iMyanmarHouse.com - Best Property Website for Myanmar
×

ႏႈတ္ခမ္းကြဲျခင္းရဲ႕ သြင္ျပင္လကၡဏာေတြ ကေတာ႔ လူတိုင္းနီးပါးေလာက္ ခံစားဖူးလို႔ သိၿပီးျဖစ္ၾကမွာပါ။ ေျခာက္ေတြ႔လာမယ္၊ ကြဲအက္မယ္၊ အဖတ္၊ အလႊာေလးေတြ ကြာမယ္၊ နာက်ဥ္ျခင္းစတဲ႔ လကၡဏာေတြကုိ တစ္ႏွစ္ပတ္လံုးမွာ အခ်ိန္မေရြး ျဖစ္ပြားနိုင္ပါတယ္။

တခါတေလ ႏႈတ္ခမ္းကြဲတဲ႔အခါမွာ အနည္းငယ္နာက်ဥ္၍ စိတ္မသက္မသာ ခံစားရျခင္း၊ ရွက္စရာေကာင္းတယ္ လို႔ ထင္ျမင္ခံစားရကာ ေန႔စဥ္လုပ္ေဆာင္ေနတဲ႔ ရယ္ျခင္း၊ ျပံဳးျခင္း၊ စားေသာက္ျခင္းႏွင္႔ စကားေျပာျခင္း တို႔မွာေတာင္ အေႏွာက္အယွက္ ျဖစ္ေစပါတယ္။ အမ်ားစု တူညီၾကတ႔ဲ လကၡဏာေတြ ကေတာ႔ ႏႈတ္ခမ္း ေျခာက္ေသြ႔ျခင္း၊ နီျမန္းျခင္း၊ ကြဲအက္ျခင္း၊အေရျပားကြာျခင္းႏွင္႔ နာက်ဥ္ျခင္းတို႔ပဲ ျဖစ္ၾကပါတယ္။

ႏႈတ္ခမ္းကြဲရျခင္းကေတာ႔ အေၾကာင္းရင္း

အမ်ိဳးမ်ိဳးေၾကာင္႔ ျဖစ္နိုင္ပါတယ္။ ျပင္းထန္ေသာ ရာသီဥတုဒါဏ္ ခံရျခင္း (အပူ၊အေအး)၊ သြားျဖင္႔ မၾကာခဏကိုက္ျခင္း၊ ႏြားနို႔ႏွင္႔ အသီးအရြက္စိမ္းေတြမွာ ပါဝင္တတ္တဲ႔ ဗိုက္တာမင္ B2 ခ်ိဳ႕တဲ႔ျခင္းႏွင္႔ သြားတုတပ္သူေတြမွာ အံကပ္ အထိုင္ေကာင္းစြာ မက်ျခင္း တို႔မွ ျဖစ္တတ္ပါတယ္။

အလာဂ်စ္ျဖစ္ျခင္း၊ အသက္ရႈလမ္းေၾကာင္း ကူးစက္ေရာဂါမ်ား၊ ေဆးဝါးမ်ားႏွင္႔ အေအးမိ၊ တုပ္ေကြးႏွင္႔ အျခားေသာ အေၾကာင္းအရာမ်ားေၾကာင္႔လဲ ႏႈတ္ခမ္းေျခာက္ေသြ႔ျခင္း၊ ေယာင္ရမ္းျခင္းႏွင္႔ ကြဲအက္ျခင္းမ်ား ျဖစ္နိုင္သည္။

ႏႈတ္ခမ္းေျခာက္ရင္ အသင္႔သံုးနိုင္တဲ႔ ႏႈတ္ခမ္းဆိုးေဆး ကဲ႔သို႔ေသာ အေတာင္႔မ်ား သံုးနိုင္ေသာ္လဲ ၄င္းတြင္ပါဝင္ေသာ ဓါတုပစၥည္းမ်ားသည္ ကြဲဟေနေသာ နႈတ္ခမ္းကုိ သုတ္လိမ္းရန္ မသင္႔ေတာ္ပါ။ ဒါေၾကာင္႔မို႔ ေဘးထြက္ဆိုးက်ိဳး မရွိေသာ ေအာက္ေဖာ္ျပပါ နည္းလမ္းမ်ားအား စမ္းသပ္သံုးစြဲနိုင္ပါတယ္။

ပ်ားရည္ႏွင္႔ Vaseline

ပ်ားရည္တြင္ ပါဝင္ေသာ သဘာဝအဟာရဓါတ္ မ်ားသည္ အနာမ်ားကုိ အံ႔ႀသဖြယ္ရာ ေကာင္းေအာင္ က်က္ေစနိုင္ျခင္းႏွင္႔ ဘက္တီးရီးယားမ်ားကုိ ဆန္႔က်င္တိုက္ထုတ္နိုင္ျခင္း အစြမ္းသတၱိေတြ ရွိပါတယ္။

ထို႔အတူပဲ Vaseline ကလဲ အေရျပားနဲ႔ ပက္သက္တဲ႔ ေရာဂါမ်ားကုိ ကာကြယ္ေပးနိုင္ပါတယ္။ ဒီနွစ္ခုကုိ ေပါင္းစပ္ သံုးစြဲလိုက္တဲ႔အခါမွာ ႏႈတ္ခမ္း ေျခာက္ေသြ႔၊ ကြဲအက္ျခင္းအတြက္ အစြမ္းထက္ ေဆးတစ္မ်ိဳးျဖစ္လာပါတယ္။

အသံုးျပဳပံုကေတာ႔ ပ်ားရည္ကုိ ႏႈတ္ခမ္းေပၚမွာ သုတ္လိမ္းၿပီး စကၠန္႔အနည္းငယ္ ၾကာေအာင္ထားပါ။
ႏႈတ္ခမ္းကုိ မလႈပ္ပဲထားၿပီး Veseline ကုိ ႏႈတ္ခမ္းအေပၚမွာ ထပ္မံသုတ္လမ္းပါ။ ဒီႏွစ္ခုေပါင္းၿပီး သုတ္လမ္းထားတာကုိ ၁၀မိနစ္မွ ၁၅မိနစ္ထိ ထားပါ။ ၿပီးလွ်င္ ဂြမ္းစ၊ သို႔မဟုတ္ နားသန္႔ရွင္းေရးလုပ္တဲ႔ Cotton Buds ကုိ ေရေႏြးေႏြးတြင္ ႏွစ္ၿပီး ႏႈတ္ခမ္းေပၚတြင္ သုတ္လိမ္းထားသည္မ်ားကုိ ဖယ္ရွားလိုက္ပါ။

ယင္းနည္းကုိ တစ္ေန႔လွ်င္ တစ္ၾကိမ္၊ ၂ ရက္မွ ၅ ရက္အထိ ေျခာက္ေသြ႔ေသာ၊ ကြဲအက္ေသာ ႏႈတ္ခမ္းတို႔အတြက္ အသံုးျပဳနိုင္ပါသည္။ အျပင္သြားရင္ေတာ႔ Veseline တမ်ိဳးတည္းကုိ သုတ္လိမ္းသြားနိုင္ပါတယ္။

အုန္းဆီ

ႏႈတ္ခမ္း ေျခာက္ေသြ႔၊ ကြဲအက္ျခင္းမ်ားအတြက္ အုန္းဆီသည္ အလြန္လြယ္ကူ ရိုးရွင္းၿပီး ထိေရာက္စြာ သက္သာေစပါတယ္။ အထူးသျဖင္႔ ရာသီဥတု ပူလြန္း၊ ေအးလြန္းေသာ အခ်ိန္မ်ားတြင္ အုန္းဆီပမာဏ အနည္းငယ္ကို ႏႈတ္ခမ္းေပၚမွာ အႀကိမ္ အကန္႔အသတ္မရွိ သုတ္လိမ္းေပးပါ။

ေရေသာက္ျခင္း

ခႏၶာကုိ ေရဓာတ္ဆံုးရံႈးျခင္းသည္ ႏႈတ္ခမ္းကြဲေျခာက္ျခင္းကုိ ျဖစ္ေပၚေစေသာ အေၾကာင္းတစ္ရပ္ ျဖစ္ေသာေၾကာင္႔ တစ္ေန႔လွ်င္ ေရ ၂ လီတာမွ ၃ လီတာ အထိ ေသာက္သံုးျခင္းျဖင္႔ ႏႈတ္ခမ္းကြဲျခင္း၊ ေျခာက္ျခင္းကုိ ကာကြယ္ ကုသနိုင္သည္။

သခြားသီး

ႏႈတ္ခမ္းကုိ သခြားသီးစိတ္နဲ႔ ပြတ္တိုက္ေပးရင္ ေျခာက္ေသြ႔ျခင္း၊ ကြဲအက္ျခင္းေတြ သက္သာနိုင္ပါတယ္။

ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္ကလဲ အေရျပားမွ အနာမ်ားကုိ ေပ်ာက္ကင္း သက္သာေစနိုင္တဲ႔ အစြမ္းသတၱိရွိတဲ႔အတြက္ ၄င္းအႏွစ္ အနည္းငယ္ကုိ ႏႈတ္ခမ္းေပၚတြင္ ေန႔စဥ္ ပမာဏအနည္းငယ္ကုိ သုတ္လိမ္းေပးနိုင္သည္။

အေရးမၾကီးတဲ႔ ႏႈတ္ခမ္းေျခာက္ေသြ႔ျခင္း ကုိေတာ႔ အလြယ္တကူ ရရွိနိုင္ေသာ သဘာဝနည္းလမ္းမ်ားျဖင္႔ သက္သာေပ်ာက္ကင္းေအာင္ ျပဳလုပ္နိုင္ပါတယ္။ ဒါေပမဲ႔ ဒီနည္းလမ္းေတြနဲ႔မွ မသက္သာပဲ ပုိဆိုးလာရင္ နာက်ဥ္ျခင္းႏွင္႔ ေသြးထြက္ျခင္းတို႔ကုိ ခံစားရနိုင္တာမို႔ ဒီအေျခအေနထပ္ ဆိုးဆိုးဝါးဝါး မျဖစ္ခင္မွာ ဆရာဝန္နဲ႔ တိုင္ပင္ကုသပါ။

Credit: winhlaingoo
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နှုတ်ခမ်းကွဲခြင်းရဲ့ သွင်ပြင်လက္ခဏာတွေ ကတော့ လူတိုင်းနီးပါးလောက် ခံစားဖူးလို့ သိပြီးဖြစ်ကြမှာပါ။ ခြောက်တွေ့လာမယ်၊ ကွဲအက်မယ်၊ အဖတ်၊ အလွှာလေးတွေ ကွာမယ်၊ နာကျဉ်ခြင်းစတဲ့ လက္ခဏာတွေကို တစ်နှစ်ပတ်လုံးမှာ အချိန်မရွေး ဖြစ်ပွားနိုင်ပါတယ်။

တခါတလေ နှုတ်ခမ်းကွဲတဲ့အခါမှာ အနည်းငယ်နာကျဉ်၍ စိတ်မသက်မသာ ခံစားရခြင်း၊ ရှက်စရာကောင်းတယ် လို့ ထင်မြင်ခံစားရကာ နေ့စဉ်လုပ်ဆောင်နေတဲ့ ရယ်ခြင်း၊ ပြုံးခြင်း၊ စားသောက်ခြင်းနှင့် စကားပြောခြင်း တို့မှာတောင် အနှောက်အယှက် ဖြစ်စေပါတယ်။ အများစု တူညီကြတဲ့ လက္ခဏာတွေ ကတော့ နှုတ်ခမ်း ခြောက်သွေ့ခြင်း၊ နီမြန်းခြင်း၊ ကွဲအက်ခြင်း၊အရေပြားကွာခြင်းနှင့် နာကျဉ်ခြင်းတို့ပဲ ဖြစ်ကြပါတယ်။

နှုတ်ခမ်းကွဲရခြင်းကတော့ အကြောင်းရင်း

အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ပြင်းထန်သော ရာသီဥတုဒါဏ် ခံရခြင်း (အပူ၊အအေး)၊ သွားဖြင့် မကြာခဏကိုက်ခြင်း၊ နွားနို့နှင့် အသီးအရွက်စိမ်းတွေမှာ ပါဝင်တတ်တဲ့ ဗိုက်တာမင် B2 ချို့တဲ့ခြင်းနှင့် သွားတုတပ်သူတွေမှာ အံကပ် အထိုင်ကောင်းစွာ မကျခြင်း တို့မှ ဖြစ်တတ်ပါတယ်။

အလာဂျစ်ဖြစ်ခြင်း၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါများ၊ ဆေးဝါးများနှင့် အအေးမိ၊ တုပ်ကွေးနှင့် အခြားသော အကြောင်းအရာများကြောင့်လဲ နှုတ်ခမ်းခြောက်သွေ့ခြင်း၊ ယောင်ရမ်းခြင်းနှင့် ကွဲအက်ခြင်းများ ဖြစ်နိုင်သည်။

နှုတ်ခမ်းခြောက်ရင် အသင့်သုံးနိုင်တဲ့ နှုတ်ခမ်းဆိုးဆေး ကဲ့သို့သော အတောင့်များ သုံးနိုင်သော်လဲ ၎င်းတွင်ပါဝင်သော ဓါတုပစ္စည်းများသည် ကွဲဟနေသော နှုတ်ခမ်းကို သုတ်လိမ်းရန် မသင့်တော်ပါ။ ဒါကြောင့်မို့ ဘေးထွက်ဆိုးကျိုး မရှိသော အောက်ဖော်ပြပါ နည်းလမ်းများအား စမ်းသပ်သုံးစွဲနိုင်ပါတယ်။

ပျားရည်နှင့် Vaseline

ပျားရည်တွင် ပါဝင်သော သဘာဝအဟာရဓါတ် များသည် အနာများကို အံ့သြဖွယ်ရာ ကောင်းအောင် ကျက်စေနိုင်ခြင်းနှင့် ဘက်တီးရီးယားများကို ဆန့်ကျင်တိုက်ထုတ်နိုင်ခြင်း အစွမ်းသတ္တိတွေ ရှိပါတယ်။

ထို့အတူပဲ Vaseline ကလဲ အရေပြားနဲ့ ပက်သက်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီနှစ်ခုကို ပေါင်းစပ် သုံးစွဲလိုက်တဲ့အခါမှာ နှုတ်ခမ်း ခြောက်သွေ့၊ ကွဲအက်ခြင်းအတွက် အစွမ်းထက် ဆေးတစ်မျိုးဖြစ်လာပါတယ်။

အသုံးပြုပုံကတော့ ပျားရည်ကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပြီး စက္ကန့်အနည်းငယ် ကြာအောင်ထားပါ။
နှုတ်ခမ်းကို မလှုပ်ပဲထားပြီး Veseline ကို နှုတ်ခမ်းအပေါ်မှာ ထပ်မံသုတ်လမ်းပါ။ ဒီနှစ်ခုပေါင်းပြီး သုတ်လမ်းထားတာကို ၁၀မိနစ်မှ ၁၅မိနစ်ထိ ထားပါ။ ပြီးလျှင် ဂွမ်းစ၊ သို့မဟုတ် နားသန့်ရှင်းရေးလုပ်တဲ့ Cotton Buds ကို ရေနွေးနွေးတွင် နှစ်ပြီး နှုတ်ခမ်းပေါ်တွင် သုတ်လိမ်းထားသည်များကို ဖယ်ရှားလိုက်ပါ။

ယင်းနည်းကို တစ်နေ့လျှင် တစ်ကြိမ်၊ ၂ ရက်မှ ၅ ရက်အထိ ခြောက်သွေ့သော၊ ကွဲအက်သော နှုတ်ခမ်းတို့အတွက် အသုံးပြုနိုင်ပါသည်။ အပြင်သွားရင်တော့ Veseline တမျိုးတည်းကို သုတ်လိမ်းသွားနိုင်ပါတယ်။

အုန်းဆီ

နှုတ်ခမ်း ခြောက်သွေ့၊ ကွဲအက်ခြင်းများအတွက် အုန်းဆီသည် အလွန်လွယ်ကူ ရိုးရှင်းပြီး ထိရောက်စွာ သက်သာစေပါတယ်။ အထူးသဖြင့် ရာသီဥတု ပူလွန်း၊ အေးလွန်းသော အချိန်များတွင် အုန်းဆီပမာဏ အနည်းငယ်ကို နှုတ်ခမ်းပေါ်မှာ အကြိမ် အကန့်အသတ်မရှိ သုတ်လိမ်းပေးပါ။

ရေသောက်ခြင်း

ခန္ဓာကို ရေဓာတ်ဆုံးရှုံးခြင်းသည် နှုတ်ခမ်းကွဲခြောက်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းတစ်ရပ် ဖြစ်သောကြောင့် တစ်နေ့လျှင် ရေ ၂ လီတာမှ ၃ လီတာ အထိ သောက်သုံးခြင်းဖြင့် နှုတ်ခမ်းကွဲခြင်း၊ ခြောက်ခြင်းကို ကာကွယ် ကုသနိုင်သည်။

သခွားသီး

နှုတ်ခမ်းကို သခွားသီးစိတ်နဲ့ ပွတ်တိုက်ပေးရင် ခြောက်သွေ့ခြင်း၊ ကွဲအက်ခြင်းတွေ သက်သာနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကလဲ အရေပြားမှ အနာများကို ပျောက်ကင်း သက်သာစေနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့အတွက် ၎င်းအနှစ် အနည်းငယ်ကို နှုတ်ခမ်းပေါ်တွင် နေ့စဉ် ပမာဏအနည်းငယ်ကို သုတ်လိမ်းပေးနိုင်သည်။

အရေးမကြီးတဲ့ နှုတ်ခမ်းခြောက်သွေ့ခြင်း ကိုတော့ အလွယ်တကူ ရရှိနိုင်သော သဘာဝနည်းလမ်းများဖြင့် သက်သာပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေနဲ့မှ မသက်သာပဲ ပိုဆိုးလာရင် နာကျဉ်ခြင်းနှင့် သွေးထွက်ခြင်းတို့ကို ခံစားရနိုင်တာမို့ ဒီအခြေအနေထပ် ဆိုးဆိုးဝါးဝါး မဖြစ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ကုသပါ။

Credit: winhlaingoo

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top