iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ (၄၀) အရြယ္ေရာက္သည္ႏွင့္ သင့္ခႏၶာကိုယ္ဟာ စားသံုးလိုက္သည့္အစားအစာေပၚမူတည္၍ ေျပာင္းလဲမႈစတင္လာပါတယ္။ ငယ္ရြယ္စဥ္အခ်ိန္တုန္းကလုိ က်န္းမာသြက္လက္ခ်င္လွ်င္ေတာ့ စားေသာက္မႈပံုစံကို အထူးဂရုစိုက္ရန္လိုအပ္လာပါၿပီ။ အာဟာရဓာတ္ႀကြယ္၀စြာပါ၀င္ၿပီး သင့္ခႏၶာကိုယ္က်န္းမာေရးအတြက္ အထူးအက်ိဳးသက္ေရာက္မႈရွိသည့္ အစားအစာမ်ားကို အဓိကစားသံုးေပးရန္လိုအပ္ပါတယ္။ ထို႕ေႀကာင့္ သင့္ရဲ႕ကိုယ္ခႏၶာစြမ္းအင္ႏွင့္ တက္ႀကြမႈကိုတိုးျမွင့္ေပးသည့္အျပင္ ကိုလက္စထေရာႏွင့္ ေသြးေပါင္ခ်ိန္ကိုထိန္းခ်ဳပ္ေပးၿပီး ကင္ဆာေရာဂါႏွင့္ အျခားေရာဂါမ်ား၀င္ေရာက္ျဖစ္ေပၚလာမႈမွ ကာကြယ္ေပးႏိုင္သည့္ အစားအစာမ်ားကို ေကာက္ႏုတ္ေရြးခ်ယ္၍ ေဖာ္ျပေပးလုိက္ရပါတယ္။

အဆီမ်ားသည့္ငါး

ေဆာ္လမြန္ငါး၊ ငါးကြမ္းရွပ္မ်ား ႏွင့္ ဆာဒင္းငါးမ်ားကဲ့သုိ႕ အဆီမ်ားသည့္ငါးတုိ႕ကို မွန္မွန္သံုးစြဲေပးသူမ်ားသည္ ႏွလံုးေရာဂါျဖစ္ျခင္းႏွင့္ အေမာေဖာက္ျခင္းတို႕ျဖစ္ေပၚႏႈန္းနည္းပါးတာကို ေတြ႕ရွိရပါတယ္။ ဗီတာမင္ဒီႏွင့္ ပရိုတင္းဓာတ္တုိ႕အျပင္ အိုမီဂါသရီးဖက္တီးအက္စစ္ႀကြယ္၀ေသာေႀကာင့္ သင့္က်န္းမာေရးကို အထူးေကာင္းက်ိဳးေပးႏိုင္ပါတယ္။

ပန္းေဂၚဖီစိမ္း

ဖိုက္ဘာ၊ ေဖာလစ္၊ ဗီတာမင္စီ၊ ေအ ႏွင့္ ကယ္လ္စီယမ္တို႕ အေျမာက္အျမားပါ၀င္ၿပီး ကိုယ္ခႏၶာ၏လည္ပတ္မႈကိုလည္း အကူအညီေပးႏိုင္ပါတယ္။ ထုိ႕အျပင္ ကင္ဆာဆဲလ္မ်ားႀကီးထြားဖြံ႕ၿဖိဳးမႈမွလည္း အထူးဟန္႕တားႏိုင္ပါတယ္။

ဘလူးဘယ္ရီသီးမ်ား

ဤအရြယ္အစားေသးငယ္သည့္အသီးေလးမ်ားတြင္ ကယ္လိုရီပါ၀င္မႈနည္းပါး၍ ဗီတာမင္ေက၊ စီ၊ ဖိုက္ဘာ ႏွင့္ Antioxidants တို႕ မ်ားျပားစြာပါ၀င္ေသာေႀကာင့္ ဘလူးဘယ္ရီသီးမ်ားကို စားသံုးျခင္းသည္ ႏွလံုးေရာဂါျဖစ္ေပၚမႈမွ ေလ်ာ႕ခ်ေပးႏိုင္သလို ဦးေႏွာက္မွတ္ဥာဏ္ရည္ကိုလည္း တိုးတက္ေစမွာျဖစ္ပါတယ္။

ကိုက္လန္ရြက္

ကယ္လိုရီပါ၀င္မႈေလ်ာ႕နည္း၍ အဆီလံုး၀မပါ၀င္ဘဲ ဖုိက္ဘာဓာတ္ျမင့္မားသည့္ အစိမ္းေရာင္အသီးအရြက္တစ္မ်ိဳးပဲျဖစ္ပါတယ္။ သံဓာတ္၊ ကယ္လ္စီယမ္ႏွင့္ ဗီတာမင္ေက၊ စီတို႕ ပါ၀င္ေပါင္းစပ္ေနရံုသာမက ဆီးခ်ိဳေရာဂါျဖစ္ပြားမႈကိုလည္း ေလွ်ာ႕ခ်ေပးပါတယ္။

ကန္စြန္းဥ

ကမာၻ႕အက်န္းမာဆံုးအစားအစာမ်ားထဲတြင္ တစ္ခုအပါအ၀င္ျဖစ္ၿပီး ဆီးခ်ိဳ၊ ကင္ဆာ စသည့္ေရာဂါႀကီးမ်ားကို တိုက္ထုတ္ရာတြင္ အလြန္အသံုး၀င္ပါတယ္။

ခရမ္းခ်ဥ္သီး

Antioxidatns မ်ား၊ ဗီတာမင္ေအ၊ စီ၊ အီး တုိ႕ပါ၀င္သည့္အျပင္ ခရမ္းခ်ဥ္သီးတြင္ပါ၀င္သည့္ Lycopene သည္ ဆီးခ်ိဳ၊ ႏွလံုး ႏွင့္ ကင္ဆာတို႕ကဲ့သို႕ နာတာရွည္ေရာဂါမ်ားမွ ကာကြယ္ေပးပါတယ္။

စပါး၊ ဂ်ံဳ၊ ေျပာင္းမ်ား

အုတ္ဂ်ံဳမႈန္႕၊ အညိဳေရာင္ဆန္၊ မုေယာစပါး ႏွင့္ ႏွံစားေျပာင္းမ်ားသည္ က်န္းမာသည့္စားေသာက္မႈပံုစံအတြက္ အထူးသင့္ေတာ္ပါတယ္။ ေသြးခ်ိဳပံုမွန္လည္ပတ္ရန္၊ ကိုလက္စထေရာေလ်ာ႕နည္းရန္၊ ေသြးေပါင္ခ်ိန္ေလ်ာ႕ခ်ရန္ႏွင့္ ကိုယ္အေလးအခ်ိန္ထိန္းသိမ္းရန္တုိ႕တြင္ အထူးကူညီေပးႏုိင္ပါတယ္။

နႏြင္း

အသက္ ၄၀ ႏွင့္အထက္ရွိသူမ်ားအတြက္ နႏြင္းသည္ အင္မတန္သင့္ေတာ္သည့္ ေရြးခ်ယ္မႈတစ္ခုပဲျဖစ္ပါတယ္။ ေရာင္ရမ္းမႈမ်ား၊ ကင္ဆာေရာဂါ၊ ဆီးခ်ိဳေရာဂါႏွင့္ ကိုလက္စထေရာေလ်ာ႕ခ်ရန္အတြက္ အထူးေကာင္းမြန္သည့္ ဟင္းခတ္အေမႊးအႀကိဳင္တစ္ခုျဖစ္သလုိ စိတ္အားငယ္မႈမ်ား၊ စိတ္ခံစားမႈမေကာင္းျခင္းမ်ား စသည္တို႕အတြက္လည္း အလြန္အေထာက္အကူျပဳပါတယ္။

ေထာပတ္သီး

ဖိုက္ဘာ၊ ေဖာလစ္၊ ပိုတက္စီယမ္၊ ဗီတာမင္အီး ႏွင့္ မဂၢနီဆီယမ္တုိ႕ ေပါင္းစပ္ပါ၀င္သလို က်န္းမာေရးအတြက္ေကာင္းက်ိဳးမ်ားကို ေပးစြမ္းႏိုင္သည့္ အသီးအႏွံတစ္မ်ိဳးျဖစ္ပါတယ္။ အရသာရွိရံုသာမက ကိုလက္စထေရာေလ်ာ႕ခ်ရာမွာလည္း အလြန္အစြမ္းထက္ပါတယ္။

ခ်ယ္ရီသီးမ်ား

ဗီတာမင္စီ ႏွင့္ ဖိုက္ဘာဓာတ္မ်ား အမ်ားအျပားပါ၀င္သလို ႀကြက္သားမ်ားပ်က္စီးျခင္းမွလည္း ကာကြယ္ေပးႏိုင္ပါတယ္။ သုေတသီတို႕၏ေဖာ္ျပခ်က္မ်ားအရ ခ်ယ္ရီသီးမ်ားသည္ ႏွလံုးက်န္းမာေရးအေပၚ ေကာင္းမြန္ေသာသက္ေရာက္မႈကို ေပးစြမ္းႏိုင္ပါတယ္။

ေဒါက္ခြရြက္

အျမင္အာရံုႏွင့္ အရိုးက်န္းမာေရးကို ျမွင့္တင္ေပးသည့္ ဗီတာမင္မ်ားႀကြယ္၀သည့္အျပင္ ေဒါက္ခြရြက္တြင္ပါ၀င္သည့္ ျဒပ္ေပါင္းမ်ားသည္ အသားပိုမ်ားႏွင့္ အဆစ္ေရာင္နာေရာဂါမ်ား ျဖစ္ေပၚမႈမွလည္း ဟန္႕တားေပးႏိုင္ပါတယ္။

မုန္လာဥနီ

မုန္လာဥနီမ်ားကို မွန္မွန္စားသံုးေပးျခင္းသည္ အျမင္အာရံုကိုတိုးတက္ေစရံုသာမက ကင္ဆာေရာဂါျဖစ္ပြားမႈမွလည္း ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသက် (၄၀) အရွယ်ရောက်သည်နှင့် သင့်ခန္ဓာကိုယ်ဟာ စားသုံးလိုက်သည့်အစားအစာပေါ်မူတည်၍ ပြောင်းလဲမှုစတင်လာပါတယ်။ ငယ်ရွယ်စဉ်အချိန်တုန်းကလို ကျန်းမာသွက်လက်ချင်လျှင်တော့ စားသောက်မှုပုံစံကို အထူးဂရုစိုက်ရန်လိုအပ်လာပါပြီ။ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး သင့်ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးအကျိုးသက်ရောက်မှုရှိသည့် အစားအစာများကို အဓိကစားသုံးပေးရန်လိုအပ်ပါတယ်။ ထို့ကြောင့် သင့်ရဲ့ကိုယ်ခန္ဓာစွမ်းအင်နှင့် တက်ကြွမှုကိုတိုးမြှင့်ပေးသည့်အပြင် ကိုလက်စထရောနှင့် သွေးပေါင်ချိန်ကိုထိန်းချုပ်ပေးပြီး ကင်ဆာရောဂါနှင့် အခြားရောဂါများဝင်ရောက်ဖြစ်ပေါ်လာမှုမှ ကာကွယ်ပေးနိုင်သည့် အစားအစာများကို ကောက်နုတ်ရွေးချယ်၍ ဖော်ပြပေးလိုက်ရပါတယ်။

အဆီများသည့်ငါး

ဆော်လမွန်ငါး၊ ငါးကွမ်းရှပ်များ နှင့် ဆာဒင်းငါးများကဲ့သို့ အဆီများသည့်ငါးတို့ကို မှန်မှန်သုံးစွဲပေးသူများသည် နှလုံးရောဂါဖြစ်ခြင်းနှင့် အမောဖောက်ခြင်းတို့ဖြစ်ပေါ်နှုန်းနည်းပါးတာကို တွေ့ရှိရပါတယ်။ ဗီတာမင်ဒီနှင့် ပရိုတင်းဓာတ်တို့အပြင် အိုမီဂါသရီးဖက်တီးအက်စစ်ကြွယ်ဝသောကြောင့် သင့်ကျန်းမာရေးကို အထူးကောင်းကျိုးပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ဖိုက်ဘာ၊ ဖောလစ်၊ ဗီတာမင်စီ၊ အေ နှင့် ကယ်လ်စီယမ်တို့ အမြောက်အမြားပါဝင်ပြီး ကိုယ်ခန္ဓာ၏လည်ပတ်မှုကိုလည်း အကူအညီပေးနိုင်ပါတယ်။ ထို့အပြင် ကင်ဆာဆဲလ်များကြီးထွားဖွံ့ဖြိုးမှုမှလည်း အထူးဟန့်တားနိုင်ပါတယ်။

ဘလူးဘယ်ရီသီးများ

ဤအရွယ်အစားသေးငယ်သည့်အသီးလေးများတွင် ကယ်လိုရီပါဝင်မှုနည်းပါး၍ ဗီတာမင်ကေ၊ စီ၊ ဖိုက်ဘာ နှင့် Antioxidants တို့ များပြားစွာပါဝင်သောကြောင့် ဘလူးဘယ်ရီသီးများကို စားသုံးခြင်းသည် နှလုံးရောဂါဖြစ်ပေါ်မှုမှ လျော့ချပေးနိုင်သလို ဦးနှောက်မှတ်ဉာဏ်ရည်ကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်။

ကိုက်လန်ရွက်

ကယ်လိုရီပါဝင်မှုလျော့နည်း၍ အဆီလုံးဝမပါဝင်ဘဲ ဖိုက်ဘာဓာတ်မြင့်မားသည့် အစိမ်းရောင်အသီးအရွက်တစ်မျိုးပဲဖြစ်ပါတယ်။ သံဓာတ်၊ ကယ်လ်စီယမ်နှင့် ဗီတာမင်ကေ၊ စီတို့ ပါဝင်ပေါင်းစပ်နေရုံသာမက ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချပေးပါတယ်။

ကန်စွန်းဥ

ကမ္ဘာ့အကျန်းမာဆုံးအစားအစာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဆီးချို၊ ကင်ဆာ စသည့်ရောဂါကြီးများကို တိုက်ထုတ်ရာတွင် အလွန်အသုံးဝင်ပါတယ်။

ခရမ်းချဉ်သီး

Antioxidatns များ၊ ဗီတာမင်အေ၊ စီ၊ အီး တို့ပါဝင်သည့်အပြင် ခရမ်းချဉ်သီးတွင်ပါဝင်သည့် Lycopene သည် ဆီးချို၊ နှလုံး နှင့် ကင်ဆာတို့ကဲ့သို့ နာတာရှည်ရောဂါများမှ ကာကွယ်ပေးပါတယ်။

စပါး၊ ဂျုံ၊ ပြောင်းများ

အုတ်ဂျုံမှုန့်၊ အညိုရောင်ဆန်၊ မုယောစပါး နှင့် နှံစားပြောင်းများသည် ကျန်းမာသည့်စားသောက်မှုပုံစံအတွက် အထူးသင့်တော်ပါတယ်။ သွေးချိုပုံမှန်လည်ပတ်ရန်၊ ကိုလက်စထရောလျော့နည်းရန်၊ သွေးပေါင်ချိန်လျော့ချရန်နှင့် ကိုယ်အလေးအချိန်ထိန်းသိမ်းရန်တို့တွင် အထူးကူညီပေးနိုင်ပါတယ်။

နနွင်း

အသက် ၄၀ နှင့်အထက်ရှိသူများအတွက် နနွင်းသည် အင်မတန်သင့်တော်သည့် ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။ ရောင်ရမ်းမှုများ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါနှင့် ကိုလက်စထရောလျော့ချရန်အတွက် အထူးကောင်းမွန်သည့် ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်သလို စိတ်အားငယ်မှုများ၊ စိတ်ခံစားမှုမကောင်းခြင်းများ စသည်တို့အတွက်လည်း အလွန်အထောက်အကူပြုပါတယ်။

ထောပတ်သီး

ဖိုက်ဘာ၊ ဖောလစ်၊ ပိုတက်စီယမ်၊ ဗီတာမင်အီး နှင့် မဂ္ဂနီဆီယမ်တို့ ပေါင်းစပ်ပါဝင်သလို ကျန်းမာရေးအတွက်ကောင်းကျိုးများကို ပေးစွမ်းနိုင်သည့် အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ အရသာရှိရုံသာမက ကိုလက်စထရောလျော့ချရာမှာလည်း အလွန်အစွမ်းထက်ပါတယ်။

ချယ်ရီသီးများ

ဗီတာမင်စီ နှင့် ဖိုက်ဘာဓာတ်များ အများအပြားပါဝင်သလို ကြွက်သားများပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ သုတေသီတို့၏ဖော်ပြချက်များအရ ချယ်ရီသီးများသည် နှလုံးကျန်းမာရေးအပေါ် ကောင်းမွန်သောသက်ရောက်မှုကို ပေးစွမ်းနိုင်ပါတယ်။

ဒေါက်ခွရွက်

အမြင်အာရုံနှင့် အရိုးကျန်းမာရေးကို မြှင့်တင်ပေးသည့် ဗီတာမင်များကြွယ်ဝသည့်အပြင် ဒေါက်ခွရွက်တွင်ပါဝင်သည့် ဒြပ်ပေါင်းများသည် အသားပိုများနှင့် အဆစ်ရောင်နာရောဂါများ ဖြစ်ပေါ်မှုမှလည်း ဟန့်တားပေးနိုင်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီများကို မှန်မှန်စားသုံးပေးခြင်းသည် အမြင်အာရုံကိုတိုးတက်စေရုံသာမက ကင်ဆာရောဂါဖြစ်ပွားမှုမှလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top