iMyanmarHouse.com - Best Property Website for Myanmar
×

ပိတ္ရက္ရွည္ေတြလည္းဆက္လာျပီ၊ ေအးခ်မ္းတဲ့ခရီးသြားရာသီလည္းေရာက္လာျပီဆိုေတာ့ ခရီးသြားရတာႏွစ္သက္တဲ့သူေတြအတြက္ အၾကိဳက္ေပါ့ေနာ္။ အခုဆိုရင္ ျမန္မာျပည္အႏွံ႔ ဘုရားဖူးခရီးစဥ္ေတြ၊ ကမ္းေျခအပန္းေျဖခရီးစဥ္ေတြတင္မကဘဲ ဘန္ေကာက္၊ေမာ္လဒိုက္တို႔လို ျပည္ပခရီးစဥ္ေတြကိုပါ စီစဥ္ေပးတာေတြရွိေနေတာ့ ခရီးသြားရတာႏွစ္သက္တဲ့သူေတြအတြက္ အရမ္းကိုအဆင္ေျပပါတယ္။ ေန႔တိုင္းလိုိလို အလုပ္တာဝန္ေတြ၊ မိသားစုကိစၥေတြနဲ႔ မြန္းၾကပ္ေနရတဲ့  ျမိဳ႕ျပလူေနမႈဘဝကေန ခဏတာ ေဝးကြာရတဲ့ စိတ္လက္အပန္းေျပမႈကို ဘယ္သူက မႏွစ္သက္ဘဲေနမလဲေနာ္။ အဲဒါေၾကာင့္ပဲ ျမိဳ႕ျပလူေနမႈဘ၀မွာ ေနထိုင္ေနၾကရတဲ့သူေတြက ခရီးထြက္ဖို႔ကို အရင္ကထက္ စိတ္အားထက္သန္လာၾကပါတယ္။ အရင္တစ္ေခါက္ပိတ္ရက္ရွည္ေတြတုန္းကဆိုရင္ အေ၀းေျပးလမ္းေတြျပည့္က်ပ္ကုန္တာမ်ိဳးေတာင္ ျဖစ္သြားခဲ့ေသးတယ္ေလ။

ရႈခင္းလွလွေလးေတြမွာ သာသာယာယာ ဓာတ္ပံုရိုက္မယ္၊ ေဒသအစားအစာေတြေလွ်ာက္စားမယ္၊ စိတ္ဖိစီးစရာေတြအားလံုးေမ့ထားျပီး အပန္းေျဖခရီးထြက္ရတာ အရမ္းေပ်ာ္စရာေကာင္းပါတယ္။ ဒါေပမယ့္ မေကာင္းတာေလးတစ္ခုေတာ့ရွိေနတယ္။ ကိုယ့္အသားေရအတြက္ပါ။ ခရီးလမ္းတေလွ်ာက္ ေလဒဏ္၊ ေနဒဏ္ ခံခဲ့ရသလို ေနရာေဒသအေျပာင္းအလဲ၊ ရာသီဥတုအေျပာင္းအလဲေၾကာင့္လည္း အသားအေရမွာ အနည္းနဲ႔အမ်ားထိခိုက္ပါတယ္။ အိမ္မွာေနသလိုေတာ့ ဘယ္တူပါ့မလဲ။

တကယ္ေတာ့ ခရီးကိုမသြားခင္ကသာ ျပင္ဆင္တတ္ၾကတာ ၊ သြားေနတုန္းလည္း လွေအာင္ျပင္ၾကေပမယ့္ ျပန္လာတဲ့အခါ အသားအေရျပန္ထိန္းသိမ္းဖို႔ကို မေမ့သင့္ပါဘူး။ အထူးသျဖင့္ ေနပူထဲမွာ နာရီေပါင္းမ်ားစြာရွိေနခဲ့သူ၊ ေလယာဥ္အၾကာၾကီးစီးခဲ့ရသူေတြအတြက္ဆို ပိုလိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ခရီးကျပန္လာျပီဆိုရင္ ဒီအေတာအတြင္း ပ်က္စီးခဲ့ရတဲ့အသားအေရကို ဘယ္လိုျပန္လည္ထိန္းသိမ္းၾကမလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။
ေသခ်ာေရခ်ိဳးသန္႔စင္ပါ

ခရီးတေလွ်ာက္မွာ sunscreen ေတြ အထပ္ထပ္လိမ္းျဖစ္ခဲ့မွာျဖစ္သလို မိတ္ကပ္ေတြလည္း လိမ္းခဲ့မွာေပါ့။ ဘယ္လိုပဲ ျပန္ဖ်က္၊သန္႔စင္ခဲ့ပါေစ ဖုန္မႈန္႕ေတြ၊ေခြ်းေတြနဲ႔ေပါင္းျပီးအေရျပားမွာ အၾကြင္းအက်န္ေတြရွိေနတတ္ပါတယ္။ အခ်ိန္နဲ႔ ခရီးထြက္ေနရတာဆိုေတာ့ အေသအခ်ာအခ်ိန္ေပးသန္႔စင္ဖို႔လည္း မလုပ္ႏိုင္ခဲ့ဘူး။ ခုျပန္ေရာက္ျပီဆိုေတာ့ အေရျပားမွာ စုေနတဲ့ အညစ္အေၾကးေတြကို ဖယ္ရွားဖို႔အတြက္ သင့္ခႏၶာကိုယ္ကို အေသအခ်ာ ေရခ်ိဳးသန္႔စင္ဖို႔အခ်ိန္ေရာက္ျပီေလ။
ညင္သာစြာ exfoliate လုပ္ပါ

ခရီးမွာ ေနေရာင္ျခည္နဲ႔ထိေတြ႔မႈပိုမ်ားျပီး သြားရင္းလာရင္း ေခြ်းလည္းပိုထြက္ခဲ့လို႔ ဆဲလ္ေသေတြရွိေနနိုင္ပါတယ္။ ဆဲလ္ေသေတြ ရွိေနရင္ အသားအေရမွာေရဓာတ္ခန္းေျခာက္ေနသလိုခံစားရျပီး ေျခာက္ေသြ႕ေနပါလိမ့္မယ္။ ဒါ့ေၾကာင့္ ဆဲလ္ေသဖယ္ရွား(exfoliate) လိုက္ရင္ မ်က္ႏွာနဲ႔ခႏၶာကိုယ္အသားအေရမွာ ၾကည္လင္သန္႔စင္ျပီး ျဖဴဝင္းလွပမႈကို ျမင္ေတြ႔ရမွာျဖစ္ပါတယ္။
ေရဓာတ္ျပန္ျဖည့္ေပးတဲ့ အဆီနဲ႔ cream ေတြလိမ္းပါ

ဆဲလ္ေသဖယ္ရွားျပီးရင္ အသားအေရအတြက္ အားျဖည့္ေပးမယ့္၊ ေရဓာတ္ျဖည့္ေပးမယ့္ အဆီနဲ႔ cream ေတြကိုေရြးသံုးေပးပါ။ အသားအေရထိန္းသိမ္းေပးတဲ့အဆီေတြက ေနေလာင္ဒဏ္ေၾကာင့္ ပ်က္စီးသြားတဲ့အသားအေရကို ျပန္လည္ျဖဴစင္ဝင္းပလာေစမွာျဖစ္ပါတယ္။
Masks ေတြအစြမ္းနဲ႔ အလွျပန္ေမြးဖြားပါ

Facial Masks ေတြက အစြမ္းအာနိသင္မ်ိဳးစံုနဲ႔ ထုတ္လုပ္လာၾကလို႔ multi-masking လို႔ေခၚတဲ့ မ်က္ႏွာအစိတ္အပိုင္းအလိုက္ တစ္ပိုင္းခ်င္းစီကို mask တစ္မ်ိဳးစီအသံုးျပဳတဲ့နည္းက အသံုးဝင္ပါတယ္။ အသားအေရအမ်ိဳးအစားအလိုက္လည္း ေရြးခ်ယ္ရရွိနုိင္ပါတယ္။ခဏေလာက္ ေပါင္းတင္လိုက္ရံုနဲ႔ အသားအေရအတြက္ masks ေတြရဲ႕အက်ိဳးအာနိသင္က မ်ားလြန္းပါတယ္။ Mask ေတြက အသားေရျပန္လည္ျပဳျပင္မႈကို အရမ္းအေထာက္အပံ့ေပးႏုိင္တာမို႔လို႔ ခရီးသြားထားတာေၾကာင့္ အသားေရပ်က္စီးမႈေတြျဖစ္ထားတဲ့သူေတြအတြက္ေတာ့ အေကာင္းဆံုးအေျဖပါပဲ။

Masks အတြက္ဆိုရင္ေတာ့အစြမ္းထက္လွတဲ့ L’Oréal Paris ရဲ႕ Pure Clay Masks ေလးေတြ အေၾကာင္း ေျပာျပခ်င္ ပါတယ္။ ခရီးသြားၿပီး ညစ္သြားတဲ့ အသားအေရကို ျပန္လည္သန္႕စင္ဖို႔ဆိုရင္ Pure Clay ရဲ႕ Detoxify Mask ေလးရွိပါတယ္။ သူက အသားအေရ အတြင္းက အဆီ အညစ္အေၾကးနဲ႕ အဆိပ္အေတာက္ေတြကို နက္နက္ရႈိင္းရိႈင္း သန္႔စင္ေပးႏိုင္လို႔ ၾကည္လင္ သန္႔စင္တဲ့ အသားအေရကို ခ်က္ခ်င္းရရွိေစမွာပါ။

Pure Clay Mask ေတြထဲက Anti- Pores ေလး အေၾကာင္းလဲ ေျပာျပခ်င္ပါတယ္။ သူက ေခၽြးေပါက္ေတြကိုု ပိတ္ေစတဲ့ အညစ္အေၾကးေတြနဲ႕ မ်က္ႏွာေပၚက ဆဲလ္အေသေတြကိုုဖယ္ရွားေပးလိုု႕ အသားအေရကိုု ခ်က္ခ်င္း ၾကည္လင္သန္႕စင္ေစတယ္။ ဆား၀က္ျခံေတြကိုု ဖယ္ရွားေပးလို႕ ေခၽြးေပါက္ေတြကိုု က်ဥ္းေစတယ္ေလ။ မ်က္ႏွာေပၚမွာ အဆီျပန္တာသက္သာေစျပီး ေခ်ာေမြ႕ ႏူးညံ႕တဲ့အသားအေရေလး ကိုု ရရွိေစမွာပါ။

Pure Clay Mask Hydration က အသားအေရအတြင္းမွာရွိတဲ့ အညစ္အေၾကးေတြနဲ႔မသန္႔စင္မႈေတြကို ္သန္႔စင္ေပးတဲ့အျပင္ Lemon Balm Essential Oil နဲ႔ Hydrating Essence ပါ၀င္မႈေၾကာင့္ အသားအေရ ပိုမိုဝင္းမြတ္ ေခ်ာေမြ႕ကာ ေရဓာတ္ျပည့္၀ေစမွာပါ။ အခ်ိန္ ၁၀မိနစ္ေလာက္ေပးရံုနဲ႔ ၾကည္လင္ဝင္းပတဲ့ အသားအေရကိုျပန္လည္ပိုင္ဆုိင္ႏိုင္မွာပါ။

Pure Clay Mask (ILLUMINATING MASK) ေလးမွာ White Clay ဟုေခၚေသာ British Kaolin ​​Clay ပါဝင္လို႕ အသားအေရကိုညင္သာစြာ သန္႔စင္ေပးျပီး ပိုုမိုု ႏူးညံ့စိုေျပ ေတာက္ပေစပါတယ္။ ​​Lemongrass Extract & Exfoliating Beads လည္းပါဝင္တာေၾကာင့္ စိတ္ကိုုၾကည္လင္လန္းဆန္းေစျပီး ေခ်ာေမြ႕ သြားတဲ့ အသားအေရထိေတြ႕ မႈကိုုခံစားရမွာပါ။

​​သန္႔စင္ျပီးတဲ့ မ်က္ႏွာမွာ လိမ္းျပီး ၁၀ မိနစ္ေလာက္ထားျပီး ေရနဲ႕ ေဆးေပးရံုပါပဲ။​​ တစ္ပတ္ကို ၂ ႀကိမ္ မွ ၃ႀကိမ္အထိ အသံုးျပဳႏိုင္ပါတယ္။ တစ္မ်ိဳးစီမွာ ထူးျခားတဲ့အာနိသင္ေတြရွိၾကတာေၾကာင့္ အားလံုးေပါင္းျပီး multi-masking လုပ္လို႔လည္းအဆင္ေျပပါတယ္ေနာ္။
မ်က္လံုးေအာက္မွာ ေရခဲကပ္ပါ

ျပန္ေရာက္လာျပီဆိုရင္ အလုပ္ခြင္ျပန္ဝင္ရျပီ၊ အလုပ္ေတြမ်ား၊ စိတ္ဖိစီးစရာေတြျပန္ရင္ဆိုင္ေနရနိုင္ပါတယ္။ ဒါဆို ခရီးတုန္းက အိပ္ေရးမဝခဲ့တာေတြလည္းရွိနိုင္ေတာ့ ခရီးပန္းထားတဲ့ဒဏ္နဲ႔ မ်က္ကြင္းညိဳတာလည္း ျဖစ္လာနိုင္ပါတယ္။ မ်က္လံုးေအာက္မွာ ေရခဲဝတ္ေလးကပ္ ေပးပါ။ ေနာက္တစ္ေန႔မနက္မွာ လန္းလန္းဆန္းဆန္း နိုးထနုိင္ေအာင္လို႔ အိမ္ျပန္ေရာက္ေရာက္ခ်င္းညမွာ အိပ္ရာမဝင္ခင္ ေရခဲကပ္ေပးနုိင္ပါတယ္။
သံပရာရည္ သို႔မဟုတ္ လိေမၼာ္ရည္ေသာက္ပါ

သံပရာရည္ေသာက္သံုးေပးျခင္းဟာ ခရီးကျပန္လာျပီးေနာက္ပိုင္း အသားအေရကိုျပန္လည္အားျဖည့္ေပးနိုင္တဲ့ အခ်က္ထဲ ပါဝင္ပါတယ္။ ဗီတာမင္စီပါတဲ့ အသီးေဖ်ာ္ရည္ ေသာက္ေပးတာကေရဓာတ္ျဖည့္တင္းျခင္းနဲ႔ လန္းဆန္းမႈကို ေပးနုိုင္တဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။
ဆက္ကာကြယ္ဖို႔ မေမ့ပါနဲ႔

အသားအေရကိုျပန္ထိန္းသိမ္းတာေကာင္းေပမယ့္  ေနာက္ထပ္မပ်က္စီးေအာင္လည္း ကာကြယ္ဖို႔ လိုတာေၾကာင့္ ေန႔ဘက္မွာဆို ေနေလာင္ဒဏ္မသင့္ေစဖို႔ sunscreen  ဆက္သံုးေပးပါ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပိတ်ရက်ရှည်တွေလည်းဆက်လာပြီ၊ အေးချမ်းတဲ့ခရီးသွားရာသီလည်းရောက်လာပြီဆိုတော့ ခရီးသွားရတာနှစ်သက်တဲ့သူတွေအတွက် အကြိုက်ပေါ့နော်။ အခုဆိုရင် မြန်မာပြည်အနှံ့ ဘုရားဖူးခရီးစဉ်တွေ၊ ကမ်းခြေအပန်းဖြေခရီးစဉ်တွေတင်မကဘဲ ဘန်ကောက်၊မော်လဒိုက်တို့လို ပြည်ပခရီးစဉ်တွေကိုပါ စီစဉ်ပေးတာတွေရှိနေတော့ ခရီးသွားရတာနှစ်သက်တဲ့သူတွေအတွက် အရမ်းကိုအဆင်ပြေပါတယ်။ နေ့တိုင်းလိုလို အလုပ်တာဝန်တွေ၊ မိသားစုကိစ္စတွေနဲ့ မွန်းကြပ်နေရတဲ့  မြို့ပြလူနေမှုဘဝကနေ ခဏတာ ဝေးကွာရတဲ့ စိတ်လက်အပန်းပြေမှုကို ဘယ်သူက မနှစ်သက်ဘဲနေမလဲနော်။ အဲဒါကြောင့်ပဲ မြို့ပြလူနေမှုဘဝမှာ နေထိုင်နေကြရတဲ့သူတွေက ခရီးထွက်ဖို့ကို အရင်ကထက် စိတ်အားထက်သန်လာကြပါတယ်။ အရင်တစ်ခေါက်ပိတ်ရက်ရှည်တွေတုန်းကဆိုရင် အဝေးပြေးလမ်းတွေပြည့်ကျပ်ကုန်တာမျိုးတောင် ဖြစ်သွားခဲ့သေးတယ်လေ။

ရှုခင်းလှလှလေးတွေမှာ သာသာယာယာ ဓာတ်ပုံရိုက်မယ်၊ ဒေသအစားအစာတွေလျှောက်စားမယ်၊ စိတ်ဖိစီးစရာတွေအားလုံးမေ့ထားပြီး အပန်းဖြေခရီးထွက်ရတာ အရမ်းပျော်စရာကောင်းပါတယ်။ ဒါပေမယ့် မကောင်းတာလေးတစ်ခုတော့ရှိနေတယ်။ ကိုယ့်အသားရေအတွက်ပါ။ ခရီးလမ်းတလျှောက် လေဒဏ်၊ နေဒဏ် ခံခဲ့ရသလို နေရာဒေသအပြောင်းအလဲ၊ ရာသီဥတုအပြောင်းအလဲကြောင့်လည်း အသားအရေမှာ အနည်းနဲ့အများထိခိုက်ပါတယ်။ အိမ်မှာနေသလိုတော့ ဘယ်တူပါ့မလဲ။

တကယ်တော့ ခရီးကိုမသွားခင်ကသာ ပြင်ဆင်တတ်ကြတာ ၊ သွားနေတုန်းလည်း လှအောင်ပြင်ကြပေမယ့် ပြန်လာတဲ့အခါ အသားအရေပြန်ထိန်းသိမ်းဖို့ကို မမေ့သင့်ပါဘူး။ အထူးသဖြင့် နေပူထဲမှာ နာရီပေါင်းများစွာရှိနေခဲ့သူ၊ လေယာဉ်အကြာကြီးစီးခဲ့ရသူတွေအတွက်ဆို ပိုလိုအပ်ပါတယ်။ ဒါ့ကြောင့် ခရီးကပြန်လာပြီဆိုရင် ဒီအတောအတွင်း ပျက်စီးခဲ့ရတဲ့အသားအရေကို ဘယ်လိုပြန်လည်ထိန်းသိမ်းကြမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
သေချာရေချိုးသန့်စင်ပါ

ခရီးတလျှောက်မှာ sunscreen တွေ အထပ်ထပ်လိမ်းဖြစ်ခဲ့မှာဖြစ်သလို မိတ်ကပ်တွေလည်း လိမ်းခဲ့မှာပေါ့။ ဘယ်လိုပဲ ပြန်ဖျက်၊သန့်စင်ခဲ့ပါစေ ဖုန်မှုန့်တွေ၊ချွေးတွေနဲ့ပေါင်းပြီးအရေပြားမှာ အကြွင်းအကျန်တွေရှိနေတတ်ပါတယ်။ အချိန်နဲ့ ခရီးထွက်နေရတာဆိုတော့ အသေအချာအချိန်ပေးသန့်စင်ဖို့လည်း မလုပ်နိုင်ခဲ့ဘူး။ ခုပြန်ရောက်ပြီဆိုတော့ အရေပြားမှာ စုနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် သင့်ခန္ဓာကိုယ်ကို အသေအချာ ရေချိုးသန့်စင်ဖို့အချိန်ရောက်ပြီလေ။
ညင်သာစွာ exfoliate လုပ်ပါ

ခရီးမှာ နေရောင်ခြည်နဲ့ထိတွေ့မှုပိုများပြီး သွားရင်းလာရင်း ချွေးလည်းပိုထွက်ခဲ့လို့ ဆဲလ်သေတွေရှိနေနိုင်ပါတယ်။ ဆဲလ်သေတွေ ရှိနေရင် အသားအရေမှာရေဓာတ်ခန်းခြောက်နေသလိုခံစားရပြီး ခြောက်သွေ့နေပါလိမ့်မယ်။ ဒါ့ကြောင့် ဆဲလ်သေဖယ်ရှား(exfoliate) လိုက်ရင် မျက်နှာနဲ့ခန္ဓာကိုယ်အသားအရေမှာ ကြည်လင်သန့်စင်ပြီး ဖြူဝင်းလှပမှုကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ရေဓာတ်ပြန်ဖြည့်ပေးတဲ့ အဆီနဲ့ cream တွေလိမ်းပါ

ဆဲလ်သေဖယ်ရှားပြီးရင် အသားအရေအတွက် အားဖြည့်ပေးမယ့်၊ ရေဓာတ်ဖြည့်ပေးမယ့် အဆီနဲ့ cream တွေကိုရွေးသုံးပေးပါ။ အသားအရေထိန်းသိမ်းပေးတဲ့အဆီတွေက နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်ဖြူစင်ဝင်းပလာစေမှာဖြစ်ပါတယ်။
Masks တွေအစွမ်းနဲ့ အလှပြန်မွေးဖွားပါ

Facial Masks တွေက အစွမ်းအာနိသင်မျိုးစုံနဲ့ ထုတ်လုပ်လာကြလို့ multi-masking လို့ခေါ်တဲ့ မျက်နှာအစိတ်အပိုင်းအလိုက် တစ်ပိုင်းချင်းစီကို mask တစ်မျိုးစီအသုံးပြုတဲ့နည်းက အသုံးဝင်ပါတယ်။ အသားအရေအမျိုးအစားအလိုက်လည်း ရွေးချယ်ရရှိနိုင်ပါတယ်။ခဏလောက် ပေါင်းတင်လိုက်ရုံနဲ့ အသားအရေအတွက် masks တွေရဲ့အကျိုးအာနိသင်က များလွန်းပါတယ်။ Mask တွေက အသားရေပြန်လည်ပြုပြင်မှုကို အရမ်းအထောက်အပံ့ပေးနိုင်တာမို့လို့ ခရီးသွားထားတာကြောင့် အသားရေပျက်စီးမှုတွေဖြစ်ထားတဲ့သူတွေအတွက်တော့ အကောင်းဆုံးအဖြေပါပဲ။

Masks အတွက်ဆိုရင်တော့အစွမ်းထက်လှတဲ့ L’Oréal Paris ရဲ့ Pure Clay Masks လေးတွေ အကြောင်း ပြောပြချင် ပါတယ်။ ခရီးသွားပြီး ညစ်သွားတဲ့ အသားအရေကို ပြန်လည်သန့်စင်ဖို့ဆိုရင် Pure Clay ရဲ့ Detoxify Mask လေးရှိပါတယ်။ သူက အသားအရေ အတွင်းက အဆီ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို နက်နက်ရှိုင်းရှိုင်း သန့်စင်ပေးနိုင်လို့ ကြည်လင် သန့်စင်တဲ့ အသားအရေကို ချက်ချင်းရရှိစေမှာပါ။

Pure Clay Mask တွေထဲက Anti- Pores လေး အကြောင်းလဲ ပြောပြချင်ပါတယ်။ သူက ချွေးပေါက်တွေကိုု ပိတ်စေတဲ့ အညစ်အကြေးတွေနဲ့ မျက်နှာပေါ်က ဆဲလ်အသေတွေကိုုဖယ်ရှားပေးလိုု့ အသားအရေကိုု ချက်ချင်း ကြည်လင်သန့်စင်စေတယ်။ ဆားဝက်ခြံတွေကိုု ဖယ်ရှားပေးလို့ ချွေးပေါက်တွေကိုု ကျဉ်းစေတယ်လေ။ မျက်နှာပေါ်မှာ အဆီပြန်တာသက်သာစေပြီး ချောမွေ့ နူးညံ့တဲ့အသားအရေလေး ကိုု ရရှိစေမှာပါ။

Pure Clay Mask Hydration က အသားအရေအတွင်းမှာရှိတဲ့ အညစ်အကြေးတွေနဲ့မသန့်စင်မှုတွေကို ်သန့်စင်ပေးတဲ့အပြင် Lemon Balm Essential Oil နဲ့ Hydrating Essence ပါဝင်မှုကြောင့် အသားအရေ ပိုမိုဝင်းမွတ် ချောမွေ့ကာ ရေဓာတ်ပြည့်ဝစေမှာပါ။ အချိန် ၁၀မိနစ်လောက်ပေးရုံနဲ့ ကြည်လင်ဝင်းပတဲ့ အသားအရေကိုပြန်လည်ပိုင်ဆိုင်နိုင်မှာပါ။

Pure Clay Mask (ILLUMINATING MASK) လေးမှာ White Clay ဟုခေါ်သော British Kaolin Clay ပါဝင်လို့ အသားအရေကိုညင်သာစွာ သန့်စင်ပေးပြီး ပိုုမိုု နူးညံ့စိုပြေ တောက်ပစေပါတယ်။ Lemongrass Extract & Exfoliating Beads လည်းပါဝင်တာကြောင့် စိတ်ကိုုကြည်လင်လန်းဆန်းစေပြီး ချောမွေ့ သွားတဲ့ အသားအရေထိတွေ့ မှုကိုုခံစားရမှာပါ။

သန့်စင်ပြီးတဲ့ မျက်နှာမှာ လိမ်းပြီး ၁၀ မိနစ်လောက်ထားပြီး ရေနဲ့ ဆေးပေးရုံပါပဲ။ တစ်ပတ်ကို ၂ ကြိမ် မှ ၃ကြိမ်အထိ အသုံးပြုနိုင်ပါတယ်။ တစ်မျိုးစီမှာ ထူးခြားတဲ့အာနိသင်တွေရှိကြတာကြောင့် အားလုံးပေါင်းပြီး multi-masking လုပ်လို့လည်းအဆင်ပြေပါတယ်နော်။
မျက်လုံးအောက်မှာ ရေခဲကပ်ပါ

ပြန်ရောက်လာပြီဆိုရင် အလုပ်ခွင်ပြန်ဝင်ရပြီ၊ အလုပ်တွေများ၊ စိတ်ဖိစီးစရာတွေပြန်ရင်ဆိုင်နေရနိုင်ပါတယ်။ ဒါဆို ခရီးတုန်းက အိပ်ရေးမဝခဲ့တာတွေလည်းရှိနိုင်တော့ ခရီးပန်းထားတဲ့ဒဏ်နဲ့ မျက်ကွင်းညိုတာလည်း ဖြစ်လာနိုင်ပါတယ်။ မျက်လုံးအောက်မှာ ရေခဲဝတ်လေးကပ် ပေးပါ။ နောက်တစ်နေ့မနက်မှာ လန်းလန်းဆန်းဆန်း နိုးထနိုင်အောင်လို့ အိမ်ပြန်ရောက်ရောက်ချင်းညမှာ အိပ်ရာမဝင်ခင် ရေခဲကပ်ပေးနိုင်ပါတယ်။
သံပရာရည် သို့မဟုတ် လိမ္မော်ရည်သောက်ပါ

သံပရာရည်သောက်သုံးပေးခြင်းဟာ ခရီးကပြန်လာပြီးနောက်ပိုင်း အသားအရေကိုပြန်လည်အားဖြည့်ပေးနိုင်တဲ့ အချက်ထဲ ပါဝင်ပါတယ်။ ဗီတာမင်စီပါတဲ့ အသီးဖျော်ရည် သောက်ပေးတာကရေဓာတ်ဖြည့်တင်းခြင်းနဲ့ လန်းဆန်းမှုကို ပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဆက်ကာကွယ်ဖို့ မမေ့ပါနဲ့

အသားအရေကိုပြန်ထိန်းသိမ်းတာကောင်းပေမယ့်  နောက်ထပ်မပျက်စီးအောင်လည်း ကာကွယ်ဖို့ လိုတာကြောင့် နေ့ဘက်မှာဆို နေလောင်ဒဏ်မသင့်စေဖို့ sunscreen  ဆက်သုံးပေးပါ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top