iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ရဲ့ ေနထိုင္မႈပံုစံေၾကာင့္ မ်က္ႏွာေပၚမွာ ၀က္ၿခံေတြ အမည္းစက္ေတြ အေရးေၾကာင္းေတြ ျဖစ္ေပၚေစပါတယ္။

၀က္ၿခံထြက္တာလည္းမေျပာနဲ႔ေလ အစားအေသာက္ဂရုမစိုက္ ကိုယ့္ကိုကိုယ္လည္းဂရုမစိုက္ျဖစ္ေနတာကိုး လို႔ တျခားသူကိုယ့္အေပၚ မွတ္ခ်က္ေပးေနၿပီလား။ ဒါမွမဟုတ္ ကိုယ့္ရဲ့ ေနပံုထိုင္ပံုေတြက ၀က္ၿခံျဖစ္ေနသလား။

ဒီေတာ့ အသားအေရ က်န္းမာစိုေျပေနဖို႔ မလုပ္သင့္တဲ့အရာေတြကို မွ်ေ၀ေပးခ်င္ပါတယ္။

မိတ္ကပ္အေဖြးသားနဲ႔ အိပ္ယာ၀င္ျခင္း

အိပ္ယာမ၀င္ခင္မွာအနည္းဆံုးေတာ့ မိတ္ကပ္ဖ်က္ မ်က္ႏွာသစ္ေပးသင့္ပါတယ္။ ဒါေပမယ့္ လူေတြအမ်ားအားျဖင့္ေတာ့ အိပ္ယာ၀င္ခါနီးမွာ မ်က္ႏွာသစ္ဖို႔ ေမ့ေလွ်ာ့တတ္ၾကပါတယ္။

ေနေရာင္ကာတဲ့ ခရင္မ္မလိမ္းျခင္း

UV ကာကြယ္ေပးတဲ့ ခရင္မ္ေတြ မလိမ္းတာဟာ အသားအေရကို ဆိုးဆိုးရြားရြားပ်က္ဆီးေစပါတယ္။ UV ကာကြယ္ေပးတဲ့ ခရင္မ္မပါဘဲ ေနေရာင္ထိေတြ႔တာမ်ားရင္ အေရျပားကင္ဆာထိျဖစ္ႏိုင္ပါတယ္။

ညည့္နက္မွအိပ္ယာ၀င္ျခင္း

ညည့္နက္မွအိပ္ယာ၀င္မယ္ဆိုရင္ အသားအရေျခာက္ေသြ႔ၿပီး ပင္ပန္းႏြမ္းနယ္တဲ့ပံုျဖစ္ေစပါတယ္။ အိပ္ေရးမ၀တာက အသားအေရကို ဆိုးဆိုးရြားရြားပ်က္ဆီးေစၿပီး ၀က္ၿခံျဖစ္ေစပါတယ္။

၀က္ၿခံညွစ္ျခင္း

၀က္ၿခံထြက္ၿပီဆိုရင္ မေနႏိုင္မထိုင္ႏိုင္ ၀က္ၿခံညွစ္တတ္ပါတယ္။ ဒါဟာ သိပ္ကိုဆိုးရြားတဲ့ လုပ္ရပ္တစ္ခုပါပဲ။ လက္မွာ ဘက္တီးရီးယားေတြကပ္ပါလာႏိုင္တာေၾကာင့္ ၀က္ၿခံကို ပိုႀကီးေစသလို ပ်ံ႕ေစပါတယ္။ ဒါ့အျပင္ ၀က္ၿခံေပ်ာက္သြားရင္လည္း အမာရြတ္ေတြ က်န္ရစ္ႏိုင္ပါတယ္။

ေရေႏြးနဲ႔ေခါင္းေလွ်ာ္ေရခ်ိဳးျခင္း

ေရေႏြးနဲ႔ ေခါင္းေလွ်ာ္ေရခ်ိဳးတာဟာ အပန္းေျပေစသလို ပင္ပန္းႏြမ္းနယ္မႈ ေပ်ာက္ေစတာမွန္ပါတယ္။ ဒါေပမယ့္ အဲလိုေရခ်ိဳးၿပီးရင္ေတာ့ အသားအေရကို စိုေျပေစတဲ့ ခရင္မ္ေတြ လိမ္းေပးသင့္ပါတယ္။ မဟုတ္ရင္ေတာ့ အသားအေရ ေျခာက္ေသြ႔ႏိုင္ပါတယ္။

ေဆးလိပ္ေသာက္ျခင္း

ေဆးလိပ္ေသာက္တာဟာ ႏႈတ္ခမ္းကိုေျခာက္ေသြ႕ မည္းညစ္ေစရံုသာမကဘဲ အသားအေရကိုလည္း ပ်က္ဆီးေစပါတယ္။

ေကာ္ဖီအစား ေရမ်ားမ်ားေသာက္ပါ

ေကာ္ဖီကို လံုး၀မေသာက္ရဘူးလို႔ေတာ့ ဆိုခ်င္တာမဟုတ္ပါဘူး။ ဒါေပမယ့္ ေကာ္ဖီအလြန္အကၽြံေသာက္တာဟာ အသားအေရကို အိုမင္းရင့္ေရာ္ေစပါတယ္။ အဲဒီအစား ေရမ်ားမ်ားေသာက္ေပးပါ။

မ်က္ႏွာအလြန္အကၽြံသစ္ျခင္း

တခ်ိဳ႕ေတြဆိုရွိပါတယ္။ မ်က္ႏွာကို တစ္ေန႔ ခဏခဏသစ္တာပါ။ အဲလိုမ်က္ႏွာကို ခဏခဏသစ္တာဟာ အေရးေၾကာင္းေတြျဖစ္ေပၚေစပါတယ္။ တကယ္ေတာ့ မ်က္ႏွာကို မနက္ ၁ ခါ ည ၁ ခါသာသစ္ေပးပါ။

မ်က္ႏွာကို မၾကာခဏထိေတြ႔ကုိင္တြယ္ျခင္း

ခဏခဏပဲ လက္နဲ႔ မ်က္ႏွာကို ထိထိေနတာဟာ ၀က္ၿခံျဖစ္ေစပါတယ္။

ညဖက္မွာ ကိတ္စားျခင္း

ကိတ္မုန္႔ကို ညဖက္မွာ စားေပးတာဟာ သၾကားဓါတ္ပါ၀င္မႈမ်ားလို႔ အသားအေရကို ပ်က္ဆီးေစပါတယ္။ အိုမင္းရင့္ေရာ္ေစသလို အေရးေၾကာင္းေတြျဖစ္ေစပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ့်ရဲ့ နေထိုင်မှုပုံစံကြောင့် မျက်နှာပေါ်မှာ ဝက်ခြံတွေ အမည်းစက်တွေ အရေးကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။

ဝက်ခြံထွက်တာလည်းမပြောနဲ့လေ အစားအသောက်ဂရုမစိုက် ကိုယ့်ကိုကိုယ်လည်းဂရုမစိုက်ဖြစ်နေတာကိုး လို့ တခြားသူကိုယ့်အပေါ် မှတ်ချက်ပေးနေပြီလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ နေပုံထိုင်ပုံတွေက ဝက်ခြံဖြစ်နေသလား။

ဒီတော့ အသားအရေ ကျန်းမာစိုပြေနေဖို့ မလုပ်သင့်တဲ့အရာတွေကို မျှဝေပေးချင်ပါတယ်။

မိတ်ကပ်အဖွေးသားနဲ့ အိပ်ယာဝင်ခြင်း

အိပ်ယာမဝင်ခင်မှာအနည်းဆုံးတော့ မိတ်ကပ်ဖျက် မျက်နှာသစ်ပေးသင့်ပါတယ်။ ဒါပေမယ့် လူတွေအများအားဖြင့်တော့ အိပ်ယာဝင်ခါနီးမှာ မျက်နှာသစ်ဖို့ မေ့လျှော့တတ်ကြပါတယ်။

နေရောင်ကာတဲ့ ခရင်မ်မလိမ်းခြင်း

UV ကာကွယ်ပေးတဲ့ ခရင်မ်တွေ မလိမ်းတာဟာ အသားအရေကို ဆိုးဆိုးရွားရွားပျက်ဆီးစေပါတယ်။ UV ကာကွယ်ပေးတဲ့ ခရင်မ်မပါဘဲ နေရောင်ထိတွေ့တာများရင် အရေပြားကင်ဆာထိဖြစ်နိုင်ပါတယ်။

ညည့်နက်မှအိပ်ယာဝင်ခြင်း

ညည့်နက်မှအိပ်ယာဝင်မယ်ဆိုရင် အသားအရခြောက်သွေ့ပြီး ပင်ပန်းနွမ်းနယ်တဲ့ပုံဖြစ်စေပါတယ်။ အိပ်ရေးမဝတာက အသားအရေကို ဆိုးဆိုးရွားရွားပျက်ဆီးစေပြီး ဝက်ခြံဖြစ်စေပါတယ်။

ဝက်ခြံညှစ်ခြင်း

ဝက်ခြံထွက်ပြီဆိုရင် မနေနိုင်မထိုင်နိုင် ဝက်ခြံညှစ်တတ်ပါတယ်။ ဒါဟာ သိပ်ကိုဆိုးရွားတဲ့ လုပ်ရပ်တစ်ခုပါပဲ။ လက်မှာ ဘက်တီးရီးယားတွေကပ်ပါလာနိုင်တာကြောင့် ဝက်ခြံကို ပိုကြီးစေသလို ပျံ့စေပါတယ်။ ဒါ့အပြင် ဝက်ခြံပျောက်သွားရင်လည်း အမာရွတ်တွေ ကျန်ရစ်နိုင်ပါတယ်။

ရေနွေးနဲ့ခေါင်းလျှော်ရေချိုးခြင်း

ရေနွေးနဲ့ ခေါင်းလျှော်ရေချိုးတာဟာ အပန်းပြေစေသလို ပင်ပန်းနွမ်းနယ်မှု ပျောက်စေတာမှန်ပါတယ်။ ဒါပေမယ့် အဲလိုရေချိုးပြီးရင်တော့ အသားအရေကို စိုပြေစေတဲ့ ခရင်မ်တွေ လိမ်းပေးသင့်ပါတယ်။ မဟုတ်ရင်တော့ အသားအရေ ခြောက်သွေ့နိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာဟာ နှုတ်ခမ်းကိုခြောက်သွေ့ မည်းညစ်စေရုံသာမကဘဲ အသားအရေကိုလည်း ပျက်ဆီးစေပါတယ်။

ကော်ဖီအစား ရေများများသောက်ပါ

ကော်ဖီကို လုံးဝမသောက်ရဘူးလို့တော့ ဆိုချင်တာမဟုတ်ပါဘူး။ ဒါပေမယ့် ကော်ဖီအလွန်အကျွံသောက်တာဟာ အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။ အဲဒီအစား ရေများများသောက်ပေးပါ။

မျက်နှာအလွန်အကျွံသစ်ခြင်း

တချို့တွေဆိုရှိပါတယ်။ မျက်နှာကို တစ်နေ့ ခဏခဏသစ်တာပါ။ အဲလိုမျက်နှာကို ခဏခဏသစ်တာဟာ အရေးကြောင်းတွေဖြစ်ပေါ်စေပါတယ်။ တကယ်တော့ မျက်နှာကို မနက် ၁ ခါ ည ၁ ခါသာသစ်ပေးပါ။

မျက်နှာကို မကြာခဏထိတွေ့ကိုင်တွယ်ခြင်း

ခဏခဏပဲ လက်နဲ့ မျက်နှာကို ထိထိနေတာဟာ ဝက်ခြံဖြစ်စေပါတယ်။

ညဖက်မှာ ကိတ်စားခြင်း

ကိတ်မုန့်ကို ညဖက်မှာ စားပေးတာဟာ သကြားဓါတ်ပါဝင်မှုများလို့ အသားအရေကို ပျက်ဆီးစေပါတယ်။ အိုမင်းရင့်ရော်စေသလို အရေးကြောင်းတွေဖြစ်စေပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top