iMyanmarHouse.com - Best Property Website for Myanmar
×

ဦးခင္ေမာင္တိုးရဲ႕ "ဆယ္လ္မြန္ငါးတို႔အျပန္" သီခ်င္းကိုနားေထာင္ၿပီး ေရဆန္ကုိဆန္တက္တဲ့ ဆယ္လ္မြန္ငါးတို႔ရဲ႕ ဇာတိခ်စ္စိတ္နဲ႔ ဇြဲကို အားက်ဖူးမွာေပါ့။ အဲဒီလို အားက်ဖြယ္ ဇြဲ၊ လံု႔လကို ပိုင္ဆိုင္တဲ့ ဆယ္လ္မြန္ငါးေတြရဲ႕ အသားဟာ က်န္းမာေရးအတြက္လည္း အထူးေကာင္းမြန္ပါတယ္။ အထူးသျဖင့္ အိုမီဂါသရီး ဖက္တီးအက္ဆစ္ ၾကြယ္ဝတဲ့အတြက္ ေက်ာင္းသားလူငယ္မ်ားနဲ႔ သက္ၾကီးရြယ္အိုေတြအတြက္ အထူးသင့္ေလ်ာ္ပါတယ္။ ဆယ္လ္မြန္ငါးရဲ႕ က်န္းမာေရးေကာင္းက်ိဳးေတြက ဘာေတြလဲဆိုေတာ့...
၁။ ႏွလံုးက်န္းမာေရးအတြက္ ေကာင္းတယ္

ဆယ္လ္မြန္ငါးက အိုမီဂါသရီး ဖက္တီးအက္ဆစ္ ၾကြယ္ဝတာကိုေတာ့ အမ်ားသိထားၾကၿပီးသားပါ။ EPA နဲ႔ DHA ကေတာ့ ဆယ္လ္မြန္ငါးထဲမွာ ေတြ႕ရေလ့ရွိတဲ့ အိုမီဂါသရီး ဖက္တီးအက္ဆစ္ အမ်ိဳးအစားေတြပါ။ အဲဒီအက္ဆစ္ေတြက မေကာင္းတဲ့ ကိုလက္စ္ထေရာပမာဏကို ေလ်ာ့က်ေစၿပီး ေသြးတြင္းအဆီပိုေတြကိုလည္း တိုက္ဖ်က္ေပးပါတယ္။ ဒါေၾကာင့္ ေသြးကိုသန္႔စင္ေစၿပီး ႏွလံုးနဲ႔ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါေတြကိုလည္း ကင္းစင္ေစပါတယ္။
၂။ ဝိတ္က်ေစတယ္

ဆယ္လ္မြန္ငါးရဲ႕ ပရိုတိန္းနဲ႔ အိုမီဂါသရီး ဖက္တီးအက္ဆစ္ ၾကြယ္ဝမႈတို႔က ခႏၶာကိုယ္အဆီအေပၚမွာ ႀကီးမားစြာ အက်ိဳးသက္ေရာက္မႈရွိပါတယ္။ ပရုိတိန္းဓာတ္ေတြက အစာေၾကဖို႔ ခက္ခဲတာေၾကာင့္ ခႏၶာကုိယ္ထဲမွာ အခ်ိန္ၾကာၾကာရွိေနေတာ့ ဗိုက္ျပည့္ေနေစပါတယ္။ ဒီေတာ့ အစားေတြအမ်ားႀကီး မစားျဖစ္ေတာ့ဘူးေပါ့။

အိုမီဂါသရီးအက္ဆစ္ကေတာ့ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးသလို ခႏၶာကိုယ္ထဲက အဆီပိုေတြကိုလည္း တိုက္ဖ်က္ေပး ႏိုင္ပါတယ္။ ဒါေၾကာင့္ ဝိတ္က်ခ်င္သူေတြကို ဆယ္လ္မြန္ငါး မ်ားမ်ားစားဖို႔ အာဟာရေဗဒ ပညာရွင္ေတြက တိုက္တြန္းၾကတာ ျဖစ္ပါတယ္။
၃။ ေရာင္ရမ္းျခင္းကို ေလွ်ာ့ခ်ေပးတယ္

ေရာင္ရမ္းျခင္း (inflammation) ဆိုတာ ေသြးျဖဴဥဆဲလ္ေတြ ေဖာက္လႊဲေဖာက္ျပန္ ျဖစ္ရာက အေရျပားနဲ႔ အရိုးအဆက္ေတြမွာ ဒဏ္လာျဖစ္ရတာပါ။ ေရာင္ရမ္းျခင္းေၾကာင့္ ဝိတ္တက္ျခင္း၊ အဆစ္အျမစ္ ေရာင္ရမ္းနာက်င္ျခင္း၊ သည္းေျခရည္မ်ားျပားျခင္း၊ ေလျဖတ္ျခင္းတို႔ ျဖစ္ေစႏိုင္ပါတယ္။ ဆယ္လ္မြန္ငါးထဲမွာပါဝင္တဲ့ EPA နဲ႔ DHA တို႔ကေတာ့ ေဟာ္မုန္းေတြကို ထိန္းညွိေပးၿပီး ေရာင္ရမ္းျခင္း (inflammation) ကို ျဖစ္ေစတဲ့ အေၾကာင္းတရားေတြကိုလည္း ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။
၄။ ဉာဏ္ပိုေကာင္းေစတယ္

ဆယ္လ္မြန္ငါးထဲက အိုမီဂါးသရီး ဖက္တီးအက္ဆစ္ဟာ ဦးေႏွာက္ေကာင္းေကာင္း အလုပ္လုပ္ႏိုင္ဖို႔အတြက္ အလြန္အေရးပါပါတယ္။ အိုမီးဂါသရီး ဖက္တီးအက္ဆစ္ဟာ သဘာဝအရကို ဦးေႏွာက္နဲ႔ အာရံုေၾကာပိုင္းအတြက္ အားျဖည့္ေပးႏိုင္တာပါ။ ဦးေႏွာက္ထဲက အာရံုေၾကာဆဲလ္ေလးေတြ အသစ္တဖန္ေမြးဖြားေစဖို႔နဲ႔ အာရံုေၾကာဆဲလ္ေတြၾကားမွာ ပိုမိုထိေရာက္မႈရွိရွိ ဆက္ႏြယ္ႏိုင္ဖို႔ အိုမီဂါသရီးက ကူညီေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ဆယ္လ္မြန္ငါးကို ပံုမွန္စားေပးမယ္ဆိုရင္ ဦးေႏွာက္နဲ႔ အာရံုေၾကာက်န္းမာေရးအတြက္ အထူးအက်ိဳးရွိေစႏိုင္မွာပါ။
၅။ ကင္ဆာကာကြယ္ေပးတယ္

 ခႏၶာကိုယ္ထဲမွာ ကင္ဆာအနာျဖစ္ရတာက အိုမီဂါသရီးနဲ႔ အိုမီဂါစစ္ ဖက္တီးအက္ဆစ္ေတြ မညီမမွ်ျဖစ္ရာကေန အဆိပ္အေတာက္ေတြစုလာၿပီး ဆဲလ္ေဖာင္းကားျခင္း၊ ဆဲလ္မွာ အနာျဖစ္ျခင္း စတာေတြ ျဖစ္လာရတာပါ။ မိမိရဲ႕ေန႔စဥ္အစားအေသာက္ထဲမွာ ဆယ္လ္မြန္ငါးကို ထည့္ေပးမယ္ဆိုရင္ေတာ့ ေရာင္ရမ္းျခင္းနဲ႔ အဆိပ္အေတာက္ေတြကို ခႏၶာကိုယ္ထဲက ေလွ်ာ့ခ်ေပးႏိုင္တဲ့အတြက္ ကင္ဆာအႏၱရာယ္ကို ႀကိဳတင္ကာကြယ္တာနဲ႔ အတူတူပါပဲ။

၆။ ဗိုက္တာမင္ဒီ ၾကြယ္ဝေစတယ္

ဗိုက္တာမင္ဒီဟာလည္း ကြ်န္ေတာ္တို႔ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ အာဟာရဓာတ္တစ္မ်ိဳးပါ။ ဗိုက္တာမင္ဒီ ၾကြယ္ဝရင္ အရိုးေတြကို သန္မာေစျခင္း၊ Type 2 ဆီးခ်ိဳအႏၱရာယ္ ကာကြယ္ႏိုင္ျခင္း၊ ႏွလံုးထေဖာက္ႏိုင္ေျခကို ေလ်ာ့နည္းေစျခင္းတို႔ကို ျဖစ္ေစပါတယ္။ ညဘက္ေနာက္က်မွအိပ္ၿပီး မနက္ေနဖင္ထိုးမွ အိပ္ယာထတတ္သူေတြဆို ဗိုက္တာမင္ဒီ အားနည္းႏိုင္တဲ့အတြက္ ဆယ္လ္မြန္ငါးကို မျဖစ္မေနစားေပးသင့္ပါတယ္။

Source: Stylecraze
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#

ဦးခင်မောင်တိုးရဲ့ "ဆယ်လ်မွန်ငါးတို့အပြန်" သီချင်းကိုနားထောင်ပြီး ရေဆန်ကိုဆန်တက်တဲ့ ဆယ်လ်မွန်ငါးတို့ရဲ့ ဇာတိချစ်စိတ်နဲ့ ဇွဲကို အားကျဖူးမှာပေါ့။ အဲဒီလို အားကျဖွယ် ဇွဲ၊ လုံ့လကို ပိုင်ဆိုင်တဲ့ ဆယ်လ်မွန်ငါးတွေရဲ့ အသားဟာ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ အထူးသဖြင့် အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝတဲ့အတွက် ကျောင်းသားလူငယ်များနဲ့ သက်ကြီးရွယ်အိုတွေအတွက် အထူးသင့်လျော်ပါတယ်။ ဆယ်လ်မွန်ငါးရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲဆိုတော့...
၁။ နှလုံးကျန်းမာရေးအတွက် ကောင်းတယ်

ဆယ်လ်မွန်ငါးက အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝတာကိုတော့ အများသိထားကြပြီးသားပါ။ EPA နဲ့ DHA ကတော့ ဆယ်လ်မွန်ငါးထဲမှာ တွေ့ရလေ့ရှိတဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ် အမျိုးအစားတွေပါ။ အဲဒီအက်ဆစ်တွေက မကောင်းတဲ့ ကိုလက်စ်ထရောပမာဏကို လျော့ကျစေပြီး သွေးတွင်းအဆီပိုတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့် သွေးကိုသန့်စင်စေပြီး နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ကင်းစင်စေပါတယ်။
၂။ ဝိတ်ကျစေတယ်

ဆယ်လ်မွန်ငါးရဲ့ ပရိုတိန်းနဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝမှုတို့က ခန္ဓာကိုယ်အဆီအပေါ်မှာ ကြီးမားစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ ပရိုတိန်းဓာတ်တွေက အစာကြေဖို့ ခက်ခဲတာကြောင့် ခန္ဓာကိုယ်ထဲမှာ အချိန်ကြာကြာရှိနေတော့ ဗိုက်ပြည့်နေစေပါတယ်။ ဒီတော့ အစားတွေအများကြီး မစားဖြစ်တော့ဘူးပေါ့။

အိုမီဂါသရီးအက်ဆစ်ကတော့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးသလို ခန္ဓာကိုယ်ထဲက အဆီပိုတွေကိုလည်း တိုက်ဖျက်ပေး နိုင်ပါတယ်။ ဒါကြောင့် ဝိတ်ကျချင်သူတွေကို ဆယ်လ်မွန်ငါး များများစားဖို့ အာဟာရဗေဒ ပညာရှင်တွေက တိုက်တွန်းကြတာ ဖြစ်ပါတယ်။
၃။ ရောင်ရမ်းခြင်းကို လျှော့ချပေးတယ်

ရောင်ရမ်းခြင်း (inflammation) ဆိုတာ သွေးဖြူဥဆဲလ်တွေ ဖောက်လွှဲဖောက်ပြန် ဖြစ်ရာက အရေပြားနဲ့ အရိုးအဆက်တွေမှာ ဒဏ်လာဖြစ်ရတာပါ။ ရောင်ရမ်းခြင်းကြောင့် ဝိတ်တက်ခြင်း၊ အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်း၊ သည်းခြေရည်များပြားခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဆယ်လ်မွန်ငါးထဲမှာပါဝင်တဲ့ EPA နဲ့ DHA တို့ကတော့ ဟော်မုန်းတွေကို ထိန်းညှိပေးပြီး ရောင်ရမ်းခြင်း (inflammation) ကို ဖြစ်စေတဲ့ အကြောင်းတရားတွေကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။
၄။ ဉာဏ်ပိုကောင်းစေတယ်

ဆယ်လ်မွန်ငါးထဲက အိုမီဂါးသရီး ဖက်တီးအက်ဆစ်ဟာ ဦးနှောက်ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက် အလွန်အရေးပါပါတယ်။ အိုမီးဂါသရီး ဖက်တီးအက်ဆစ်ဟာ သဘာဝအရကို ဦးနှောက်နဲ့ အာရုံကြောပိုင်းအတွက် အားဖြည့်ပေးနိုင်တာပါ။ ဦးနှောက်ထဲက အာရုံကြောဆဲလ်လေးတွေ အသစ်တဖန်မွေးဖွားစေဖို့နဲ့ အာရုံကြောဆဲလ်တွေကြားမှာ ပိုမိုထိရောက်မှုရှိရှိ ဆက်နွယ်နိုင်ဖို့ အိုမီဂါသရီးက ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဆယ်လ်မွန်ငါးကို ပုံမှန်စားပေးမယ်ဆိုရင် ဦးနှောက်နဲ့ အာရုံကြောကျန်းမာရေးအတွက် အထူးအကျိုးရှိစေနိုင်မှာပါ။
၅။ ကင်ဆာကာကွယ်ပေးတယ်

 ခန္ဓာကိုယ်ထဲမှာ ကင်ဆာအနာဖြစ်ရတာက အိုမီဂါသရီးနဲ့ အိုမီဂါစစ် ဖက်တီးအက်ဆစ်တွေ မညီမမျှဖြစ်ရာကနေ အဆိပ်အတောက်တွေစုလာပြီး ဆဲလ်ဖောင်းကားခြင်း၊ ဆဲလ်မှာ အနာဖြစ်ခြင်း စတာတွေ ဖြစ်လာရတာပါ။ မိမိရဲ့နေ့စဉ်အစားအသောက်ထဲမှာ ဆယ်လ်မွန်ငါးကို ထည့်ပေးမယ်ဆိုရင်တော့ ရောင်ရမ်းခြင်းနဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ထဲက လျှော့ချပေးနိုင်တဲ့အတွက် ကင်ဆာအန္တရာယ်ကို ကြိုတင်ကာကွယ်တာနဲ့ အတူတူပါပဲ။


၆။ ဗိုက်တာမင်ဒီ ကြွယ်ဝစေတယ်

ဗိုက်တာမင်ဒီဟာလည်း ကျွန်တော်တို့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ဗိုက်တာမင်ဒီ ကြွယ်ဝရင် အရိုးတွေကို သန်မာစေခြင်း၊ Type 2 ဆီးချိုအန္တရာယ် ကာကွယ်နိုင်ခြင်း၊ နှလုံးထဖောက်နိုင်ခြေကို လျော့နည်းစေခြင်းတို့ကို ဖြစ်စေပါတယ်။ ညဘက်နောက်ကျမှအိပ်ပြီး မနက်နေဖင်ထိုးမှ အိပ်ယာထတတ်သူတွေဆို ဗိုက်တာမင်ဒီ အားနည်းနိုင်တဲ့အတွက် ဆယ်လ်မွန်ငါးကို မဖြစ်မနေစားပေးသင့်ပါတယ်။

Source: Stylecraze

Credit:Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top