iMyanmarHouse.com - Best Property Website for Myanmar
×

သိပၸံအေခၚ Carica papaya ျဖစ္တဲ့ သေဘၤာသီးဟာ အေမရိကတိုက္နဲ႔ မကၠစီကိုဘက္မွာ စတင္ေပါက္ဖြားတဲ့ သီးႏွံတစ္မ်ိဳးျဖစ္ၿပီး အပူပိုင္းေဒသေတြမွာလည္း ေပါက္ေရာက္ႏိုင္ပါတယ္။ ကမၻာေက်ာ္ စြန္႔စားသြားလာသူႀကီး ခရစၥတိုဖာ ကိုလမ္ဘတ္ကဆိုရင္ သေဘၤာသီးကို Fruit of the Angels (နတ္တမန္ေတာ္တို႔ရဲ႕သီးႏွံ) ဆိုုၿပီး တင္စားေခၚေဝၚခဲ့ပါတယ္။

သေဘၤာသီးကို ကြ်န္ေတာ္တို႔ အာ႐ွတိုက္မွာလည္း ပံုစံအမ်ိဳးမ်ိဳး လုပ္စားၾကပါတယ္။ ထိုင္းလူမ်ိဳးေတြက သေဘၤာသီးအစိမ္းကို ယိုးဒယားသေဘၤာသီးေထာင္း လုပ္စားၾကသလို သေဘၤာသီးအမွည့္ကိုေတာ့ ႏို႔ဆီ၊ သၾကားတို႔နဲ႔ ေပါင္းစပ္ၿပီး သစ္သီးေဖ်ာ္ရည္ ေဖ်ာ္ေသာက္လို႔ရပါတယ္။ သေဘၤာသီးဟာ အရသာ႐ွိတာတစ္ခုတည္း မကပါဘူး။ က်န္းမာေရးအက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီး႐ွိပါတယ္။ အဲဒါေတြကေတာ့...

၁။ ႏွလံုးေသြးေၾကာေတြကို အားေပးတယ္

သေဘၤာသီးဟာ က်န္းမာေရးနဲ႔ အညီညြတ္ဆံုး သစ္သီးဝလံတစ္မ်ိဳး ျဖစ္သည္နဲ႔အားေလ်ာ္စြာ ႏွလံုးနဲ႔ ႏွလံုးက်န္းမာေရးကိုလည္း ညီညြတ္မွ်တေအာင္ ထိန္းသိမ္းေပးႏိုင္ပါတယ္။ သေဘၤာသီးမွာ ဗိုက္တာမင္ ေအနဲ႔စီ ၾကြယ္ဝၿပီး ကိုလက္စ္ထေရာေတြ ေအာက္ဆီဂ်င္ဓာတ္ျပဳျခင္းကို တားဆီးႏိုင္တဲ့အတြက္ ႏွလံုးေသြးခဲျခင္းကိုလည္း ျဖစ္ေစမွာမဟုတ္ပါဘူးေနာ္။ ဒီေတာ့ ႏွလံုးထေဖာက္ျခင္းမ်ိဳးလို ႐ုတ္တရက္ထျဖစ္တတ္တဲ့ ေရာဂါမ်ိဳးေတြကို ေ႐ွာင္ၾကဥ္ႏိုင္မွာပါ။

၂။ စကၡဳအာ႐ံုအားနည္းျခင္းကို တားဆီးေပးတယ္

သက္ႀကီးပိုင္းေတြကို သေဘၤာသီးမွည့္ေလးကို သံပုရာသီးစိတ္ေလး ညွစ္ၿပီးေကြ်းတာ အေၾကာင္းေတာ့႐ွိပါတယ္။ အသက္အ႐ြယ္ ရလာရင္ စကၡဳအာ႐ံုအားနည္းျခင္း (macular degeneration) ျဖစ္ေစႏိုင္ပါတယ္။ ဒါေပမယ့္ သေဘၤာသီးကို ပံုမွန္စားေပးမယ္ ဆိုရင္ေတာ့ အဲဒီလို မ်က္စိအာ႐ံု အားနည္းျခင္းကို ေလ်ာ့ပါးသက္သာေစမွာပါ။

ဘာလို႔လဲဆိုေတာ့ သေဘၤာသီးထဲမွာ ဇီဇန္သင္း (zeaxanthin) ဆိုတဲ့ antioxidant တစ္မ်ိဳးပါဝင္ၿပီး ဇီဇန္သင္းက မ်က္စိျမင္လႊာထဲကို ဝင္လာတဲ့ ေရာင္စဥ္တန္းေတြကို စစ္ထုတ္ေပးႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ့ သေဘၤာသီးထဲမွာ ပါဝင္တဲ့ ဗိုက္တာမင္ေအ၊ ဘီတာကာ႐ိုတင္းန္၊ ခရစ္ပ္တိုဇန္သင္း၊ လူတိန္းစတဲ့ အာဟာရဓာတ္ေတြဟာ မ်က္စိထဲက အညွိအခြ်ဲအေျမွးပါးကို အားေကာင္းေအာင္ ေထာက္ပံ့ေပးႏိုင္ပါတယ္။

၃။ ကိုယ္ခံအားေကာင္းေစတယ္

ေဆာင္းကလည္း ေအးလာၿပီဆိုေတာ့ ျဖစ္စရာေရာဂါ (၂) မ်ိဳး႐ွိပါတယ္။ အဲဒါေတြကေတာ့ ေရခ်ိဳးလို႔ျဖစ္မယ့္ ေရာဂါနဲ႔ ေရမခ်ိဳးလို႔ု ျဖစ္မယ့္ေရာဂါေတြပါ။ ေဆာင္းတြင္းမနက္ ခ်မ္းခ်မ္းစီးစီးမွာ ေရထခ်ိဳးမိလို႔ အေအးပတ္ၿပီး ဖ်ားႏိုင္သလို ေရမခ်ိဳးမိျပန္ရင္လည္း တစ္ေနကုန္သြားထား၊ လာထားတာေတြနဲ႔ ေခြ်းေတြငုပ္ၿပီး အပူကန္ၿပီး ဖ်ားႏိုင္ပါတယ္။ ဒါေၾကာင့္ ေဆာင္းရာသီထဲ ဝင္ေနၿပီဆိုေတာ့ ကိုယ္ခံအား ေကာင္းေနဖို႔ေတာ့ လိုပါတယ္။

ဒီကြက္လပ္ေလးကို ျဖည့္ေပးဖို႔ကေတာ့ သေဘၤာသီးမွည့္တစ္လံုး ႐ွိရင္လံုေလာက္ပါၿပီ။ သေဘၤာသီးထဲမွာ ပါဝင္တဲ့ antioxidant ေတြဟာ ကိုယ္ခံအားကို မေကာင္းတဲ့ အက်ိဳးသက္ေရာက္မႈေတြ ရေစႏိုင္တဲ့ free radical ေတြကို တိုက္ဖ်က္ေပးၿပီး ကိုယ္ခံအားကို ျမွင့္တင္ေပးပါတယ္။

၄။ အစာေၾကေစတယ္

သေဘၤာသီးရဲ႕ နာမည္ေက်ာ္က်န္းမာေရး အက်ိဳးေက်းဇူး ေနာက္တစ္ခုကေတာ့ အစာေျခစနစ္ကို အေထာက္အကူ ျပဳႏိုင္တာပါပဲ။ သေဘၤာသီးဟာ ကိ္ုယ္တိုင္လည္း အစာေၾကလြယ္တဲ့ အသီးတစ္လံုး ျဖစ္သလို အစာအိမ္နဲ႔ အူလမ္းေၾကာင္းထဲက တျခား အစားအစာေတြကိုလည္း ေၾကလြယ္ေစႏိုင္ပါတယ္။

႐ိုးရာေဆးနည္းေတြမွာဆိုရင္ အစာမေၾကျခင္း၊ ေလထိုးေလေအာင့္ျခင္း၊ ရင္ဘတ္ေအာင့္ျခင္းနဲ႔ အစာအိမ္နာက်င္မႈတို႔အတြက္ သေဘၤာသီးကို ထည့္သြင္းအသံုးခ် ၾကပါတယ္။ ဒါဟာလည္း သေဘၤာသီးရဲ႕ အမွ်င္ဓာတ္ၾကြယ္ဝမႈနဲ႔ papain ဆိုတဲ့ ပ႐ိုတိန္းေတြကို အလြယ္တကူ ေၾကပ်က္ေစမယ့္ အင္ဇိုင္းတစ္မ်ိဳးေၾကာင့္ပါပဲ။

Source: Stylecraze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သိပ္ပံအခေါ် Carica papaya ဖြစ်တဲ့ သင်္ဘောသီးဟာ အမေရိကတိုက်နဲ့ မက္ကစီကိုဘက်မှာ စတင်ပေါက်ဖွားတဲ့ သီးနှံတစ်မျိုးဖြစ်ပြီး အပူပိုင်းဒေသတွေမှာလည်း ပေါက်ရောက်နိုင်ပါတယ်။ ကမ္ဘာကျော် စွန့်စားသွားလာသူကြီး ခရစ္စတိုဖာ ကိုလမ်ဘတ်ကဆိုရင် သင်္ဘောသီးကို Fruit of the Angels (နတ်တမန်တော်တို့ရဲ့သီးနှံ) ဆိုုပြီး တင်စားခေါ်ဝေါ်ခဲ့ပါတယ်။

သင်္ဘောသီးကို ကျွန်တော်တို့ အာရှတိုက်မှာလည်း ပုံစံအမျိုးမျိုး လုပ်စားကြပါတယ်။ ထိုင်းလူမျိုးတွေက သင်္ဘောသီးအစိမ်းကို ယိုးဒယားသင်္ဘောသီးထောင်း လုပ်စားကြသလို သင်္ဘောသီးအမှည့်ကိုတော့ နို့ဆီ၊ သကြားတို့နဲ့ ပေါင်းစပ်ပြီး သစ်သီးဖျော်ရည် ဖျော်သောက်လို့ရပါတယ်။ သင်္ဘောသီးဟာ အရသာရှိတာတစ်ခုတည်း မကပါဘူး။ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ အဲဒါတွေကတော့...

၁။ နှလုံးသွေးကြောတွေကို အားပေးတယ်

သင်္ဘောသီးဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး သစ်သီးဝလံတစ်မျိုး ဖြစ်သည်နဲ့အားလျော်စွာ နှလုံးနဲ့ နှလုံးကျန်းမာရေးကိုလည်း ညီညွတ်မျှတအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ သင်္ဘောသီးမှာ ဗိုက်တာမင် အေနဲ့စီ ကြွယ်ဝပြီး ကိုလက်စ်ထရောတွေ အောက်ဆီဂျင်ဓာတ်ပြုခြင်းကို တားဆီးနိုင်တဲ့အတွက် နှလုံးသွေးခဲခြင်းကိုလည်း ဖြစ်စေမှာမဟုတ်ပါဘူးနော်။ ဒီတော့ နှလုံးထဖောက်ခြင်းမျိုးလို ရုတ်တရက်ထဖြစ်တတ်တဲ့ ရောဂါမျိုးတွေကို ရှောင်ကြဉ်နိုင်မှာပါ။

၂။ စက္ခုအာရုံအားနည်းခြင်းကို တားဆီးပေးတယ်

သက်ကြီးပိုင်းတွေကို သင်္ဘောသီးမှည့်လေးကို သံပုရာသီးစိတ်လေး ညှစ်ပြီးကျွေးတာ အကြောင်းတော့ရှိပါတယ်။ အသက်အရွယ် ရလာရင် စက္ခုအာရုံအားနည်းခြင်း (macular degeneration) ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သင်္ဘောသီးကို ပုံမှန်စားပေးမယ် ဆိုရင်တော့ အဲဒီလို မျက်စိအာရုံ အားနည်းခြင်းကို လျော့ပါးသက်သာစေမှာပါ။

ဘာလို့လဲဆိုတော့ သင်္ဘောသီးထဲမှာ ဇီဇန်သင်း (zeaxanthin) ဆိုတဲ့ antioxidant တစ်မျိုးပါဝင်ပြီး ဇီဇန်သင်းက မျက်စိမြင်လွှာထဲကို ဝင်လာတဲ့ ရောင်စဉ်တန်းတွေကို စစ်ထုတ်ပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ သင်္ဘောသီးထဲမှာ ပါဝင်တဲ့ ဗိုက်တာမင်အေ၊ ဘီတာကာရိုတင်းန်၊ ခရစ်ပ်တိုဇန်သင်း၊ လူတိန်းစတဲ့ အာဟာရဓာတ်တွေဟာ မျက်စိထဲက အညှိအချွဲအမြှေးပါးကို အားကောင်းအောင် ထောက်ပံ့ပေးနိုင်ပါတယ်။

၃။ ကိုယ်ခံအားကောင်းစေတယ်

ဆောင်းကလည်း အေးလာပြီဆိုတော့ ဖြစ်စရာရောဂါ (၂) မျိုးရှိပါတယ်။ အဲဒါတွေကတော့ ရေချိုးလို့ဖြစ်မယ့် ရောဂါနဲ့ ရေမချိုးလို့ ဖြစ်မယ့်ရောဂါတွေပါ။ ဆောင်းတွင်းမနက် ချမ်းချမ်းစီးစီးမှာ ရေထချိုးမိလို့ အအေးပတ်ပြီး ဖျားနိုင်သလို ရေမချိုးမိပြန်ရင်လည်း တစ်နေကုန်သွားထား၊ လာထားတာတွေနဲ့ ချွေးတွေငုပ်ပြီး အပူကန်ပြီး ဖျားနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီထဲ ဝင်နေပြီဆိုတော့ ကိုယ်ခံအား ကောင်းနေဖို့တော့ လိုပါတယ်။

ဒီကွက်လပ်လေးကို ဖြည့်ပေးဖို့ကတော့ သင်္ဘောသီးမှည့်တစ်လုံး ရှိရင်လုံလောက်ပါပြီ။ သင်္ဘောသီးထဲမှာ ပါဝင်တဲ့ antioxidant တွေဟာ ကိုယ်ခံအားကို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရစေနိုင်တဲ့ free radical တွေကို တိုက်ဖျက်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

၄။ အစာကြေစေတယ်

သင်္ဘောသီးရဲ့ နာမည်ကျော်ကျန်းမာရေး အကျိုးကျေးဇူး နောက်တစ်ခုကတော့ အစာခြေစနစ်ကို အထောက်အကူ ပြုနိုင်တာပါပဲ။ သင်္ဘောသီးဟာ ကိုယ်တိုင်လည်း အစာကြေလွယ်တဲ့ အသီးတစ်လုံး ဖြစ်သလို အစာအိမ်နဲ့ အူလမ်းကြောင်းထဲက တခြား အစားအစာတွေကိုလည်း ကြေလွယ်စေနိုင်ပါတယ်။

ရိုးရာဆေးနည်းတွေမှာဆိုရင် အစာမကြေခြင်း၊ လေထိုးလေအောင့်ခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ အစာအိမ်နာကျင်မှုတို့အတွက် သင်္ဘောသီးကို ထည့်သွင်းအသုံးချ ကြပါတယ်။ ဒါဟာလည်း သင်္ဘောသီးရဲ့ အမျှင်ဓာတ်ကြွယ်ဝမှုနဲ့ papain ဆိုတဲ့ ပရိုတိန်းတွေကို အလွယ်တကူ ကြေပျက်စေမယ့် အင်ဇိုင်းတစ်မျိုးကြောင့်ပါပဲ။

Source: Stylecraze

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top