iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔တစ္ေန႔ကို တျခားသူေတြက အိပ္ခ်င္မူးတူးနဲ႔စတင္ေပမယ့္ ေကာ္ဖီႀကိဳက္ႏွစ္သက္သူေတြကေတာ့ ေကာ္ဖီတစ္ခြက္ေသာက္လုိက္တာနဲ႔ အိပ္ခ်င္မူးတူးျဖစ္ေနတာေတြ ေပ်ာက္ၿပီး လန္းဆန္းသြားၾကပါတယ္။

မနက္ခင္းကို အရသာ ေကာင္းမြန္တဲ့ ေကာ္ဖီေလးနဲ႔စတင္လိုက္ရင္ ၿပီးျပည့္စံုတဲ့ ေန႔တစ္ေန႔ကို ရရွိမွာပါ။

Nestle ကုမၸဏီကလည္း Nescafe Blend & Brew ဆိုတဲ့ ၁၀ ဆ ပိုမိုႏူးညံ့တဲ့ ေကာ္ဖီကို ထုတ္လုပ္လိုက္ပါၿပီ။

12အေကာင္းမြန္ဆံုး ေကာ္ဖီရနံ႔ ရရွိဖို႔ ေကာ္ဖီေစ့မ်ားကို အသင့္ေတာ္ဆံုး အပူခ်ိန္မွာ ေလွာ္စပ္ထားၿပီး ပထမအႀကိမ္ ႀကိတ္ေခ်မႈျပဳလုပ္ၿပီးတဲ့ေနာက္မွာ ေကာ္ဖီေစ့မ်ားကို ၁၀ဆ ပိုမိုႏုညက္ေအာင္ ဒုတိယအႀကိမ္ ထပ္မံႀကိတ္ေခ်ပါတယ္။ ေကာ္ဖီရဲ႕ အရသာနဲ႔ ေလွာ္စပ္ထားတဲ့ ေကာ္ဖီရဲ႕ မူလရနံ႔မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းၿပီး ထုတ္လုပ္ထားတာေၾကာင့္ ေျပျပစ္မွ်တတဲ့ အရသာကို ေပးစြမ္းႏိုင္မွာပါ။

ေကာ္ဖီမႈန္႔မ်ားကို Nescafe ရဲ႕ creamer နဲ႔ လႊမ္းၿခံဳလိုက္ကာ ေရတြင္ ေပ်ာ္၀င္လြယ္ေသာ ေကာ္ဖီ၊ သၾကားတို႔ကို ေနာက္ဆံုးအဆင့္အျဖစ္ ေရာစပ္လို္က္ပါတယ္။

ထုတ္လုပ္မႈ အဆင့္တစ္ဆင့္ခ်င္းစီကို ေသခ်ာဂရုတစိုက္ထုတ္လုပ္ကာ သမမွ်တေအာင္ ေရာစပ္ထုတ္လုပ္ထားမႈက တျခား 3-in-1 ေကာ္ဖီေတြနဲ႔ Blend & Brew ရဲ႕ ကြာျခားခ်က္ဘဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ အေျပာင္းအလဲ နဲ႔ စိန္ေခၚမႈကို သေဘာက်သူေတြက Nescafe Blend & Brew ကို သေဘာက်ႏွစ္ၿခိဳက္ၾကမွာပါ။

3-in-1 ကို အတိတ္မွာ ထားခဲ့ၿပီး ေတာက္ပတဲ့ အနာဂတ္ေန႔ရက္ေတြကို Blend & Brew နဲ႔ အတူ ျဖတ္သန္းလိုက္ရေအာင္

ေကာ္ဖီေသာက္ျခင္းရဲ႕ အက်ိဳးေက်းဇူးမ်ားကို ေ၀မွ်ခ်င္ပါတယ္။

ရုပ္ပိုင္းဆိုင္ရာအရ ပိုၿပီး တက္ၾကြ

ကဖိန္းဓာတ္က ေသြးေၾကာထဲကို ၀င္ေရာက္လာတဲ့အခါမွာ ဓာတ္ဆီလိုပဲ ခႏၶာကိုယ္ကို ပိုၿပီး တက္ၾကြလန္းဆန္းေစပါတယ္။ ဒါေၾကာင့္ gym မေဆာ့ခင္ဒါမွမဟုတ္ အားကစားမလုပ္ခင္ ၁ နာရီအလိုေလာက္မွာ ေကာ္ဖီေသာက္သင့္ပါတယ္။

က်န္းမာေရးကို အေထာက္အကူျဖစ္

ေကာ္ဖီေသာက္တာဟာ က်န္းမာေရး အက်ိဳးေက်းဇူးေတြ ရွိပါတယ္။ ေကာ္ဖီေသာက္တဲ့သူမွာ type 2 ဆီးခ်ိဳကို ကာကြယ္ေပးႏိုင္ပါတယ္။

ပိုထက္ျမက္လာ

ေကာ္ဖီထဲမွာ ကဖိန္းဓာတ္ပါ၀င္တာေၾကာင့္ ဦးေႏွာက္စြမ္းအင္ကို ပိုေကာင္းေစၿပီး ဦးေႏွာက္လုပ္ေဆာင္မႈကို ပိုမိုေကာင္းမြန္ေစပါတယ္။ ဒါေၾကာင့္ ေကာ္ဖီက မွတ္ဥာဏ္ေတြကို ပိုေကာင္းေစသလို တုံ႔ ျပန္မႈအားလည္းေကာင္းေစပါတယ္။

ဦးေႏွာက္က်န္းမာေရးအတြက္ေကာင္းမြန္

ေကာ္ဖီေသာက္ေပးတာဟာ ဦးေနွာက္ေရာဂါေတြျဖစ္တဲ့ အယ္ဇိုင္းမား၊ ပါကင္ဆန္ (Parkinson) စတဲ့ေရာဂါေတြအတြက္ ေကာင္းပါတယ္။ ဒီလို ေရာဂါေတြကို ကုသႏိုင္တဲ့ နည္းလမ္းမရွိေသးေပမယ့္ ေကာ္ဖီေသာက္သံုးသူေတြက အယ္ဇိုင္းမားနဲ႔ ပါကင္ဆန္ (Parkinson) ေရာဂါ ျဖစ္ပြားႏိုင္ေခ် နည္းပါတယ္။

စိတ္ဓာတ္က်မႈကို ကာကြယ္ေပး

ဟားဗတ္ တကၠသိုလ္ရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ လူေတြက တစ္ေန႔ကို ေကာ္ဖီခြက္တစ္ခြက္ထက္ပိုၿပီး ေသာက္သံုးပါက ကိုယ့္ကိုကို အဆံုးစီရင္မႈ ၅၀ ရာခိုင္ႏႈန္းေလ်ာ့နည္းသြားမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ေကာ္ဖီေသာက္ထားရင္ စိတ္ဓာတ္တက္ၾကြေနၿပီး စိတ္ဓာတ္က်မႈ ၁၀ ရာခိုင္ႏႈန္းေတာင္ ရွိေတာ့မွာမဟုတ္ပါဘူး။

ေပ်ာ္ရႊင္ေစျခင္း

ၿဗိတိန္ႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ သုေတသန ရလဒ္အရ ေကာ္ဖီေသာက္သံုးသူေတြဟာ ဘ၀ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ျဖတ္သန္းသူေတြျဖစ္တယ္ဆိုတာ ေတြ႔ရွိခဲ့ရပါတယ္။ စိတ္ဓာတ္က်မႈ နည္းၿပီး အလုပ္မွာ တက္တက္ၾကြၾကြ လုပ္ေဆာင္ၾကသူေတြျဖစ္ၾကပါတယ္။

၀င္ေငြပိုေကာင္း

ၿဗိတိန္ႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ သုေတသနေတြအရ ေကာ္ဖီေသာက္သံုးသူေတြဟာ ေပါင္ ၂ေထာင္ေလာက္ပိုရၾကတာကိုေတြ႔ရတယ္။ အလုပ္မွာ တက္တက္ၾကြၾကြလုပ္ကိုင္ၾကၿပီး ရုံးခ်ိန္ေနာက္က်တာမ်ိဳးလည္း နည္းတာကိုေတြ႔ရပါတယ္။

ပိုေအာင္ျမင္ၾက

ေကာ္ဖီတစ္ခြက္ေသာက္လုိက္ရင္ ေန႔တစ္ေန႔ကို ခ်က္ျခင္း ေမာင္းႏွင္ႏိုင္ဖို႔စြမ္းအားေတြ ရရွိလာပါတယ္။ သူမ်ားေတြ ေလးေလးေကြးေကြးနဲ႔ ေန႔တစ္ေန႔ကို စတင္ခ်ိန္မွာ ေကာ္ဖီေသာက္သူေတြက အရွိန္ျပင္းျပင္းနဲ႔ တက္တက္ၾကြၾကြစတင္ႏိုင္ပါတယ္။

ဒါေၾကာင့္ ေကာ္ဖီေသာက္သူေတြက ပိုၿပီးေအာင္ျမင္ၾကပါတယ္။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နေ့တစ်နေ့ကို တခြားသူတွေက အိပ်ချင်မူးတူးနဲ့စတင်ပေမယ့် ကော်ဖီကြိုက်နှစ်သက်သူတွေကတော့ ကော်ဖီတစ်ခွက်သောက်လိုက်တာနဲ့ အိပ်ချင်မူးတူးဖြစ်နေတာတွေ ပျောက်ပြီး လန်းဆန်းသွားကြပါတယ်။

မနက်ခင်းကို အရသာ ကောင်းမွန်တဲ့ ကော်ဖီလေးနဲ့စတင်လိုက်ရင် ပြီးပြည့်စုံတဲ့ နေ့တစ်နေ့ကို ရရှိမှာပါ။

Nestle ကုမ္ပဏီကလည်း Nescafe Blend & Brew ဆိုတဲ့ ၁၀ ဆ ပိုမိုနူးညံ့တဲ့ ကော်ဖီကို ထုတ်လုပ်လိုက်ပါပြီ။

12အကောင်းမွန်ဆုံး ကော်ဖီရနံ့ ရရှိဖို့ ကော်ဖီစေ့များကို အသင့်တော်ဆုံး အပူချိန်မှာ လှော်စပ်ထားပြီး ပထမအကြိမ် ကြိတ်ချေမှုပြုလုပ်ပြီးတဲ့နောက်မှာ ကော်ဖီစေ့များကို ၁၀ဆ ပိုမိုနုညက်အောင် ဒုတိယအကြိမ် ထပ်မံကြိတ်ချေပါတယ်။ ကော်ဖီရဲ့ အရသာနဲ့ လှော်စပ်ထားတဲ့ ကော်ဖီရဲ့ မူလရနံ့မပျောက်ပျက်အောင် ထိန်းသိမ်းပြီး ထုတ်လုပ်ထားတာကြောင့် ပြေပြစ်မျှတတဲ့ အရသာကို ပေးစွမ်းနိုင်မှာပါ။

ကော်ဖီမှုန့်များကို Nescafe ရဲ့ creamer နဲ့ လွှမ်းခြုံလိုက်ကာ ရေတွင် ပျော်ဝင်လွယ်သော ကော်ဖီ၊ သကြားတို့ကို နောက်ဆုံးအဆင့်အဖြစ် ရောစပ်လိုက်ပါတယ်။

ထုတ်လုပ်မှု အဆင့်တစ်ဆင့်ချင်းစီကို သေချာဂရုတစိုက်ထုတ်လုပ်ကာ သမမျှတအောင် ရောစပ်ထုတ်လုပ်ထားမှုက တခြား 3-in-1 ကော်ဖီတွေနဲ့ Blend & Brew ရဲ့ ကွာခြားချက်ဘဲ ဖြစ်ပါတယ်။

ဒါကြောင့် အပြောင်းအလဲ နဲ့ စိန်ခေါ်မှုကို သဘောကျသူတွေက Nescafe Blend & Brew ကို သဘောကျနှစ်ခြိုက်ကြမှာပါ။

3-in-1 ကို အတိတ်မှာ ထားခဲ့ပြီး တောက်ပတဲ့ အနာဂတ်နေ့ရက်တွေကို Blend & Brew နဲ့ အတူ ဖြတ်သန်းလိုက်ရအောင်

ကော်ဖီသောက်ခြင်းရဲ့ အကျိုးကျေးဇူးများကို ဝေမျှချင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာအရ ပိုပြီး တက်ကြွ

ကဖိန်းဓာတ်က သွေးကြောထဲကို ဝင်ရောက်လာတဲ့အခါမှာ ဓာတ်ဆီလိုပဲ ခန္ဓာကိုယ်ကို ပိုပြီး တက်ကြွလန်းဆန်းစေပါတယ်။ ဒါကြောင့် gym မဆော့ခင်ဒါမှမဟုတ် အားကစားမလုပ်ခင် ၁ နာရီအလိုလောက်မှာ ကော်ဖီသောက်သင့်ပါတယ်။

ကျန်းမာရေးကို အထောက်အကူဖြစ်

ကော်ဖီသောက်တာဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။ ကော်ဖီသောက်တဲ့သူမှာ type 2 ဆီးချိုကို ကာကွယ်ပေးနိုင်ပါတယ်။

ပိုထက်မြက်လာ

ကော်ဖီထဲမှာ ကဖိန်းဓာတ်ပါဝင်တာကြောင့် ဦးနှောက်စွမ်းအင်ကို ပိုကောင်းစေပြီး ဦးနှောက်လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါကြောင့် ကော်ဖီက မှတ်ဉာဏ်တွေကို ပိုကောင်းစေသလို တုံ့ ပြန်မှုအားလည်းကောင်းစေပါတယ်။

ဦးနှောက်ကျန်းမာရေးအတွက်ကောင်းမွန်

ကော်ဖီသောက်ပေးတာဟာ ဦးနှောက်ရောဂါတွေဖြစ်တဲ့ အယ်ဇိုင်းမား၊ ပါကင်ဆန် (Parkinson) စတဲ့ရောဂါတွေအတွက် ကောင်းပါတယ်။ ဒီလို ရောဂါတွေကို ကုသနိုင်တဲ့ နည်းလမ်းမရှိသေးပေမယ့် ကော်ဖီသောက်သုံးသူတွေက အယ်ဇိုင်းမားနဲ့ ပါကင်ဆန် (Parkinson) ရောဂါ ဖြစ်ပွားနိုင်ချေ နည်းပါတယ်။

စိတ်ဓာတ်ကျမှုကို ကာကွယ်ပေး

ဟားဗတ် တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ လူတွေက တစ်နေ့ကို ကော်ဖီခွက်တစ်ခွက်ထက်ပိုပြီး သောက်သုံးပါက ကိုယ့်ကိုကို အဆုံးစီရင်မှု ၅၀ ရာခိုင်နှုန်းလျော့နည်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကော်ဖီသောက်ထားရင် စိတ်ဓာတ်တက်ကြွနေပြီး စိတ်ဓာတ်ကျမှု ၁၀ ရာခိုင်နှုန်းတောင် ရှိတော့မှာမဟုတ်ပါဘူး။

ပျော်ရွှင်စေခြင်း

ဗြိတိန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသန ရလဒ်အရ ကော်ဖီသောက်သုံးသူတွေဟာ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသူတွေဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ စိတ်ဓာတ်ကျမှု နည်းပြီး အလုပ်မှာ တက်တက်ကြွကြွ လုပ်ဆောင်ကြသူတွေဖြစ်ကြပါတယ်။

ဝင်ငွေပိုကောင်း

ဗြိတိန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ကော်ဖီသောက်သုံးသူတွေဟာ ပေါင် ၂ထောင်လောက်ပိုရကြတာကိုတွေ့ရတယ်။ အလုပ်မှာ တက်တက်ကြွကြွလုပ်ကိုင်ကြပြီး ရုံးချိန်နောက်ကျတာမျိုးလည်း နည်းတာကိုတွေ့ရပါတယ်။

ပိုအောင်မြင်ကြ

ကော်ဖီတစ်ခွက်သောက်လိုက်ရင် နေ့တစ်နေ့ကို ချက်ခြင်း မောင်းနှင်နိုင်ဖို့စွမ်းအားတွေ ရရှိလာပါတယ်။ သူများတွေ လေးလေးကွေးကွေးနဲ့ နေ့တစ်နေ့ကို စတင်ချိန်မှာ ကော်ဖီသောက်သူတွေက အရှိန်ပြင်းပြင်းနဲ့ တက်တက်ကြွကြွစတင်နိုင်ပါတယ်။

ဒါကြောင့် ကော်ဖီသောက်သူတွေက ပိုပြီးအောင်မြင်ကြပါတယ်။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top