြည်သလိုနဲ့ တစ်ချိန်လုံးနီးပါး စိတ်အဆင်မပြေ ဖြစ်နေတတ်ပါတယ်။
မိန်းမသားဘဝကို ရရှိပြီဆိုရင် မဖြစ်မနေရင်ဆိုင်ရမှာက တစ်လတစ်ခါ ဓမ္မတာလာခြင်းပဲ ဖြစ်ပါတယ်။ ဓမ္မတာသွေးဆင်းချိန်မှာ တစ်ချိန်လုံးနာကျင် ကိုက်ခဲနေတတ်သလို ဟိုဟာကို စိတ်တိုသလို၊ ဒီဟာကို စိတ်မကြည်သလိုနဲ့ တစ်ချိန်လုံးနီးပါး စိတ်အဆင်မပြေ ဖြစ်နေတတ်ပါတယ်။
အမျိုးသမီးများ ဓမ္မတာလာနေချိန်မှာ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေနိုင်ဖို့အတွက် အောက်ပါအစားအစာတွေကို စားသုံးသင့်ပါတယ်။
၁။ အစေ့အဆန်များ
သီဟိုဋ္ဌ်စေ့၊ မြေပဲစေ့၊ အယ်လ်မွန်စေ့ စတဲ့ အစေ့အဆန်တွေဟာ မဂ္ဂနီစီယမ်ကြွယ်ဝပြီး ဓမ္မတာလာနေချိန်မှာ ချောကလက်နဲ့ တခြားအမြန်ရ အစားအစာတွေကို ချင်ခြင်းတက်တဲ့စိတ်ကို ဖြေလျှော့ပေးနိုင်ပါတယ်။ ဒီလိုစားပေးခြင်းက ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနဲ့ အခြားဗိုက်နာခြင်းတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။
၂။ ပဲအမျိုးမျိုး
ဓမ္မတာလာနေချိန်မှာ အမျိုးသမီးတွေရဲ့ အစာခြေအင်္ဂါစနစ်ဟာ ပုံမှန်မဟုတ် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဓမ္မတာလာနေချိန်မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ ပဲတွေကို စားပေးသင့်ပါတယ်။ ပဲတွေကို ပြုတ်စား၊ ချက်စားလို့ရသလို ဟင်းချိုချက်သောက်လို့လည်း ရပါတယ်။ နောက်ပြီး ပဲထဲမှာပါဝင်တဲ့ ဗိုက်တာမင်ဘီက ကိုယ်တွင်းက အဆိပ်အတောက်တွေကို စစ်ထုတ်ပေးနိုင်ပါတယ်။
၃။ အနက်ရောင်ချောကလက်
သုတေသနတွေက ဖော်ပြနေတာကတော့ အနက်ရောင်ချောကလက်စားပေးခြင်းဟာ ဓမ္မတာလာနေချိန်မှာ ဆီကြော်မုန့်နဲ့ သရေစာတွေကို ချင်ခြင်းတက်ခြင်းကို အာသာပြေစေနိုင်သလို ဆာရိုတိုနင် လယ်ဗယ်ကိုလည်း မြှင့်တက်စေနိုင်ပါတယ်။ ဆာရိုတိုနင်ဟာ အမျိုးသမီးတွေ ရာသီလာချိန်မှာဖြစ်တတ်တဲ့ စိတ်အတက်အကျမြန်ခြင်းနဲ့ မောပန်းနွမ်းနယ်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရက်နီးပြီဆိုရင် ချောကလက်ထုပ်လေးသာ ဆောင်ထားကြပါ။
၄။ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာများ
လမ်းညွှန်ချက်တွေအရတော့ အမျိုးသမီးတစ်ဦးဟာ နေ့စဉ် ကယ်လ်ဆီယမ် (၁၂၀၀) မီလီဂရမ် လိုအပ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ နေ့စဉ် အစားအသောက်ထဲမှာ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ဒိန်ချဉ်တို့ကို ထည့်သွင်းကြည့်ပါ။ ဒိန်ချဉ်ကို ဒီတိုင်းမသောက်ချင်ရင် သင်္ဘောသီးတို့၊ သရက်သီးတို့လို antioxidant ပါဝင်တဲ့ အသီးတွေနဲ့ ရောသောက်နိုင်ပါတယ်။ နှမ်းစေ့ကလည်း ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာဖြစ်လို့ ထည့်သွင်းကြည့်နိုင်ပါတယ်။
၅။ ဗိုက်တာမင်စီ ကြွယ်ဝတဲ့ အစားအသောက်များ
ဗိုက်တာမင်စီဟာ အမျိုးသမီးတစ်ယောက်ရဲ့ မျိုးဥ၊ သားအိမ်နဲ့ လိင်အင်္ဂါအဖွဲ့အစည်းကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် သံပုရာသီးတို့၊ ဂရိတ်ဖရုသီးတို့လို ဗိုက်တာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။ တရုတ်နံနံဟာလည်း ဗိုက်တာမင်စီ ကြွယ်ဝတဲ့အတွက် အစားအစာထဲမှာ ထည့်သွင်းစားသုံးပေးနိုင်ပါတယ်။
Source: stylecraze
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
စားေသာက္ဖြယ္
»
ဗဟုသုတ
»
လူမႈ႔ဘဝ
» အမ်ိဳးသမီးမ်ား ဓမၼတာလာခ်ိန္ နာက်င္မႈေဝဒနာကို သက္သာေစမယ့္ အစားအစာမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။