အေၾကာင္းေၾကာင္းေၾကာင္႔ ေတြ႕ၾက၊ ဆုံၾက၊ ခ်စ္ခဲ႔ၾကရင္ေတာင္ တစ္ဘဝလံုးစာ လက္တြဲ နိုင္ဖို႔အတြက္ လက္ထပ္ ဖို႔ဆိုတာ ပိုမိုခဲယဥ္းပါတယ္။
လူ႕ျပည္
က အပ္တစ္စ င္းနဲ႔ နတ္ျပည္ က အပ္တစ္စင္း ဆံုႏိုင္ဖို႔ရာ ခဲယဥ္းသလိုပဲ။
လူႏွစ္ေယာက္ ဖူးစာဆံု မိဖို႔ဆိုတာ ခဲယဥ္းပါတယ္။ အေၾကာင္းေၾကာင္းေၾကာင္႔
ေတြ႕ၾက၊ ဆုံၾက၊ ခ်စ္ခဲ႔ၾကရင္ေတာင္ တစ္ဘဝလံုးစာ လက္တြဲ နိုင္ဖို႔အတြက္
လက္ထပ္ ဖို႔ဆိုတာ ပိုမိုခဲယဥ္းပါတယ္။
လက္ထပ္ ခဲ႔ၾကၿပီးရင္လည္း
တစ္ဘဝလံုးစာ လက္တြဲ သြားႏိုင္တယ္ဆိုတာ ဒီေခတ္ႀကီးထဲမွာ
ရွားပါးခဲယဥ္းလာပါတယ္ေနာ္။ မိမိတည္ေထာင္ၿပီးတဲ႔ အိမ္ေထာင္ေရးေလး
သာသာယာယာရွိေစဖို႔နဲ႔ တည္ျမဲေအာင္ထိန္းသိမ္းဖို႔ ဇနီးေကာင္းပီသဖို႔လည္း
လိုအပ္လာပါတယ္… ညယ္မေလးတို႔ေရ။ ၂၁ ရာစု ဇနီးေကာင္း တစ္ေယာက္ရဲ႕
ၾကံအင္လကၡဏာေတြကေတာ႔…
၁။ သူငယ္ခ်င္း ေတြနဲ႔ ရံဖန္ရံခါ ေတြ႕ခြင္႔ျပဳလိုက္ပါ
ညေန
ရံုးဆင္းခ်ိန္ တိုင္း ေသာက္စားေပ်ာ္ပါးေနတတ္တဲ႔ ခင္ပြန္း မ်ိဳးကို ဘယ္
ဇနီးသည္ မွ ၾကည္ျဖဴခ်င္မွာ မဟုတ္ပါဘူး။ အိမ္ေထာင္သည္ ရယ္လို႔
ျဖစ္လာၿပီဆိုရင္ ရံုးဆင္းခ်ိန္တိုင္းမွာ ကိုယ္႔ ေယာက်္ား နဲ႔
အတူရွိခ်င္မွာလည္း အေသအခ်ာပါ။ ဒါေပမယ္႔ လူတိုင္းမွာ private time
(ကိုယ္ပိုင္ခ်ိန္) ဆိုတာ လိုအပ္ပါတယ္။
အဲဒီထဲမွာ သူငယ္ခ်င္း ေတြနဲ႔
လက္ဖက္ရည္ဆိုင္ (သို႔) ဘီယာဆိုင္မွာ ေဝဖန္ေလကန္ခ်ိန္ေလးေတြလည္း ပါဝင္ပါတယ္။
ဒါေၾကာင္႔ ပိုမိုေကာင္းမြန္တဲ႔ ဇနီးတစ္ေယာက္ျဖစ္ဖို႔အတြက္ ေယာက်္ားေတြကို
သူတို႔ သူငယ္ခ်င္း ေတြနဲ႔ တစ္ခါတေလ ေသာက္ခြင္႔ျပဳလိုက္ပါ… မၿငိမ္းေမာင္။
ဒါေပမယ္႔ လစ္မစ္ေလးေတာ႔ သတ္မွတ္ေပးထားလိုက္ေပါ႔။ ဥပမာ… တစ္ပတ္ကို တစ္ရက္၊
ႏွစ္ရက္ေပါ႔။
၂။ စကားေျပာေနရင္ ဖုန္း မကိုင္ပါနဲ႔
ဖုန္း နဲ႔
မ်က္ႏွာအပ္ေနၾကတဲ႔ ေခတ္ႀကီးထဲမွာ အခ်ိန္တိုင္းလိုလို ဖုန္း ကိုင္ၿပီး
ႏိုတီစစ္ေနမိတတ္တာ မဆန္းပါဘူး။ ဒါေပမယ္႔ မိမိ ခင္ပြန္း
စကားေျပာေနခ်ိန္မွာေတာ႔ ဖုန္းပြတ္ ေနတတ္တာ သူ႔ကို မေလးစားဟန္
ေဖာ္ျပရာေရာက္ပါတယ္။ အျပန္အလွန္အေနနဲ႔ ကိုယ္စကားေျပာေနခ်ိန္မွာ ဖုန္း
မကိုင္ဖုိ႔ကိုလည္း ေတာင္းဆိုႏိုင္ပါတယ္။ ဒီလိုနဲ႔ တစ္ေယာက္ကိုယ္တစ္ေယာက္
အျပန္အလွန္ ေလးစားမႈရွိတာ ထင္ရွားလာၿပီး ခင္ပြန္းသည္ ကလည္း သူ႕စကား ေတြကို
အာရံုစိုက္တဲ႔ ဇနီးသည္ဆိုၿပီး အသိအမွတ္ ျပဳတတ္လာပါလိမ္႔မယ္။
၃။ အသိအမွတ္ ျပဳမႈကို ေဖာ္ျပပါ
ေယာက်္ား
ေတြကို ကိုင္တြယ္ရာမွာ အထာနပ္ဖို႔ လိုပါတယ္။ ကမၻာဦးေခတ္ကတည္းက ေယာက်္ား
ေတြဟာ အားႏြဲ႕တဲ႔ မိန္းမသား ေတြကို ေရွ႕ကေန မားမားမတ္မတ္ ကာကြယ္ရမယ္ဆိုတဲ႔
ခံစားခ်က္ ဝင္ေနတာပါ။ အဲဒီလို ခံစားခ်က္ မ်ိဳး ေပးႏိုင္ရင္၊ ေယာက်္ား
ေတြကို သူတို႔လိုအပ္ေနတဲ႔ ေလးစားမႈ၊ ျမတ္ႏိုးမႈနဲ႔ ယံုၾကည္
အားကိုးလိုမႈေတြကို ေပးႏိုင္ရင္ သူတို႔ကလည္း ကိုယ္႔ကို
ကာကြယ္ေစာင္႔ေရွာက္ပါလိမ္႔မယ္။
၄။ သူ႔ရဲ႕ရည္မွန္းခ်က္ ေတြကို အားေပး ပါ
ကိုယ္႔ခင္ပြန္းရဲ႕
ရည္မွန္းခ်က္ ပန္းတိုင္ က တစ္ခ်ိန္မွာ ကုမၼဏီႀကီးႀကီးတစ္ခုမွာ အုပ္ခ်ဳပ္သူ
ဒါရိုက္တာ အဖြဲ႕ဝင္တစ္ဦး ျဖစ္လိုတာ ျဖစ္ခ်င္ျဖစ္မယ္။ ဒါမွမဟုတ္
ေအာင္ျမင္ေက်ာ္ၾကားတဲ႔ အဆိုေတာ္ တစ္ဦး ျဖစ္လိုတာ ျဖစ္ခ်င္ျဖစ္မယ္။
ကိုယ္႔တာဝန္ကေတာ႔
ဇနီးေကာင္းတစ္ေယာက္အေနနဲ႔ ခင္ပြန္းျဖစ္သူရဲ႕ အိမ္မက္ေတြကို
အေကာင္အထည္ေပၚလာေအာင္ ကူညီေပးဖို႔ပါပဲ။ အနည္းဆံုးေတာ႔ သူ႔ ပန္းတိုင္
ေတြဆီကို ေရာက္ဖို႔ မမွိတ္မသုန္ႀကိဳးပမ္းေနခ်ိန္မွာ ေဘးကေန
စကားနဲ႔ပဲျဖစ္ျဖစ္ ေထာက္ခံ အားေပးဖို႔ပါပဲ။
၅။ မေဝဖန္ခင္ စဥ္းစား ပါ
အမ်ိဳးသား
ေတြက သူတို႔ကို ေဝဖန္ အကဲျဖတ္တာ မႀကိဳက္ပါဘူး။ အထူးသျဖင္႔ ကိုယ္ ႔ဇနီး က
ကိုယ္႔ကိုလာၿပီး ေဝဖန္အကဲခတ္တာမ်ိဳးကို မႀကိဳက္ပါဘူး။
မွားေနတဲ႔ကိစၥတစ္ခုကို မွားေနေၾကာင္းေျပာၿပီး လမ္းမွန္တည္႔ေပးတာနဲ႔
သူလုပ္ေနတဲ႔ကိစၥတစ္ခုကို ဂဃနဏမသိရေသးဘဲ ေဝဖန္အကဲျဖတ္တာ မတူညီပါဘူး။
ဒါေၾကာင္႔
လူေရွ႕သူေရွ႕မွာ ကိုယ္႔ခင္ပြန္းကို ေဝဖန္ အကဲျဖတ္ၿပီး အျပစ္တင္စကား
ဆိုေတာ႔မယ္ဆိုရင္ ႏွစ္ခါျပန္စဥ္းစားၾကည္႔ပါဦး။ မလိုအပ္တဲ႔ စကားေတြကို
မလိုအပ္ရင္ မေျပာတာ အေကာင္းဆံုးပါပဲ။
၆။ သူမထခင္ အိပ္ယာ ထပါ
ဇနီးေကာင္း
တစ္ေယာက္ရဲ႕ လကၡဏာ ထဲမွာ ကိုယ္႔ ခင္ပြန္းသည္ ထက္ ဦးေအာင္ အိပ္ယာ ထၿပီး
မနက္စာျပင္ဆင္ထားတာလည္း ပါဝင္ပါတယ္။ အနည္းဆံုးေတာ႔ ေကာ္ဖီတစ္အိုးေလာက္
ႀကိဳထားေပးမယ္ဆိုရင္ ခင္ပြန္းသည္ ရဲ႕ ခ်စ္ခင္မႈနဲ႔ ေလးစားမႈကို ရရွိမွာပါ။
ဘာျဖစ္လို႔လဲဆိုေတာ႔ ကိုယ္႔ကို ခ်စ္လွပါခ်ည္ရဲ႕ဆိုတဲ႔ ခင္ပြန္း ေတြေတာင္
သူတို႔ အလုပ္သြားခါနီးအခ်ိန္ထိ အိပ္ယာမထေသးတဲ႔ ဇနီးသည္ ကို ၾကာလာရင္
စိတ္ပ်က္မိမွာပါ။
Credit: Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အကြောင်းကြောင်းကြောင့် တွေ့ကြ၊ ဆုံကြ၊ ချစ်ခဲ့ကြရင်တောင် တစ်ဘဝလုံးစာ လက်တွဲ နိုင်ဖို့အတွက် လက်ထပ် ဖို့ဆိုတာ ပိုမိုခဲယဉ်းပါတယ်။
လူ့ပြည် က အပ်တစ်စ င်းနဲ့ နတ်ပြည် က အပ်တစ်စင်း ဆုံနိုင်ဖို့ရာ ခဲယဉ်းသလိုပဲ။ လူနှစ်ယောက် ဖူးစာဆုံ မိဖို့ဆိုတာ ခဲယဉ်းပါတယ်။ အကြောင်းကြောင်းကြောင့် တွေ့ကြ၊ ဆုံကြ၊ ချစ်ခဲ့ကြရင်တောင် တစ်ဘဝလုံးစာ လက်တွဲ နိုင်ဖို့အတွက် လက်ထပ် ဖို့ဆိုတာ ပိုမိုခဲယဉ်းပါတယ်။
လက်ထပ် ခဲ့ကြပြီးရင်လည်း တစ်ဘဝလုံးစာ လက်တွဲ သွားနိုင်တယ်ဆိုတာ ဒီခေတ်ကြီးထဲမှာ ရှားပါးခဲယဉ်းလာပါတယ်နော်။ မိမိတည်ထောင်ပြီးတဲ့ အိမ်ထောင်ရေးလေး သာသာယာယာရှိစေဖို့နဲ့ တည်မြဲအောင်ထိန်းသိမ်းဖို့ ဇနီးကောင်းပီသဖို့လည်း လိုအပ်လာပါတယ်… ညယ်မလေးတို့ရေ။ ၂၁ ရာစု ဇနီးကောင်း တစ်ယောက်ရဲ့ ကြံအင်လက္ခဏာတွေကတော့…
၁။ သူငယ်ချင်း တွေနဲ့ ရံဖန်ရံခါ တွေ့ခွင့်ပြုလိုက်ပါ
ညနေ ရုံးဆင်းချိန် တိုင်း သောက်စားပျော်ပါးနေတတ်တဲ့ ခင်ပွန်း မျိုးကို ဘယ် ဇနီးသည် မှ ကြည်ဖြူချင်မှာ မဟုတ်ပါဘူး။ အိမ်ထောင်သည် ရယ်လို့ ဖြစ်လာပြီဆိုရင် ရုံးဆင်းချိန်တိုင်းမှာ ကိုယ့် ယောကျ်ား နဲ့ အတူရှိချင်မှာလည်း အသေအချာပါ။ ဒါပေမယ့် လူတိုင်းမှာ private time (ကိုယ်ပိုင်ချိန်) ဆိုတာ လိုအပ်ပါတယ်။
အဲဒီထဲမှာ သူငယ်ချင်း တွေနဲ့ လက်ဖက်ရည်ဆိုင် (သို့) ဘီယာဆိုင်မှာ ဝေဖန်လေကန်ချိန်လေးတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ ဇနီးတစ်ယောက်ဖြစ်ဖို့အတွက် ယောကျ်ားတွေကို သူတို့ သူငယ်ချင်း တွေနဲ့ တစ်ခါတလေ သောက်ခွင့်ပြုလိုက်ပါ… မငြိမ်းမောင်။ ဒါပေမယ့် လစ်မစ်လေးတော့ သတ်မှတ်ပေးထားလိုက်ပေါ့။ ဥပမာ… တစ်ပတ်ကို တစ်ရက်၊ နှစ်ရက်ပေါ့။
၂။ စကားပြောနေရင် ဖုန်း မကိုင်ပါနဲ့
ဖုန်း နဲ့ မျက်နှာအပ်နေကြတဲ့ ခေတ်ကြီးထဲမှာ အချိန်တိုင်းလိုလို ဖုန်း ကိုင်ပြီး နိုတီစစ်နေမိတတ်တာ မဆန်းပါဘူး။ ဒါပေမယ့် မိမိ ခင်ပွန်း စကားပြောနေချိန်မှာတော့ ဖုန်းပွတ် နေတတ်တာ သူ့ကို မလေးစားဟန် ဖော်ပြရာရောက်ပါတယ်။ အပြန်အလှန်အနေနဲ့ ကိုယ်စကားပြောနေချိန်မှာ ဖုန်း မကိုင်ဖို့ကိုလည်း တောင်းဆိုနိုင်ပါတယ်။ ဒီလိုနဲ့ တစ်ယောက်ကိုယ်တစ်ယောက် အပြန်အလှန် လေးစားမှုရှိတာ ထင်ရှားလာပြီး ခင်ပွန်းသည် ကလည်း သူ့စကား တွေကို အာရုံစိုက်တဲ့ ဇနီးသည်ဆိုပြီး အသိအမှတ် ပြုတတ်လာပါလိမ့်မယ်။
၃။ အသိအမှတ် ပြုမှုကို ဖော်ပြပါ
ယောကျ်ား တွေကို ကိုင်တွယ်ရာမှာ အထာနပ်ဖို့ လိုပါတယ်။ ကမ္ဘာဦးခေတ်ကတည်းက ယောကျ်ား တွေဟာ အားနွဲ့တဲ့ မိန်းမသား တွေကို ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ရမယ်ဆိုတဲ့ ခံစားချက် ဝင်နေတာပါ။ အဲဒီလို ခံစားချက် မျိုး ပေးနိုင်ရင်၊ ယောကျ်ား တွေကို သူတို့လိုအပ်နေတဲ့ လေးစားမှု၊ မြတ်နိုးမှုနဲ့ ယုံကြည် အားကိုးလိုမှုတွေကို ပေးနိုင်ရင် သူတို့ကလည်း ကိုယ့်ကို ကာကွယ်စောင့်ရှောက်ပါလိမ့်မယ်။
၄။ သူ့ရဲ့ရည်မှန်းချက် တွေကို အားပေး ပါ
ကိုယ့်ခင်ပွန်းရဲ့ ရည်မှန်းချက် ပန်းတိုင် က တစ်ချိန်မှာ ကုမ္မဏီကြီးကြီးတစ်ခုမှာ အုပ်ချုပ်သူ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး ဖြစ်လိုတာ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အောင်မြင်ကျော်ကြားတဲ့ အဆိုတော် တစ်ဦး ဖြစ်လိုတာ ဖြစ်ချင်ဖြစ်မယ်။
ကိုယ့်တာဝန်ကတော့ ဇနီးကောင်းတစ်ယောက်အနေနဲ့ ခင်ပွန်းဖြစ်သူရဲ့ အိမ်မက်တွေကို အကောင်အထည်ပေါ်လာအောင် ကူညီပေးဖို့ပါပဲ။ အနည်းဆုံးတော့ သူ့ ပန်းတိုင် တွေဆီကို ရောက်ဖို့ မမှိတ်မသုန်ကြိုးပမ်းနေချိန်မှာ ဘေးကနေ စကားနဲ့ပဲဖြစ်ဖြစ် ထောက်ခံ အားပေးဖို့ပါပဲ။
၅။ မဝေဖန်ခင် စဉ်းစား ပါ
အမျိုးသား တွေက သူတို့ကို ဝေဖန် အကဲဖြတ်တာ မကြိုက်ပါဘူး။ အထူးသဖြင့် ကိုယ့်ဇနီး က ကိုယ့်ကိုလာပြီး ဝေဖန်အကဲခတ်တာမျိုးကို မကြိုက်ပါဘူး။ မှားနေတဲ့ကိစ္စတစ်ခုကို မှားနေကြောင်းပြောပြီး လမ်းမှန်တည့်ပေးတာနဲ့ သူလုပ်နေတဲ့ကိစ္စတစ်ခုကို ဂဃနဏမသိရသေးဘဲ ဝေဖန်အကဲဖြတ်တာ မတူညီပါဘူး။
ဒါကြောင့် လူရှေ့သူရှေ့မှာ ကိုယ့်ခင်ပွန်းကို ဝေဖန် အကဲဖြတ်ပြီး အပြစ်တင်စကား ဆိုတော့မယ်ဆိုရင် နှစ်ခါပြန်စဉ်းစားကြည့်ပါဦး။ မလိုအပ်တဲ့ စကားတွေကို မလိုအပ်ရင် မပြောတာ အကောင်းဆုံးပါပဲ။
၆။ သူမထခင် အိပ်ယာ ထပါ
ဇနီးကောင်း တစ်ယောက်ရဲ့ လက္ခဏာ ထဲမှာ ကိုယ့် ခင်ပွန်းသည် ထက် ဦးအောင် အိပ်ယာ ထပြီး မနက်စာပြင်ဆင်ထားတာလည်း ပါဝင်ပါတယ်။ အနည်းဆုံးတော့ ကော်ဖီတစ်အိုးလောက် ကြိုထားပေးမယ်ဆိုရင် ခင်ပွန်းသည် ရဲ့ ချစ်ခင်မှုနဲ့ လေးစားမှုကို ရရှိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကို ချစ်လှပါချည်ရဲ့ဆိုတဲ့ ခင်ပွန်း တွေတောင် သူတို့ အလုပ်သွားခါနီးအချိန်ထိ အိပ်ယာမထသေးတဲ့ ဇနီးသည် ကို ကြာလာရင် စိတ်ပျက်မိမှာပါ။
Credit: Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
»
လူမႈ႔ဘဝ
»
အေထြေထြ
» ၂၁ ရာစု ဇနီးေကာင္း တစ္ေယာက္ရဲ႕ ၾကန္အင္ လကၡဏာ မ်ား
၂၁ ရာစု ဇနီးေကာင္း တစ္ေယာက္ရဲ႕ ၾကန္အင္ လကၡဏာ မ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။