သင့္ခ်စ္သူေကာင္ေလးက လူပုံအလယ္မွာ အားကိုးရတဲ့ ခန္႔ညားျပည့္စုံတဲ့
ေယာက္်ားေလး ျဖစ္ေနေပမဲ့ တခါတေလ ကေလးဆုိးၾကီးနဲ႔ တူသြားတတ္ပါတယ္။
ကေလးဆန္တဲ႔ ေကာင္ေလးအမ်ားစု ျပဳလုပ္တတ္တဲ႔ အျပဳအမူေတြကို
ေဖာ္ျပေပးခ်င္ပါတယ္။
၁။ အစားအေသာက္ ေခ်းမ်ားတဲ့ ကေလးတစ္ေယာက္လုိ
စားစရာ အသစ္အဆန္းတစ္ခုကုိ ျမည္းမၾကည့္ရေသးဘဲ မၾကိဳက္ဘူးလုိ႔ အျမဲ
ေျပာတတ္ေလ့ရွိပါတယ္။ စားၾကည့္လို႔ ၾကိဳက္သြားျပီဆုိရင္လည္း
အလြန္အကၽြံစားတတ္တာ သူတို႔ အက်င့္ပဲျဖစ္ပါတယ္။
၂။
သူတုိ႔ေခၚတဲ့ဖုန္းကို မကိုင္မိတာမ်ဳိး ၊ ၁၅ မိနစ္ေလာက္ေနမွ
သူတုိ႔ပို႔ထားတဲ့ စာကိုျပန္ပို႔မိတာမ်ဳိးဆုိရင္ ရွဴးရွဴးရွဲရွဲနဲ႔
ေဒါသေတြျဖစ္ေနတတ္တာေတြ။
၃။ အေရးၾကီးတဲ့ ပြဲတစ္ခုခုသြားခါနီးျပီဆုိရင္ ဘာဝတ္ရမလဲ မေရြးတတ္တာေၾကာင့္ ခ်စ္သူကပဲ ေရြးခ်ယ္ဆုံးျဖတ္ေပးရတတ္တာ။
၄။
မနက္အိပ္ယာထတဲ့အခ်ိန္မွာ လည္ေခ်ာင္းနာတာ ႏွာေစးတာေလာက္ျဖစ္ရင္
သူတုိ႔ကိုသူတုိ႔ ဖ်ားျပီလို႔ ထင္တတ္ျပီး တကယ္ဖ်ားျပီဆုိရင္ေတာ့ အခ်ိန္မေရြး
ေသသြားႏုိင္တဲ့သူတစ္ေယာက္လုိ ျဖစ္ေနတတ္တာ။ ဒါေပမဲ့ ေဆးခန္းသြားဖုိ႔ကိုေတာ့
အၾကိမ္ၾကိမ္ျငင္းဆန္ျပီးမွ သြားတတ္တဲ့ ကေလးဆုိးၾကီးေတြ ျဖစ္ပါတယ္။
၅။ တစ္ခုခုလုိအပ္လုိ႔ ေစ်းအတူသြားဝယ္ၾကတဲ့အခါ အခ်ိ္န္ၾကာလာရင္ စိိတ္ေကာက္သလို မ်က္ႏွာၾကီး ရွဳံမဲ့လာတတ္တာ။
၆။
သူတို႔လုပ္ထားတဲ့ အလုပ္တစ္ခုေအာင္ျမင္သြားတဲ့အခ်ိန္မွာ မူလတန္းကေလးငယ္
တစ္ေယာက္လုိ ခ်စ္သူဆီကေန ခ်ီးက်ဴးစကားကို ၾကားခ်င္တတ္ၾကတဲ့သူမ်ဳိးေတြလည္း
ျဖစ္ပါတယ္။
၇။ ကစားစရာ အသစ္လုိမ်ဳိး ဖုန္းအသစ္ ဂိမ္းအသစ္တစ္ခုခု ရသြားတဲ့အခါမွာ က်န္တဲ့အရာအားလုံးကို ေမ့ျပီး သတိေပးမွ ရပ္တတ္တာ။
၈။ ဗုိက္ဆာျပီဆုိရင္ ခ်က္ခ်င္းဆာတတ္ျပီး မစားရရင္ အလုိလို ေဒါသၾကီးလာတတ္တာ။
၉။ ပစၥည္းေတြကို စနစ္တက်မသိမ္းတတ္သလုိ ဘယ္ေနရာမွာ ဘာပစၥည္းထားသလဲဆုိတာကို ခ်စ္သူကို ေမးျပီးမွ ရွာတတ္တာ။
၁၀။
ကေလးတစ္ေယာက္ ကစားစရာေတြ ရွုပ္ပြထားသလုိမ်ဳိး သူတို႔ရဲ႕ အဝတ္ေတြ
၊စာရြက္စာတမ္းေတြ၊ အသုံးအေဆာင္ေတြကို အျမဲေနာက္က လုိက္ျပီး
သိမ္းဆည္းေပးေနရတာေတြ။
ဒီအခ်က္ေတြကို ျပဳလုပ္တတ္တဲ႔ ေကာင္ေလးမ်ိဳးက အနည္းငယ္ ကေလးဆန္တယ္ ဆိုတာေတာ့ ေသခ်ာပါတယ္။
Credit: loveshop
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင့်ချစ်သူကောင်လေးက လူပုံအလယ်မှာ အားကိုးရတဲ့ ခန့်ညားပြည့်စုံတဲ့ ယောက်ျားလေး ဖြစ်နေပေမဲ့ တခါတလေ ကလေးဆိုးကြီးနဲ့ တူသွားတတ်ပါတယ်။ ကလေးဆန်တဲ့ ကောင်လေးအများစု ပြုလုပ်တတ်တဲ့ အပြုအမူတွေကို ဖော်ပြပေးချင်ပါတယ်။
၁။ အစားအသောက် ချေးများတဲ့ ကလေးတစ်ယောက်လို စားစရာ အသစ်အဆန်းတစ်ခုကို မြည်းမကြည့်ရသေးဘဲ မကြိုက်ဘူးလို့ အမြဲ ပြောတတ်လေ့ရှိပါတယ်။ စားကြည့်လို့ ကြိုက်သွားပြီဆိုရင်လည်း အလွန်အကျွံစားတတ်တာ သူတို့ အကျင့်ပဲဖြစ်ပါတယ်။
၂။ သူတို့ခေါ်တဲ့ဖုန်းကို မကိုင်မိတာမျိုး ၊ ၁၅ မိနစ်လောက်နေမှ သူတို့ပို့ထားတဲ့ စာကိုပြန်ပို့မိတာမျိုးဆိုရင် ရှူးရှူးရှဲရှဲနဲ့ ဒေါသတွေဖြစ်နေတတ်တာတွေ။
၃။ အရေးကြီးတဲ့ ပွဲတစ်ခုခုသွားခါနီးပြီဆိုရင် ဘာဝတ်ရမလဲ မရွေးတတ်တာကြောင့် ချစ်သူကပဲ ရွေးချယ်ဆုံးဖြတ်ပေးရတတ်တာ။
၄။ မနက်အိပ်ယာထတဲ့အချိန်မှာ လည်ချောင်းနာတာ နှာစေးတာလောက်ဖြစ်ရင် သူတို့ကိုသူတို့ ဖျားပြီလို့ ထင်တတ်ပြီး တကယ်ဖျားပြီဆိုရင်တော့ အချိန်မရွေး သေသွားနိုင်တဲ့သူတစ်ယောက်လို ဖြစ်နေတတ်တာ။ ဒါပေမဲ့ ဆေးခန်းသွားဖို့ကိုတော့ အကြိမ်ကြိမ်ငြင်းဆန်ပြီးမှ သွားတတ်တဲ့ ကလေးဆိုးကြီးတွေ ဖြစ်ပါတယ်။
၅။ တစ်ခုခုလိုအပ်လို့ ဈေးအတူသွားဝယ်ကြတဲ့အခါ အချိန်ကြာလာရင် စိတ်ကောက်သလို မျက်နှာကြီး ရှုံမဲ့လာတတ်တာ။
၆။ သူတို့လုပ်ထားတဲ့ အလုပ်တစ်ခုအောင်မြင်သွားတဲ့အချိန်မှာ မူလတန်းကလေးငယ် တစ်ယောက်လို ချစ်သူဆီကနေ ချီးကျူးစကားကို ကြားချင်တတ်ကြတဲ့သူမျိုးတွေလည်း ဖြစ်ပါတယ်။
၇။ ကစားစရာ အသစ်လိုမျိုး ဖုန်းအသစ် ဂိမ်းအသစ်တစ်ခုခု ရသွားတဲ့အခါမှာ ကျန်တဲ့အရာအားလုံးကို မေ့ပြီး သတိပေးမှ ရပ်တတ်တာ။
၈။ ဗိုက်ဆာပြီဆိုရင် ချက်ချင်းဆာတတ်ပြီး မစားရရင် အလိုလို ဒေါသကြီးလာတတ်တာ။
၉။ ပစ္စည်းတွေကို စနစ်တကျမသိမ်းတတ်သလို ဘယ်နေရာမှာ ဘာပစ္စည်းထားသလဲဆိုတာကို ချစ်သူကို မေးပြီးမှ ရှာတတ်တာ။
၁၀။ ကလေးတစ်ယောက် ကစားစရာတွေ ရှုပ်ပွထားသလိုမျိုး သူတို့ရဲ့ အဝတ်တွေ ၊စာရွက်စာတမ်းတွေ၊ အသုံးအဆောင်တွေကို အမြဲနောက်က လိုက်ပြီး သိမ်းဆည်းပေးနေရတာတွေ။
ဒီအချက်တွေကို ပြုလုပ်တတ်တဲ့ ကောင်လေးမျိုးက အနည်းငယ် ကလေးဆန်တယ် ဆိုတာတော့ သေချာပါတယ်။
Credit: loveshop
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
»
လူမႈ႔ဘဝ
»
အေထြေထြ
» သင့္ခ်စ္သူ ေကာင္ေလးက အရမ္းကေလးဆန္တယ္ ဆိုတာ ဒီအခ်က္ေတြကတဆင့္ သိနိုင္ပါတယ္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။