iMyanmarHouse.com - Best Property Website for Myanmar
×
သွေးကြောတွေ
မျက်ခုံးထူထူတွေ
တင်းတိပ်
အပိုအမွှေးအမျှင်တွေ
ဆံပင်ဖြူ
ကြီးမားတဲ့နှာခေါင်း
မေးရိုးကြွက်သား
ရှက်တက်တာ
Credit: buzzy.com.nn
သွေးကြောတွေ
Sexy ကျယုံသာမကဘဲ ကျန်းမာရေးကောင်းတာကိုပါသက်သေပြနေတဲ့ အချက်ဖြစ်ပါတယ်။သွေးကြောလေးတွေထောင်နေတဲ့ယောက်ကျားတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာသန်မာယုံသာမကဘဲ ကြွက်သားဆိုင်ရာမှာပါ သန်မာတယ်ဆိုတာကိုသက်သေပြနိုင်တဲ့ အတွက်ကြောင့်ဘဲဖြစ်ပါတယ်။
မျက်ခုံးထူထူတွေ
အရမ်းထူထဲနေဖို့တောင်မလိုပါဘူး။ ကြည့်ကောင်းယုံထူနေရင်ကို ရနေပါပြီ။ ကောင်းမွန်တဲ့ မျက်ခုံးတစ်စုံဟာ အဲ့ဒီလူရဲ့ မျက်လုံးကိုပါ အသက်ဝင်စေပါတယ်။
တင်းတိပ်
အံ့သြဖို့ကောင်းပါတယ်။ လူအတော်များများ မရှိချင်ကြတဲ့ အရာပါဘဲ။ ဒါပေမယ့် မိန်းကလေးတွေကတော့ မျက်နှာမှာ တင်းတိပ်လေးတွေပေါက်နေတဲ့ ယောက်ကျားလေးကို ပိုကြွေပါတယ်တဲ့။
အပိုအမွှေးအမျှင်တွေ
ကြွက်သားတွေ နှင့် ခြောက်မြှောင်းတွေဘာတွေက မိုက်တယ်ဘဲထားပါအုံး။ ချောမွတ်ပြောင်လက်နေတဲ့ ကျောက်တုံးက ထွေးပိုက်လို့မကောင်းပါဘူး။ နည်းနည်းလောက်ဘဲ ဖြစ်ဖြစ် အမွှေးအမျှင်ရှိနေတာလေးကပိုပြီးတော့ မိန်းကလေးတွေကို ဆွဲဆောင်ပါတယ်။
မျက်နှာပေါ်က အမွှေးတွေ
ဒါကတော့ ရှင်းပါတယ်။ နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေးနှင့် ပါးသိုင်းမွှေးတွေက ယောက်ကျားတစ်ယောက်ကို ပိုပြီးတော့ ကြည့်ကောင်း ခန့်ငြားစေပါတယ်။
မိန်းမဆန်တဲ့ နှုတ်ခမ်းမျိုး
မိန်းမဆန်တဲ့ နှုတ်ခမ်းမျိုးဆိုတာကို တလွဲတွေးမိနေပါအုံးမယ်။ အမှန်က ပြည့်ပြည့်တင်းတင်းနှင့် နူးညံ့တဲ့ နှုတ်ခမ်းမျိုးကိုပြောတာပါ။ ဘာလို့လည်းဆိုတော့ အဲ့ဒီနှုတ်ခမ်းမျိုးဟာ Kiss ပေးတဲ့အခါ အရမ်းဆွဲဆောင်မှု့ရှိလို့ပါဘဲ။
အနာရွတ်၊ အမာရွတ် ၊ ဒဏ်ရာဒဏ်ချက်
အဲ့ဒီအရာတွေက ယောက်ကျားတစ်ယောက်ကို ပိုပြီးတော့ ခပ်ကြမ်းကြမ်း၊ ရဲရဲရင့်ရင့်၊ စိတ်လှုပ်ရှားဖို့ကောင်းပြီးတော့ အရမ်းကို ဟော့စေပါတယ်။
ဆံပင်ဖြူ
ယောက်ကျားလေးတော်တော်များများက သူတို့ရဲ့ ခေါင်းမှာ ဆံပင်ဖြူ သို့မဟုတ် မီးခိုးရောင် ဆံပင်တွေထွက်လာရင် တကယ်ကို စိတ်ကုန်တက်ကြပါတယ်။
ဒါပေမယ့် အဲ့လိုစိတ်ကုန်မယ့်အစား ကျေကျေနပ်နပ်ကြီး ခံယူလိုက်ပါ။ အချိန်မတန်မီ ဆံပင်ဖြူပေါက်တာတောင်မှ ပိုပြီး ဆွဲဆောင်မှု့ရှိနိုင်ပါတယ်။
လမ်းရိုးအတိုင်းမလုပ်တဲ့သူ
အဲ့လိုလူတွေဟာ ထူးခြားပါတယ်။ တခါတရံမှာ သူတို့တွေဟာ ပုံစံမကျဘဲ ကြောင်တောင်တောင်၊ ဂေါက်တောက်တောက် ဖြစ်ပြီးတော့ အနည်းငယ် ထူးခြားနေပါလိမ့်မယ်။
သာမာန် ပုံစံတွေက ကြာလာရင် ပျင်းသွားနိုင်ပါတယ်။ အဲ့ဒီလိုမျိုးဆိုရင်တော့ ကြောင်တောင်တောင် နှင့် ထူးထူးခြားခြားလုပ်တဲ့သူတွေကပိုပြီးဆွဲဆောင်မှု့ရှိနိုင်ပါတယ်။
ဂရုတစိုက်ထားတဲ့ လက်တွေ
အချို့အမျိုးသမီးတွေကတော့ လက်ကိုကြည့်တက်ကြပါတယ်။ ဘယ်သူကမှတော့ လက်သည်းတွေအောက်မှာ ချေးတွေကို မမြင်ချင်ကြပါဘူး။
ကြည့်ကောင်းတဲ့ လက်တစုံကိုပိုင်ဆိုင်ထားတဲ့ အမျိုးသားဟာ သိမ်သိမ်မွေ့မွေ့နှင့် ဆွဲဆောင်မှု့ရှိပါတယ်။ သူတို့တွေဟာ အပြင်ဘက်က ကိစ္စအမျိုးမျိုးကို တာဝန်ယူနိုင်ပြီးတော့ အိပ်ယာပေါ်ကကိစ္စတွေကိုလည်း အပြည့်အ၀ တာဝန်ယူနိုင်ပါတယ်။
ကြီးမားတဲ့နှာခေါင်း
ယောက်ကျားလေးမှာရှိတဲ့ နှားခေါင်းကြီးမျိုး ကြည့်ကောင်းပါတယ်။ နှာခေါင်းကြီးကြီးနှင့် လူတစ်ယောက်က ပိုပြီးတော့ မှတ်မိလွယ်ပါတယ်။
မေးရိုးကြွက်သား
တိကျတဲ့ မေးရိုးတွေဟာ အမျိုးသားတစ်ယောက်ကို အံ့သြစရာကောင်းလောက်အောင် ဆွဲဆောင်မှု့ရှိအောင်ပြုလုပ်ပေးပါတယ်။
ရှက်တက်တာ
ယောက်ကျားကြီး တန်မဲ့ ရှက်တက်တာမကောင်းဘူးဆိုတာမဟုတ်ပါဘူး။အနမ်းခံရတာမျိုးတွေ၊ ဖက်တာကို ရှက်တာမျိုးတွေက နောက်တစ်ကြိမ်သင့်ကို ဖက်တာ နမ်းတာတွေပြုလုပ်စေချင်ပါတယ်။
Credit: buzzy.com.nn
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top