iMyanmarHouse.com - Best Property Website for Myanmar
×

ထိခိုက္ဒဏ္ရာရတဲ့အခါ ေသခ်ာဂရုစိုက္ဖို႔လိုအပ္ပါမယ္။ ဒီလိုမွမဟုတ္ဘူးဆိုရင္ အနာရင္းတာ၊ အမာရြတ္ထင္က်န္တာ၊ အနာပိုးဝင္တာနဲ႔ အျခားမလိုလားအပ္တဲ့ေနာက္ဆက္တြဲ ျပႆနာေတြျဖစ္လာႏိုင္ပါတယ္။ အနာပိုးဝင္တာက ဂရုမစိုက္ဘဲထားရင္ေနာက္ဆက္တြဲဆိုးက်ိဳးေတြအမ်ားၾကီးပါ။ ဒီေဆာင္းပါးမွာေတာ့ အနာပိုးမဝင္ေအာင္ဘယ္လိုထားရမလဲဆိုတာနဲ႔ အနာပိုးဝင္ရင္ဘယ္လိုျဖစ္တတ္လဲ ဆိုတာေတြကိုေျပာျပေပးမွာျဖစ္ပါတယ္။
အနာပိုးဝင္ျခင္း

အနာပိုးဝင္ေစႏိုင္တဲ့အေၾကာင္းအရင္းေတြကေတာ့ အမ်ားၾကီးပါ။ အေရျပားကခႏၶာကိုယ္တြင္းကိုေရာဂါပိုးေတြမဝင္ေအာင္ကာကြယ္ေပးထားတဲ့ ခႏၶာကိုယ္ရဲ႕ အေျခခံအက်ဆံုးကာကြယ္ေရးခံတပ္တစ္ခုပါ။ အေရျပားမွာ ထိခိုက္ပြန္းပဲ့တာမ်ိဳးျဖစ္သြားျပီဆိုရင္ ကိုယ္တြင္းကို ျပင္ပကေရာဂါပိုးေတြဝင္ေရာက္လာဖို႔ လမ္းပြင့္သြားပါျပီ။ ေမးခိုင္ပိုးလိုမ်ိဳး ေရာဂါပိုးေတြကေတာ့ ဖုန္မႈန္႔ေတြ၊ ေျမၾကီးေတြနဲ႔ သန္႔ရွင္းမႈမရွိတဲ့ ေရေတြထဲမွာရွိေနတတ္ပါတယ္။ အနာျဖစ္ေနတဲ့အခါ အနာက ဘယ္ေလာက္ပဲေသးေသး အခန္႔မသင့္ရင္ ပိုးဝင္နိုင္ပါတယ္။ ညအိပ္တဲ့အခါမ်ိဳးမွာ အနာကို ဖြင့္ထားတာမ်ိဳးက သိပ္ကိစၥမရွိေပမယ့္ အျပင္ကိုသြားတဲ့အခါမ်ိဳးမွာေတာ့ အနာကဘယ္ေလာက္ေသးေသး ပလာစတာေလာက္ေတာ့ ကပ္သြားဖုိ႔လိုပါမယ္။ မေတာ္တဆပိုးဝင္သြားတာမ်ိဳးျဖစ္ႏိုင္တာေၾကာင့္ပါ။ ခြဲစိတ္ထားတဲ့ ခ်ဳပ္ရိုးေတြကေနေတာင္ အခန္႔မသင့္တဲ့အခါ ပိုးဝင္သြားႏိုင္ပါတယ္။
အနာပိုးဝင္တဲ့အခါ ဒီလိုလကၡဏာေတြျဖစ္ႏိုင္ပါတယ္

အနာပိုးဝင္တဲ့အခါ –

    အနာပတ္လည္မွာ ေရာင္ရမ္းမယ္
    နီျမန္းမယ္
    နာက်င္မယ္
    ျပည္တည္မယ္
    အနာမက်က္ဘဲျဖစ္ေနမယ္
    အနာကေႏြးေနမယ္
    အဖ်ားတက္မယ္

အနာပိုးမဝင္ေအာင္ ဘယ္လိုကာကြယ္မလဲ

အနာပိုးမဝင္ေအာင္ကာကြယ္လို႔ရပါတယ္။ ဘယ္လိုကာကြယ္ရမလဲဆိုတာကို ေဖာ္ျပေပးမွာမို႔ ဆက္ၾကည့္လိုက္ရေအာင္ေနာ္။

    အနာတစ္ခုခုျဖစ္တဲ့အခါ အေလာတၾကီးလက္နဲ႔ထိကိုင္လိုက္တတ္ပါတယ္။ ဒီလိုမလုပ္သင့္ပါဘူး။ အနာကို မကိုင္ခင္မွာ လက္ကိုအရင္ဆံုးေဆးေၾကာေပးရပါမယ္။ တစ္ခါသံုးလက္အိတ္သန္႔သန္႔နဲ႔ကိုင္တြယ္ေပးရင္လည္းရပါတယ္။ ေရမရွိခဲ့ရင္ လက္ကိုေရမလိုလက္သန္႔ေဆးနဲ႔ ေဆးေၾကာေပးရပါမယ္။
    အနာကိုေသြးတိတ္ေအာင္လုပ္ရပါမယ္။ အနာျဖစ္ရင္ေသြးနည္းနည္းေလာက္ထြက္သြားမွပိုးေတြ အညစ္အေၾကးေတြပါသြားျပီး ေကာင္းတယ္ဆိုေပမယ့္ ေသြးအရမ္းထြက္ရင္လည္းမေကာင္းပါဘူး။ အနာက ေတာ္ေတ္ာနဲ႔ ေသြးမတိတ္ဘူးျဖစ္ေနရင္ေတာ့ ေမးခိုင္ကာကြယ္ေဆးထိုးေပးရပါမယ္။
    အနာကိုေရသန္႔သန္႔ေလးနဲ႔ေဆးေၾကာေပးရပါမယ္။ အနာထဲကိုပိုးမဝင္ေစတာေသခ်ာေအာင္ ေဆးေၾကာခ်င္တယ္ဆိုရင္ေတာ့ အနာတဝိုက္ကို ေရနဲ႔ ဆပ္ျပာသံုးျပီးေဆးေၾကာေပးႏိုင္ပါတယ္။ အနာေပၚကို ဆပ္ျပာမထိပါေစနဲ႔ တစ္ရႈးေတြထိခိုက္ပ်က္စီးျပီး အနာက်ိန္းစပ္တာမ်ိဳးျဖစ္ႏိုင္တာေၾကာင့္ပါ။
    ျပီးရင္ေတာ့ အနာကိုေျခာက္ေအာင္ ဂြမ္းစ ဒါမွမဟုတ္ တစ္ရႈးစသန္႔သန္႔ေလးနဲ႔သုတ္ေပးျပီး အနာထဲက အညစ္အေၾကးေတြ၊ဖုန္မႈန္႔ေတြနဲ႔ ဖန္ကြဲစလိုမ်ိဳးအရာေတြကို ဖယ္ရွားေပးရပါမယ္။ အနာထဲက အစအနေလးေတြကို ထုတ္ရခက္ေနရင္ေတာ့ ဇာဂနာကို အရက္ျပန္စြတ္ျပီး  ျဖည္းျဖည္းခ်င္းဖယ္ေပးရပါမယ္။
    ေနာက္တစ္ဆင့္ကေတာ့ အနာက်က္ေစဖို႔အတြက္ အေထာက္အပံ့ျဖစ္ေအာင္ အနာေပၚမွာ antibiotics  တစ္ခုခုလူးေပးရပါမယ္။ antibiotics  ကအနာထဲကို ပိုးမဝင္ေအာင္ေတာ္ေတာ္ေလးကာကြယ္ေပးပါတယ္။
    အနာၾကီးရင္ ပတ္တီးစည္းမယ္ အနာေသးရင္ေတာ့ ပလာစတာကပ္ရပါမယ္။ အနာပိုးမဝင္ေအာင္ကာကြယ္ေပးတဲ့သေဘာပါ။ တစ္ေန႔တစ္ၾကိမ္ေတာ့ အနာေပၚမွာ ကပ္ထားတဲ့ ပလာစတာ ဒါမွမဟုတ္ ပတ္တီးကိုသန္႔စင္ေပးရပါမယ္။ ပတ္တီး ဒါမွမဟုတ္ ပလာစတာေရစိုသြားရင္ျဖစ္ျဖစ္၊ ညစ္ေပသြားရင္ျဖစ္ျဖစ္ ခ်က္ခ်င္းအသစ္လဲေပးဖို႔လိုပါတယ္။
    အနာကို ေရစိုတာမ်ိဳး၊ ညစ္ေပတဲ့အရာမ်ိဳးေတြနဲ႔ မထိေတြ႔မိေစဖို႔လည္း ဂရုစိုက္ရပါမယ္။ ေရခ်ိဳးတာ၊ ေရကိုင္တဲ့အခါမ်ိဳးမွာ အနာကို ေရမစိုေအာင္ တစ္ခုခုနဲ႔ကာကြယ္ထားဖို႔မေမ့ပါနဲ႔။
    အနာကစိုေနလား၊ ျပည္ျဖစ္ေနလား၊ အနာေရာင္ရမ္းေနလားဆိုတာကိုသိရဖို႔ ေန႔တိုင္းတစ္ေန႔တစ္ၾကိမ္ေလာက္ေတာ့ အနာကိုစစ္ေဆးရ ပါမယ္။
    အနာက အရမ္းျပင္းထန္မယ္၊ အရမ္းနက္မယ္၊ သံေခ်းတက္ေနတဲ့အရာေတြနဲ႔ ထိခိုက္မိတာမ်ိဳးဆိုရင္ေတာ့ ေမးခိုင္ကာကြယ္ေဆးထိုးဖို႔လိုပါမယ္။ တိရစာၦန္ကိုက္တာ၊ လူကိုက္တာမ်ိဳးဆိုရင္လည္း ေမးခိုင္ကာကြယ္ေဆးထိုးရပါမယ္။
    အနာရွိန္နဲ႔ ဖ်ားနာတာမ်ိဳးျဖစ္မယ္ဆိုရင္ေတာ့ ဆရာဝန္ကိုသြားျပလိုက္တာအေကာင္းဆံုးပါ။

အနာကိုပိုးဝင္ရတဲ့အဓိကအေၾကာင္းအရင္းက သန္႔ရွင္းမႈအားနည္းတာပါ။ အနာတစ္ခုခုရလာခဲ့ရင္ ဘာမွမလုပ္နိုင္ရင္ေတာင္ အနာကို သန္႔စင္ေအာင္ေဆးေၾကာျပီး ပလာစတာေလာက္ေတာ့ကပ္ထားေပးလိုက္ပါ။ အနည္းဆံုးေတာ့ ျပင္ပကပိုးမႊားေတြမဝင္ေတာ့ဘူးေပါ့။
အနာပိုးဝင္ေစႏိုင္တဲ့ အေျခအေနမ်ား

အနာကို ပိုးဝင္ေစႏိုင္တဲ့ အေျခအေနေတြကိုလည္း သတိထားႏိုင္ေစဖို႔ ေျပာျပေပးလိုက္ပါတယ္။

    အနာကို ညစ္ေပေနတဲ့ လက္၊ ညစ္ေပတဲ့အရာေတြနဲ႔ တိုက္ရိုက္ထိေတြ႔မိတာ
    အနာကို ဖံုးအုပ္ကာကြယ္တာမ်ိဳးမလုပ္ဘဲ ဖုန္မႈန္႔ေတြ၊သဲေတြထဲကို သြားတာ
    ညစ္ေပေနတဲ့ ေရေတြထဲဆင္းတာ၊ ဥပမာ –  မိုးရြာလို႔ ေရၾကီးတာမ်ိဳး
    အနာကို ကာကြယ္ထားမႈမရွိတာေၾကာင့္ အနီးဝန္းက်င္ေလထုထဲကေန ပိုးကူးတာ
    အနာကိုေသခ်ာဂရုမစိုက္တာေၾကာင့္ မေတာ္တဆ ပိုးဝင္သြားတာ

အခုေလာက္ဆိုရင္ အနာပိုးဝင္ရင္ဘာေတြျဖစ္ႏိုင္လဲဆိုတာနဲ႔ ဘယ္လိုအေနအထားေတြက ပိုးဝင္ေစႏုိင္လဲဆိုတာေတြကို သိေလာက္ျပီထင္ပါတယ္။ ေဖာ္ျပေပးထားတဲ့အခ်က္ေလးေတြအတိုင္း သတိထားလုပ္ေဆာင္ၾကည့္မယ္ဆိုရင္ အနာက်က္လည္းျမန္ေစျပီး အနာပိုးဝင္တာနဲ႔ မလိုလားအပ္တဲ့ ေနာက္ဆက္တြဲျပႆနာေတြအားလံုးကို အေဝးမွာထားလိုက္လို႔ရပါျပီ။ ကိုယ္တိုင္ေရာ မိသားစုဝင္ေတြကိုပါ က်န္းမာေအာင္ ေစာင့္ေရွာက္ေပးႏိုင္ၾကပါေစ။

Credit:Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ထိခိုက်ဒဏ်ရာရတဲ့အခါ သေချာဂရုစိုက်ဖို့လိုအပ်ပါမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် အနာရင်းတာ၊ အမာရွတ်ထင်ကျန်တာ၊ အနာပိုးဝင်တာနဲ့ အခြားမလိုလားအပ်တဲ့နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အနာပိုးဝင်တာက ဂရုမစိုက်ဘဲထားရင်နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးပါ။ ဒီဆောင်းပါးမှာတော့ အနာပိုးမဝင်အောင်ဘယ်လိုထားရမလဲဆိုတာနဲ့ အနာပိုးဝင်ရင်ဘယ်လိုဖြစ်တတ်လဲ ဆိုတာတွေကိုပြောပြပေးမှာဖြစ်ပါတယ်။
အနာပိုးဝင်ခြင်း

အနာပိုးဝင်စေနိုင်တဲ့အကြောင်းအရင်းတွေကတော့ အများကြီးပါ။ အရေပြားကခန္ဓာကိုယ်တွင်းကိုရောဂါပိုးတွေမဝင်အောင်ကာကွယ်ပေးထားတဲ့ ခန္ဓာကိုယ်ရဲ့ အခြေခံအကျဆုံးကာကွယ်ရေးခံတပ်တစ်ခုပါ။ အရေပြားမှာ ထိခိုက်ပွန်းပဲ့တာမျိုးဖြစ်သွားပြီဆိုရင် ကိုယ်တွင်းကို ပြင်ပကရောဂါပိုးတွေဝင်ရောက်လာဖို့ လမ်းပွင့်သွားပါပြီ။ မေးခိုင်ပိုးလိုမျိုး ရောဂါပိုးတွေကတော့ ဖုန်မှုန့်တွေ၊ မြေကြီးတွေနဲ့ သန့်ရှင်းမှုမရှိတဲ့ ရေတွေထဲမှာရှိနေတတ်ပါတယ်။ အနာဖြစ်နေတဲ့အခါ အနာက ဘယ်လောက်ပဲသေးသေး အခန့်မသင့်ရင် ပိုးဝင်နိုင်ပါတယ်။ ညအိပ်တဲ့အခါမျိုးမှာ အနာကို ဖွင့်ထားတာမျိုးက သိပ်ကိစ္စမရှိပေမယ့် အပြင်ကိုသွားတဲ့အခါမျိုးမှာတော့ အနာကဘယ်လောက်သေးသေး ပလာစတာလောက်တော့ ကပ်သွားဖို့လိုပါမယ်။ မတော်တဆပိုးဝင်သွားတာမျိုးဖြစ်နိုင်တာကြောင့်ပါ။ ခွဲစိတ်ထားတဲ့ ချုပ်ရိုးတွေကနေတောင် အခန့်မသင့်တဲ့အခါ ပိုးဝင်သွားနိုင်ပါတယ်။
အနာပိုးဝင်တဲ့အခါ ဒီလိုလက္ခဏာတွေဖြစ်နိုင်ပါတယ်

အနာပိုးဝင်တဲ့အခါ –

    အနာပတ်လည်မှာ ရောင်ရမ်းမယ်
    နီမြန်းမယ်
    နာကျင်မယ်
    ပြည်တည်မယ်
    အနာမကျက်ဘဲဖြစ်နေမယ်
    အနာကနွေးနေမယ်
    အဖျားတက်မယ်

အနာပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲ

အနာပိုးမဝင်အောင်ကာကွယ်လို့ရပါတယ်။ ဘယ်လိုကာကွယ်ရမလဲဆိုတာကို ဖော်ပြပေးမှာမို့ ဆက်ကြည့်လိုက်ရအောင်နော်။

    အနာတစ်ခုခုဖြစ်တဲ့အခါ အလောတကြီးလက်နဲ့ထိကိုင်လိုက်တတ်ပါတယ်။ ဒီလိုမလုပ်သင့်ပါဘူး။ အနာကို မကိုင်ခင်မှာ လက်ကိုအရင်ဆုံးဆေးကြောပေးရပါမယ်။ တစ်ခါသုံးလက်အိတ်သန့်သန့်နဲ့ကိုင်တွယ်ပေးရင်လည်းရပါတယ်။ ရေမရှိခဲ့ရင် လက်ကိုရေမလိုလက်သန့်ဆေးနဲ့ ဆေးကြောပေးရပါမယ်။
    အနာကိုသွေးတိတ်အောင်လုပ်ရပါမယ်။ အနာဖြစ်ရင်သွေးနည်းနည်းလောက်ထွက်သွားမှပိုးတွေ အညစ်အကြေးတွေပါသွားပြီး ကောင်းတယ်ဆိုပေမယ့် သွေးအရမ်းထွက်ရင်လည်းမကောင်းပါဘူး။ အနာက တော်တေ်ာနဲ့ သွေးမတိတ်ဘူးဖြစ်နေရင်တော့ မေးခိုင်ကာကွယ်ဆေးထိုးပေးရပါမယ်။
    အနာကိုရေသန့်သန့်လေးနဲ့ဆေးကြောပေးရပါမယ်။ အနာထဲကိုပိုးမဝင်စေတာသေချာအောင် ဆေးကြောချင်တယ်ဆိုရင်တော့ အနာတဝိုက်ကို ရေနဲ့ ဆပ်ပြာသုံးပြီးဆေးကြောပေးနိုင်ပါတယ်။ အနာပေါ်ကို ဆပ်ပြာမထိပါစေနဲ့ တစ်ရှုးတွေထိခိုက်ပျက်စီးပြီး အနာကျိန်းစပ်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။
    ပြီးရင်တော့ အနာကိုခြောက်အောင် ဂွမ်းစ ဒါမှမဟုတ် တစ်ရှုးစသန့်သန့်လေးနဲ့သုတ်ပေးပြီး အနာထဲက အညစ်အကြေးတွေ၊ဖုန်မှုန့်တွေနဲ့ ဖန်ကွဲစလိုမျိုးအရာတွေကို ဖယ်ရှားပေးရပါမယ်။ အနာထဲက အစအနလေးတွေကို ထုတ်ရခက်နေရင်တော့ ဇာဂနာကို အရက်ပြန်စွတ်ပြီး  ဖြည်းဖြည်းချင်းဖယ်ပေးရပါမယ်။
    နောက်တစ်ဆင့်ကတော့ အနာကျက်စေဖို့အတွက် အထောက်အပံ့ဖြစ်အောင် အနာပေါ်မှာ antibiotics  တစ်ခုခုလူးပေးရပါမယ်။ antibiotics  ကအနာထဲကို ပိုးမဝင်အောင်တော်တော်လေးကာကွယ်ပေးပါတယ်။
    အနာကြီးရင် ပတ်တီးစည်းမယ် အနာသေးရင်တော့ ပလာစတာကပ်ရပါမယ်။ အနာပိုးမဝင်အောင်ကာကွယ်ပေးတဲ့သဘောပါ။ တစ်နေ့တစ်ကြိမ်တော့ အနာပေါ်မှာ ကပ်ထားတဲ့ ပလာစတာ ဒါမှမဟုတ် ပတ်တီးကိုသန့်စင်ပေးရပါမယ်။ ပတ်တီး ဒါမှမဟုတ် ပလာစတာရေစိုသွားရင်ဖြစ်ဖြစ်၊ ညစ်ပေသွားရင်ဖြစ်ဖြစ် ချက်ချင်းအသစ်လဲပေးဖို့လိုပါတယ်။
    အနာကို ရေစိုတာမျိုး၊ ညစ်ပေတဲ့အရာမျိုးတွေနဲ့ မထိတွေ့မိစေဖို့လည်း ဂရုစိုက်ရပါမယ်။ ရေချိုးတာ၊ ရေကိုင်တဲ့အခါမျိုးမှာ အနာကို ရေမစိုအောင် တစ်ခုခုနဲ့ကာကွယ်ထားဖို့မမေ့ပါနဲ့။
    အနာကစိုနေလား၊ ပြည်ဖြစ်နေလား၊ အနာရောင်ရမ်းနေလားဆိုတာကိုသိရဖို့ နေ့တိုင်းတစ်နေ့တစ်ကြိမ်လောက်တော့ အနာကိုစစ်ဆေးရ ပါမယ်။
    အနာက အရမ်းပြင်းထန်မယ်၊ အရမ်းနက်မယ်၊ သံချေးတက်နေတဲ့အရာတွေနဲ့ ထိခိုက်မိတာမျိုးဆိုရင်တော့ မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါမယ်။ တိရစ္ဆာန်ကိုက်တာ၊ လူကိုက်တာမျိုးဆိုရင်လည်း မေးခိုင်ကာကွယ်ဆေးထိုးရပါမယ်။
    အနာရှိန်နဲ့ ဖျားနာတာမျိုးဖြစ်မယ်ဆိုရင်တော့ ဆရာဝန်ကိုသွားပြလိုက်တာအကောင်းဆုံးပါ။

အနာကိုပိုးဝင်ရတဲ့အဓိကအကြောင်းအရင်းက သန့်ရှင်းမှုအားနည်းတာပါ။ အနာတစ်ခုခုရလာခဲ့ရင် ဘာမှမလုပ်နိုင်ရင်တောင် အနာကို သန့်စင်အောင်ဆေးကြောပြီး ပလာစတာလောက်တော့ကပ်ထားပေးလိုက်ပါ။ အနည်းဆုံးတော့ ပြင်ပကပိုးမွှားတွေမဝင်တော့ဘူးပေါ့။
အနာပိုးဝင်စေနိုင်တဲ့ အခြေအနေများ

အနာကို ပိုးဝင်စေနိုင်တဲ့ အခြေအနေတွေကိုလည်း သတိထားနိုင်စေဖို့ ပြောပြပေးလိုက်ပါတယ်။

    အနာကို ညစ်ပေနေတဲ့ လက်၊ ညစ်ပေတဲ့အရာတွေနဲ့ တိုက်ရိုက်ထိတွေ့မိတာ
    အနာကို ဖုံးအုပ်ကာကွယ်တာမျိုးမလုပ်ဘဲ ဖုန်မှုန့်တွေ၊သဲတွေထဲကို သွားတာ
    ညစ်ပေနေတဲ့ ရေတွေထဲဆင်းတာ၊ ဥပမာ –  မိုးရွာလို့ ရေကြီးတာမျိုး
    အနာကို ကာကွယ်ထားမှုမရှိတာကြောင့် အနီးဝန်းကျင်လေထုထဲကနေ ပိုးကူးတာ
    အနာကိုသေချာဂရုမစိုက်တာကြောင့် မတော်တဆ ပိုးဝင်သွားတာ

အခုလောက်ဆိုရင် အနာပိုးဝင်ရင်ဘာတွေဖြစ်နိုင်လဲဆိုတာနဲ့ ဘယ်လိုအနေအထားတွေက ပိုးဝင်စေနိုင်လဲဆိုတာတွေကို သိလောက်ပြီထင်ပါတယ်။ ဖော်ပြပေးထားတဲ့အချက်လေးတွေအတိုင်း သတိထားလုပ်ဆောင်ကြည့်မယ်ဆိုရင် အနာကျက်လည်းမြန်စေပြီး အနာပိုးဝင်တာနဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေအားလုံးကို အဝေးမှာထားလိုက်လို့ရပါပြီ။ ကိုယ်တိုင်ရော မိသားစုဝင်တွေကိုပါ ကျန်းမာအောင် စောင့်ရှောက်ပေးနိုင်ကြပါစေ။

Credit:Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top